Guiding Star English Learning Centre
The palm oil company logged the forest, uprooted the coffee plants.
=ဆီအုန်းကုမ္ပဏီက သစ်တောကို သစ်ခုတ်ယူပြီး ကော်ဖီပင်တွေကို အမြစ်နဲ့ဆွဲထုတ်ပစ်ခဲ့သည်
Abandoned longhouse
လူသူမနေဘဲ ပစ်ထားတဲ့ ခြေတံရှည်အိမ်ကြီး
Shrug (shoulders) = ပုခုံးတွန့်တာ
Big/Large < huge < gigantic
Gigantic wave
Gigantic plantation
Gigantic mistake
Tribal people တိုင်းရင်းသားမျိုးနွယ်စုများ (သို့) မျိုးနွယ်စုဝင်များ
Logging silted up the river.
သစ်ခုတ်ခြင်းကြောင့် မြစ်များ နုန်းကျဆင်းပြီး တိမ်ကောကုန်သည်။"
His coffee plants had failed to produce beans four years in a row.
"သူ့ကော်ဖီပင်တွေကနေ ကော်ဖီစေ့မထွက်တာ လေးနှစ်ဆက်တိုက်ရှိပြီ။"
Four years in a row = four consecutive years
When she could not see her pony anywhere, her chest tightened. မြင်းပုလေးကို ဘယ်နေရာမှာမှ ရှာမတွေ့တော့တဲ့အခါ သူမရဲ့ ရင်ထဲမှာ မွန်းကျပ်လာတယ်
“It’s too late to shut the stable door after the horse has bolted.”
မြင်းပြေးပြီးမှ တံခါးပိတ်တာနောက်ကျသွားပြီ (English စကားပုံ)
ဖြစ်ပြီးမှ ပြင်လို့ မမီတော့ဘူး
Tears rolled down her cheeks.
Tears fell down her cheeks. ပါးပေါ်မျက်ရည်တွေကျလာတယ်
Don't think the worst. အဆိုးဆုံးတွေကို မတွေးပါနဲ့
He pulled up the car . ကားကိုလမ်းဘေးထိုးရပ်လိုက်တယ်
Fire trucks with sirens wailing dashed past our motorbikes.
ကျွန်တော်တို့၏ ဆိုင်ကယ်များဘေးမှ မီးသတ်ကားများ ဥဩဆွဲလျက် အရှိန်ဖြင့် ဖြတ်သန်းသွားကြသည်"
Remember he's tough and he isn't silly. သူက စိတ်ဓာတ်ခိုင်မာပြတ်သားသူတစ်ယောက် နုံအသူတစ်ယောက်မဟုတ်ဘူးဆိုတာမှတ်ထားပါ
Horse trailer မြင်းသယ်ကားနောက်တွဲ
Unsaddle the horse မြင်းနှီးကုန်းဖြုတ်သည်
Halter Vs Bridle
Halter က simple control အတွက်သုံးတယ် အစာကျွေးဖို့ ဆွဲသွားရမှာ သုံးတယ် မြင်းနှောင်ကြိုး
Bridle က riding control အတွက်သုံးတယ် မြင်းစီး မြင်းလှည်းဆွဲတဲ့အခါသုံး ဘယ်လှည်ြညာကွေ့လုပ်ခိုင်းလို့ရတယ် မြင်းဇက်ကြိုး
The puppy went astray. ခွေးေလး လမ်းပျောက်သွားတယ်
Our plan went astray. ငါ့တိုအစီအစဉ် လွဲချော်သွားတယ်
I put my phone on silent before the meeting. Phone ကို အသံပိတ်ထားတယ် ( in silence, in silent လို့သုံးလေ့မရှိ)
Ramp လျောစောက်လမ်း
Wheelchair ramp= wheelchair သမားတွေ သွားလို့ရအောင်လုပ်ထားတဲ့လျောစောက်
Trolley ramp
I bribed the kid with ice cream to get him to tidy my room= ကလေးကို ရေခဲ့မုန့်ကျွေးမယ်ဆိုပြီးချော့ခိုင်းတာ အခန်းသန့်ရှင်းခိုင်း
I tried to persuade her, but she wouldn’t budge.
ကျွန်တော် ချော့ပြောခဲ့ပေမယ့် သူမ စိတ်မပြောင်းဘူး။
The baby is being fussy. ကလေးက ဂျီကျတာ
Fussy eater အစားအသောက်ဂျေးများသူ
is fussy about small things အသေးအမွှားလေးတွေ ကိုလိုက်ဇီဇာကြောင်တာ
Hiking trail: တောင်တက်လမ်း သို့မဟုတ် ခြေကျင်ခရီးသွားလမ်း။
Nature trail: သဘာဝအလှအပတွေကို ကြည့်ရှုရင်း လမ်းလျှောက်ဖို့ သတ်မှတ်ထားတဲ့ လမ်း။
Horse trail: မြင်းစီးသူတွေအတွက် သီးသန့်လမ်း။
What took you so long? ဘာလို့ဒီလောက်တောင်ကြာနေတာလဲ
The riders went single file down the trail. မြင်းစီးသူတွေက လမ်းကြောင်းအတိုင်း တစ်ယောက်နောက်တစ်ယောက် စီတန်းပြီး သွားကြတယ်။
Walk in single file: တစ်ယောက်နောက် တစ်ယောက် တန်းစီလျှောက်သည်။
I will lead the way. ငါရှေ့ကနေ ဦးဆောင်သွားမယ်
They are working with the least possible effort.
"သူတို့က အားထုတ်တယ်ဆိုရုံလောက်လေးလုပ်နေတာ"
"သူတို့က အလုပ်ကို မဖြစ်စလောက် အားစိုက်ပြီး လုပ်နေကြတာ။"
"သူတို့က အလုပ်ကို ပြီးစလွယ် (ဒါမှမဟုတ်) ဝတ္တရားအရပဲ လုပ်နေကြတာ။"
Hitching rail မြင်းချည်တိုင်/မြင်းချည်တန်း
He unbuckled the girth သူမြင်းရဲ့ ဗိုင်ချည်ကြိုးကို ြဖုတ်လိုက်တယ်
He drew up the stirrups. "သူ မြင်းကုန်းနှီးက ခြေတင်ကွင်းတွေကို ဆွဲတင်လိုက်တယ်။"
The knight did battle with the dragon.
မြင်းစီးသူရဲေကာင်းက နဂါနဲ့ တိုက်ခိုက်ခဲ့တယ်
do battle with someone= တိုက်ခိုက်တယ် ( တိုက်ပွဲဝင်သလို အားထုတ်ပြီးယှဉ်ပြိုင်တိုက်ခိုက်ရတာ)
They coiled up the hoses. သူတို့ ရေပိုက်များကို ပြန်ခွေသိမ်းလိုက်တယ်
Coil up = ကြိုး / ပိုက်တွေကို ခွေပြီး ပြန်သိမ်းတာ
I got soaked in the rain. ကျွန်တော်ရွှဲစိုသွားတယ်
(get wet in the rain ထက် ပိုပြီး ရွှဲစိုတာကို ပုံဖော်တယ်)
He sauntered around the corner. သူလမ်းထောင့်ကို အေးအေးလူလူလျှောက်လာတယ်။
Go tack up the pony. We’re going riding.
သွားမြင်းကိုစီးဖို့ပြင်လိုက်။ မြင်းစီးထွက်ကြမယ်။
tack up = saddle , bridle တွေဘမြင်းကိုယ်ပေါ်မှာတပ်ဆင်တာ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Sabai Lane Bet 70 & 71, 32 & 33, Chanayetharzan
Mandalay
095