Shwe Htet Distribution

Shwe Htet Distribution

Share

28/06/2021

လက်ဆေး ပြတုန်းက သရော်ခဲ့တယ်
Marsk ချုပ်ပြတုန်းက လှောင်ခဲ့တယ်
Q ဝင်ရမယ် ဆိုတော့ ကြီးကျယ်လိုက်တာ
ပြောပြီး ရှောင်ပုန်းခဲ့ကြတယ်

အခမဲ့ စစ်ဆေးပေးတာကို တန်ဖိုး မထားခဲ့ကြဘူး
လမ်းထဲကို လူနာတင်ကား ဝင်ရင်
အသံမပေးပါနဲ့ ဆိုတဲ့သူနဲ့
ကျန်းမာရေး ဝန်ထမ်းတွေနေ့မအားညမအား
ဘက်ပေါင်းစုံကနေ ကာကွယ်ပေးခဲ့တယ်
အမုန်းခံခဲ့ရတယ်
Q စင်တာအထိလိုက်စောင့်ရှောက်ပေးခဲ့တယ်

ခုတော့ ဘာတတ်နိုင်သေးလည်း
လက်ဆေးချင်ဆေး မဆေးချင်နေ
ကိုယ့်သဘောနဲ့ကိုယ်ဘဲ
Marsk တပ်ချင်တပ်မတပ်ချင်နေ
ကိုယ့်သဘောနဲ့ ကိုယ်ဘဲ
Q ဝင်ချင်ဝင် မဝင်ချင်နေ
ပိုက်ဆံပေး ရင် စစ်ပေးမယ်
ရောဂါပိုး ရှိရင် တာဝန်မယူဘူး
လူနာတင်ကား လား
ခင်ဗျားတို့ အသံကြားမှာစိုးလို့
ကျွန်တော် တို့ ပုန်းနေရတယ် ဗျာ

ပြည်သူ့ အစိုးရ က ကာကွယ်ပေးခဲ့တယ်

အာဏာရူးက ပြန့်ပွါးအောင် ကြိုးစားတယ်

လူလိုမသိတဲ့သူတွေက
ခုထိ မိုက်တွင်းနက်နေကြတုန်းဘဲ …
ဖြစ်နိုင်ရင်လေ
ဒင်းတို့ ကိုဘဲ ရွေးပြီး ဖြစ် စေချင်တယ်

#ငါတို့မှာငါတို့ဘဲရှိတယ်

06/06/2021

နတ်မောက်မြို့ ၊ ၈-ဒီဇင်ဘာ- ၂၀၁၂ ၊ အမျိုးသားနေ့အောင်ပွဲမိန့်ခွန်း

♦️
ကျွန်မနောက်မှာ ကျွန်မနေရာ ကျွန်မအရိုက်အရာကိုခံမဲ့ ခေါင်းဆောင်တစ်ယောက် သတ်မှတ်ပေးပါ၊ ရှာပေးပါလို့ ထောင်ပြတဲ့ ပိုစတာတွေမြင်တယ်။ ကျွန်မပြောချင်တယ်။ ကျွန်မနေရာကိုယူဖို့ ကျွန်မ ခေါင်းဆောင်တစ်ယောက်မလိုချင်ဘူး။ ခေါင်းဆောင်တွေ မြောက်မြားစွာလိုချင်တယ်။

ကျွန်မတို့ ခေါင်းဆောင်တစ်ယောက်ယောက်ကိုပဲ မမျှော်နဲ့။ လူတိုင်းလူတိုင်းဟာ ခေါင်းဆောင်ဖြစ်နိုင်တဲ့ အရည်အချင်းတွေကို မွေးမြူကြပါ။ လူတိုင်းလူတိုင်းဟာ ငါတို့လည်း တစ်နေ့တစ်ခါမှာ ကောင်းတဲ့ ခေါင်းဆောင်တွေဖြစ်နိုင်တယ်ဆို့တဲ့ စိတ်ဓာတ်တွေမွေးကြပါ။ ဒါမှ ကျွန်မတို့ ဒီမိုကရေစီရမှာ။ လူတစ်ဦးတစ်ယောက်ကို သိပ်ပြီးအားကိုးတာဟာ ဒီမိုကရေစီအတွတ် မကောင်းဘူး။

