Htet

Htet

Share

18/05/2024

❤️❤️ကလေးတွေ စာဖတ်အောင်က “စာဖတ်လေ”လို့ ပြောလိုက်ရုံနဲ့ ကလေးဟာ စာဖတ်တာကို ပျော်မွေ့တဲ့ ကလေးတစ်ယောက် ဖြစ်မလာပါဘူး။ ❤️❤️

👍👍“ စာဖတ်လေ” “ စာဖတ်ဦး” “ စာဖတ်ရအောင်” ဆိုတဲ့ ခိုင်းစေနေမှုတွေဟာ ကလေးရဲ့ စာဖတ်ခြင်းမှာ ပျော်မွေ့မှုကို မလှုံ့ဆော် ပေးနိုင်ပါဘူး။ 👍👍

✨✨လူဆိုတာကလည်း ကိုယ်ပျော်မွေ့တဲ့ အရာတခုမှသာ ရေရှည် လိုလိုလားလား လုပ်မှာမဟုတ်လား။ ✨✨

🥰🥰🥰ကလေးတွေ ထူးချွန်ထက်မြက်အောင် မှန်ကန်တဲ့စာပေကို ဖတ်ရပါမယ် ။ ဘဝ တစ်လျှောက်လုံး ဖတ်ရပါမယ် ။ စဉ်ဆက်မပြတ် စာဖတ်ရပါမယ် ။ စာပေကလွဲလို့ ကလေးငယ်တွေကို ထက်မြက်အောင် လုပ်ပေးနိုင်တာ မရှိသေးပါဘူး။ စာပေဟာ ကိုယ်သွားလိုရာ သွားလို့ရတဲ့ အခွင့်အရေးတွေရဲ့ တံခါးပေါက်ပါပဲ။ 🥰🥰🥰

😍😍စာဖတ်တာကို ပျော်မွေ့တဲ့အထိဖြစ်ဖို့ရာက ရည်ရှည် ပျိုးထောင်ရတဲ့အရာပါပဲ။ လူကြီးက ဖတ်ခိုင်းမှ ဖတ်တာ မဟုတ်ဘဲ သူဖာသာသူ ပျော်မွေ့စွာ ဖတ်နေဖို့ရာက

⏰နေ့တိုင်း စာဖတ်ပြရပါမယ် ။

📆ကလေးက ထပ်ခါထပ်ခါ ဖတ်ခိုင်းလည်း ဖတ်ပြရပါမယ် ။

🔔စာဖတ်ချိန်လေး ပုံမှန်ထားပေးရင် ကလေးက စာဖတ်ရတာကို ပျော်မွေ့လာပါမယ် ။

📚ကလေးဖတ်ဖို့ စာအုပ်တွေ လက်လှမ်း မီနေဖို့လိုပါတယ် ။

🎆ပြီးတော့ ချီးကျူးရပါမယ်။

💫ကလေး လက်ရှိဖတ်နိုင်တဲ့ level ထက် နည်းနည်း ပိုမြင့်တာလေးတွေ (၆)လလောက် ကြိုပြီး ထားထားပေးနိုင်တာဟာလည်း ကလေးကို စာဖတ်ဖို့ရာ ပိုပြီးစိတ်အားထက်သန်စေနိုင်ပါတယ် ။
( ဒါက ကျွန်မ ကိုယ်ပိုင် ကျင့်သုံးတာမို့ မှန်/ မှား မငြင်းလိုပါ😊)

🧑‍💻ကလေးရဲ့ စိတ်ဝင်စားမှုကို အခြေခံပေမယ့် လူကြီးကလည်း ဖတ်သင့်တဲ့ စာအုပ်ကို ရွေးပေးသင့်ပါတယ်။

🦸လူကြီးတွေ ကိုယ်တိုင်လည်း စာဖတ်မှ ကလေးကလည်း စာဖတ်ဖို့ရာ ပျော်မွေ့လာနိုင်မှာပါ။

🕰️နောက်ဆုံးတစ်ခုက တော့
“ နေ့တိုင်း စာဖတ်ရပါမယ် “

📮စာကြည့်တိုက်တွေ ရှိဖို့နဲ့ စာကြည့်တိုက်တွေ ထွန်းကားလည်ပတ်နေဖို့ကလည်း နောင်လာနောက်သားတွေ အတွက် အရေးကြီးတဲ့ နေရာက ပါဝင်ပါတယ်။ လူငယ်တွေ စာပေအသစ်ဖန်တီးရေးသားနိုင်ဖို့ဟာလည်း စာများများ ဖတ်ဖို့ လိုအပ်ပါတယ် ။👈👈

စာရေးသူကို credit ပေးပါတယ်။

14/05/2024

✨✨ကျွန်တော်တို့ဟာ ကလေးတွေကို အကောင်းဆုံးကျောင်းမှာထားမယ် အကောင်းဆုံးပညာရေးတွေ ပေးကြမယ်ဆိုပေမယ့် ကလေးတွေရဲ့ သင်ကြားရေးမှာ အာရုံစူးစိုက်နိုင်ဖို့နဲ့ အာရုံစူးစိုက်မှု ပိုကောင်းစေဖို့အတွက်လည်းမိဘတွေက ပြင်ဆင်ပြုလုပ်ပေးဖို့✨✨

👉 ဒီအချက် (၅)ချက်လည်း လိုအပ်ပါတယ်ရှင့်...👈

👍(၁) အာရုံစိုက်လေ့ကျင့်ရန် အချိန်ကိုသီးသန့်ဖယ်ထားပါ။

အသက် (၄-၅) နှစ် ကလေးတွေဟာ လုပ်ဆောင်မှုပေါ် မူတည်ပြီး ၅ မိနစ် ကနေ ၂၀ မိနစ်ကြား တစ်နေရာထဲမှာ အာရုံစူးစိုက်နိုင်ပါတယ်။ ဒါကြောင့် သူတို့အတွက် Challenging task နဲ့ ပျော်စရာကောင်းတဲ့ Activity တွေမှာ အချိန်ပိုပေးသင့်ပါတယ်။

👍(၂) တစ်ခုချင်းစီလုပ်ဆောင်ခိုင်းပါ။

လူကြီးတွေမှာတော့ Multitask လုပ်ဆောင်နိုင်မှုအပေါ် ချီးကျူးခံရနိုင်ပေမယ့် ကလေးငယ်တွေမှာတော့ တစ်ချိန်ထဲ အလုပ်တွေအများကြီး လုပ်ဆောင်ခြင်းက
အာရုံစူးစိုက်မှုကို လျော့ကျစေပါတယ်။ အရမ်းငယ်တဲ့ ကလေးငယ်လေးတွေအတွက် အက္ခရာတွေကို အတူတူကြည့်ဆိုတာမျိုးလုပ်နိုင်ပြီး နဲနဲပိုကြီးတဲ့ကလေးတွေအတွက်တော့ သင်ခန်းစာတစ်ခု၊ လုပ်စရာတစ်ခုကို ပြီးအောင်လုပ်စေပြီး တခြားအရာတွေကို ကြိုတင်မကြည့်ထားပဲ တစ်ခုချင်းစီလုပ်ဆောင်ခိုင်းသင့်ပါတယ်။

👍(၃) အိမ်စာလုပ်ချိန်နဲ့အားလပ်ချိန်ခွဲထားပါ။

ကလေးတွေအတွက် Multitask လုပ်ခြင်းက အာရုံစူးစိုက်မှုကို လျော့ကျစေလို့ အိမ်စာလုပ်ချိန်ရောက်ရင် တိတ်တိတ်ဆိတ်ဆိတ် သတ်မှတ်နေရာ၊ စာကြည့်စားပွဲမှာပြီးစီးအောင်လုပ်ခိုင်းပါ။ ဖုန်း၊ ကွန်ပျူတာ သုံးဖို့မလိုအပ်ရင်ပိတ်ထားပြီး လိုအပ်ခဲ့ရင်လည်း အသုံးပြုချိန်ကို ကန့်သတ်အသုံးပြုခိုင်းပါ။ ဆယ်ကျော်သက်ကလေးတွေအတွက် အချိန်ကို ကိုယ်တိုင်စီမံခန့်ခွဲဖို့အတွက် မိဘတွေက self-monitoring software တွေကိုသုံးပြီး Social Media နဲ့ပဲ အချိန်မကုန်အောင် ထိန်းကျောင်းလို့ရပါတယ်။

👍(၄) တစ်ခုချင်းစီလုပ်ဆောင်ခိုင်းပါ။

ကလေးငယ်တွေ အချိန်ကြာ အာရုံစိုက် လုပ်ဆောင်ပြီးတိုင်း ခဏတဖြုတ်ထ၊ လမ်းလျှောက်၊ ကိုယ်လက်လှုပ်ရှားလုပ်၊ ခဏအနားယူ၊ အားပြန်ဖြည့်ပြီးမှ ပြန်ဆက်လုပ်ခိုင်းသင့်ပါတယ်။ ကလေးငယ်တွေ အတွက်ကတော့ မုန့်စား၊ ခဏကစားခိုင်းပြီးမှ သူတို့ရဲ့ အိမ်စာ ကျောင်းစာကို ပြန်လုပ်ခိုင်းမယ်ဆိုရင် မပင်ပန်းပဲ ကျောင်းစာမှာအာရုံစူးစိုက်မှုလည်း ပိုကောင်းစေပါတယ်။

👍(၅) အသက်ရှူလေ့ကျင့်ခန်းလုပ်ခိုင်းပါ။

ဒီအချက်ကတော့ အသက်ရှူလေ့ကျင့်ခန်းက နှလုံးခုန်နှုန်းကိုမှန်စေခြင်း၊ အာရုံစူးစိုက်နိုင်ခြင်း၊ စိတ်ကြည်လင်ခြင်းတို့ကြောင့် စိန်ခေါ်မှုများတဲ့ အလုပ်တွေမှာ ပိုပြီးတည်တည်ငြိမ်ငြိမ်နဲ့ လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် အချိန်ကြာကြာနဲ့ စာ‌တွေအများကြီးလုပ်ရမယ့်‌ ကျောင်းသားတွေအတွက် အသက်ရှူလေ့ကျင့်ခန်းလုပ်ဖို့ကိုလည်း မေ့ထားလို့မရပါဘူး။

ဒါတွေကတော့ ကျောင်းသားတိုင်းအတွက် စာသင်ကြား လေ့လာချိန်မှာ ပိုပြီးအာရုံစိုက်နိုင်ဖို့ နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါ........

မိဘ အုပ်ထိန်းသူတွေကလည်း ကလေးအတွက် အကျိုးရှိမယ်ဆိုရင် ဒီပို့စ်ကို Share သွားနိုင်ပါတယ်ရှင့်။

မူရင်းစာရေးသူ credit ပေးပါတယ်ရှင့်။

12/05/2024

🥰🥰Happy Mother's Day 🥰🥰

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00