Your Library
22/12/2021
Professor တစ်ယောက်ကပြောဘူးတယ်။
" လူတစ်ယောက် ဆင်းဆင်းရဲရဲနဲ့ မွေးဖွားတာက
သူ့ရဲ့ အပြစ်မဟုတ်ပါဘူး။
ဒါပေမဲ့ အဲ့ဒီလူတစ်ယောက် ဆင်းဆင်းရဲရဲ သေသွားရင်တော့
သူ့ရဲ့အပြစ်ဖြစ်သွားပြီ "တဲ့။
ဆရာကြီးပြောတဲ့ စကားလေးကို သဘောကျမိတယ်။
ကျွန်တော်တို့ ဘယ်လိုပုံစံနဲ့ မွေးဖွားလာစေကာမူ
အပြစ်မဟုတ်ပါဘူး၊ ကိုယ်ရရှိထားတဲ့ ပုံစံကို
ဘာမှ အသုံးချပဲနဲ့ မပြည့်မစုံသေဆုံးသွားရင်တော့
ကျွန်တော်တို့ အပြစ်တွေ ဖြစ်သွားပါပြီ။
အဲ့တော့ ကျွန်တော်တို့ ဘယ်လိုသေကြမလဲ။
ကျွန်တော်တို့ မြန်မာစကားပုံတစ်ခုလိုပေါ့
"လူသာသေပါစေ နာမည်တော့ မသေပါစေနဲ့ "
တစ်ချို့တွေက
လူသာသေသွားတာ နာမည်မသေသေးတာတွေရှိသိလို
တစ်ချို့ လူကသာမသေသေးတာ နာမည်သေနေတာတွေလဲရှိပါတယ်။
ကျွန်တော်တို့ ငယ်စဉ်က ဆင်းရဲတယ်၊ ချမ်းသာတယ်ဆိုတာထက်
ကြီးလာတဲ့အခါ ဘဝကို ဘယ်လိုဖြတ်သန်းလဲ ဆိုတာလဲ
အရေးကြီးပါတယ်။
တစ်ချို့ငယ်စဉ်က ဆင်းဆင်းရဲရဲ ကြီးပြင်းခဲ့ပေမဲ့
ကြီးလားတဲ့အခါ အောင်မြင်ကျော်ကြားနေတဲ့ သူတွေရှိပါတယ်။
တစ်ချို့ငယ်စဉ်က ချမ်းချမ်းသာသာကြီးပြင်းလာခဲ့ပေမဲ့
ကြီးလာတဲ့အခါ မပြည့်မစုံနဲ့ ဆင်းရဲသွားတာတွေလဲ ရှိပါတယ်။
အတိတ်ဆိုတာ ပြင်လို့မရတော့ပါဘူး။
အနာဂတ်အတွက်ပဲ အကောင်းဆုံးကြိုးစားဖို့လိုပါတယ်။
တစ်ချို့တွေ အတိတ်ထဲမှာပဲ ပျော်နေတတ်ကြတယ်
"မင်းအရင်က ငါ့ကို ဘယ်လိုကျောခဲ့တာ"
"အရင်က ဒီလိုအမှားတွေ မင်းပဲလုပ်ခဲ့တာလေ"
"အဲ့ဒီလူက အရင်က လူဆိုး၊ လူမှိုက် "
"အဲ့ဒီလူက အရင်က သူခိုး "
" အဲ့လူက အရင်က သူချမ်းသာတုန်းက၊ အာဏာရှိတုန်းက
ဘယ်လိုတွေ အနိုင်ကျင့်ခဲ့တာ .....................…..........
တစ်ချို့ရှိကြသေးတယ်။
"အရင်က အခုလို တွေးရှိခဲ့ရင်၊
ဆယ်တန်းအောင်အောင်ဖြေခဲ့ပါတယ်။
အမှတ်ကောင်းအောင် ကြိုးစားပြီးဆေးကျောင်းတက်ခဲ့ပါတယ်။
စီးပွားရေးတက္ကသိုလ်တက်ခဲ့ပါတယ်။.................................. စသည်အားဖြင့်
အရင်တုန်းက၊ အရင်တုန်းက ဆိုတဲ့ ပြီးခဲ့တဲ့
အတိတ်တွေထဲမှာပဲ သံသရာလည်နေကြတယ်။
အတိတ်ဆိုတာ ပြီးခဲ့ပြီ၊ ပြင်လို့မရတော့ဘူး။
ဒါပေမဲ့ အနာဂတ်အတွက် ပြင်လို့ရတယ်၊ ပြင်ဆင်ခွင့်ရှိတယ်။
အမှားသိရင်၊ မှားခဲ့တဲ့ အမှားကို သင်ခန်းစာယူပြီ
အမှန်ပြင်၊ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်လို့ရပါတယ်။
တစ်ချို့တွေကတော့ မဟုတ်ကြပါဘူး။
အတိတ်ကိုပဲ ပြန်တွေးပြီး နောင်တရနေတတ်ကြတယ်။
ယခုရရှိထားတဲ့ အခြေအနေကနေ
ဘယ်လိုကောင်းအောင်ကြိုးစားမလဲ။
ကိုယ်ဝါသနာပါရာကို မလုပ်ခဲ့ရပေမဲ့၊
လုပ်နေတဲ့ အခြေအနေကနေ ဘယ်လိုအောင်မြင်အောင်
ကြိုးစားမလဲ ဆိုတာကို မတွေးတတ်ကြတော့ဘူး။
အဲ့တော့ ကိုယ်ဘယ်လိုသေမလဲ???
(Katha Land)
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay