Anna
27/11/2021
တောင်အာဖရိက ဗိုင်းရပ်စ်ပိုးအသစ် နှင့် ကမ္ဘာ့ဘဏ္ဍာရေးစျေးကွက် ဂယက်
တောင်အာဖရိက နိုင်ငံ၌ ဗိုင်းရပ်စ်မျိုးကွဲ တွေ့ရှိသည့် ဂယက်ဟာ ခရစ်တိုငွေကြေး စျေးကွက်ထဲ၌ သွေးပျက်ခြောက်ခြားစရာ အဖြစ် ရှိခဲ့သည်။ crypto ငွေကြေးများကျဆင်းမှုကြောင့် ခရစ်တိုငွေကြေးများအားလုံး၏ စျေးကွက် အရင်းပြုတန်ဖိုးထဲမှ ဒေါ်လာ 265 ဘီလီယံ လောက် ကျဆင်းမှုကြီး ရှိစေခဲ့ပါသည်။
Bitcoin, Ethereum နှင့် XRP တို့က ဒီကနေ့မှာ အကျနှုန်း 10% ထက် မနည်း ရှိခဲ့ကြပြီး ထိပ်တန်း ခရစ်တိုငွေကြေး 10 မျိုးလောက် ကလည်း အကျဘက် သိသာစွာ ထိုးစိုက်ဆင်းလာခဲ့ပါသည်။ Bitcoin ဟာ ပြီးခဲ့တဲ့ ရက်ပေါင်း 30 အတွင်း မရောက်ခဲ့ဖူးသည့် 55,000 စျေးတန်းအောက်ကို ပြန်ဆင်းခဲ့သည်။ Bloomberg crypto index ဆိုလျှင် 4% အကျ ရှိထားပြီ ဖြစ်သည်။
WHO က တော့ တောင်အာဖရိက၌ တွေ့ရှိသော ဗိုင်းရပ်စ်မျိုးကွဲကို စတင်လေ့လာနေပြီး UN ၌လည်း ယနေ့တင်ပဲ မည်သို့ကုသမှုတွေ၊ ကာကွယ်မှုတွေ လုပ်မလဲ ဆိုတာကို အရေးပေါ်ဆွေးနွေးမှုများ အားချင်းလုပ်နေကြပြီ ဖြစ်သည်။
ဗိုင်းရပ်ပိုးအသစ်ကြောင့် Lockdown လုပ်ရမည့် အလားအလာကို စိုးရိမ်ကြသောကြောင့် ဝေါစထရိ စတော့အိတ်ချိန်းမဖွင့်ခင် pre-market မှာတင် America Airlines စတော့အကျနှုန်း -7% ရှိထားသည်။ (Thanksgiving ပွဲတော်ရက် ဝေါစထရိပိတ်ပါသည်)
Futures စျေးကွက်ထဲ၌ အမေရိကန် အဓိက စတော့ညွှန်းကိန်းကြီးများ ဖြစ်သော Dow Jones က အကျနှုန်း -2.3% ၊ S&P 500 က အကျနှုန်း -1.7% နှင့် NASDAQ က အကျနှုန်း -0.9% အကျ အသီးသီး ရှိထားပါသည်။
Lock down အလားအလာ စိုးရိမ်မှုကြောင့် အမေရိကန် Fed ဗဟိုဘဏ်ကြီး၏ အတိုးနှုန်းတိုးနိုင်ခြေ အလားအလာလည်း မှေးမှိန်သွားစေပြီး Bank of America, Citi Group, JP Morgan, Goldman Sachs, Morgan Stanley စသည့် ဘဏ်ကြီးများရဲ့ ရှယ်ယာစျေးနှုန်းများ -3% အထက် ကျဆင်းမှု အသီးသီးရှိထားကြပါသည်။
ဒေါ်လာညွှန်းကိန်း အကျ -0.7% ရှိထားပါသည်။ WTI ရေနံစိမ်းစျေး နှင့် Brent ရေနံစိမ်းစျေး တို့သည်လည်း အကျနှုန်း -6% အထက် ရှိနေကြပါသည်။
ကမ္ဘာတဝန်း Investor များတို့က စတော့စျေးကွက်၊ ခရစ်တိုငွေကြေး စျေးကွက်တို့၌ Risk ရှောင်ကြပြီး ဘွန်းစျေးကွက် နှင့် ကမ္ဘာ့ရွှေစျေးကွက်ထဲသို့ အဝယ်ဝင်ကြသည်။ အမေရိကန် 2 နှစ်သက်တမ်း ငွေတိုက်စာချုပ်၏ Yield ဆိုရင် အကျနှုန်း -18% ကျော်တောင် ရှိနေပါသည်။ ကမ္ဘာ့ရွှေစျေးက ဒီကနေ့မနက်မှာ တအောင်စကို $1788 ဝန်းကျင် ရှိခဲ့ရာကနေ $1815 ဝန်းကျင် အထိ အတက်ရှိလာခဲ့ပါသည်။
26. 11. 2021
9:09 pm
Crd
24/11/2021
Forex Market မှာ ကုန်သွယ်မှုပြုလုပ်နေသူ ဘယ်လောက်ရှိလဲ? ဘယ်အသက်အရွယ်တွေလဲ?တချက် ကြည့်ကြည့်ရအောင် 🖖🧑
ယနေ့ကမ္ဘာပေါ်တွင် Forex ကုန်သည်ပေါင်း 10 သန်းခန့်ရှိပါတယ်။
အဆိုပါ 10 သန်းတွင် 3.2 သန်းသည် အာရှတွင်ရှိပြီး 1.5 သန်းမှာ ဥရောပနှင့် မြောက်အမေရိကမှ ဖြစ်ကြပါတယ်။
အာဖရိကတွင် ကုန်သည်ပေါင်း ၁.၃ သန်း၊ အရှေ့အလယ်ပိုင်းတွင် တစ်သန်းနီးပါးနှင့် တောင်အမေရိကတွင် 600,000 ပမာဏ ရှိပါတယ်။ ဗဟိုအမေရိကတွင်တော့ ကုန်သည်ပေါင်း ၃၃၅,၀၀၀ ဝန်းကျင်ရှိပြီး Oceania တွင် ၁၉၀,၀၀၀ ဒသမ ၂၁ ရှိပါတယ်တဲ့။
သီးခြားနိုင်ငံများအတွက်၊ Forex ကုန်သွယ်မှုဗဟိုချက်အဖြစ် UK သည် အွန်လိုင်းကုန်သည်ပေါင်း 280,000 ရှိပါတယ်။
Forex မှာ ကုန်သွယ်မှုပြုလုပ်နေကြသူတွေက သင်မျှော်လင့်ထားတာထက်ကို ငယ်ကောင်းငယ်နိုင်ပါတယ်
FX Traders တွေရဲ့ 27% ဟာ အသက် 18-34 နှစ် အုပ်စုထဲမှာ ရှိကြပါတယ်တဲ့။🙂
ကုန်သည်များ၏ 28% သည် အသက် 35-44 နှစ်အုပ်စုတွေ ဖြစ်ကြပြီး 21% သော Traders များသည် 45-54 အသက်အုပ်စုတွင် ရှိကြပါတယ်။ 24% သော Traders များသည် အသက် 55 နှစ်အထက်တွင်ရှိကြပြီး 9% ကသာ 65နှစ် အထက်တွင် ရှိကြပါတယ်တဲ့။
Forex မှာ ကုန်သည်များ၏ 89.1% က အမျိုးသားများဖြစ်ပြီး - 10.9% ကသာ အမျိုးသမီးများဖြစ်ပါတယ်။🧔
နောက် Fx traders များတွင် 15% ခန့်သော ကုန်သည်များကသာ အမြတ်ထွက်ပါတယ်တဲ့။🤭
66% သော Traders များက Daily Chart ကို အသုံးပြုပြီး ရောင်းဝယ်ကြပါတယ်။(Day Trader များဖြစ်)
ကုန်သည်များ၏ 41% က လစဉ် ကုန်သွယ်မှု 9 ကြိမ် နှင့် 20 ကြား ပျမ်းမျှ အရောင်းအဝယ်လုပ်ကြပါတယ်။
ကုန်သည်များ၏ 45% က တစ်ရက်လျှင် 1-2 နာရီကြား ကုန်သွယ်ကြပြီး 14% ကသာ တစ်နေ့လျှင် 6 နာရီထက် ပိုကာ Trading ပြုလုပ်ပါတယ်တဲ့။
31% သော ကုန်သည်များက တစ်နှစ်အောက် အရောင်းအဝယ်ပြုလုပ်သူများ ဖြစ်ပြီး 39% သည် 1-3 နှစ်ကြား အရောင်းအဝယ်ပြုလုပ်နေသူများဖြစ်။ 4-9 နှစ်ကြား အရောင်းအဝယ်ပြုလုပ်နေသော ကုန်သည်များသည် 23%သာ ရှိပါတယ်။
Forex Trader အများစုကတော့ ကုန်သွယ်မှုအတွေ့အကြုံ 3 နှစ်အောက်မှာရှိကြပါတယ်တဲ့။
လူကြိုက်အများဆုံး ကုန်သွယ်မှုပလက်ဖောင်းကတော့ 85% သော Traders တွေ အသုံးပြုသည့် ဂန္တဝင် MT4 ဖြစ်ပါတယ်။ ဒုတိယလူကြိုက်အများဆုံး ပလက်ဖောင်းကတော့ ကုန်သည်များ၏ 6% သာအသုံးပြုသည့် MT5 ဖြစ်ပါတယ်။
ကုန်သွယ်မှုများ၏ 70% သည် တိုက်ရိုက်အကောင့် Real Account ကို အသုံးပြုကြပြီး ကျန် 30% မှာ သရုပ်ပြအကောင့် Demo Account များကို အသုံးပြုကြပါတယ်။
Forex ကုန်သည်များ၏ 72% သည် အခြားစျေးကွက်များ၏ ကုန်သွယ်မှုတွင် ယခင်က အတွေ့အကြုံမရှိကြပါဘူးတဲ့...
Forex ကို စိတ်ဝင်စားသူတွေအတွက် ဒီ Post လေးကတစ်စုံတစ်ရာ အကျိုးဖြစ်သွားမယ်လို့ မျှော်လင့်ပါတယ်☺️အဆုံးထိဖတ်ရှုပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်ရှင်။
💱💱💱💱
မိတ်ဆွေများရှင့်..
ဒေါ်လာ အပါအဝင် နိုင်ငံတကာငွေကြေးများနှင့် ကမ္ဘာ့ရွှေ တို့ကို အရောင်းအဝယ်ပြုလုပ်နည်း အကျိုးအမြတ်ရှာဖွေနည်းများ သင်ကြားပေးသွားမဲ့ Forex Trading Basic သင်တန်းကို
ဒီဇင်ဘာ 5/6/7 ရက်နေ့တွင် မန္တလေးမြို့၌ ၃ ရက်ကြာ Group သင်တန်းအနေဖြင့် ဖွင့်လှစ်သွားဖို့ ရှိပါတယ်ရှင့်..
ဘယ်လိုအခြေအနေမှာဘဲ ဖြစ်ဖြစ် တည်ငြိမ်စွာ ငွေရှာနိုင်သော Global စီးပွားရေးတစ်ခုဖြစ်တာကြောင့် လုပ်ငန်းရှင် မိတ်ဆွေများအတွက် အရံစီးပွားရေးတစ်ခုအဖြစ် လေ့လာထားကြည့်သင့်တဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။
သင်တန်းကြေးကလဲ 120000Ks သာရှိပါတယ်။
အသေးစိတ်အတွက် Link လေးကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်ရှင့်။
https://m.facebook.com/story.php?story_fbid=367907785130075&id=100057325700542
သင်တန်းတက်ရောက်လိုတယ်ဆိုရင်တော့ 09 971170587 အိုင်းရစ်သို့ အခုဘဲ ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါပြီ။
'Articles
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Mandalay
Opening Hours
| Monday | 10:00 - 17:00 |
| Tuesday | 10:00 - 17:00 |
| Wednesday | 10:00 - 17:00 |
| Thursday | 10:00 - 17:00 |