Tech Talk MM

Tech Talk MM

Share

24/10/2024

Qualcomm က သူ့ရဲ့ နောက်ဆုံးထွက် Flagship level SoC အဖြစ် Snapdragon 8 Elite Chip ကိုမိတ်ဆက်လိုက်ပါပြီ။ ဒီချစ်ပ်အသစ်ဟာ စွမ်းဆောင်ရည်ရော၊ စွမ်းအင်သုံးစွဲမှုပါ Efficiency အရမ်းကောင်းလို့ ဒီနှစ်အတွက် အကောင်းဆုံး Mobile Processor လို့ပြောလို့ရနိုင်တယ်။ ထင်ထားတဲ့အတိုင်းပဲ Snapdragon 8 Elite က နောက်ဆုံးပေါ် RAM/Memory နဲ့ Storage နည်းပညာတွေကို Support ပေးထားလို့ ၎င်းကိုအသုံးပြုမယ့် Mobile device တွေကိုအမြင့်ဆုံးစွမ်းဆောင်ရည် ပေးနိုင်မှာပေါ့။ Snapdragon 8 Elite Chip က support ပေးမယ့်အထဲမှာ Micron ရဲ့ နောက်ဆုံးမျိုးဆက် LPDDR5X မန်မိုရီ/RAM လည်း ပါဝင်တယ်။

Snapdragon 8 Elite အကြောင်း ပေါက်ကြားနေတဲ့ သတင်းတွေထဲမှာ ဒီချစ်ပ်က LPDDR5X RAM တွေကို support မယ်လို့ ပါတယ်။ ဒါကြောင့် RAM/Memory မြန်နှုန်းပိုင်းမှာ တိုးတက်မှု သိပ်မရှိဘူး ၊ လက်ရှိ Flagship SoC တွေလောက်ပါပဲလို့ ထင်ရပေမယ့် Memory/RAM တွေထုတ်လုပ်တဲ့ Micron က သူ့ရဲ့ LPDDR5X RAM တွေကို ပိုကောင်းအောင် လုပ်နေတယ်။ ရလဒ်ကတော့ အရင်ကထက် ပိုမြန်ပြီး ပို efficient ဖြစ်တဲ့ RAM/Memory တွေဖြစ်လာမှာပါ။

Micron ရဲ့ နောက်ဆုံးထွက် LPDDR5X memory က တစ်စက္ကန့်ကို 9.6 Gbps အမြန်နှုန်းရတယ်။ ဒါဟာ သူတို့ရဲ့ အရင်မျိုးဆက် LPDDR5X မန်မိုရီ (8.5 Gbps) ထက် 12% ပိုမြန်တာပေါ့။ SK Hynix ရဲ့ LPDDR5T Memory နဲ့လည်း အမြန်နှုန်းတူတယ်။ Snapdragon 8 Elite က clock speed 5.3 GHz အထိရှိတဲ့ RAM တွေကို ထောက်ပံ့နိုင်တယ်။

Memory ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်ကလည်း ချစ်ပ်တွေလိုပဲ အရေးကြီးတယ်။ ဒါကြောင့် Micron က သူ့ရဲ့ အမြန်ဆုံး RAM အတွက် အဆင့်မြင့် 1β (1-beta) နည်းပညာကို သုံးထားတယ်။ ရလဒ်အနေနဲ့ကတော့ RAM ရဲ့ Efficiency ပိုကောင်းပြီး ပါဝါသုံးစွဲမှု ပိုနည်းစေတယ်။ Micron ရဲ့ မျိုးဆက်သစ် LPDDR5X Memory တွေက ဒီနေ့ခေတ် AI လွှမ်းမိုးနေတဲ့ နည်းပညာလောကအတွက် ကွက်တိပဲလို့ဆိုရမှာပါ။

အခုနောက်ပိုင်း AI ခေတ်မှာ RAM တွေက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လာတယ်။ အထူးသဖြင့် စက်ပစ္စည်းပေါ်မှာပဲ on-device အနေနဲ့ run ရတဲ့ လုပ်ငန်းစဉ်တွေအတွက်ပေါ့။ iPhone 15 နဲ့ iPhone 15 Plus တို့လို ဖုန်းတွေတောင် အနိမ့်ဆုံး RAM ပမာဏလိုအပ်ချက်နဲ့တောင် ဘောင်မဝင်တာကြောင့် Apple Intelligence သုံးလို့ရမယ့် ဖုန်းစာရင်းထဲမပါဝင်တော့ပါဘူး။

အခု နောက်ဆုံးထွက် Snapdragon 8 Elite Chip က Micron ရဲ့ UFS 4.0 Storage ကိုလည်း support တယ်။ ဆိုလိုတာက တစ်စက္ကန့်ကို မက်ဂါဘိုက် 4,300 (MBps) အထိ အရမ်းမြန်တဲ့ read speed ရှိမယ်။ Write speed အနေနဲ့လည်း တစ်စက္ကန့်ကို မက်ဂါဘိုက် 4,000 အထိ ရတယ်။ ဆိုတော့ Snapdragon 8 Elite က support ပေးမယ့် RAM နဲ့ Storage တွေကလည်း 8 Elite Chip ရဲ့ Performance ပိုင်းအတွက် အရေးကြီးတဲ့ အဓိကအခန်းကဏ္ဍက ပါဝင်နေတာကို တွေ့ရမှာပါ။

Want your business to be the top-listed Media Company in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay