Digital Doctor

Digital Doctor

Share

18/06/2026

လုပ်ငန်းရှင်တော်တော်များများ မှားလေ့ရှိကတော့

အကုန်လုံးကိုသိမ်းကြုံးယူချင်တာပါပဲ

Branding ဆိုတာ ကိုယ့်ရဲ့ အမှတ်တံဆိပ်၊

ကုန်ပစ္စည်းတစ်ခုကို
လူတွေဘယ်လိုမြင်စေချင်လဲဆိုတာပါ။‼️

🔹 ဒီနေ့တစ်မျိုး၊ မနက်ဖြန်တစ်မျိုးပြောနေတာတွေ၊

🔹 လူတိုင်းကို ရောင်းဖို့ကြိုးစားနေတာတွေနဲ့

🔹 Logo က တစ်မျိုး၊ Brand Color ကတစ်မျိုး၊

🔹 Tone of Voice က တစ်ခြားစီဖြစ်နေတာမျိုးတွေဟာ

Brand Image ကို ဝေဝါးသွားစေနိုင်တာကြောင့်

Branding လုပ်တဲ့အခါမှာ ပြတ်သားဖို့လိုပါတယ်။

👉 ကိုယ့်ရဲ့ဖောက်သည်တွေက
ဘယ်သူတွေဖြစ်မလဲ ❓

👉 ကိုယ့်ရဲ့ USP လို့ခေါ်တဲ့
Unique Selling Point ကရော ဘာဖြစ်မလဲ ❓

👉 နောက်ပြီး ကိုယ့်ရဲ့ Brand ကိုရော
ဘယ်လိုမျိုးမြင်စေချင်လဲ ❓

ဥပမာ - ဂုဏ်ရှိတာလား၊ ပျော်စရာကောင်းတာလား

နွေးထွေးကြင်နာတတ်တာလား စသဖြင့်ပေါ့။

ဒါမှသာ ကိုယ့်ရဲ့ Brand ကို လူတွေ
ယှဉ်တွဲပြီး ပိုမှတ်မိနေစေမှာပါပဲ။ 💯

ပစ္စည်းအမျိုးအစား တူနေရင်တောင်
ကိုယ့်ဆီမှာ လာဝယ်ဖို့အတွက်

အကြောင်းပြချက်ကောင်းကောင်းပေးနိုင်တာ
ဟာ Branding ရဲ့ အနှစ်ပါပဲ။ 🥰

အချုပ်အားဖြင့်ပြောရင်တော့
ဝယ်သူတွေရဲ့စိတ်ထဲမှာ အမြဲနေရာယူနိုင်ဖို့ဆို

ဗြာမများဘဲ ကိုယ်ကဈေးကွက်ထဲမှာ
ဘယ်လိုပုံရိပ်မျိုးနဲ့ နေရာယူမလဲဆိုတာကို

အတိအကျသတ်မှတ်နိုင်လေလေ ကိုယ်ရဲ့ Brand က ပိုခိုင်မာလေလေပါပဲနော်။

မိတ်ဆွေတို့အနေနဲ့ရော Branding ကိုစနစ်တကျတည်ဆောက်ထားပြီးပြီလား ❓

Digital Branding တည်ဆောက်ဖို့ ဘယ်ကနေစရမလဲအခက်တွေ့နေရရင်တော့

Digital Doctor ကိုသာသတိရလိုက်ပါ။ 🥰

Digital Marketing ဝန်ဆောင်မှုများနဲ့ပတ်သက်လို့ အသေးစိတ်သိရှိလိုပါက -

Phone Number 📞 09764642423 , 09750049955
Messenger 💬 m.me/digitaldoctormandalay

📌Address : 69 လမ်း × 37 လမ်းအနီး ၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေးမြို့။

28/04/2026

Digital ခေတ်ရဲ့ Marketing ဆိုတာ "ထင်တာပဲ" ဆိုတဲ့ စကားလုံးထက် "Data အရ ဒီလိုရှိတယ်" ဆိုတဲ့ အချက်အလက်တွေက ပိုပြီး စကားပြောလာပါတယ်။

Digital Doctor ရဲ့ အတွေ့အကြုံအရ လုပ်ငန်းရှင်တော်တော်များများဟာ Content တွေ အများကြီးတင်ပေမဲ့ ရလဒ်မထွက်လာတဲ့ အဓိကအချက်က Data ကို အသုံးမချမိလို့ပါပဲ။
လုပ်ငန်းတစ်ခုကို Marketing Strategy ချတော့မယ်ဆိုရင် ကျွန်တော်တို့ Digital Doctor က ဘယ်လို Data တွေကို အဓိကထား ကြည့်ရှုသလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