ပြည်သူတွေက ကျွန်မကိုအားကိုးတာ ကျွန်မ ဒီအားကိုးတဲ့ဟာကို မခံနိုင်လို့မဟုတ်ဘူး။ ကျွန်မ တာဝန်ခံရဲတယ်။ တာဝန်ယူရဲတယ်။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ ဘယ်တော့မှ လူတစ်ယောက်တည်းကို ပုံအောပြီး အားမကိုးပါနဲ့။ ဒါဟာ ဒီမိုကရေစီအတွက် မကောင်းပါဘူး။ ကျွန်မကိုလည်း ပုံအောပြီး အားမကိုးပါနဲ့။ ကျွန်မအတတ်နိုင်ဆုံး ကြိုးစားမှာပဲ။

အတတ်နိုင်ဆုံးကြိုးစားတာထက် ကျွန်မ ပိုပြီးမလုပ်နိုင်ဘူး။ ဒါပေမဲ့ ဒီမိုကရေစီပေါ်မှာ စေတနာရှိလို့ ပြည်သူအပေါ်မှာစေတနာရှိလို့ ကျွန်မ သတိပေးပါရစေ။ ဘယ်တော့မှ ပုဂ္ဂိုလ်တစ်ဦးတည်းပေါ်မှာ ပုံပြီးတော့ အားမကိုးပါနဲ့။ ယုံကြည်တာ ယုံကြည်တာပဲ။ ဒါပေမဲ့ အားမကိုးပါနဲ့။ ကိုယ့်ကိုယ်ကို အားကိုးပါ။ ကျွန်မတို့ ပြည်သူတွေဟာ ကိုယ့်ကိုယ်ကို အားကိုးတဲ့ ပြည်သူတွေ ဖြစ်ပါစေ။

♦️
#ဒေါ်အောင်ဆန်းစုကြည်
Sodium

06/06/2021

စစ်ကောင်စီကို တန်ပြန်သည့် လက်နက်ကိုင်ခုခံတော်လှန်ရေး အဓိကနေ့စွဲများ

***********************************************************
အာဏာသိမ်းပြီးစကာလတွင် မြန်မာပြည်သူတို့က အိမ်တွင်းရှိ သံထည်အိုးခွက်များကို ညစဉ် ညစဉ် တညီတညာတည်း တီးခတ်ရိုက်နှက်ခြင်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့တော်လှန်ရေးကို စတင်ပုံဖော်ခဲ့ကြသည်။

သိန်းသောင်းချီသော လူများ လမ်းပေါ်ထွက်ဆန္ဒပြလာခြင်းအပြင် အစိုးရဝန်ထမ်းများ၏ အာဏာဖီဆန် ရေးလှုပ်ရှားမှု (CDM) များ ဆက်လက်အားကောင်းလာသည့်အခါ အာဏာသိမ်းစစ်အုပ်စု၏ သေစေနိုင် သော လက်နက်ဖြင့် အရပ်သားပြည်သူများအပေါ် နှိမ်နင်းချေမှုန်းမှုများလည်း နေ့စဉ်ရက်ဆက်ဖြစ်လာ ခဲ့သည်။

မတ်လကုန်ပိုင်းတွင် စစ်အုပ်စု၏ ဖိနှိပ်ရက်စက် သတ်ဖြတ်မှုများကို တန်ပြန်သည့် လက်နက်ကိုင်ခုခံမှုများ စစ်ကိုင်းတိုင်းတွင် စတင်ပေါ်ပေါက်ခဲ့ပြီးနောက် ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသအချို့သို့ ကူးစက်ပျံ့နှံ့ခဲ့သည်။ နှစ်လခန့်ရှိလာပြီဖြစ်သော ဒေသအသီးသီးက ရရာ လက်နက်စွဲကိုင်တော်လှန်မှုများသည် အာဏာသိမ်းစစ်ခေါင်းဆောင်များအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လျက်ရှိသည်။

“ကျွန်တော်တို့က ငြိမ်းချမ်းစွာဆန္ဒပြပြီးတောင်းဆိုခဲ့တာကို စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်ဖြို ခွဲလာတယ်။ အဲ့တော့ ကျွန်တော်တို့လည်း လက်ညှိုးကွေးဖို့ အချိန်ရောက်လာတယ်” ဟု စစ်ကိုင်းတိုင်း ကနီမြို့အခြေစိုက် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ လုံခြုံရေးအရ ၎င်း၏အမည်ကို ဖော်ပြနိုင်ခြင်း မရှိပါ။

ချင်း၊ ကယားနှင့် စစ်ကိုင်း ဒေသများတွင် နေထိုင်သူများသည် တောပစ်သေနတ်ဟု ခေါ်ဝေါ်ကြသည့် ရိုးရာလက်လုပ်သေနတ်များကို အကျွမ်းတဝင်ရှိကြသူများဖြစ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သေနတ်ကိုင်၍ အန်တုတော်လှန်တိုက်ခိုက်ရန် ဦးဆုံးလှုပ်ရှားလာခဲ့ကြသည်။

“ကျွန်တော်တို့မှာ အားကိုးစရာ လက်နက်ဆိုလို့ တူမီးပဲရှိတယ်။ ဒါပေမဲ့ ရရင်ရသလို တော်လှန်မယ်ဆိုပြီး ကိုယ်နိုင်တဲ့ အခန်းကဏ္ဍကနေ ဝင်ပါတာပဲ” ဟု ကနီဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။

လက်နက်ကိုင်ခုခံသူများသည် ရိုးရာ တောပစ်တူမီးသေနတ်များအပြင် ၎င်းတို့လက်လှမ်းမီသည့် လက်နက်ငယ်အချို့နှင့် လက်လုပ်ဗုံးများကိုလည်း အသုံးပြုလာကြသည်။

စစ်ကိုင်းဒေသအချို့နှင့် ချင်းပြည်နယ် မြို့အများအပြားတွင် လက်နက်ကိုင်ခုခံတော်လှန်သူ ချင်းတိုင်းရင်းသားကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား ပစ်ခတ်မှုများတွင် စစ်သားနှင့် ရဲများ အကျအဆုံးများခဲ့သည်။ စစ်တပ်ဘက်က လက်နက်ကြီးများ၊ ဒရုန်းများအသုံးပြု၍ မတိုက်ခိုက်မီ အချိန်အထိ ဒေသခံကာကွယ်ရေးသမားများက ဗျူဟာကျကျ တိုက်ပွဲဆင်နိုင်ခဲ့ကြသည်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းစစ်ကူအားဖြည့်ကာ ဖမ်းဆီးခံ ဒေသခံများကို လူသားဒိုင်းသဖွယ် အသုံးပြုလျက် သိမ်းပိုက်ပြီးနောက် ချင်းကာကွယ်ရေးအဖွဲ့သားများ သည် ပြည်သူလူထုကို အထိခိုက်ခံကာ မခုခံလိုသည့်အတွက် ယာယီနောက်ဆုတ်ပေးခဲ့ရသည်။

မေလနှောင်းပိုင်းတွင်မူ အလားတူ လက်နက်ကိုင်တော်လှန်မှုများသည် ကရင်နီပြည်နယ် ခေါ် ကယားပြည်နယ်တွင် ထပ်မံဖြစ်ပွားလာခဲ့သည်။​ ရဲကင်းစခန်းများ သိမ်းပိုက်ဖျက်ဆီးခံရပြီး စစ်အုပ်စု လက်နက်ကိုင်အများအပြား ကျဆုံးပြန်သည်။

စစ်ကောင်စီနှင့် လက်နက်အင်အား လူအင်အား မယှဉ်သာသော်လည်း တူမီးနှင့် လက်လုပ်လက်နက်များ သုံး၍ အထိနာအောင် တိုက်ခိုက်နိုင်ခြင်းမှာ နယ်မြေကျွမ်းကျင်မှု၊ စစ်တပ်၏ လှုပ်ရှားမှုကို စောင့်ကြည့်နိုင်သည့် အချိတ်အဆက်ကောင်းမွန်မှုနှင့် လူထုထောက်ခံမှုရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု ကရင်နီဒေသခံ တော်လှန်သူများအစုအဖွဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

