Key Institute

Key Institute

Share

06/11/2024

Advice & Advise ကို သုံးတဲ့အခါ ကျွန်တော်တို့တွေ ရောနေတတ်ကြပါတယ်။ သူတို့နှစ်ခုမှာတူညီတဲ့ အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမဲ့ အသုံးပြုပုံ တွေမတူညီကြပါဘူး၊ တစ်ခုက Noun ဖြစ်ပြီး၊ တစ်ခုက verb ဖြစ်ပါတယ်။
ခုဆိုရင်တော့ advice နဲ့ advise ကဘာတွေကွာခြားမှုရှိမလဲ ဘယ်စကားလုံးက ဘယ်လိုနေရာမှာ သုံးရမလဲဆိုကို ပြောပြပေးသွားမှာပါ။

Advice
Advice ကတော့ အကြံပြုချက်/noun ဖြစ်ပါတယ်။ တစ်ယောက်ယောက်ကို ဘာလုပ်သင့်ဆိုတာ အကြံပြုတဲ့အခါ အကြံပြုချက် လို့ အဓိပ္ပာယ်ရပါတယ်။
ဒါ့အပြင် advice က Uncountable Noun တစ်ခုဖြစ်ပါတယ်။ uncountable Noun ရေတွက်လို့မရတဲ့ နာမ် တွေက အမြဲ Singular form ဖြစ်ကြပြီးတော့ uncountable Noun တွေရဲ့ အရှေ့မှာ "a" "an" ပေါင်းလို့မရပါဘူး။ ဒါဆို အကြံပြုချက်တစ်ခုလို့ပြောချင်တယ်ဆိုရင် ဘယ်လိုပြောမလဲ
"a piece of advice" လို့ပြောရပါမယ်။
အကြံပြုချက်များလို့ပြောတဲ့အခါမှာ ကျောင်းသားတွေ "advices" လို့ မှားရေးတတ်ကြပါတယ်။ Advice က Singlar Noun ဖြစ်တဲ့အတွက်ကြောင့် "Advices" လို့မရှိပါဘူး အဲ့လိုရေးရင်မှားပါတယ်။ အကြံပြုချက်များလို့ ပြောချင်တယ်ဆိုရင် "Some advice" လို့ပြောမှသာ မှန်ကန်တာဖြစ်ပါတယ်။
For Example;
1. She asked the teacher for some advice on writing an essay.
သူမက essay ရေးဖို့အတွက် ဆရာမဆီကနေ အကြံဉာဏ်တောင်းခဲ့တယ်။
2. He gave me a piece of advice.
သူကငါ့ကို အကြံတစ်ခုပေးတယ်။

Advise
Advise ကတော့ Verb ဖြစ်ပါတယ်။ အကြံပြုသည်၊ အကြံဉာဏ်ပေးသည်လို့ အဓိပ္ပာယ်ရပါတယ်။ Verb ဆိုတော့ သူက Subject ရဲ့အနောက်မှာရှိမှာပေါ့နော်
For Example;
1. The lawyer advised the client.
ရှေ့နေက အမှုသည်ကို အကြံပေးခဲ့တယ်။
2. We were advised to take the deal.
သဘောတူညီချက်ရယူရန် ကျွန်တော်တို့ကို အကြံပေးခဲ့တယ်။

Key Institute
"Build your future here!"
လူတိုင်းမေး Business Services , 5th Floor, 74 St , Bet; 35th & 36th St, Mahar Aung Myay Tsp, Mandalay.
+95 9 775 514 463, +95 9 969 660 691, +95 9 969 669 698
[email protected], [email protected]

03/11/2024

"sometimes" "sometime" and "some time" ဆိုတဲ့ စကားလုံးတွေဟာ အဓိပ္ပါယ်နှင့် အသုံးပြုပုံတွေ မတူညီကြပါဘူး။

"sometime" သည် သတ်မှတ်မထားသော အချိန် သို့မဟုတ် အတိအကျ မသိရသေးသော အချိန် ကို ညွှန်ပြသော စကားလုံးဖြစ်ပါတယ်
eg. You should visit me sometime.
မင်းငါ့ဆီကို တစ်ချိန်ချိန်လာလည်သင့်တယ်။

"sometimes" က​တော့ adverb of frequency/ ကြိမ်နှုန်းပြ ကြိယာဝိသေသန တစ်ခုဖြစ်ပါတယ်။ မကြာခဏမဟုတ်၊ အမြဲတမ်းမဟုတ် ဟု အဓိပ္ပါယ်ရပါတယ်။
eg. I sometimes go for a walk in the evening.
တစ်ခါတစ်လေ ညနေဘက် လမ်းလျှောက်ထွက်ပါတယ်။

"some time" ဆိုတာကတော့ အချိန်ကာလ​ တစ်ခုဖြစ်ပါတယ်။
eg. It took me some time to clean the room.
အခန်းကိုသန့်ရှင်းရေးလုပ်ဖို့ အချိန်အနည်းငယ်ကြာခဲ့ပါတယ်။

Key Institute
"Build your future here!"
လူတိုင်းမေး Business Services , 5th Floor, 74 St , Bet; 35th & 36th St, Mahar Aung Myay Tsp, Mandalay.
+95 9 775 514 463, +95 9 969 660 691, +95 9 969 669 698
[email protected], [email protected]

19/09/2024

Collocation on Airplane
လေယာဥ်နှင့်ပတ်သတ်သော အသုံးအနှုန်းများ................................
Board an airplane=လေယာဉ်ပေါ်တက်သည်
Catch an airplane=လေယာဉ်မီသည်
Fly on an airplane=လေယာဉ်စီးသည်
Miss an airplane=လေယာဉ်လွဲသည်
Airplane ticket=လေယာဉ်လက်မှတ်
Airplane mode=ကြိုးမဲ့ ဆက်သွယ်ရေးခလုတ်
Airplane seat=လေယာဉ် ထိုင်ခုံ
Airplane crew=လေယာဉ် မောင်/မယ် များ
Land the airplane=လေယာဉ် ဆင်းသည်
Airplanes crash =လေယာဉ်ပျက်သည်
Airplane cabin=လေယာဉ် ခန်း
Airplane engine=လေယာဉ် စက်
Airplane noise=လေယာဉ်၏ဆူညံသံ
Pilot =လေယာဉ်မှူး
Airplane safety=လေယာဉ်ဘေးကင်းရေး
Takeoff of an airplane=လေယာဉ်ပေါ်မှဆင်းသည်
Airplane window=လေယာဉ်ပြတင်းပေါက်
Design an airplane=လေယာဉ်ပုံစံ
Airplane turbulence=လေယာဉ် လှိုင်းထန်ခြင်း

Eg:Board an airplane:
We arrived at the airport early to board the airplane on time.
Eg:Catch an airplane:
I had to run through the terminal to catch the airplane before it took off.
Eg:Airplane ticket:
He bought his airplane ticket online to save time.
Eg:Airplane mode:
Please switch your phones to airplane mode during the flight.
Eg:Airplane seat:
She reserved a window airplane seat for the best view.

Key Institute
လူတိုင်းမေး Business Services, ၅လွှာ ၊ ၇၄ လမ်း ၊ ၃၅နှင့်၃၆ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
ဖုန်း - 09 7755 14463, 09 9696 60691 , 09 9696 60698
Email - [email protected]

17/09/2024

လတ်တလောဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံတဝှမ်းရှိ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး အစီအစဥ်တွင်ပါဝင်ရင်း ပညာသင်ယူနိုင်မည့်အခွင့်အရေး

မိမိတို့ KEY Institute မှ လတ်တလောမြန်မာနိုင်ငံအဝှမ်းတွင်ဖြစ်ပေါ်ခဲ့သည့် ရေးဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များတွင် ပါဝင်လှူဒါန်းနိုင်ရန်အတွက်ရည်ရွယ်၍ လက်ရှိဖွင့်လှစ်လျက်ရှိသော Online Diploma in English Studies (COC,UK) တန်းခွဲများသို့ အပ်နှံမည့် သင်တန်းကြေးများမှ ၅၀% အားလှူဒါန်းသွားမည်ဖြစ်ပါသည်။

ထို့အပြင် လက်ရှိဖြစ်ပေါ်နေသော ရေဘေးသင့်ဒေသများသို့ တစ်သိန်းကျပ်နှင့်အထက် ပါဝင်လှူဒါန်းထားသည့် မည်သည့်အလှူရှင်မဆို လှူဒါန်းထားသည့်အထောက်အထားပြသ၍ လာရောက်အပ်နှံမည်ဆိုပါက မူလသင်တန်းကြေး ၄၀၀၀၀၀ ကျပ်အစား ၃၀% off ရရှိမည်ဖြစ်သည့်အတွက် ၂၈၀၀၀၀ ကျပ်ဖြင့်သာတက်ရောက်နိုင်မည်ဖြစ်ပါသည်။ အပ်နှံသည့်သင်တန်းကြေးမှ ၂သိန်းကျပ်တိတိအား ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များတွင် KEY Institute မှ ပါဝင်လှူဒါန်းသွားမည်ဖြစ်ပါသည်။

ဤ အစီအစဥ်တွင်ပါဝင်လိုသူများအနေဖြင့်
၁၇. ၉. ၂၀၂၄ မှ ၃၀. ၉. ၂၀၂၄ ရက်အတွင်း သင်တန်းအပ်နှံ၍ပါဝင်နိုင်ပါသည်။

သင်တန်းနှင့်ပါတ်သက်သော အသေးစိတ်အချက်အလက်များ ✅✅✅

Diploma in English Studies(COC,UK)
✅ သင်ယူရမည့်ဘာသာရပ် - ၆ခု
✅ စတင်ဖွင့်လှစ်ပေးမည့်ရက် - စတင်အပ်နှံသည့်နေ့မှ တစ်နှစ်အတွင်း
✅ သင်ယူရမည့်ပုံစံ - 100 % online (Pre-recorded Video Lesson + PDFs + PPTs + Zoom Discussion on Every Sunday 7-8:30 pm)
✅ သင်တန်းကြေး - ၄သိန်းကျပ် - ၃၀ % လျှော့စျေး = ၂၈၀၀၀၀ ကျပ် + 185(Exam fees)( * စာမေးပွဲကြေးက ဒီပလိုမာဘွဲ့ကိုရယူဖို့ စာမေးပွဲဝင်ရောက်ဖြေဆိုမှသာပေးရမှာဖြစ်ပါတယ်။)
✅ သင်ယူမှုကာလ - ၁ နှစ်

Module

1.Academic English Grammar
2.Academic Writing
3.Academic Vocabulary
4.Reading Across the Curriculum
5.Effective Speaking & Presentation
6.Workplace English

အင်္ဂလိပ်ဘာသာစကားကို သာမာန် 4skills သင်တန်းကြေးသာသာနဲ့ အနှစ်သာရပြည့်ဝတဲ့ပညာရပ်တွေကို စျေးသက်သက်သာသာနဲ့သင်ခွင့်ရဖို့ KEY ဘက်က လူတိုင်းအတွက် အင်္ဂလိပ်ဘာသာစကားအစီအစဥ်အနေနဲ့ ပညာဒါနတစ်စိတ်တစ်ပိုင်းလှူပေးနေခြင်းလည်းဖြစ်ပါတယ်။

ပုံမှန်ဖွင့်လှစ်ပေးနေတဲ့ သင်တန်းကြေး (offline) တွေကတော့ စျေးမတက်မဖြစ်တက်သွားတဲ့အတွက် သိန်းဆယ်ချီရှိသလို Zoom Direct အတန်းဆိုရင်လည်း အနိမ့်ဆုံး ၈သိန်းဝန်းကျင်လောက်ကျသင့်ပါတယ်။ ဒီအတန်းလေးကိုလည်း ၄သိန်းကျပ် ၂၀၂၃နှစ်အစပိုင်းတည်းကသတ်မှတ်ခဲ့ပေမယ့် ပညာအမှန်တကယ်သင်ယူလိုသူများအဆင်ပြေအောင် အမြဲမပြတ် ၃၀%အထိ လျှော့စျေးတွေချပေးပြီးတော့သာ ဖွင့်လှစ်ပေးဖြစ်တယ်ဆိုတာ တတ်သွားကြစေချင်တဲ့စေတနာအရင်းခံပါတယ်။

KEY Institute သည် ၂၀၁၆ ခုနှစ်မှစတင်၍ UK နိုင်ငံရှိ City of Oxford College မှပေးအပ်သည့် Level 3 Diploma များအား Accredited Center အဖြစ်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ၂၀၂၀ ခုနှစ်မှစတင်၍ Online Program ဖြစ်သည့် Online Diploma in English Studies ကို စတက်သင်ကြားပေးခဲ့ပါသည်။ ယခုအချိန်တွင် သင်တန်းသားဦးရေ ရာနှင့်ချီ၍ Diploma ဘွဲ့များအပ်နှင်းနိုင်ခဲ့ပြီဖြစ်ပါသည်။

Key Institute
"Build your future here!"

လူတိုင်းမေး Business Services , 5th Floor, 74 St , Bet; 35th & 36th St, Mahar Aung Myay Tsp, Mandalay.

+95 9 775 514 463, +95 9 969 660 691, +95 9 969 669 698
[email protected], [email protected]

30/08/2024

ပညာရေးမှာ သင့်ကိုယ်သင်ရင်းနှီးမြှုပ်နှံပါ

အခုတလော ဟိုဟာစျေးတက် သည်ဟာစျေးတက်ဆိုတဲ့အသံတွေကြားပြီး ကုန်စျေးနှုန်းကိုပူပင်နေကြတဲ့အချိန်မှာ Online Program တွေစပါပြီဆိုကတည်းက စျေးနှုန်းအတိုင်းနဲ့ပဲမပြောင်းမလဲ ဆက်ဖွင့်ပေးနေတဲ့ KEY Institute ရဲ့ UK ဒီပလိုမာတန်းမှာတက်ရောက်သင်ယူရင်း ကိုယ့်ကိုယ်ကိုရင်းနှီးမြှုပ်နှံလိုက်ပါ။

Diploma in English Studies(COC,UK)
✅ သင်ယူရမည့်ဘာသာရပ် - ၆ခု
✅ စတင်ဖွင့်လှစ်ပေးမည့်ရက် - 6.9.2024
✅ သင်ယူရမည့်ပုံစံ - 100 % online (Pre-recorded Video Lesson + PDFs + PPTs + Zoom Discussion on Every Sunday 7-8:30 pm)
✅ သင်တန်း​ကြေး - ၄သိန်းကျပ် - ၃၀ % လျှော့စျေး = ၂၈၀၀၀၀ ကျပ် + 185£(Exam fees) * စာမေးပွဲကြေးက ဒီပလိုမာဘွဲ့ကိုရယူဖို့ စာမေးပွဲဝင်ရောက်ဖြေဆိုမှသာပေးရမှာဖြစ်ပါတယ်။
✅ သင်ယူမှုကာလ - ၁ နှစ်

Module

1.Academic English Grammar
2.Academic Writing
3.Academic Vocabulary
4.Reading Across the Curriculum
5.Effective Speaking & Presentation
6.Workplace English

အင်္ဂလိပ်ဘာသာစကားကို သာမာန် 4skills သင်တန်းကြေးသာသာနဲ့ အနှစ်သာရပြည့်ဝတဲ့ပညာရပ်တွေကို စျေးသက်သက်သာသာနဲ့သင်ခွင့်ရဖို့ KEY ဘက်က လူတိုင်းအတွက် အင်္ဂလိပ်ဘာသာစကားအစီအစဥ်အနေနဲ့ ပညာဒါနတစ်စိတ်တစ်ပိုင်းလှူပေးနေခြင်းလည်းဖြစ်ပါတယ်။

ပုံမှန်ဖွင့်လှစ်ပေးနေတဲ့ သင်တန်းကြေး (offline) တွေကတော့ စျေးမတက်မဖြစ်တက်သွားတဲ့အတွက် သိန်းဆယ်ချီရှိသလို Zoom Direct အတန်းဆိုရင်လည်း အနိမ့်ဆုံး ၆သိန်းဝန်းကျင်လောက်ကျသင့်ပါတယ်။ ဒီအတန်းလေးကိုလည်း ၄သိန်းကျပ် ၂၀၂၃နှစ်အစပိုင်းတည်းကသတ်မှတ်ခဲ့ပေမယ့် ပညာအမှန်တကယ်သင်ယူလိုသူများအဆင်ပြေအောင် အမြဲမပြတ် ၃၀%အထိ လျှော့စျေးတွေချပေးပြီးတော့သာ ဖွင့်လှစ်ပေးဖြစ်တယ်ဆိုတာ တတ်သွားကြစေချင်တဲ့စေတနာအရင်းခံပါတယ်။

KEY Institute သည် ၂၀၁၆ ခုနှစ်မှစတင်၍ UK နိုင်ငံရှိ City of Oxford College မှပေးအပ်သည့် Level 3 Diploma များအား Accredited Center အဖြစ်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ၂၀၂၀ ခုနှစ်မှစတင်၍ Online Program ဖြစ်သည့် Online Diploma in English Studies ကို စတက်သင်ကြားပေးခဲ့ပါသည်။ ယခုအချိန်တွင် သင်တန်းသားဦးရေ ရာနှင့်ချီ၍ Diploma ဘွဲ့များအပ်နှင်းနိုင်ခဲ့ပြီဖြစ်ပါသည်။

Key Institute
"Build your future here!"

လူတိုင်းမေး Business Services , 5th Floor, 74 St , Bet; 35th & 36th St, Mahar Aung Myay Tsp, Mandalay.

+95 9 775 514 463, +95 9 969 660 691, +95 9 969 669 698
[email protected], [email protected]

12/04/2024

မြန်မာ့ဓလေ့ရိုးရာ အတာသင်္ကြန်ကာလနှင့်နှစ်သစ်ကူးပိတ်ရက်များ အသိပေးကြေညာခြင်း 📣📣📣

KEY Institute တွင် လက်ရှိဖွင့်လှစ်သင်ကြားလျက်ရှိသော Online နှင့် On Campus သင်တန်းများအား ၁၂.၄.၂၀၂၄ ရက်နေ့မှ ၁၇.၄.၂၀၂၄ ရက်နေ့အထိ ၆ရက်ကြာ သင်္ကြန်နှင့်နှစ်သစ်ကူးကာလပိတ်ရက်ပိတ်မည်ဖြစ်ပါသည်။ ၁၈.၄.၂၀၂၄ မှ စတင်၍ ပုံမှန်အချိန်ဇယားများအတိုင်း ဆက်လက်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

သင်္ကြန်ကာလနှင့်နှစ်သစ်ကူးအခါသမယမှသည် ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာများ စတင်ကြုံတွေ့ရရှိနိုင်ကြပါစေ။🙏🙏🙏

KEY Institute မိသားစု

#နှစ်သစ်ကူးပိတ်ရက်

31/03/2024

ဒီလိုအချိန် ဒီလိုကာလမှာ အိမ်ကနေပဲ ဘာသာစကားကိုစနစ်တကျ သင်ယူလေ့လာလိုကြတဲ့သူများရှိမယ်ဆိုရင်

40% Discount ရနိုင်မယ့် KEY Institute မှ ဖွင့်လှစ်သင်ကြားတဲ့ UK Diploma Program လေးရှိပါတယ်။

Diploma in English Studies Program လေးဟာဆိုရင် ၂၀၁၇ ခုနှစ်ကနေစတင်ပြီး အင်္ဂလန်နိုင်ငံ City of Oxford College မှ KEY ကို Accredited Centre အဖြစ် အသိအမှတ်ပြုခဲ့ပြီး ဖွင့်လှစ်သင်ကြားခွင့်ပြုပေးခဲ့ပါတယ်။

ဒီ Diploma လေးကို Online Program အဖြစ် လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် ၃လပိုင်းကနေစတင်ပြီး သင်ကြားပို့ချပေးခဲ့ပြီး ကျောင်းသူ၊ကျောင်းသားပေါင်း ထောင်ချီသင်ယူခဲ့ပြီး ဒီပလိုမာဘွဲ့ရ ၂၀၀ ကျော်မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။

Diploma in English Studies ဘာသာရပ်မှာတော့
1.Academic English Grammar
2.Academic English Vocabulary
3.Reading Across the Curriculum
4.Academic Writing
5.Effective Speaking & Presentation
6.Workplace English ဆိုတဲ့ Module ၆ခုပါဝင်ပါတယ်။

သင်ကြားမယ့် ဘာသာရပ်တစ်ခုတိုင်းကို ဆရာ၊ဆရာမတစ်ဦးစီမှသင်ကြားထားပြီး သင်ကြားမှုပုံစံနဲ့လေ့လာရမယ့်ပုံကတော့

Pre-recorded Video Lesson + PDFs (Soft Copy Text Book) + Presentation Slides တွေနဲ့ဖြစ်ပါတယ်။ တစ်ပါတ်လျှင် တနင်္ဂနွေနေ့ ည၇နာရီမှ ၉နာရီအတွင်း Zoom ကနေ Direct Discussion Session ဖြင့် နားမလည်သော စာများနဲ့သင်ခန်းစာများအကြောင်းကို ဆရာ၊ဆရာမများက တွေ့ဆုံရှင်းပြပေးသွားမှာဖြစ်ပြီး လိုအပ်တဲ့အပိုင်းများကိုလည်း စဥ်ဆက်မပြတ်မေးမြန်းနိုင်အောင် Discussion Group များကနေ ဝင်ရောက်မေးမြန်းလေ့လာနိုင်ပါတယ်။

သင်တန်းကြေးအနေနဲ့ ပုံမှန် ၄၀၀၀၀၀ ကျပ်ကျသင့်မှာဖြစ်ပေမယ့် ၃၁.၃.၂၀၂၄ရက်နေ့မှ ၁၇.၄.၂၀၂၄ရက်နေ့အတွင်း အပ်နှံမည့်သူများကို သင်တန်းကြေး ၄၀% Discount ပေးသွားမှာဖြစ်တဲ့အတွက် ၂၄၀၀၀၀ ကျပ်ဖြင့် တစ်နှစ်ပါတ်လုံးတက်ရောက်လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။

သင်တန်းကာလ တစ်နှစ်အတွင်းမှာ April, August, December လတွေမှာ စာမေးပွဲကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပြီး မိမိလေ့လာသင်ယူမှုပြည့်စုံ အဆင်ပြေတဲ့အချိန်မှာ ဒီသုံးကြိမ်ထဲက တစ်ကြိမ်ကိုဝင်ရောက်ဖြေဆိုနိုင်မှာဖြစ်ပြီး စာမေးပွဲကြေးအနေနဲ့ Sterling Pound 185£ ပေးသွင်းရမှာဖြစ်ပါတယ်။

သင်တန်းနှင့်ပါတ်သက်ပြီး အသေးစိတ်ဆက်သွယ်မေးမြန်းစုံစမ်းလိုပါက
KEY Institute
5th Floor, လူတိုင်းမေး Business Services, 74 St, Bet; 35 & 36 St, Mahar Aung Myay Tsp, Mandalay.
Phone - 09 775 514 463, 09 969 660 698
Email - [email protected]
Gmail - [email protected]

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Address


လူတိုင်းမေး Business Services, 5th Floor, 74 Street, Btw 35 × 36 St, Maharaungmyay Tsp
Mandalay
100103