Ye Marn Computer & Accessories

Ye Marn Computer & Accessories

Share

19/02/2025

မင်္ဂလာပါခင်ဗျာ။
ဒီနေ့မှာတော့ Laptop Second ဝယ်ယူတော့မယ်ဆိုသိထားသင့်သောအချက်လက်လေးကျွန်တော်သိသလောက်မျှဝေပေးလိုက်ပါတယ်နော်။

1.Laptop တစ်လုံးဝယ်ယူတော့မယ်ဆို မိမိတို့အသုံးပြုမည်ပေါ်မူတည်၍ ရွှေချယ်ဖို့အရင်ဆုံးစဥ်းစားဖို့လိုအပ်ပါတယ် မိမိ အသုံပြုမည့် Software တွေအလိုက် CPU,RAM,Storage တို့ကိုအရင်ဆုံးကြည့်ဖို့လိုအပ်ပါတယ်။

2.နောက်စစ်ဆေးဖို့လိုတာက မိမိဝယ်မဲ့ Laptop Screen မှာ အလင်းပေါက်လေးတွေရှိနေလာ အစင်းကြောင်းလေးတွေရှိနေလားစစ်ဆေးဖို့လိုအပ်ပါတယ် wallpaper လေးချိန်းပီစစ်ဆေးသင့်ပါတယ်နော်။

3.Second Laptop ဝယ်တော့မယ်ဆိုအရေးကြီးတာက Laptop Keyboard လေးတွေလဲသေခြာစစ်ဆေးဖို့လိုပါတယ်နော်။

4.နောက်တစ်ချက်ကမိမိဝယ်ယူမည်စျေးနှုန်းနှင့်ကိုက်ညီသော Battery ဘယ်လောက်ထိကြာကြာခံလဲ စစ်ဆေးမေးမြန်ကြည့်လို့ရပါတယ်ခင်ဗျာ။

5.နောက်ကျန်တာက laptop body,မိမိတို့လက်ခံနိုင်သောအနေထားရှိမရှိစစ်ဆေးသင့်ပါတယ်နော်။

6.နောက် USB pordလေးတွေ Driver လေးတွေစုံမစုံ စစ်ဆေးမေးမြန်သင့်ပါတယ်နော်။

7.နောက်ဆုံးလိုအပ်တာက မိမိတို့အသုံးပြုမည့်စျေးနှုန်း ကိုက်ညီမှုရှိမရှိ ပစ္စည်းအာမခံချက်ရှိမရှိ စစ်ဆေးမေးမြန်းပြီမှဝယ်ယူသင့်ပါတယ်နော်။

စစ်ဆေးဖို့လိုအပ်တာလေးတွေရှိရင်အကြံပြုပေးသွာကျပါအုံးနော်။

Ye Marn
09797479481
[email protected]

Want your business to be the top-listed Computer & Electronics Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay