Wai's Diary
11/04/2026
April 11, 2026. Saturday
မနက်လင်းလို့ အိပ်ရာထတဲ့အခါ
သူမရဲ့ နှုတ်ခမ်းထက်မှ မြောင်းနက်နက်လေးကို ခိုးငေးရတယ်
ပြုံးလိုက်တဲ့အခါ နှုတ်ခမ်းဘေးမှ အရာကလေး
မခို့တရို့ ပြုံးမဲ့မဲ့မျက်နှာကလေး
ရယ်မြူးနေသော မျက်ဝန်းတစုံ
အနီရောင်ဘောပင်လေးကိုင်ပြီး စာကြည့်နေဟန်
"အချစ်မရှိသော ဘဝက ပိုအေးချမ်းပါတယ်တဲ့"
မျှော်လင့်ချက်အချို့ လွင့်ပျံခဲ့ပေမယ့်
စိတ်ရဲ့ ထောင့်တခုမှာတော့ ပျော်ရွှင်မိရတယ်
လွမ်းမိရတယ် သူမရယ်
မြတ်နိုးစွာနဲ့ အပေါ်နှုတ်ခမ်းလေးကို ခိုးနမ်းရတယ်
ကိုယ့်ရဲ့ မြတ်နိုးမှုများ..
နွေဦးလေပြေလေး သယ်ဆောင်သွားလေမလား
တုန့်ပြန်မှု သေးသေးလေးများ..
ကိုယ့်ဆီသို့ ရောက်လာလေမလား
စိတ်ကူးနဲ့ ရူးမိနေစဉ်မှာ
သူ့အကောင့်လေး မီးစိမ်းလာခဲ့တယ်
"Hello အမရေ"
မနဲ့ စကားပြောခွင့်ရတာ
ကျနော် အရမ်းပျော်တယ်
February 25,2026. Wednesday
နွေဦးမှာ မိုးတွေညိုနေပြီ
ကောင်းကင်ဟာ ဝမ်းနည်းနေသလို
မကြာခင် ငိုရှိုက်တော့မယ် ထင်ပါရဲ့
ကြုံလာနိုင်မှန်း သိပေမယ့်
တကယ်ကြုံရတော့ ဝမ်းနည်းရတယ်
မျက်ရည်မကျပါဘူးကွယ်
နာကျည်းရင်း ရင်တွင်းကဘဲ
ငိုရှိုက်ပါ့မယ်
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
05011