Great Future Life
စစ်နည်းဗျူဟာဘယ်လိုသာလည်း
လက်နက်စွမ်းအားဘယ်လောက်ထက်လည်း
ပြည်သူ့နှစ်လုံးမသိမ်းကျုံးလျှင်
ပြည်သူ့ခွန်အားမကိုးစားလျှင်
ဓားသွားလည်ကြွေ
လှံလည်းခွေအံ့
Crd: Original Writer
11/04/2020
#တာထွက်ချိန်ချင်းမတူကြပါ
အိုဘားမားက
အသက်၅၅နှစ်မှာ အနားယူတယ်။
ဒေါ်နယ်ထရမ့်ပ်က
အသက်၇၀မှာ စတင်တာဝန်ထမ်းဆောင်တယ်။
ဘန်ကောက်က
စင်ကာပူထက် တစ်နာရီပိုစောတယ်။
ဒါပေမယ့်
ဘန်ကောက်တစ်နေ့တာနဲ့
စင်ကာပူတစ်နေ့တာဟာ
ကြာချိန်ချင်းတော့ အတူတူပါပဲ။
ဘန်ကောက်က
ပို..........မမြန်သလို
စင်ကာပူက
ပို..........မနှေးပါဘူး။
တချို့က
အသက်၂၂နှစ်မှာ ဘွဲ့ရကြတယ်။
ဒါပေမယ့်
ဘဝအာမခံချက်ရှိတဲ့အလုပ်မျိုးရဖို့
၅နှစ်လောက် အချိန်ယူနေရတယ်။
တချို့က
အသက်၂၅နှစ်လောက်နဲ့ CEOဖြစ်လာတယ်။
အသက်၅၀လောက်ကျတော့ အနိစ္စရောက်ရော။
တချို့ကျတော့
အသက်၅၀ကျမှ CEOနေရာရောက်တယ်။
ပြီးတော့
အသက်၉၀လောက်ထိ နေသွားရတယ်။
တကယ်တော့
ကမ္ဘာပေါ်ကလူတစ်ဦးချင်းစီဟာ
သူတို့ရဲ့ ကိုယ်ပိုင်Time Zoneကိုအခြေခံပြီး
အလုပ်လုပ်နေကြတာပါ။
ဥပမာ-
ကျွန်တော်အခု
ဒီစာကိုရေးနေတဲ့အချိန်က
သောကြာနေ့ နေ့လယ်၁၁နာရီဝန်းကျင်။
ကျွန်တော်ရုံးတက်နေရတယ်။
ဒါပေမယ့်
လော့စ်အိန်ဂျလိစ်က
ရုံးဝန်ထမ်းတစ်ယောက်အတွက်တော့
ကြာသပတေးနေ့ ည၁၀နာရီဝန်းကျင်။
သူဘီယာသောက်ရင်သောက်နေမှာပေါ့။
ကျွန်တော်တို့အနေနဲ့
ကိုယ့်ပတ်ဝန်းကျင်ကိုတစ်ချက်ပြန်ကြည့်ရင်
လူတချို့က
ကျွန်တော်တို့ထက် ရှေ့ရောက်နေတယ်။
တချို့ကတော့
ကျွန်တော်တို့နောက်မှာကျန်ခဲ့တယ်ဆိုတာမျိုး
ခံစားရပါလိမ့်မယ်။
ဒါပေမယ့်
တကယ်တမ်းတော့ တစ်ယောက်ချင်းစီဟာ
သူတို့ရဲ့ကိုယ်ပိုင်ပြေးလမ်းအတိုင်း
ပြေးနေကြတာပါ။
#တစ်ယောက်နဲ့တစ်ယောက်ပြေးလမ်းချင်းမတူကြဘူး။
ပိုအရေးကြီး တာက
တာထွက် ချိန်. ချင်း မ တူ ကြ တာ ပဲ
တစ်စုံတစ်ယောက်ဟာ အမြင်အားဖြင့်
ကျွန်တော်တို့ရှေ့ကိုရောက်နေသည်ပဲဖြစ်စေ
နောက်မှာကျန်ခဲ့သည်ပဲဖြစ်စေ
မနာလိုစရာ / ဝမ်းနည်းစရာ မလိုအပ်ပါဘူး ။
သူ.......
ဘယ်နေရာကစပြီးတာထွက်တယ်
ဘယ်နေရာမှာပန်းဝင်မယ်ဆိုတာ
ကျွန်တော်တို့သိနိုင်ကြလို့လား။
သူတို့က
သူတို့Time Zoneကိုအခြေခံပြီး
အလုပ်လုပ်တယ်။
ကျွန်တော်တို့က
ကျွန်တော်တို့Time Zoneကိုအခြေခံပြီး
အလုပ်လုပ်တယ်။
အရေးကြီးတာက
# ကိုယ့်အတိုင်းအဆနဲ့ကိုယ်ပုံမှန်ကြိုးစားနေဖို့ပါပဲ။
အချိန်တန်ရင် ပန်းတိုင်ရောက်ပါလိမ့်မယ်။
အဲဒါကြောင့်
စိတ်အေးအေးထားပါ။
ကျွန်တော်တို့ ကြိုရောက်မနေပါဘူး။
ဒီလိုပဲ
ကျွန်တော်တို့ နောက်ကျမနေပါဘူး။
" ရပ် မ နေ ဖို့ ပဲ လို အပ် ပါ တယ်။ "
: Original writer
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay