Shwe Phyo
23/01/2024
မနေ့ညက တညလုံး air con ဖွင့်ထားမိလို့ ည ၁ နာရီလောက် နှာခေါင်းတဖက်ပိတ်ပြီး သားသား ထငိုပါလေရော သားသားဖေဖေကလည်း သည်းခြေအိတ်ခွဲထုတ်ဖို့ရှိလို့ ဆေးတွေသောက်နေရတာမလို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာ မနှိုးရက်တာနဲ့ တယောက်ထဲ သားသားကို ဒီမေမေထဲ တယောက်ထဲချော့ရတာပေါ့
ရှိတဲ့ physiodose ကလည်း expired ဖြစ် ပစ္စည်းကလည်း ခဏခဏပြတ် ဝယ်ရတာခက်တော့ သားသားနှာစေး နှာပိတ်ဖြစ်မှာကို အကြောက်ဆုံးပါပဲ
ညကသားသားငိုရင်း အသံပါပြာလာတော့ မေမေလည်း ကြံရာမရ သားသားရေချိုးပြီးတာနဲ့ လိမ်းပေးနေကြ incaking sacha inchi oil လေးကို ငယ်ထိပ်နဲ့ နှာခေါင်းလေးတစ်လျှောက်လိမ်းပေးလိုက်တာ တစ်မိနစ်လောက်နေတော့ နှာခေါင်းပြန်ပွင့်ပြီး မေမေနို့ စို့ရင်းအိပ်ပျော်သွားပါတယ်
ကိုယ်လို သားဦးမေမေတွေအတွက် ဘေဘီလေးတွေ အဆင်ပြေပြေ ကြည်ကြည်လင်လင်နို့စို့ရင်း အိပ်ပျော်အောင် သိပ်လိုက်နိုင်တဲ့ တညတာရဲ့ ပျော်ရွှင်ကျေနပ်မှုက ဘာနဲ့မှ မလဲနိုင်ဘူးဟုတ်🤭
ဒါလေးတွေကတော့ သားသားကို နေ့တိုင်းလိမ်းပေးဖြစ်တဲ့ မရှိမဖြစ် အရမ်းအသုံးတည့်တဲ့ တစ်ကိုယ်ရည်သုံးလေးတွေမလို့ ဂျူနီယာမေမေတို့အတွက် sharing လုပ်ပေးလိုက်ပါတယ်နော်
✅Paw Paw ကတော့ diaper area လေးမှာ သုံးပေးဖြစ်ပါတယ် တစ်ဘူးကို ၁၂၀၀၀ ကနေ ၁၅၀၀၀ ထိ ပေးဝယ်ရပါတယ် baby store ဆိုင်တိုင်းမှာမေးဝယ်ပါနော်
✅Inca king sacha inchi oil လေးက ပရုတ်မပါဘဲသဘာဝဆီလေးအတိုင်းထုတ်ထားတာဖြစ်လို့ ခြေဖဝါး ငယ်ထိပ်နဲ့ နှာခေါင်းပိတ်တိုင်း နှာတံလေးတစ်လျှောက် နေ့တိုင်းလိမ်းပေးဖြစ်ပါတယ်
Inca King Herbal Product pageလေးမှာ အိမ်အရောက်မှာယူလို့ရပါတယ် တစ်ဘူးကို ၇၀၀၀ ဆိုပေမယ့် တဘူးကို လချီသုံးလို့ရပါတယ် တူမလေးတွေငယ်ထဲကသုံးပေးနေတာမလို့ ဘေဘီတို့အတွက် highly recommended ပါရှင်
✅Pigeon moisturizing lotion ကတော့ လက်တလော ခြေထောက်လေးတွေပဲလိမ်းပေးဖြစ်ပါတယ် day 3 တုန်းက ၄ နာရီလောက် photo ပြခဲ့ရလို့ အသားလေးညိုသွားတဲ့ သားသားကို lotion လေးပုံမှန်လိမ်းပေးဖြစ်ပါတယ် 200 ml ကို 43000 ဆိုပေမယ့် လိမ်းပြီးတာနဲ့ သားသားအသားရည်လေး စိုစိုလေးဖြစ်နေလို့ မေမေက သဘောကျရပါတယ်
✅Mustela diaper cream ကို ဝယ်ထားပေမယ့် Paw Paw နဲ့ sacha inchi oil လေးကို ပိုလိမ်းပေးဖြစ်ပါတယ်
✅Mustela facial cream ကတော့ လိမ်းပြီးတာနဲ့ သားသားမျက်နှာလေး စိုစိုလေးဖြစ်ပြီး မျက်နှာပေါ်က အနီဖုလေးတွေ သက်သာစေလို့ သားသားဖေဖေကတော့ အမြဲလိမ်းပေးဖြစ်တဲ့ cream လေးပါရှင်
မေမေတို့သုံးနေတဲ့ အသုံးတည့်တဲ့ ဘေဘီproduct လေးတွေရှိရင်လည်း comment မှာ ပစ္စည်းအမည်နဲ့ အသုံးဝင်ပုံလေး share ပေးခဲ့ပါဦးနော်
10/01/2024
Hello မေမေတို့ရေ 👋
သားသားမေမေပါရှင် 🤱🏼
သားသားကို မေမေနို့ရော formula ရော mix feeding လုပ်ရာကနေ (၂) ပတ်လောက် နို့အန်နေလို့ သားသားကိုဂရုစိုက်နေရတာနဲ့ မေမေတို့အတွက် ပို့ဖို့စီစဉ်ထားတာလေးတွေ pending ဖြစ်သွားတယ်ရှင်
အခုသားသားလည်း သက်သာလာပြီမလို့ လိပ်စာပို့ပေးထားပြီး ပို့ဖို့ကျန်သေးတဲ့မေမေတို့အတွက် ဆက်ပို့ပေးပါ့မယ်နော် 🎄
New born ပစ္စည်းပိုတာလေးတွေရှိလို့ မမွေးရသေးတဲ့မေမေတို့လည်း
အမည် လိပ်စာ ဖုန်းနံပါတ် page chat box မှာပေးပို့ထားရင် ပိုတာလေးတွေ ပြန်share ပေးပါ့မယ်နော်
10/12/2023
သားသားရဲ့ daily routine ကတော့
၄၅ မိနစ် ကနေ ၆၀ မိနစ် ထိ မေမေ့ချိုချိုစို့ပါတယ်
ချိုချိုဝရင် ၂-၃ နာရီထိ အိပ်ပါတယ်
မေမေက သားသားကို ရေချိုးပေးတဲ့နေ့ဆိုရင် သားသားက (၃) နာရီကျော်ကြာအောင်အိပ်ပါတယ် 🤭
မေမေက (၃) နာရီ ကျော်သွားတာနဲ့ သားသားကို နိုးပြီး ချိုချိုတိုက်ပါတယ်ခင်ဗျာ 🤱🏼
သားသားက ချိုချိုအရမ်းစို့လို့ သားသားဒေါ်ဒေါ်နဲ့ သားသားဖေဖေက Humana nursing tea ovaltine နဲ့ Physiolac တရက်(၃) ကြိမ် မေမေ့ကိုတိုက်ပါတယ်ခင်ဗျာ
10/12/2023
သားသား Day 2 ရောက်တော့ သားသားရဲ့ဆရာဝန်မကြီးက အသားနည်းနည်းဝါချင်တယ်လို့ ပြောတယ်ခင်ဗျ
သားသား (၃) နာရီလောက် photo ပြခဲ့ရပါတယ်ခင်ဗျ
အသားလေးနည်းနည်းညိုသွားပါတယ်ခင်ဗျာ🤭
အခုတော့ သားသားနေကောင်းကျန်းမာပါပြီခင်ဗျာ
10/12/2023
🤰ကိုယ်ဝန်ဆောင်နှင့် ဝမ်းချုပ်ခြင်း
သားသားမေမေကိုယ်ဝန်နဲ့တုန်းက မကြာမကြာဝမ်းချုပ်တတ်ပါတယ်
Milk of magnesia M.O.M သောက်ဖို့ သားသားဒေါ်ဒေါ် (သားဖွားမီးယပ်အထူးကု) က ညွှန်ပါတယ်
ဝမ်းချုပ်တဲ့အခါ ညမအိပ်မီ (၅) လုံး အစာနဲ့ဝေး တစ်ရက်တစ်ကြိမ် သောက်ပါတယ်
နောက်တစ်ရက်ဆိုဝမ်းသွားရလွယ်ကူစေပါတယ်
10/12/2023
ရွှေပြည်သာက ညီလေးအတွက် အနှီးပို့ပေးပါ့မယ်ခင်ဗျာ
10/12/2023
အရမ်းအေးတဲ့ ကချင်ပြည်နယ် ပူတာအိုမြို့က (၁) လပိုင်းမွေးမယ့် ညီမလေးတစ်ယောက်အတွက် သားသားက ပို့ပေးဖို့ ရွေးချယ်ထားပါတယ်ခင်ဗျာ့ အရမ်းအေးတယ်ပြောလို့ အနွေးစောင် (၂) ထည်ပါ ထပ်ပေါင်းထည့်ပေးထားပါတယ်ခင်ဗျာ့
10/12/2023
သားသားအတွက် ဝယ်ထားတာတွေ အများကြီးပိုနေလို့ သားသားက ပြန်sharing လုပ်ပေးပါမယ်ခင်ဗျ
10/12/2023
ဒီနေ့ သားသား ၁၈ ရက်မြောက်နေ့ပါခင်ဗျာ
ရေလည်း ချိုးပြီးပါပြီခင်ဗျာ
ချိုချိုသောက်ပြီး အိပ်ပါတော့မယ်ခင်ဗျာ
10/12/2023
flash cards time မှာ ဗိုက်ကဆာ 🤭
09/12/2023
သားသား Due date က December 2 ရက်ပါခင်ဗျာ
မေမေက သားသားကို November 23 မှာ ခွဲမွေးခဲ့ပါတယ်ခင်ဗျာ
Click here to claim your Sponsored Listing.
Category
Website
Address
66 Street
Mandalay