B.RUMA

B.RUMA

Share

11/04/2023

နှစ်သစ်အချိန်အခါမှာ ကိုယ်ကျန်းမာစိတ်ချမ်းသာနဲ့ လိုအင်ဆန္ဒတလုံးတဝကြီး ပြည့်ကြပါစေလို့ B.RUMA က ဆုမွန်ကောင်း တောင်းပေးလိုက်ရပါသည်။🤗🤗🤗

31/03/2023

Tote Bagတွေက ပလက်စတစ်ဘယ်လောက်ကို လျော့ချပေးနိုင်လဲ။

နှစ်စဥ်ကမ္ဘာကြီးပေါ်မှာ တန်ချိန်ပေါင်း သန်း၄၀၀နဲ့ ညီမျှတဲ့ ပလက်စတစ် စွန့်ပစ်ပစ္စည်းတွေဟာ ကမ္ဘာ့အနှံ့ကနေ ထွက်ရှိလာပါတယ်။
ရေသန်ဘူးနှင့် ပလက်စတစ်အိတ်များနှင့်ထုတ်ပိုးထားသော အစားအစာများကို စားသုံးခြင်းကြောင့် တနှစ်လျှင် မိုက်ခရိုပလက်စတစ်အမှုန်အမွှားပေါင်း ၇၄၀၀၀ ကျော် လူ့ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိပါတယ်။
ပလက်စတစ်လျော့ချရာမှာ ပြန်လည်အသုံးပြုခြင်းလုပ်ငန်းတရပ်အနေနဲ့ Tote bag အသုံးပြုချင်ကလည်း ကမ္ဘာတဝန်းမှာ ရေပန်းစားလာပါတယ်။Tote Bag အိတ်လိုမျိုး recycle Bag တွေဟာ တနှစ်လျှင် ပလက်စတစ်အရေအတွက် ၁၀၀ကနေ ၇၀၀အထိ လျော့ချပေးနိုင်ပါတယ်။ပလက်စတစ်တန်ချိန်ပေါင်း သန်း၄၀၀နဲ့ နှုိင်းယှဥ်လျှင် အလွန်သေးငယ်တဲ့ ပမာဏပင်မယ့် Tote Bagလိုမျိုး အိတ်အများအပြားအသုံးပြုခြင်းက တစနှင့်တစ ပလက်စတစ်မရှိတဲ့ ကမ္ဘာကြီးအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။

ကဲ...နောက်လည်း Tote bag နဲ့ ဆိုင်တာတွေ မျှဝေပေးမှာမို့ သဘောကျတယ်ဆိုရင် Pageလေးကို Like&Followလုပ်ထားပါနော်။Postလေးကိုလည်း Like&Shareလုပ်ခြင်းကနေလည်း ကူညီပေးလို့ရပါတယ်နော်။

30/03/2023

Plastic အစား Tote Bags လေးတွေ သုံးကြမယ်။

စျေးထဲသွားတာဖြစ်ဖြစ် ကုန်တိုက်တွေသွားတာပဲဖြစ်ဖြစ် Tote Bags လေးတွေကို ယူသွားကြမယ်။
Tote Bags လေးတွေကို ယူသွားခြင်းအားဖြင့် ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲ။
စျေးထဲမှာဖြစ်ဖြစ် ကုန်တိုက်တွေမှာဖြစ်ဖြစ် ဟိုဟိုဒီဒီဝယ်ရင်းနဲ့ ရလာတဲ့ပလက်စတစ်တွေက စစချင်း တအိတ်နှစ်အိတ်သယ်ရတာက သက်တောင့်သက်သာဖြစ်​သေးပင်မယ့် ဝယ်ရင်းဝယ်ရင်း စုစုလာတဲ့ ပလက်စတစ်အိတ်တွေနဲ့အတူပါလာတဲ့ ပစ္စည်းတွေ အလေးချိန်နဲ့ ပေါင်းသယ်ရတဲ့အခါမျိုးမှာ ပလက်စတစ်အိတ်တွေရဲ့ လက်ကိုင်က လူတွေအတွက် သက်တောင့်သက်သာမရှိတဲ့အပြင် ရေရှည်လမ်းလျှောက်ရတဲ့ အခါမျိုးတွေမှာလည်း စတိုင်မကျလှပါဘူး။
လေးလေးပင်ပင် ပလက်စတစ်အိတ်အများကြီးကို သယ်နေမယ့်အစား ပေါ့ပါးပြီး စတိုင်ကျတဲ့ Tote Bag လေးတလုံးက သင့်ကို အထောက်အကူပြုနိုင်ပါတယ်။

ကဲ...နောက်လည်း Tote bag နဲ့ ဆိုင်တာတွေ မျှဝေပေးမှာမို့ သဘောကျတယ်ဆိုရင် Pageလေးကို Like&Followလုပ်ထားပါနော်။Postလေးကိုလည်း Like&Shareလုပ်ခြင်းကနေလည်း ကူညီပေးလို့ရပါတယ်နော်။

Want your business to be the top-listed Shop in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay