Bright Maths
အခုလာမဲ့ နိုဝင်ဘာလမှာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သင်္ချာ၊ အင်္ဂလိပ်၊ သိပ္ပံပြိုင်ပွဲ (ASMO Exam)ကို ကျင်းပသွားတော့မှာပါ။
ဒီတော့ Tr က သားသား၊ မီးမီးတို့အတွက် Olympiad Exam ဖြေခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပြောပြချင်ပါတယ်။ 🤩
♦️၁။ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြင့်တက်စေတယ်
Olympiad Exam တွေရဲ့ အဓိကရည်ရွယ်ချက်က ကလေးတွေရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို လှုံဆော်ပေးနိုင်ဖို့ပါ။ စာသင်ခန်းထဲမှာသင်ယူခဲ့တဲ့ ပညာတွေကို လက်တွေ့ဘဝမှာလဲ ကောင်းကောင်းအသုံးချတတ်ဖို့ ကူညီပေးနိုင်ပါတယ်။ တစ်နည်းဆိုရရင် ဘဝအသုံးချနည်းကိုပါသင်ပေးနိုင်တဲ့ စာမေးပွဲတစ်ခုပေါ့။ ဒါကြောင့်လဲ Olympiad Exam တွေမှာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့မေးခွန်းတွေကို ထည့်သွင်းပေးလေ့ရှိပါတယ်။
♦️၂။ တိမ်မြုပ်နေတဲ့ အရည်အချင်းကို ရှာဖွေပေးနိုင်တယ်
ကလေးတစ်ယောက်ရဲ့ အရည်အချင်းနဲ့ အားသာချက်ကို ပုံမှန်အခြေအနေမှာ မြင်တွေ့နိုင်ဖို့ခဲယဉ်းပါတယ်။ ဒါပေမဲ့ Olympiad Exam တွေကတော့ ဒီလိုကွယ်ဝှက်နေတဲ့ အရည်အချင်းတွေနဲ့ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းတွေကို တူးဖော်ပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် Olympiad Exam ဆိုတာ နေရာဒေသအသီးသီးမှာရှိတဲ့ ကျောင်းသားတွေရဲ့ အရည်အချင်းကိုပြသဖို့ လမ်းဖွင့်ပေးထားတဲ့ platform တစ်ခုပါ။
♦️၃။ အရည်အချင်းကို မြှင့်တင်ပေးနိုင်တယ်
Olympiads Exam တွေဟာ ကျောင်းသားတွေရဲ့ အရည်အချင်းကို တစ်ဆင့်မြှင့်တင်နိုင်ဖို့ကူညီပေးနိုင်ပါတယ်။ပွဲမဝင်ခင် အပြင်ကကျင်းပဆိုတဲ့အတိုင်း ပြိုင်ပွဲမဝင်ခင်ကတည်းက လေ့လာမှုတွေ၊ ပြင်ဆင်မှုတွေလုပ်ရတဲ့အတွက် ဗဟုသုတတွေတိုးလာမှာအမှန်ပါပဲ။ ဒါ့အပြင် ပြိုင်ပွဲအတွင်းရလာမဲ့ အတွေ့အကြုံနဲ့ပညာဟာ သင့်ကလေးရဲ့ဘဝမှာ မှတ်တိုင်တစ်ခုအဖြစ်ရှိနေမှာပါ။
♦️၄။ အတွေ့အကြုံကောင်းတွေ ရစေတယ်
ကျောင်းသားတစ်ယောက်ဟာ Olympiads Exam အတွက် ကြိုတင်ပြင်ဆင်တဲ့အချိန်ကတည်းက မတူထူးခြားတဲ့ အတွေ့အကြုံသစ်တွေကို ရရှိနေပါပြီ။ နိုင်ငံတကာပြိုင်ပွဲတွေရောက်တဲ့အခါမှာလဲ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံဉာဏ်၊ အတွေ့အကြုံနဲ့ အားပေးမှုတွေကိုပါ ရရှိနိုင်ပါတယ်။ ဒါကြောင့် Olympic Exam ဆိုတာ ကလေးရဲ့ အနာဂတ်လမ်းကြောင်းကို ဖော်ထုတ်ပြသပေးနိုင်တဲ့အရာဆိုရင်လဲ မမှားပါဘူးနော်။
♦️၅။ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို မြှင့်တင်ပေးတယ်
Olympiads Exam တွေဟာ Logical thinking(ယုတ္တိဗေဒအတွေးအခေါ်)ကို တိုးတက်စေရုံသာမက ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကိုလဲ မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ ယုံကြည်မှုတို့ကိုလဲ တိုးတက်စေပါသေးတယ်။ ဒါကြောင့် Olympiads Exam တွေဟာ ငယ်ရွယ်တဲ့ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတယ်လို့ ပညာရှင်တွေက ဆိုကြတာပါ။
♦️၆။ အတန်းတွင်းရလာဒ်ကောင်းစေတယ်
Olympiads Exam အတွက် လေ့ကျင့်ပြင်ဆင်နေတဲ့ ကျောင်းသားတွေဟာ မတူကွဲပြားတဲ့ အကြောင်းအရာတွေ၊ အတွေ့အကြုံတွေကိုရရှိလာပါတယ်။ အဲဒီအခါ ဘာသာရပ်လေ့လာမှုမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးတက်လာပြီး သင်ယူနိုင်စွမ်းလဲ မြင့်မားလာပါတယ်။ ဒီအချက်ဟာ သင့်ကလေးကို ကျောင်းတွင်းစာမေးပွဲတွေမှာ စွမ်းဆောင်ရည်ပိုကောင်းစေဖို့ အထောက်အကူပြုနိုင်ပါလိမ့်မယ်။
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Corner Of 82nd And 20th Street
Mandalay
05011