“နံပါတ်တစ်ကတော့ နယ်မြေကျွမ်းကျင်မှုနဲ့ ဆိုင်မယ်၊ တော်တော်များများ ပို့လာတဲ့ စစ်သားတွေက နယ်မြေကျွမ်းကျင်မှု မရှိဘူး၊ အရင်ကတည်းက ဒီပြည်နယ်မှာ အခြေချတဲ့ တပ်သားတွေ မဟုတ်တော့။ နံပါတ်နှစ်ကတော့ အကုန်လုံးသိတဲ့အတိုင်းပဲ လူထုက ဘယ်သူမှ သူတို့ဘက်မှာ ရှိမနေဘူးဆိုတာပေါ့။ လူထုက ကျွန်တော်တို့နဲ့ တစ်သားတည်း ရှိနေတာက ကျွန်တော်တို့အတွက် ဒုတိယအားသာချက်ပါ” ဟု အဆိုပါ KNDF ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

စစ်ကောင်စီတပ်များကို လက်နက်ကိုင်တော်လှန်နေသည့် ချင်း၊ ကယား၊ စစ်ကိုင်း၊ မကွေး အစရှိသော ဒေသများမှ လူငယ်များသည် တောလိုက်သည့် ရိုးရာဓလေ့ကြောင့် တူမီးနှင့်လက်လုပ်သေနတ်များကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်ပြီး ကင်းပုန်းတိုက်ခိုက်စွမ်းရည်လည်း လေ့ကျင့်ထားပြီးသကဲ့သို့ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“သားကောင်လိုက်တယ်ဆိုရင် ဘယ်လိုမောင်းရတယ်၊ စောင့်ပစ်ရတဲ့သူက ဘယ်လိုစောင့်ပစ်ရတယ်၊ ပြီးတော့ ဘယ်သူက အကျွမ်းကျင်ဆုံး ဖြစ်ပြီးတော့ ဘယ်သူက အမိန့်ပေးပြီး ဘယ်သူက နေရာချထား ပေးလဲဆိုတာက တောလိုက်တဲ့ ဓလေ့မှာ သင်ထားပြီးသား ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

“ဥပမာ ကျွန်တော်တို့ လိုက်နေတဲ့ သားကောင်တွေဆိုတာ ချေတွေ ကျန်တဲ့ ပြေးနိုင်တဲ့ သတ္တဝါတွေကို ကျွန်တော်တို့ ပစ်တယ်။ သာမန်လူလောက် နှေးကွေးနေတဲ့လူလောက်တော့ ကျွန်တော်တို့အတွက် ပြဿနာ မရှိဘူး” ဟု အဆိုပါ KNDF အဖွဲ့ဝင်က ပြောသည်။

ယင်းကဲ့သို့ လက်နက်ကိုင် ခုခံစစ်များ ဖြစ်ပွားနေသည့် ချင်း၊ ကယား၊ စစ်ကိုင်းနှင့် အထက်ပိုင်းဒေသများ တွင် စစ်အုပ်စု၏ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၃၀၀ ဝန်းကျင်၊ ပြည်သူ ၁၀၀ နီးပါးသေဆုံးကာ ထောင်သောင်းချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ယင်းဒေသများရှိ သတင်းရင်း မြစ်များ၏ အဆိုအရ သိရသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာတွင်မူ အဆိုပါ ပစ်ခတ်မှုများကို “လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများ” ၏ လုပ်ရပ်ဟု ပုံဖော်လေ့ရှိပြီး တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုကိုလည်း ဒေသခံခုခံရေးသမားများ၏ ပြောဆိုချက်ထက် အဆမတန် နည်းပါးစွာ ဖော်ပြလေ့ရှိသည်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ မေလ ၂၁ တွင် ကရင်နီဒေသခံလူငယ်များ၏ ကင်းပုန်းတိုက်ခိုက်မှု ကြောင့် စစ်တပ်၏ လက်နက်ကိုင်အဖွဲ့ဝင် ၃၀ ဦးခန့် ကျဆုံးခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သူ တိုက်ခိုက်ရေးသမားများက ဆိုသော်လည်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာတွင်မူ သုံးဦးသာ သေဆုံးသည်ဟု ဖော်ပြထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ရှိ ရဲစခန်းကို မေ ၂၃ တွင် ကရင်နီဒေသခံများ သွားရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် ရဲစခန်းရှိ စစ်အုပ်စုတပ်ဖွဲ့ဝင်များအပြင် ဖယ်ခုံနှင့် လွိုင်ကော်ဘက်တို့မှ စစ်ကူတက်လာသည့်တပ်သားများ စုစုပေါင်း ၄၀ ခန့် သေဆုံးသည်ဟု ကရင်နီဒေသခံတော်လှန်သူများက ဆိုသည်။ သို့သော် စစ်ကောင်စီကမူ လုံခြုံရေးတပ်ဖွဲ့ဝင် “အချို့” သေဆုံးပြီး အချို့ ပျောက်ဆုံးသည်ဟုသာ နောက်တစ်ရက်ထုတ် သတင်းစာတွင် ဖော်ပြခဲ့သည်။

မေလကုန်တွင် ဒီးမော့ဆို၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဒါဇင်ချီသေဆုံးကြောင်း ကရင်နီဒေသခံတော်လှန်သူများ စုပေါင်းဖွဲ့စည်းထားသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်သော်လည်း စစ်ကောင်စီသတင်းစာတွင်မူ ဖြစ်စဉ်ကိုပင် ယနေ့အထိ ဖော်ပြခြင်း မရှိပေ။

မေ ၂၀ နောက်ပိုင်းတွင် စတင်ခဲ့သည့် ကရင်နီပြည်သူများ၏ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်မှုသည် ဇွန်လဆန်းပိုင်းအထိ အားကောင်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်များနှင့် လက်နက်အင်အားမယှဉ်သာသော်လည်း ကရင်နီပြည်သူများ၏ နိုင်ငံရေးသမိုင်း ကြောင်းအရ ခံယူချက်ပိုမိုခိုင်မာသည့်အတွက် တော်လှန်ရေးအနိုင်ရရန် ယုံကြည်ချက် အပြည့်ရှိသည်ဟု KNDF အဖွဲ့ဝင်က ဆိုသည်။

“ဘယ်သူ့လက်အောက်မှာမှ မနေခဲ့ဖူးဘူး။ ကျွန်တော်တို့ဆီမှာ လာပြီးတော့ ကျူးကျော်တဲ့လူမှန်သမျှ အကုန်လုံး ပြန်ပြီးတော့ တိုက်ထုတ်နိုင်ခဲ့တာတွေချည်းပဲဆိုတော့ ကျွန်တော်တို့ အဘိုးအဘွားတွေခေတ်က နိုင်ခဲ့တယ်၊ ကျွန်တော်တို့ အဖေအမေခေတ်လည်း နိုင်ခဲ့တယ်၊ ကျွန်တော်တို့အချိန်မှာလည်း နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်တော့ လုံးဝအပြည့်ရှိတယ်” ဟု ၎င်းက ပြောသည်။

“အကုန်လုံး စည်းစည်းလုံးလုံးနဲ့ တိုက်မယ်ဆိုရင်တော့ ကျွန်တော်ယုံကြည်ပါတယ် မကြာပါဘူး။ ဒီစစ်ကောင်စီတော့ မပြိုလဲစရာ အကြောင်းမရှိဘူးပေါ့လေ။ တကယ်လို့ တစ်နိုင်ငံလုံးသာ အတူတူဝိုင်းပြီး တိုက်မယ်ဆိုရင် နှစ်နဲ့ချီ ကြာလိမ့်မယ် မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ကို နိုင်မှာပါ” ဟု KNDF အဖွဲ့ဝင်က ပြောသည်။

ဆောင်းပါးအပြည့်အစုံ ဖတ်ရှုရန် - https://www.myanmar-now.org/mm/news/7019

18/05/2021

ဒီအမျိုးသမီးကြီး
ဗေဒင်မေးတာ ယတြာချေတာ
အောက်လမ်းသုံးတာ ဓာတ်ရိုက်ဓာတ်ဆင်လုပ်တာ မြင်ဖူးကြလား?

ဒီအမျိုးသမီးကြီး
စင်ပေါ်မှာတက်ပြီး
တစုံတယောက်ကို အဖွဲ့အစည်းတစ်ခုခုကို
စောင်းမြောင်းပုတ်ခတ်ပြောဆိုတာမြင်ဖူးကြလား?

ဒီအမျိုးသမီးကြီးကို
သတ္တိရှိပါတဲ့ တိုက်ရဲခိုက်ရဲပါတယ်ဆိုတဲ့
ယောက်ျားပေါင်းများစွာက ကဲ့ရဲ့ ပုတ်ခတ် စွပ်စွဲပြောဆိုနေကြပေမယ့် ဒီအမျိုးသမီးကြီး တုန်လှုပ်တာမြင်ဖူးကြလား?

ဒီအမျိုးသမီးကြီးက
မိုင်ပေါင်းများစွာခရီးသွား၊ နိုင်ငံပေါင်းများစွာ လှည့်လည်၊
လူများပေါင်းစွာနဲ့ပြောဆိုရင်း သူမရဲ့အိုမင်းချိန်တွေကို စတေးခဲ့ပေမယ့်
ပင်ပန်းလိုက်တာလို့ ညည်းတာမြင်ဖူးလား?

အဖြေအားလုံးက No ပါ။

မြန်မာ့သမိုင်းမှာ
ဝေဖန်မှုအများဆုံးခံရတဲ့ အမျိုးသမီး။

ယုံကြည်ချက်အတွက်
ခေါင်းအမာဆုံးအမျိုးသမီး။

ရဲရင့်မှုအရှိဆုံး အမျိုးသမီး။

လူတွေအားလုံးရဲ့
သူတို့မွေးထားတဲ့အမေမဟုတ်ပဲ 'အမေ' လို့ တန်ဖိုးထားခေါ်ဆိုခြင်းခံရတဲ့ အမျိုးသမီး။

လှပလွန်းတဲ့ထောင်ချောက်တွေ၊
အန္တရာယ်များလွန်းတဲ့ကျော့ကွင်းတွေ၊
ရက်စက်လွန်းတဲ့ ပရိယာယ်တွေကြားမှာ
အကြိမ်ကြိမ်လွတ်မြောက်ပြီး
အသက်ရှင်ခဲ့တဲ့အမျိုးသမီး။

ဘာမှမပေး၊
ဘာမှမဝေ၊
ဘာမှမရပေမယ့်
သူမသွားလေရာ
လူတွေဝန်းရံလိုက်ပါပေးခြင်းခံရတဲ့အမျိုးသမီး။

ချစ်ခြင်းမရှိ
မုန်းခြင်းမရှိ
အငြိုးအတေးကလဲ့စားတွေမရှိ။
ဘက်လိုက်ခြင်းမရှိ၊
အမြဲအမှန်တရားဘက်ကနေရဲတဲ့ အမျိုးသမီး။

အမေရယ်
အမေ အလွန်ဆုံးနေရလှ နောက်၁၀နှစ်ပေါ့...

ဆံပင်တွေလဲဖြူ...
ပါးရည်တွေလည်းတွန့် ...
ခန္ဓာကိုယ်ပိန်ပိန်လေးနဲ့ ခပ်ယဲ့ယဲ့လေးပဲ
ကျန်တော့ပေမယ့်
မျက်ဝန်းတွေထဲ အားတွေမာန်တွေ
ကျွန်တော်တို့တွေ့နေရသေးတယ် အမေ...

အမေ ကျန်းမာပါစေ.....လို့.... ကျွန်တော်ဆုတောင်းရုံမှတပါး.......

Credit:
အမေဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ပါစေ အသက်ရှည်ပါစေ ဘေးကင်းပါစေ 🙏🙏🙏

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay