Happy May May
Crd to original writer 👏👏
Play Deficit Disorder (ကစားချို့တဲ့ရောဂါ)
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ကစားချို့တဲ့ရောဂါဆိုတာဘာလဲ။
ရှင်းပါတယ် လုံလောက်ပြည့်ဝစွာ မကစားရတဲ့အခါ ဖြစ်တဲ့ရောဂါပေါ့။
ကမ္ဘာကြီးက နည်းပညာအကူအညီနဲ့ တရှိန်ထိုး တိုးတက်ဖွံ့ဖြိုးနေသလို တဖက်မှာလည်း တိုးတက်မှုနဲ့ အပြိုင် ကျဆင်းဆုံးရှုံးမှုတွေလည်း ရှိနေပါတယ်။ ဒီအထဲကမှ ကလေးများအတွက် အရေးကြီးဆုံး ဆုံးရှုံးမှုကတော့ "လွတ်လွတ်လပ်လပ်ပြည့်ပြည့်ဝဝကစားခုန်ပေါက်ခြင်း" ဖြစ်ပါတယ်။
ဘာလို့ ကမ္ဘာတဝှမ်းလုံးက ကေလးေတွ ကစားခြင်း ချို့တဲ့လာကြတာလဲ။
အဓိကကတော့ ဖွံ့ဖြိုးတိုးတက်လာမှု၊မြို့ပြဖြစ်လာခြင်းတွေကြောင့်ပါပဲ။ ကျနော်တို့မြန်မာနိုင်ငံမှာ ၁၉၈၀,၁၉၉၀ ဝန်းကျင်ကာလက ကလေးအများစုမှာ ကောင်းစွာကစားခွင့်၊ပြည့်ဝစွာကစားခွင့် ရခဲ့ကြပါတယ်။ အိမ်ရှေ့က ညောင်ပင်ကြီးမှာ ညဆို သူငယ်ချင်းတွေစုပီး ညောင်ပင်တေစ္ဆ ဝေလေလေ လုပ်လို့ရတယ်။ လမ်းပေါ်မှာ ရစ်လုံးတွေကိုင်ပီး စွန်တွေ တိုက်လို့ရသေးတယ်။ ယောကျာ်းလေး၊မိန်းကလေး တွဲဖက်ကစားလို့ရသေးတယ်။စိန်ပြေးတမ်း၊ တူ့တူပုန်းတမ်း၊ ဇယ်တောက်တမ်း၊ဖန်ခုံတမ်း၊ဒိုးထုတမ်း၊ပစ်တမ်း ၊ ပုံရိုက်တမ်း၊ကြိုးခုန်တမ်း ဒီလို ကစားနည်းစုံနဲ့ကစားေပျာ်ပါးခဲ့ကြတယ်။ အ့တုန်းက ဒီလို ကစားဖို့ နေရာလည်း ရှိသလို အချိန်လည်း ရှိတယ်။
2010နောက်ပိုင်း မွေးဖွားလာတဲ့
ကလေးအများစုမှာ အချိန်လည်း မရှိသလို အချို့အတွက် နေရာလည်း မရှိတော့ဘူး။
အချိန်မရှိတာက ဆိုရှယ်မီဒီယာနဲ့လည်း ဆက်စပ်နေတယ်။ ၂၀၁၀ နောက်ပိုင်းမွေးတဲ့ကလေးအများစု ဟာ ပညာရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခေတ်စနစ်နဲ့အညီ ပေါ်လာသမျှ သင်တန်းတွေတက်ကြရတယ်။ တစ်နစ်၊နစ်နစ်သားအရွယ်ကစလို့ မိဘသို့ဆရာ/မ ရဲ့ academic training လုပ်ခြင်းကို ခံကြရတယ်။ Phonics, Mental Maths, Abacus, Right Brain Training, Whole brain training, ဒီလို သင်တန်းပေါင်းစုံကိုတက်ရတဲ့အတွက် ကစားခုန်ပေါက်ရမယ့်အချိန်က နည်းသထက်နည်းလာတယ်။ ပီး You Tube က ဗီဒီယိုတွေပြပီး လေ့ကျင့်ပေးကြတာမို့ ငယ်ငယ်ရွယ်ရွယ်နဲ့ screentime တွေရှိလာတယ်။ ဖုန်းတစ်လုံးနဲ့ ဆိုဖာပေါ်ငြိမ့်နေရတာမို့ အပြင်ထွက်ဖို့ ပန်းခြံသွားဖို့ outdoor activities တခုခုလုပ်ဖို့ မပူဆာတော့ဘူး။ အလှုပ်အရွ အလှုပ်အရှားနည်းလာတယ်။ ဒီတော့ ကစားရမယ့်အချိန်၊အပြင်ထွက်ပီးဟိုကြည့်ဒီကြည့်စူးစမ်းရမယ့်အချိန်မှာ သင်တန်းတက်၊သင်တန်းကပြန်ဖုန်းကြည့်တာနဲ့ သံသရာလည်နေရတယ်။
နောက်တခုကတော့
မြို့ပြဆန်လာခြင်းကြောင့် လူထုနားနေရမယ့်၊ကလေးတွေ ဘေးကင်းစွာ ဆော့ကစားလို့ရမယ့် နေရာ၊ဧရိယာ နည်းလာတယ်၊ကျဉ်းလာတယ်။ ၂၀၁၀ နဲ့ ဒီနောက်ပိုင်းကလေးတွေ ညောင်ပင်တစ္ဆေ ဝေလေလေ လုပ်လို့မရတော့ဘူး။ ထုပ်ဆီးထိုးလို့ ထမင်းရည်ပူလောင်ခွင့်မရတော့ဘူး။ လမ်းတွေက ကား၊ဆိုင်ကယ်ထူထပ်လာတာနဲ့ စိတ်ချစရာ မရှိတော့ဘူး။ "အပြင်ထွက်မဆော့နဲ့ အိမ်ထဲမှာပဲဆော့" ဆိုတဲ့စကားက အခုခေတ် ကလေးတွေကြားနေကျ စကားဖြစ်သွားပီ။ နောက် s*x education ဂယက်ရဲ့နောက်ကွယ် အရင်ကလို ယောကျာ်းလေး၊မိန်းကလေး အတူတူဆော့ရတာ နည်းလာတယ်။ ဒါတွေက ကျနော်တို့ ကလေးလေးတွေ ဘာ့ကြောင့် ကစားချိန်တွေ လျော့ပါးလာရသလဲ၊ ချို့တဲ့လာရသလဲဆိုတဲ့ အကြောင်းတွေဖြစ်ပါတယ်။
ကလေးတစ်ယောက်မှာကစားမှုချို့တဲ့လာရင် ဘာတွေဖြစ်မလဲ။ ကစားချို့တဲ့တာက ရောဂါတခုလိုပဲလား။
သုတေသန တခုအရ ခြောက်သွေ့ပီးအစာရှားပါးတဲ့အရပ်မှာနေရတဲ့ Squirrel Monkey မျောက်ပေါက်တွေဟာ ကစားရမယ့်အချိန်မှာ အစာပဲရှာနေရပါတယ်။ စားဖို့ပဲ လုံးပန်းနေရပါတယ်။ ဒါ့ကြောင့် ဒီ လို squirrel monkey တွေ ကြီးလာတဲ့အခါ အခြားသောမျောက်တွေနဲ့ ကောင်းမွန်သော ဆက့်ဆံမှု၊ဆက်သွယ်မှုတွေ အတော်နည်းလာပီး ထီးတည်းဖြစ်ပါတယ်လို့ ဆိုထားပါတယ်။ NO PLAY, NO GRACE မကစားရင် မရည်မွန်ဘူး(ဆက်ဆံရေးပြေလည်ပြေပြစ်တာ)
ဒီသုတေသနကတော့ တိရစ္ဆာန်တွေဘဝမှာ ကစားခြင်းဟာ ဘယ်ရွေ့ဘယ်မျှ အရေးပါသလဲဆိုတာကို ပြထားတာဖြစ်ပါတယ်။
မတ်ရပ်မျောက်မျိုးနွယ်ဝင်လူသားကလေးငယ်တွေမှာလည်း ကစားခြင်းချို့တဲ့လာရင်
၁။ စိတ်ဓာတ်ကျမယ်
၂။ အလိုက်ပြောင်းလဲဖို့ ခက်မယ်
၃။ ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းနိုင်စွမ်းနည်းမယ်။
၄။ ပေါင်းသင်းဆက်ဆံရေးအားနည်းမယ်။
၅။ တခုခုကို အလွန်အကျွံ့ စွဲလမ်းတာမျိုးဖြစ်မယ်။
ဒီခေတ်က ကလေးတွေကို ဘယ်လိုဘယ်ပုံ ဘယ်အရွယ်ကတည်းက ထရိန်းရမယ်၊ မထရိန်းရင် ကျန်ခဲ့မှာပေါ့ ဆိုတဲ့ ထရိန်းထရိန်း ထရိန်းခေတ်မှာ Goldilocks balance, Goldilocks amount ဆိုတဲ့ မပြင်းလွန်းမပျော့လွန်း၊မတင်းလွန်းမလျော့လွန်း ချိန်ခွင်လျှာမျှအောင်လုပ်ပီး ကလေးကို ကစားခုန်ပေါက်ခိုင်းဖို့ ကစားခွင့်ပေးဖို့ကလည်း ထရိန်းထရိန်းထရိန်းနဲ့ အညီ လိုအပ်နေပါတယ်။ ၂ နစ် ကနေ ၅/၆ နှစ်အတွင်းကို Window of Opportunities လို့ခေါ်ပါတယ်။ ကလေးရဲ့ ကိုယ်၊စိတ်၊ဦးနှောက် ဘက်စုံဖွံ့ဖြိုးဖို့ ပြတင်းပေါက်တွေကို ဖွင့်ပေးဖို့ လိုပါတယ်။ အိမ်ရဲ့ ပြတင်းပေါက်တော့ဖွင့်ပီး သင်တန်းသွားပို့တာမျိုး မဟုတ်ပါဘူး။ ပြတင်းပေါက်၊တံခါးပေါက် ဖွင့်ပီး မိသားစုစုံညီ ပန်းခြံသွားတာ၊ကစားကွင်းသွားတာ၊ လမ်းထဲက ကလေးတွေနဲ့ ကစားခွင့်ပေးတာမျိုးဖြစ်ပါတယ်။ကလေးတစ်ယောက်အတွက် ကစားခြင်းက သင်ယူခြင်းဖြစ်ပါတယ်။ သဘာဝကျကျ ဟန်ချက်ညီညီ သင်ယူနေခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့်
ကစားပါ။
ကစားခွင့်ပေးပါ။
ကစားချိန်ပေးပါ။
ကစားဖို့နေရာစဉ်းစားဖန်တီးပေးပါ။
မကစားရတဲ့ကလေးက ကလေးမဟုတ်တဲ့ကလေးပါ။
ကစားခြင်းက ဒီခေတ်မှာ ကျနော်တို့ တဖွဖွပြောရမယ့် အကြောင်းအရာပါ 🤗
27/04/2023
"မဂ်လာပါမေမေတို့ ရေ..”..
🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾
ပူပြင်းတဲ့နွေရာသီကို အင်အားအပြည့်နဲ့တိုက်ခိုက်ဖို့..👈
လက်တွဲဖော်သူရဲကောင်း ဖိုက်တာရေဗူးကြီးများရောက်ရှိနေပါပြီနော်..❤❤❤..
👉-ရေသောက်နဲတဲ့သားသားမီးမီးတွေအတွက်..
ရေသောက်မယ်..🥛
ရေသောက်မယ်.🥛..တစာစာအော်နေလောက်အောင် ဆွဲဆောင်မှု့ရှိတဲ့ ရေဗူးလှလှလေးတွေပါနော်..🍾
👶👦-ပိုက်သေးသေးလေးနဲ့မှ အဆင်ပြေမဲ့..
လသားအရွယ်က စ.. တောက်တောက်ပြေးအရွယ်လေးတွေအထိ သုံးလို့ရမဲ့ ရေဗူးလေးတွေ..
👦👨👧-မူကြိုအရွယ်က စ..
လူပျိုဖော်ဝင်တဲ့အရွယ်ထိ ချစ်စရာကောင်းအောင် သွားလေရာလွယ်သွားလို့ရမဲ့ ရေဗူးလေးတွေ..
👱♀️🤰-ဟော....
မေမေတွေ...မမတွေအတွက်လည်း..
အားကစားလုပ်ရင်း မောပန်းတဲ့အခါ ..
အားရပါးရအဝသောက်လို့ရမဲ့ Fighterရေဗူးကြီးတွေ ရှိတာမို့.
🌄-မီးမလာတိုင်း ချွေးစိုစိုရွှဲတတ်တဲ့နွေရာသီ..
🌃-ညဘက်တရေးနိုးတိုင်း ရေဆာတတ်တဲ့နွေရာသီ..
🏖-အပြင်ထွက်တိုင်း မောပန်းလွယ်တဲ့နွေရာသီ..
🌉-ထမင်းထက်ပိုပြီး ရေသောက်ပိုများတဲ့နွေရာသီ..
ဒီလိုပူပြင်းအိုက်စပ်တဲ့😫 နွေရာသီအတွက် ရေဗူးတစ်ဗူးကတော့ လူတစ်ယောက်အတွက် အသုံးတည့်ဆုံး ပစ္စည်းတစ်ခုပါပဲနော်..😰😧
😥😰-ချွေးထွက်များပြီး ရေဓတ်ဆုံးရှုံးတဲ့ နွေရာသီမှာ..
ရေသောက်နည်းတတ်ပြီး..
အဆော့သန်တဲ့ ဘေဘီလေးတွေ.. ခေးလေးတွေအတွက်..
အလိုအပ်ဆုံးအရာကတော့ ရေများများသောက်ဖို့ပဲမို့..
သွားလေရာအရပ်👉💁♂️..
ရောက်တတ်ရာ နေရာမှာ..🚶🕴
ရေဗူးတစ်ဗူးကတော့ အဆင့်သင့်ရှိနေဖို့ အရေးကြီးလိုအပ်ပါတယ်နော်..👯👯♂️
-ဒီဇိုင်းကာလာ..
ဘာညာအထာ...
👉စိတ်တိုင်းကျရာ ရွေးချယ်ဝယ်ယူနိုင်ပါပြီနော်.
27/04/2023
"လက်သည်နဲ့ ဗိုက်ပြင်လိုလျှင်.”
***************************************
မတ်လက မှော်ဘီက ကျမညီမ(အရင်း)ကိုယ်တိုင် ကြုံခဲ့ရတာမို့ မသိသူများအတွက် မျှဝေတာပါ
ကျမတို့ကို မမေးမြန်းဘဲ သူ့ဗိုက်နေရကျပ်လို့ ၇လ မှာ လက်သည်နဲ့ ဗိုက်ပြင်လိုက်တာ နေရတာ သက်သာသွားတာပဲ ပြောလာပြီးနောက်တွင် သူကြုံရတာကတော့
-၃ပတ်စော ဗိုက်အလူလဲနာကျင်ခြင်း
-ရိုးရိုးမမွေးနိုင် အရေးပေါ်ခွဲစိတ်ရခြင်း
-ကလေးအချင်းပတ်ကာ အသက်ရှူခက်အောက်စီဂျင်ပေးရခြင်း တို့
ကြုံခဲ့ရပါသဖြင့်
အောက်ကစာကိုရှာဖွေကူးယူမျှဝေလိုက်ပါတယ်ရှင်
ကိုယ်ဝန်ဆောင်မိခင်တို့အတွက်
မှားယွင်းနေသော အယူအဆ
❌“အရပ်လက်သည်နှင့် ကလေးမီးမဖွားမီ ဗိုက်ပြင်ခြင်းသည် မွေးဖွားခြင်းကိုအထောက် အကူပြုနိုင်သည် " ဆိုသောအရာသည်အမှား
❌ကိုယ်ဝန်ဆောင် တွင် ဗိုက်ပြင်ခြင်း လုံးဝ လုံးဝ မလုပ်ရပါ
တင်ပါးဆုံဖြစ်နေသော ကလေးကို ဦးခေါင်းတိုက်ဖြစ်အောင် လှည့်ခြင်းတော့ရှိသည်
သို့သော် သားဖွားမီးယပ်ဆရာဝန်များ ကိုယ်တိုင် ကြိုတင်ပြင်ဆင်ပြီး ပြုလုပ်ခြင်းဖြစ်သည်
ကလေးသည်ဝမ်းဗိုက်ထဲတွင် သူကိုယ်တိုင် သဘာဝအတိုင်းရှိနေခြင်းသည်သာအကောင်းဆုံးဖြစ်သည်
ဗိုက်ပြင်ရင်ဘာတွေဖြစ်နိုင်မလဲ ?
✅အချင်းကွာနိုင်ခြင်း -အချင်းကွာသွားသည့်အတွက် ကလေးဆီသွေးရောက်မှု့မရှိသောကြောင့် ကလေးအသက်အန္တရာယ်ဖြစ်နိုင်သည်
✅ေရမွှာရေပေါက်ခြင်း
✅ချက်ကြိုးလည်နိုင်ခြင်း
✅အရေးပေါာခွဲမွေးရနိုင်ခြေများခြင်း
Crd
27/04/2023
ဦးစားမပေးနိုင်ရင်
အိမ်ထောင်မပြုနဲ့
လင်မယားရယ်လို့ဖြစ်လာရင်
နောက်ဆုံးအချိန်မှာ (at the end of the day)ကိုယ့်အနားမှာကျန်ခဲ့မှာ
ကိုယ့်လင်၊ကိုယ့်မယားပဲ။
အပေါင်းအသင်းတွေဆိုတာလည်း
ဘယ်လောက်ချစ်ချစ်သူတို့ဘဝနဲ့သူတို့။
ဘယ်သူတွေဘယ်လောက်ကောင်းကောင်း
ဘဝနေဝင်ချိန်ကိုယ့်အနားကျန်ခဲ့မယ့်လူက
ကိုယ့်အိမ်ထောင်ဖက်ပဲ
တချို့က သန်တုန်း၊မြန်တုန်း၊ငယ်တုန်းမှာ အိမ်ထောင်ဖက်ထက်
အပေါင်းအသင်းကို ပိုအားသာတယ်။
ပိုဦးစားပေးတယ်။
အိမ်ထောင်ဖက်က မခံနိုင်လို့ လမ်းခွဲသွားတယ်။
အဲလိုလူတွေ နောက်ဆုံးကျ
အိုမင်းမစွမ်းဖြစ်တဲ့အချိန်ကျမှ
နောင်တရလိမ့်မယ်။
နေဝင်ချိန်မှာ ကိုယ့်လက်လေးကိုတွဲပြီး
လမ်းလျှောက်ပေးနိုင်မယ့်၊
အဘိုးကြီးမတည့်တာတွေစားပြန်ပြီလား"လို့ ဆူပေးမယ့်၊"အဘွားကြီး သွေးတိုးနေတာလား " လို့ နဖူးလေးလာစမ်းပေးမယ့် ကိုယ့် အိမ်ထောင်ဖက်( partner) သည်သာ ကိုယ့်အဖော်အစစ်ဖြစ်တယ်။
That's right.
အဲလိုမှ ဦးစားမပေးနိုင်ရင် အိမ်ထောင်မပြုနဲ့။
အိမ်ထောင်ပြုခြင်း (Marriage) ဆိုတာ အပြန်အလှန် စောင့်ရှောက်ရမယ့် တစ်ဘဝစာ (Ultimate bond) တစ်ခုဖြစ်တယ်။
Credit_To_Original_Writer
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
112F. Between 54-55
Mandalay
HAPPYMAYMAYMDY