All For Football-AFF

All For Football-AFF

Share

10/12/2023

ပွဲကြိုသုံးသပ်ချက်အတိုင်းပဲ ချဲလ်ဆီးတို့ ရုန်းကန်ခဲ့ရပြန်ပါပြီ 🔵⚪

Everton 2 vs 0 Chelsea (FT)

Doucuoré 54'
Dobbin 90+2'

02/12/2023

အိမ်ကွင်းမှာ နိုင်ပွဲထပ်မံရရှိခဲ့တဲ့ Arsenal 🔴💥

02/12/2023

Saka 6'

Ars 1-0 Wol

02/12/2023

ယနေ့ညမြန်မာစံတော်ချိန် ၉နာရီခွဲမှာEPLပွဲစဉ်အဖြစ် စတင်ယှဉ်ပြိုင်ကစားကြမယ့် အာဆင်နယ်အသင်းနဲ့ ဝုဗ်ပွဲစဉ်မှာတော့ နှစ်ဖက်စလုံးရဲ့ တိုက်စစ်တွေကို ဖောဖောသီသီမြင်ရမယ့်ပွဲစဉ်လို့တော့ တွက်ရမှာပါပဲ။

အာဆင်နယ်အသင်းကတော့ အိမ်ကွင်းအားသာချက်နဲ့အတူ ထုံးစံအတိုင်း သူတို့ကစားနေကျတိုက်စစ်ဦးစားပေးကစားကွက်ကို ပုံဖော်လာနိုင်ပြီးတော့ ဝုဗ်ကလည်း ခံစစ်နှစ်ထပ်ကာပြီး ခံစစ်အသားပေးကစားတတ်တဲ့အသင်းမဟုတ်တာကြောင့် ရှေ့လယ်နောက် ဟန်ချက်ညီညီကစားလာမှာဖြစ်လို့ကြည့်ကောင်းမဲ့ပွဲစဉ်အဖြစ်သတ်မှတ်ရမှာပါ။

ဝုဗ်နည်းပြအ‌နေနဲ့ အာဆင်နယ်လိုအသင်းကိုတိုက်စစ်ဖွင့်ကစားမလား? အခုနောက်ပိုင်း EPL ဖြတ်မျဉ်းအသင်းတွေအသုံးများလာတဲ့ခံစစ်နှစ်ထပ်ကာ တန်ပြန်တိုက်စစ်ပုံစံမျိုးနဲ့ ခင်းကျင်းလာမလားဆိုတာ စိတ်၀င်စားစရာကောင်းနေပါတယ်။

ဒါ့အပြင် ဝုဗ်က ကွင်းလယ်အဖျက်ပိုင်းပိုမိုအားကိုးပြီး တန်ပြန်တိုက်စစ်သွားတာအလွန်လျင်မြန်တဲ့အသင်းဖြစ်တာကြောင့် အာဆင်နယ်ခံစစ်မှူးများ မကြာခဏဆိုသလို အလုပ်ရှုပ်နိုင်ပြီး သတိကြီးကြီးထားရပါလိမ့်မယ်။

အချုပ်အနေနဲ့ကတော့ ယခုပွဲစဉ်မှာဝုဗ်က ခံစစ်ဆော့လာရင် အာဆင်နယ်အသင်းအနေနဲ့ဂိုးရဖို့ရုန်းကန်ရနိုင်ပေမယ့် သူတို့ပုံစံအတိုင်းတိုက်စစ်ဆင်ကစားလာမယ်ဆိုရင်တော့အပြန်လှန်သွင်းဂိုးတွေကို မြင်တွေ့ရဖို့ရှိနေပါတယ်။

Want your business to be the top-listed Gym/sports Facility in Mandalay?
Click here to claim your Sponsored Listing.

Address


Mandalay