ASMI MBA
11/03/2022
Economic and Public Policy
Chapter 1 The science of Macroeconomics
ပထမဆုံး သိထားရမယ့် စကားလုံးလေးတွေရှိပါတယ်။ တော်တော်များများလဲ သိထားပြီးသားနေမှာပါ။ အဲ့တာတွေကတော့
Microeconomics - microscope လိုပဲ အနုစိပ်ကြည့်တဲ့ ပညာရပ်ပါ။ analyzing one tree in the forest ပါ။
Macroeconomics - အနုစိပ်ကြည့်တာမဟုတ်ပဲ အားလုံးကို ခြုံပြီး အကဲဖြတ်လေ့လာတာပါ။ sky view to the forest ပါ။ အဲ့ကနေ ဘယ်အပင်က ကြီးတယ်၊ သေးတယ်၊ ပုတယ်၊ရှည်တယ်၊ စသဖြင့်။ စီးပွားရေးတစ်ခုလုံးခြုံပြီးကြည့်ပါတယ်။ economy as a wholeပါ။
Recession - စီးပွားရေးကျဆင်းတာပါ။ 6လကနေ 5နှစ်ထိလောက်ဆိုရင် သုံးပါတယ်။
Depression - စီးပွားရေးကပ်ဆိုက်တာပါ။ စီးပွားရေးကျဆင်းတာ 5နှစ်အထက်ဆို သုံးနိုင်ပါတယ်။
အဲ့လိုဖြစ်လာရင်၊ မဖြစ်လာခင် စီးပွားရေးပညာရှင်တွေ၊ အစိုးရအဖွဲ့အစည်းတွေက causes, consequences, problem စတဲ့ issues တွေ လေ့လာ၊ စောင့်ကြည့်၊ အကြံပေးတာတွေ လုပ်ကြရပါတယ်။ အစိုးရကတော့ စီးပွားရေးပြန်တက်လာအောင် stimulus (အသက်ဝင်အောင်လှုံဆော်) ပေးရပါတယ်။ eg. အိမ်ယာဈေးကွက်၊ ငွေကြေးဈေးကွက် စသည် ဘယ်ဟာဖော်ဆောင်သင့်လဲ ဘယ်လိုလုပ်သင့်လဲ ....
စီးပွားရေးကို စောင့်ကြည့်လေ့လာတဲ့အခါ အဓိက ကြည့်ရတာ 3ခု ရှိပါတယ်။
1. GDP (real GDP) Gross Domestic Product
2. Inflation Rate
3. Unemployment rate တွေပါ။
တခြားကြည့်ရတာတွေရှိပါတယ်။ အဓိကကိုပဲ ပြောတာပါ။
1. - ပြည်တွင်းထုတ်ကုန်တန်ဖိုး
Long run growth ကိုကြည့်ရပါတယ်။ real လို့ပြောရင် level of price မပါရပါဘူး (inflation ကိုဖယ်ထုတ်) ။ သူ့ရဲ့ trends ကိုကြည့်ပြီး အကောင်းအဆိုးကို ခန့်မှန်းပါတယ်။ တက်နေနေ၊ ကျနေနေ ဘာကြောင့်ဆိုတာ လိုက်ရှာရပါတယ်။ long runကိုကြည့်ပါတယ်။ တွက်တဲ့နည်းတွေအများကြီးရှိပါတယ်။ အသုံးစားရိတ်ဘက်ကတွက်ရင်
GDP = C + I + G plus or minus NX ပါ
C = Consumption
I = Investment
G = Government Spending
NX = Net Exports (net ဖြစ်တဲ့အတွက် export များရင် plus, import များရင် minus ဖြစ်မှာပါ)
2. ငွေကြေးဖောင်းပွမှုနှုန်း
လူသိများပါတယ်။ rate လို့ပြောရင် %နဲ့ပြရပါတယ်။ deflation လဲရှိပါတယ် (ငွေရှားပါး)။ နှစ်ခုလုံးက သိပ်မကောင်းပါဘူး။ နိုင်ငံတိုင်း အနဲနဲ့အများရှိကြပါတယ်။ inflation က 0-5ကြားဆို နဲတယ်ပြောလို့ရပီး 5-10ကြား အများစုရှိတတ်ကြပါတယ်။ အဲ့ထက်ကျော်လာပြီး ထိန်းနိုင်သိမ်းမရဆို danger ပါ။ ဇင်ဘာဘွေနဲ့ ဂျာမနီမှာ ကြုံခဲ့ဖူးပါတယ်။ လေ့လာကြည့်ပါ။ တွက်နည်းတွေ နောက်အခန်းတွေမှာ ပါပါမယ်။
3. အလုပ်လက်မဲ့နှုန်း
တစ်နိုင်ငံလုံးရဲ့ labour force အရင်သိရပါတယ်။ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်၊ လူဦးရေ၊ ကျားမ စတာတွေ ပါဝင်နိုင်ပါတယ်။ eg. Employed (အလုပ်လက်ရှိ ) 12သန်းနဲ့ Unemployed (အလုပ်လက်မဲ့ ) 5သန်းပေါင်းရင် ၊ အဲ့နိုင်ငံမှာ labour force 17သန်းရှိတဲ့သဘောမျိုးပါပဲ။
Formula က
Unemployment Rate = QUP / QEP+QUP (100)
QUP = number of unemployed person's
QEP = number of Employed Person's
QEP+QUP က labour force ပါပဲ။
100နဲ့ မြှေက်တာက %ရဖို့ပါ။
Unemployment 5%လောက်ဆို natural rate လို့သတ်မှတ်ပါတယ်။ 0တော့ မဖြစ်နိုင်ပါဘူး။ အနဲဆုံး 1%,2% တော့ ရှိမှာပါပဲ။ ဘာလို့ 0မဖြစ်နိုင်လဲဆိုတော့ skill မရှိတဲ့သူ ပျင်းတဲ့သူကတော့ ဘယ်လိုပဲ အလုပ်အကိုင်အခွင့်အလမ်းဖော်ပေးပါစေ အလုပ်ရမှာ မဟုတ်လို့ပါပဲ။
Model ကတော့ mathematics နည်း၊ relationship နည်းတွေနဲ့ ပြကြပါတယ်။ အပေါ်က formula တွေက mathematics နည်းနဲ့ပြထားတာတွေပါပဲ။ ဒီမှာ variables (ကိန်းရှင်) 2ခုရှိပါတယ်။
1. Endogenous (output)နဲ့
2. Exogenous (input)ပါ။
Model က ဒီနှစ်ခုရဲ့ ဆက်စပ်မှုကိုပြပါတယ်။ theory တွေ ခိုင်မခိုင်ကို real data နဲ့ တိုက်စစ်ဖို့ model တွေ သုံးကြတာဖြစ်ပါတယ်။
1. မှီကိန်းရှင်
Dependant variable ပါ။ တစ်ခုခုကြောင့် ဖြစ်လာရတာမျိုးပါ။ eg.KFC ရဲ့ demand ဆိုပါစို့။ demand က သူ့ဘာသာ မရလာပါဘူး။ input ဖြစ်တဲ့ တခြား factors တွေ ရှိမှပါ။ ဝယ်ချင်စိတ်၊ ဝယ်နိုင်တဲ့ ဈေး၊ quality...စသဖြင့်။ ဒါဆို mathematics နည်းနဲ့ model တည်ဆောက်ကြည့်ရင်
Qd of KFC = D(P, Y) ရပါတယ်။
Qd of KFC= Quantity demand of KFC
D = Demand /sales
P = Price
Y = Aggregate Income
Pတွေ Y တွေက just symbols ပါ။ ကြိုက်တာထည့်လို့ရပါတယ်။ အဓိက သိဖို့က demand က ဒီနေရာမှာ sales ပါပဲ။ sales ရောင်းအားကလဲ ဈေးနှုန်းနဲ့ ရောင်းရတဲ့ အရေအတွက်မြှောက်တာဖြစ်လို့ Pနဲ့ Y မြှောက်ရတာပါ။
Equation ရဲ့ ဘယ်ဘက်က endogeneous ပါ။ ဈေးနဲ့ အရေအတွက်ကို မှီခိုရလို့ပါ။
2. ကင်းလွှတ်ကိန်းရှင်
Independent variable ပါ။ ပြင်ပကလာပြီး တစ်ခုခုကြောင့် ဖြစ်လာရတာမျိုးမဟုတ်ပါဘူး။ သူက cause ပါ။ eg.KFC ရဲ့ demand ဆိုရင် အဲ့ demand ကိုဖြစ်လာစေတဲ့အရာဖြစ်ပါတယ်။ ။ demand က အပေါ်ကဥပမာလို Pနဲ့ Y ပေါ်မူတည်လို့ အဲ့ equation ရဲ့ ညာဘက်ခြမ်းက အကုန် Exogenous ဖြစ်ပါတယ်။ အဲ့တာဆို Supply ဘက်ကြည့်ရအောင်။
Qs of KFC = S(P, Pm) ရပါတယ်။
Qs of KFC= Quantity supply of KFC
S = Supply
P = Price
Pm = price of materials
စောစောကလိုပဲ P တွေ Pmတွေက အရေးမကြီးပါဘူး။ supply က raw materialsတွေမူတည်ပါတယ်။ KFC ဆိုတော့၊ ဂျုံ၊ကြက်သား၊ ဟင်းခတ်မှုန့်၊ sauces၊ ဆီ စသဖြင့်အများကြီးထည့်နိုင်ပါတယ်။ ဒီraw materials တွေက KFC အတွက် exogenous ဖြစ်ပေမယ့် သူ့ကိုပြောင်းလဲစေတဲ့ သူရဲ့သီးခြား independent variableရှိနေနိုင်ပါတယ်။ ဥပမာ ကြက်ထုတ်လုပ်တဲ့ လုပ်ငန်းအတွက် ကြက်စာဈေးနှုန်းလိုဟာမျိုးပေါ့။
Formula 2 နှစ်ခုကို equation ချရင် demand, supply နဲ့ equilibrium တွေ ပေါ်လာပါတယ်။ အဲ့အကြောင်းတွေ ရှေ့မှာ ရှင်းပြထားပါတယ်။ အရင်ဆောင်းပါးတွေ ပြန်လေ့လာနိုင်ပါတယ်။
ဒီအပိုင်းမှာ အဓိကက GDP, Inflation, Unemployment, endogeneous, exogenous တွေသိရင်၊ နားလည်ရင် လုံလောက်ပါတယ်။
နားလည်မယ်လို့လဲ ယူဆပါတယ်။
Sir Thet Aung
ဝန်ထမ်း အမျိုးမျိုး ရှိပါတယ်။
၁။ #အလုပ်ချိန် ပုံမှန် ဝင်တယ်၊ အလုပ် မပျက်ပါ။ သို့သော် ကိုယ့်အလုပ်ကလွဲရင် ကျန်တာ မကူတတ်ဘူး။ အလုပ် မပြုတ်နိုင်ဘူး။
၂။ #အလုပ်ချိန် နောက်ကျတယ်။ ခဏခဏလည်း အလုပ် ပျက်တယ်။ ကြိုက်တဲ့ အလုပ်ကိုခိုင်း၊ အကုန်လုပ်တယ်။ သို့သော် ကြာလာရင်တော့ အလုပ် ပြုတ်နိုင်တယ်။
၃။ #လစာ တိုးပေးတဲ့အခါမှ လုပ်ပြတယ်။ လစာမတိုးရင် ပညာပြတယ်။ လိုချင်တာရမှ လုပ်တတ်တယ်။ အခွင့်အရေးသမား ဝန်ထမ်း။
၄။ အလုပ်ရှင် ရှေ့မှာ ကြိုးစားပြတယ်။ မမြင်သာတဲ့ အချိန်မှာ ဘာမှ မလုပ်တာ၊ ရှေ့တစ်မျိုး နောက်တစ်မျိုး ဟန်ပြ သရုပ်ဆောင် တတ်တာ #လူပါးဝ ဝန်ထမ်း။
၅။ လစာလည်း တိုးမတောင်းဘူး။ အလုပ်လည်း မကြိုးစားဘူး။ ဘာမှလည်း မပြောဘူး။ #ဝန်ထမ်း ငပျင်း။
၆။ သူများ ကြိုးစားနေတာကိုလည်း မနာလိုဘူး။ ကိုယ်ကိုယ်တိုင်းလည်း မလုပ်နိုင်ဘူး။ ဟိုလူကို အတင်းပြော ၊ ဒီလူကို အတင်းပြော၊ ကြားကနေ ရန်တိုက်ပေးနေတာ၊ #ဝန်းထမ်း ကလိမ်ကကျစ်။
၇။ အလုပ်ရှင် အားနည်းချက်ကို အမြဲချောင်းနေတတ်ပြီး၊ အခွင့်အရေး ပေါ်တာနဲ့ တစ်ခုမကျန် ကိုယ့်ဘက်ကိုပဲ အမြဲယက်၊ ငါ အဆင်ပြေဖို့ အဓိက၊ မင်း ဘာပဲဖြစ်ဖြစ်၊ ငါ မရှိရင်၊ မင်း ဒုက္ခရောက်မယ်၊ အမြဲ ကြံနေတတ်တဲ့ #လူယုတ်မာ ဝန်ထမ်း။
၈။ အခြေခံကနေ အလုပ်ဝင်လာတယ်၊ တတ်သွားတဲ့အခါ ဆရာ အထာ ကိုင်တယ်။ အခွင့်အရေးတောင်းတယ်၊ မပေးနိုင်ရင် ရန်လုပ်ပြီး အလုပ် ထွက်တယ်။ ငယ်မွေးခြံပေါက် #ကျေးဇူးကန်း ဝန်ထမ်း။
၉။ တစ်ခြား အလုပ်က ဒီအလုပ်ထက် ပိုကောင်းတယ်။ ဟိုဘက်က အခွင့်အရေး ပိုရတယ်။ လစာပိုကောင်းတယ် ဆိုပြီး၊ ခနဲ့ သလိုလို၊ ရွဲ့ သလိုလို အလုပ် ပြောင်းခွင့်တောင်းတယ်။ ဟိုဘက်က အဆင်မပြေလာတဲ့အခါ မျက်နှာငယ်လေးနဲ့ အလုပ် ပြန်ခန့်ခွင့်တောင်းတာ #အရှက်မရှိတဲ့ ဝန်ထမ်း။
၁၀။ ဆရာကို ဖားတယ်၊ အောက်ကို ဖိတယ်။
ကိုယ်တိုင်း ကလည်း၊ ဆရာ ခိုင်းရင် ဘာပဲလုပ်ရလုပ်ရ ကျန်တဲ့ကောင်တွေကို ဂရုမစိုက်တတ်တာ #ဖိနပ်တိုက် ဖားဝန်ထမ်း။
၁၁။ ခိုင်းစရာမလို၊ အလိုက်သိတယ်။ သာသည်နာသည် မတွက်။ အလုပ်မှန်သမျှ မိမိနဲ့ဆိုင်သည်ဟု အကုန် လုပ်တတ်တာ #လိမ္မာတဲ့ ဝန်ထမ်း။
၁၂။ စေတနာပါတယ်။ ကြိုးစားတယ်။ အပြန်အလှန် လေးစားမှု နားလည်တယ်။ လေ့လာသင်ယူမှု အသစ်ကို အမြဲရှာတယ် အလိုက်သိတယ်။ မှတ်ဥာဏ် ကောင်းတယ်။ မာန မရှိဘူး။ ကိုယ်ချင်းစာတရား ရှိတယ်။ အနာဂတ် အတွက် တော်တဲ့ #ခေါင်းဆောင်ကောင်း ဝန်ထမ်း။
(လုပ်ငန်းရှင်များနဲ့ တစ်ချိန်မှာ လုပ်ငန်းရှင်ဖြစ်လိုသူများ အတွက် တန်ဖိုးရှိတဲ့ ဖော်ပြချက်လေးတွေဖြစ်ပါတယ်)
Crd - အလုပ်အကိုင်ရှာဖွေရေး page တစ်ခုမှကူးယူဖော်ပြသည်။
* ဆရာများနေ့သို့ ဦးညွှတ်လျှက် *
ဒီနေ့ဟာ နိုင်ငံတကာ ဆရာများနေ့ ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း မျှဝေသူတစ်ယောက်ဖြစ်လို့ ဆရာနဲ့ပါတ်သက်ပြီး နဲနဲရေးပါရစေ။
ပထမဆုံး ဆရာဆိုတဲ့ ဝေါဟာရပါ၊ ကြားဖူးထားတဲ့အတိုင်း ပြောရယင် ဆရာဆိုတာ အတတ်ပညာ အသိပညာတစ်ခုခု သင်ပေးသူပေါ့၊
မူယင်း ဝေါဟာရ ဆာယာ ကနေ ပြောင်းလာတယ်၊ တပည့်များနားခိုန်ိုင်ရန် အေးမြသောအရိပ် ဖန်တီးပေးနိုင်သူတဲ့။ ထပ်ပြီး ဝိတ္တာချဲ့ရယင် ဆ=စဉ်းစားနှိုင်းဆခြင်း၊ ရာ=အဖိုးသားနား အကဲဖြတ်ခြင်း တဲ့၊
ဒါ့ကြောင့်လဲ သင်္ဂဇာဆရာတော်ကြီးက "အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ "လို့ စပ်ဆိုခဲ့တာဘဲ၊ ကျင့်ဝတ်တစ်ခုချင်းစီ ရှင်းမပြတော့ဘူး သေချာစွာ တွေးကြည့်ပေတော့။
ဒီနေရာမှာ ဆရာ ၅ မျိုးရှိတာလဲ မမေ့စေချင်ပါ၊
၁၊ ပဗ္ဗဇ္ဇာစရိယ =ဥပဇ္စျယ်ဆရာ။
၂၊ သပသမ္ဗဒါစရိယ=ကံဆောင်ပေးသောဆရာ။
၃၊ နဿယာစရိယ=နိဿရည်းပေးသောဆရာ။
၄၊ ဥဒ္ဒေသာစရိယ= စာသင်ပေးသောဆရာ။
၅၊ သြဝါဒါစရိယ=ဆိုဆုံးမပေးသောဆရာ တဲ့။
ပြောချင်တာက လောကီအတွက်ရော လောကုတ္တရာအတွက်ပါ အကျိုးပြုသူများလို့ပြောချင်တာပါ။ အကျိုးအပြုဆုံး ဆရာကတော့ အားလုံးသိပြီးသား တုနှိုင်းဖွယ်မရှိသော ဗုဒ္ဓမြတ်စွာပေါ့။
ကျနော်တို့တတွေ အသိတရား မရှိတရှိ အချိန်ကတည်းက အစစ အရာရာ အနစ်နာခံသင်ပေးခဲ့တဲ့ လက်ဦးဆရာကတော့ မိဘ ပေါ့။
နဲနဲစပြီးသိတတ်တော့ မိဘရင်ခွင်ကနေ ပြောင်းလဲခိုဝင်လိုက်တဲ့ ရင်ခွင်သစ်ကတော့ စာသင်ယင်း အလုံးစုံ သွန်သင်ပေးခဲ့တဲ့ ဆရာပေါ့။
အရွယ်အတော်ရလာတော့မှ လောကီအပြင် သံသရာအတွက်ပါ ဆိုဆုံးမ သင်ကြားလေ့ကျင့်ပေးသူများကတော့ ဆရာတော်များလေ။
ဆရာဆိုတာ " ရှေးရှုမေတ္တာ ကရုဏာနှင့်၊ နာနာကျင်ကျင် အပြစ်မြင်တိုင်း၊ ဝမ်းတွင်းမသို ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က ဆုံးမတတ်သူ ဆရာဟူလော့" လို့ မာဃဒေဝလင်္ကာမှာ ဆိုထားပြန်ပါတယ်။
ကျနော်တို့ ဖြတ်သန်းကျင်လည်လာခဲ့တဲ့ သက်တမ်းအတွင်း တခါတရံမှာ ကိုယ့်စိတ်ဆန္ဒနဲ့ မကိုက်ညီလို့ စေတနာမပါသော်လည်း စိတ်ထဲကပြန်ပြောမိတာလေးတွေ၊ ပါးစပ်က စောဒကတက်ခဲ့မိတာလေးတွေလောက်တော့ ရှိခဲ့ကြမလားဘဲ။
ကိုယ်က ဘာကောင်မှမဟုတ်သေးတော့ စေတနာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ "ကျောက်ခဲရေချ "ပမာ အပြစ်တွေ ရှိနိုင်ကြပါတယ်။
ဒါ့ကြောင့် ဒီနေ့ဆရာများနေ့ဆိုတော့ အဲလိုလေးတွေတွေးမိပြီး အခုလို ကန်တော့ယင်း ဘဝမှာ ကြုံဆုံခဲ့သမျှသော လက်ဦးဆရာဖြစ်သောမိဘ ၂ ပါး၊ ကန့်ကူလက်လှည့် ပမာ သင်ဆရာ မြင်ဆရာ ကြားဆရာ နဲ့ လောကုတ္တရာ ဆရာများလုံးကို မာန်စွယ်ကျိုး ဦးချကန်တော့လိုက်ပါသည်၊
" စေတနာမဲ့ ဆိုမိနှုတ်လွန် ပြောမိလျှင်လည်း လွန်ပြီးတစ်ခါ ရိုသေစွာဖြင့် စိတ်ကျန်းမာန်လျော့ ကျွန်ကန်တော့သည် သည်းခံခွင့်လွှတ်ပေးပါလော့ "
အပြစ်ရှိခဲ့ယင် သည်းခံခွင့်လွှတ်ပေးတော်မူကြပါ ဆရာအပေါင်းတို့ခင်ဗျား။
ကာယစိတ္တံ သုခါဝဟံ ( ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ )
ကိုဗစ်ကပ်ဘေးမှလည်း ချမ်းသာစွာ လွန်မြောက်ကျော်လွှားနိုင်ကြပါစေ
Credit to ဆရာပေါက်ပေါက်
29/03/2021
"They can because they think they can." တဲ့ ...
အောင်မြင်မှုဟာ ယုံကြည်မှုကနေ စတင်တယ်!
ပန်းတိုင်ကို မရောက်သေးပေမယ့် ကိုယ်ဟာတစ်ကယ်ရောက်အောင်လုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို အပြည့်အဝယုံကြည်ထားတယ်ဆိုရင် ပန်းတိုင်ကို ၅၀% ရောက်နေပြီးသားပါ။
ကျွန်မတို့ငယ်ငယ်က မတ်တပ်သေချာမရပ်တတ်ခင် ယိုင်တိယိုင်တိုင်လေးကတည်းက လူကြီးတွေက ရပ်နိုင်ပေ့လို့ အော်ပြီးအားပေးခဲ့ကြတဲ့အတွက် ကိုယ့်ကိုယ်ကို တကယ်ရပ်နိုင်တယ် ထင်လာတယ်။
ဒီလိုနဲ့ကြိုးစားပြီး ရပ်တယ်။
ဒီလိုနဲ့ အမှန်တကယ် ရပ်နိုင်လာတာ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ဆိုရင် ကိုယ်ကျင်လည်နေတဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင်က သိပ်ကိုအရေးကြီးပါတယ်။
ကြောက်တတ်တဲ့သူတွေနဲ့ ဝန်းရံထားရင် ကိုယ်ပါကြောက်တတ်လာမယ်။
ရဲရင့်တဲ့သူတွေနဲ့ ဝန်းရံထားရင် ကိုယ်ပါ ရဲရင့်လာမယ်။
တွေဝေတတ်တဲ့သူတွေနဲ့ ဝန်းရံထားရင် ကိုယ်ပါ တွေဝေတတ်လာပါတယ်။
အခုအချိန်က လူငယ်တွေအနေနဲ့ လူအင်အားရော၊ စိတ်ဓါတ်ခွန်အားနဲ့ပါ အားကြိုးမာန်တက်နဲ့ တိုက်ပွဲဝင်နေကြတဲ့အချိန် ဖြစ်ပါတယ်။
ဒီလိုအချိန်မှာ ကိုယ့်ရဲ့ပန်းတိုင်ကို ဝေဝါးအောင်ပြောတဲ့သူတွေ၊ မဖြစ်နိုင်ပါဘူး လို့ ပြောတဲ့သူတွေ၊ ကြောက်တတ်တဲ့သူတွေနဲ့ ဝေးဝေးနေပါ။
အတူနေနေကြတဲ့ မိသားစုထဲမှာ ကြောက်တတ်တဲ့သူတွေပါနေရင်လည်း သူတို့ရဲ့ Energy ကို ကိုယ့်ကိုမကူးစက်အောင် နေပါ။
⚫️ သင်ဟာ လုပ်နိုင်စွမ်းအပြည့်အဝရှိတဲ့သူဖြစ်တယ်ဆိုတာကို ကိုယ့်ကိုယ်ကို ၁၀၀%ယုံကြည်ထားပါ။
⚫️ ကိုယ့်လိုပဲ ယုံကြည်မှုရှိသူ၊ စိတ်ဓါတ်ပြင်းပြသူ၊ strong ဖြစ်တဲ့သူတွေနဲ့ အမြဲချိတ်ဆက်ပါ။ အဆက်အသွယ်ပြုနေပါ။
ကိုယ့်ကိုယ်ကို မလုပ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးလို့ ထင်လာတဲ့အခါ "They can because they think they can " ဆိုတဲ့စကားကို သတိရလိုက်ပါ။
သင်လိုချင်တဲ့ပန်းတိုင်ကို သေချာပေါက်ကို ရောက်မှာပါ 💪
29/01/2021
Manager ဖြစ်တာချင်းအတူတူ UKက အသိအမှတ်ပြုလက်မှတ်ရထားတဲ့ မန်နေဂျာဆိုရင် သင့်အတွက် ပိုပြီး အခွင့်အရေးရပါလိမ့်မယ်။
လက်မှတ်ဆိုတာ အထောက်အထား တစ်ခုသာဖြစ်ပြီး သင့်ရဲ့ ကျွမ်းကျင်မှုကိုတော့ ASMI မှ တာဝန်ယူပါရစေ.....
Certified Professional Manager (UK) သင်တန်း!
Early Birds သင်တန်းကြေး_29,000_ကျပ်နဲ့ တက်ရောက်ဖို့ အခုပဲ စာရင်းပေးထားပါ။
5ယောက်တည်းရမှာနော်။
➖➖➖➖➖➖➖➖➖➖
CPM-Batch(1)
◾️Certificate အတန်းမဟုတ်တဲ့အပြင်
LQB, UK က အသိအမှတ်ပြုတာဖြစ်လို့
မိမိနာမည်နောက်တွင် Professional Title အဖြစ်
တပ်နိုင်တဲ့ Certified Professional Manager (CPM) သင်တန်းဖြစ်ပါတယ်။
▪️ဒီအတန်းတက်ပြီးရင်တော့ UK အသိအမှတ်ပြုမန်နေဂျာ Certified Professional Manager သင်တန်းက သင့်အတွက် ဘဝအာမခံချက်တစ်ခု ဖြစ်နေပါလိမ့်မယ်...
👥တက်ရောက်သင့်သူများ
Management ပညာလေ့လာနေသူတွေ
ကုမ္ပဏီဝန်ထမ်းများ ဘွဲ့ရပြီးသူများ
Supervisor, Executive, Manager များ
Office Staff များ Professional Manager အဖြစ်အသက်မွေးလိုသူများ
LQB, UK အသိအမှတ်ပြု
Certified Professional Manager (CPM) သင်တန်းမှ သင်ကြားပေးမှာတွေကတော့
CPM1 - Management Essentials
The Management Process Today
Characteristics of Managers
Ethics and Social Responsibility
Managing in the Global Environment
Managing for Sustainability
Promoting Effective Communication
Decision Making
CPM2 - Planning and Organizing
Planning and Strategy
Value-Chain Management
Organizational Structure and Culture
Staffing and Managing People
Building High-Performance Teams
Coaching and Performance Feedback
CPM3 - Leading and Controlling
Leadership
Motivation and Engagement
Managing Change
Organizational Conflict and Politics
Managing Misbehavior
Organizational and Operational Control
CPM1, CPM2, CPM3 (၃) ခုလုံးသင်ပေးသွားမှာဖြစ်ပါတယ်။
CPM တက်ရောက်ရန်လိုအပ်ချက်
👉အနိမ့်ဆုံး (၁၀) တန်းအောင်ပြီးသူများ
👉Supervisory သင်တန်းတက်ပြီးသူများ
👉လုပ်ငန်းအတွေ့အကြုံရှိသူများ ဖြစ်ရပါမယ်။
✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓
🇬🇧လက်မှတ်ပေးအပ်မယ့်အဖွဲ့အစည်း🇬🇧
UK အစိုးရအသိအမှတ်ပြု
London Qualifications Board (LQB, UK)
🎓ဘယ်သူ သင်မှာလဲ🎓
✅ ဦးသက်အောင်နိုင်
MBA , DBL, DApsy, DTSM,
B.A. (English), DSR (ongoing)
သင်တန်းဘယ်တော့စမှာလဲ?
⏰8 February 2021 (Monday)
တစ်ပတ် (5) ရက်။ Monday to Friday။
သင်တန်းအချိန်
⏰ Prerecorded video များကို
လေ့လာရမယ်ဖြစ်ပြီး အပတ်စဉ် တစ်ကြိမ်
ညနေ (၇) နာရီမှ (၉) နာရီထိ
Zoom Applications ကို အသုံးပြုပြီး
Online Live သင်ပေးမှာဖြစ်ပါတယ်။
စာသင်ချိန်မမီသူများ Group မှာ
Recording တင်ထားပေးပါမယ်။
⏰သင်တန်းကာလကရော?
တစ်ပတ် 5 ရက်မို့
(2) ပတ်ပဲကြာမြင့်မှာပါ...
🎯စာမေးပွဲရှိလား?
Assignment နဲ့ case study စနစ်ဖြစ်ပါတယ်။
===========================
===========================
🎟️သင်တန်းကြေး
~~~
ပုံမှန်သင်တန်းကြေး 80,000ကျပ်ပေမယ့်
ခုလိုကာလဝင်ငွေလျော့နည်းနေသူများအတွက်အဓိကရည်ရွယ်ဖွင့်ပေးတာဖြစ်လို့
သင်တန်းကြေး (4) သောင်းကျပ်ပဲပေးပါ။
👋Covid ကာလအတွင်း အလှူအတန်း လုပ်ထားသူများ (3)သောင်းကျပ်သာ
သင်တန်းကြေး သက်သာစွာတက်ရောက်ဖို့
ASMI ကို ဒီအတိုင်းပြန်လုပ်ပေးပါ။
👇👇👇
- ခုPostကို အခြားသိသင့်တဲ့မိတ်ဆွေတွေအတွက် Public နဲ့ ၅ ယောက်ကို Tag တွဲပြီး Share ပါ။
- - Share ထားတာကို Screenshot ရိုက်ပေးပါ။
- Screenshot၊ နာမည်၊ ဖုန်းနံပါတ်နဲ့တက်မယ့်အတန်း (CPM) ကို ခုPostအောက်မှာCommentပေးပေးပါ။
Comment ပေးပြီးပါက ကျောင်းကိုဖုန်းဆက်ပေးပါ...
🧭LQB UK လက်မှတ်ရယူလိုများ
စတာလင်ပေါင် ၅၀ ။
⚓ASMI လက်မှတ်ပဲရယူလိုသူများ
Assignments, case study နဲ့ Administration Fees အတွက် မြန်မာငွေ (1) သောင်းကျပ်။
===============================
သင်တန်းကြေးကို
AYA, KBZ, KBZ-Pay, Wave နဲ့ လက်ခံပါတယ်။
===============================
☎️သင်တန်းအပ်ရန်
09 760740246, 09 420503963
Click here to claim your Sponsored Listing.
Category
Website
Address
Yangon, Taunggyi, Myitkyina, Meiktila
Mandalay
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 12:00 |