၁။ Engagement Rate vs. Reach (လူမြင်ရုံနဲ့ မလုံလောက်ပါ)

Reach များတိုင်း ရောင်းအားတက်တာမဟုတ်ပါဘူး။ လူတစ်သိန်းမြင်ပြီး တစ်ယောက်မှ Reaction မပေးတာထက် လူတစ်သောင်းမြင်ပြီး တစ်ထောင်က Interaction (Like, Comment, Share) ရှိနေတာက ရေရှည်မှာ ပိုအကျိုးရှိပါတယ်။ Data တွေအရ High Engagement ရှိတဲ့ Post တွေဟာ Platform ရဲ့ Algorithm မှာ ပိုပြီး နေရာရလေ့ရှိပါတယ်။

၂။ Peak Time Data (ဘယ်အချိန်မှာ ပိုတက်ကြွသလဲ)

Industry တစ်ခုနဲ့တစ်ခု Audience တွေ Online တက်တဲ့အချိန် မတူပါဘူး။ ဥပမာ - B2B လုပ်ငန်းတွေက ရုံးတက်ချိန်တွေမှာ ပိုပြီး Reach ကောင်းတတ်ပြီး၊ Lifestyle နဲ့ Entertainment တွေက ညဘက်နဲ့ ပိတ်ရက်တွေမှာ ပိုအားကောင်းပါတယ်။ ကိုယ့် Page ရဲ့ Insights က Data ကိုကြည့်ပြီး အချိန်ကိုက် Content ချပြတာက Organic Reach ကို ၂ ဆလောက်အထိ မြှင့်တင်ပေးနိုင်ပါတယ်။

၃။ Video Completion Rate (ကြည့်ရုံတင်မဟုတ်ဘဲ ဆုံးအောင်ကြည့်ဖို့)

အခုနောက်ပိုင်း TikTok နဲ့ Facebook Reels ခေတ်မှာ Video Content တွေက အရေးပါလာပါတယ်။ ဒါပေမဲ့ လူတွေက ဗီဒီယိုရဲ့ ပထမ ၃ စက္ကန့်မှာတင် ကျော်သွားသလား၊ ဒါမှမဟုတ် အဆုံးထိ ကြည့်သလားဆိုတဲ့ Data က Content Quality ကို တိုင်းတာတဲ့နေရာမှာ အရေးကြီးဆုံးပါပဲ။

၄။ Conversion Tracking (ရင်းနှီးမြှုပ်နှံမှုရဲ့ ရလဒ်)

Ads တွေအတွက် ပိုက်ဆံဘယ်လောက်သုံးလိုက်လဲဆိုတာထက်၊ သုံးလိုက်တဲ့ ပိုက်ဆံကနေ Customer ဘယ်နှစ်ယောက် ပြန်ရလဲ (CPA - Cost Per Acquisition) ဆိုတာကို တိတိကျကျ တွက်ချက်ဖို့ လိုပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ Marketing Budget က အလေအလွင့်မရှိမှာ ဖြစ်ပါတယ်။

"Without data, you're just another person with an opinion." – W. Edwards Deming
Marketing ဆိုတာ အနုပညာ (Art) တစ်ခုတင်မဟုတ်ဘဲ ဒေတာတွေကို အခြေခံတဲ့ သိပ္ပံပညာ (Science) တစ်ခုလည်း ဖြစ်ပါတယ်။

သင့်လုပ်ငန်းရဲ့ Digital Marketing ကို "ထင်ရာစိုင်း" မလုပ်ဘဲ တိကျတဲ့ Data တွေ၊ Strategy တွေနဲ့ စနစ်တကျ လုပ်ဆောင်ချင်တယ်ဆိုရင်တော့ Digital Doctor က အမြဲအသင့်ရှိနေမှာပါ။ 🩺💡
DigitalDoctor

27/04/2026

လုပ်ငန်းရှင် (၁၀) ယောက်မှာ (၈)ယောက် လောက်မှားနေတတ်တဲ့ အမှားတစ်ခုရှိပါတယ်
ဒါကတော့ လုပ်ငန်းရှင်တော်တော်များများဟာ အလုပ်တွေရှုပ်လာတဲ့အခါ (သို့မဟုတ်)
အရောင်းအဝယ်အေးလာတဲ့အခါမျိုးမှာ
ကိုယ်ပိုင် Business Page ကို ဘာ Content မှ
မတင်ဖြစ်တော့ဘဲ ပစ်ထားမိတတ်ကြပါတယ်။
တကယ်တော့ ဒါဟာ မိတ်ဆွေတို့ရဲ့Brand အတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါပဲ။ ‼️

ဘာကြောင့် ဒီလိုပြောရလဲဆိုရင် ❓

(၁) ယုံကြည်မှု ကျဆင်းခြင်း (Lack of Trust)

ဝယ်သူတစ်ယောက်က မိတ်ဆွေရဲ့ Page ထဲကို ဝင်ကြည့်ပြီဆိုပါစို့။ နောက်ဆုံးတင်ထားတဲ့ Post က လွန်ခဲ့တဲ့ (၃) လလောက်ကဖြစ်နေမယ်ဆိုရင်
"ဒီဆိုင်က ဖွင့်ရောသေးရဲ့လား?"
"ဒီလုပ်ငန်းက ယုံကြည်လို့ရောရပါ့မလား?" ဆိုတဲ့ သံသယတွေ ချက်ချင်းဝင်လာစေမှာပါ။

(၂) Algorithm ရဲ့ ပစ်ပယ်မှုကိုခံရခြင်း (Reach Drops)

Facebook က နောက်ပိုင်းမှာ အမြဲ Active ဖြစ်နေတဲ့ Page တွေကိုပဲ လူတွေရဲ့ Newsfeed ပေါ် မှာ
ပြပေးတတ်တဲ့သဘောမျိုးဖြစ်လာပါတယ်။
ဒါကြောင့် Page ကို ပစ်ထားတာ ကြာလေလေ
နောက်ထပ် Content တွေပြန်တင်တဲ့အခါ
Reach တက်ဖို့ ပိုခက်ခဲလေလေပါပဲ။

(၃) ပြိုင်ဘက်တွေအတွက် အခွင့်အရေးဖြစ်ခြင်း ( Chance for Competitor )
မိတ်ဆွေရဲ့ Page က ဆက်မ Run ဘဲ ရပ်နေတဲ့အချိန်မှာ မိတ်ဆွေရဲ့ ပြိုင်ဘက်တွေက
အမိုက်စား Content တွေနဲ့ ဝယ်သူတွေကို
ဆွဲဆောင်နေနိုင်ပါတယ်။

"မျက်စိအောက်ကပျောက်ရင် နားထဲကပါ ပျောက်သွားတတ်တဲ့" Marketing ရဲ့ သဘောတရားအရ
အချိန်ခနအတွင်းမှာ မိတ်ဆွေရဲ့ Market Share ကိုပါ ခွဲပေးလိုက်ရနိုင်ပါတယ်။

ဒီလိုမဖြစ်ချင်ရင် ဘယ်လိုလုပ်လို့ရမလဲ ❓

ရိုးရိုးရှင်းရှင်းလေးပါပဲ၊
နေ့တိုင်း Post တွေ အများကြီးတင်နေဖို့ မလိုပါဘူး။
ပုံမှန်လေးနဲ့ အရည်အသွေးရှိတဲ့ Quality Content တွေကို တစ်ပတ် 2 Post (သို့မဟုတ်) 3 Post လောက်ပုံမှန်လေးတင်ပေးနေဖို့ပဲ လိုအပ်ပါတယ်နော်။

အခုဒီစာကိုဖတ်နေတဲ့
လုပ်ငန်းရှင် မိတ်ဆွေအနေနဲ့ရော
မိတ်ဆွေရဲ့ page ကို
ပစ်ထားမိနေပြီလား ❓

ကိုယ့်ရဲ့ Page ကို စိတ်ပူပေမယ့် ကိုယ်တိုင် တင်ဖို့လည်း မအားလပ်ဘူးဖြစ်နေရင်တော့

✅ Creative ဖြစ်တဲ့ Social Media Content တွေ၊
✅ ဆွဲဆောင်မှုရှိတဲ့ Graphic Design တွေနဲ့
လိုချင်တဲ့ target ဆီကို ထိထိရောက်ရောက် ပို့ဆောင်ပေးသွားမယ့်
✅ Media Buying Strategy တွေနဲ့အတူ
မိတ်ဆွေတို့ရဲ့ကိုယ်စား
Page ကို တာဝန်ယူကိုင်တွယ်ပေးသွားမယ့်
Digital Doctor ရှိလို့နေပါပြီရှင်။🥰

Digital Marketing ဝန်ဆောင်မှုများနဲ့ပတ်သက်လို့ အသေးစိတ်သိရှိလိုပါက -
Phone Number 📞 09764642423 , 09750049955
Messenger 💬 m.me/digitaldoctormandalay
📌Address : 69 လမ်း × 37 လမ်းအနီး ၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေးမြို့။

Want your business to be the top-listed Media Company in Mandalay?
Click here to claim your Sponsored Listing.

Website

Address


69 X 37 Street
Mandalay
05031