Shwe Pyae
27/12/2025
ပါနော်
ဒီ JEE HERB Shampooကိုသုံးနေတာတော့အတော်ကြာပါပြီ။Thaiမှာဆို တအားလူသိများတဲ့ Shampoo 🧴လို့ပြောလို့ရတယ်။"ခေတ်"သုံးနေတာ ဒါနဲ့ဆို ၂ဘူးမြောက်ပါ။သူများ တွေတော့မသိ။ "ခေတ်"ကတာ့ ပစ္စည်းတစ်ခုသဘောကျရင် ထပ်ခါထပ်ခါ ပြန်ဝယ်တတ်တဲ့အကျင့်ရှိတယ်။
ရှေ့လက ဆံပင်ဆေးဆိုးထားတာရော၊ညနက်ထိ ဖုန်းတွကြည့်ပြီး အိပ်ရေးပျက်လို့ဆံပင်ကျွတ်တာ တွေရော၊Dryer တွေခဏခဏမှုတ်ပုံသွင်းပါများတော့ Hair Damage ဖြစ်သလိုခံစားလာရတယ်။
ဒီကြားထဲ ဆောင်းကလည်းဝင်ခါစဆိုတော့ ဦးရေပြားက ယားသလိုလို ဗောက်ထချင်သလိုလိုကလည်းဖြစ်သေး။အဲ့ဒါနဲ့ Jee Herb ကိုသုံးပြီးဖြေရှင်းလိုက်တယ်ကွယ်။သူနဲ့လျှော်ပြီးရင် ခြောက်တာကြမ်းတာမျိုးလည်းမဖြစ်ဘူး။2-in-1 Shampoo ဖြစ်တဲ့အတွက် Conditioner ပါပါတယ်။ဒါကြောင့် ပုံမှန်Shampooတွေထက် ဦးရေပြားခြောက်တာနည်းတယ်။ဦးရေပြားအဆီပြန်တာသက်သာသလိုဗောက်ထတာလည်းသက်သာစေတယ်။ ဒါပေမဲ့ Extremely dry hair ဖြစ်တဲ့သူအတွက်တော့ extra conditioner တစ်ခေါက်လောက် ထပ်သုံးပေးဖို့လိုမယ်။
ဒီ Shampoo မှာ Ingredients အနေနဲ့ Bergamot extract(ရှောက်ဘီလူးသီးအဆီအနှစ်)ပါလို့ ဦးရေပြားဗောက်ထတာ ၊ ဦးရေပြားအဆီပြန်တာ ၊ ဟော်မုန်းကြောင့်ဆံပင်ကျွတ်တာတွေက အစ သက်သာစေနိုင်တယ်။ နောက်ပြီးအောင်မဲညိုလဲပါသေးတာကြောင့် baby hair လေး တွေလည်းအနည်းငယ်ထွက်လာတာတွေ့ရသလို ဆံသားပါကျန်းမာသန်စွမ်းလာလိမ့်မယ်။
Natural Ingredients (36)မျိုးနဲ့ထုတ်လုပ်ထားတာမို့ ကိုယ်ဝန်ဆောင်မိခင်တွေလည်း သုံးလို့အဆင်ပြေပါတယ်။အမြုပ်ထွက်အားလဲကောင်းသလို လျှော်ပြီးတာနဲ့ခေါင်းက လုံးဝပေါ့ပါးပြီး နေလို့တအားကာင်းချက်ဘဲ။ ခေါင်းလျှာ်တဲ့အခါ Silicone Brush လေး တွေနဲ့ လျှော်တာက ဦးရေပြား သွေးလည်ပတ်မှု ကောင်းစေပြီး ဆံသားကျန်းမာစေတယ်နော်။တစ်ခါ လျှော်(၂)ကြိမ်လာက်ဆို လုံလောက်ပြီ။သဘာဝ organicပစ္စည်း တွေနဲ့ထုတ်ထားတာဆိုတော့ Side Effect ဆိုတာ မရှိသလောက်မို့ သုံးကြည့်စချင်ပါတယ်။
ကဲ ဒီနေ့တော့ဒီလောက်ပါဘဲ။နောက်ထပ်လည်း Skincare Review တွေအပြင် Skincare knowledge နဲ့ GIVEAWAY တွေလည်းမကြာမကြာရှိနေမှာမို့ Page လေးကို Like & Follow လုပ်ခဲ့ကြပါဦးနော်။
❌Copying of images and text is strictly prohibited.❌
01/09/2025
🫶🏻
13/08/2025
🤍
Click here to claim your Sponsored Listing.
Category
Website
Address
54 လမ်း 117&118ကြား ပြည်ကြီးတံခွန်မြို့နယ် မန္တလေး
Mandalay
05011