Nyo
10/10/2025
ထမင်းစားရမှာ ကြောက်တယ်ဆိုတဲ့သူတွေများလာလို့ ကျွန်မရဲ့ ထမင်းကြိုက်လွန်းတဲ့ စိတ်ကိုလည်း အဲ့လိုကြောက်တတ်ရင်ကောင်းမှာပဲ စဉ်းစားမိတယ်။
ဘာစားစား ထမင်းလေးနဲ့တွဲစားဆိုပြီး ဘယ်သူမှပြောစရာမလိုအောင်ကို ထမင်းနဲ့တွဲစားတတ်တဲ့ ကျွန်မအကျင့်ကလေ ဖက်ထုပ်စားလည်း ထမင်းပါသလို
ကြေးအိုးစားလည်း ထမင်း၊ ရှမ်းခေါက်ဆွဲစားလည်း ထမင်းပါတဲ့အပြင် နောက်ဆုံး
Social Drink ချိန်မှာတောင် ထမင်းဆီစမ်း ပါသေးပါသတဲ့ရှင် 🥲
ဒါပေမဲ့လည်း ထမင်းကြိုက်လို့သာစားနေပေမဲ့ ကဆီဓာတ်ကြွယ်တဲ့ ဆန်ဟာ စားသင့်တာထပ်ပိုစားတဲ့အခါ carbohydrate များလွန်းတာကြောင့် weight တတ်ခြင်း၊သွေးတွင်းသကြားဓာတ်များပြီး ကြွက်သားဆုံးရှုံးခြင်းတွေ ဖြစ်တတ်တဲ့ ဆိုးကျိုးတွေရှိတတ်သလို
ထမင်းကရတဲ့ Vitamins B ကြောင့် အသားအရေ၊ဆံသားအားကောင်းစေသလို
လှုပ်ရှားသွားလာဖို့ energy ရဲ့ source ဖြစ်တဲ့ ကောင်းကျိုးတွေလည်းရှိပါသေးတယ်။
ထမင်းနဲ့နည်းတူ ကောင်းကျိုးတွေရှိတဲ့ food နဲ့ ယှဉ်လိုက်ရင်တော့ ဝင်ငွေနဲ့အချိုးကျတွက်ကြည့်တဲ့အခါ ထမင်းကသာလျှင် သင့်တင့်တဲ့ စျေးနှုန်းနဲ့ အကိုက်ညီဆုံး စားစရာဖြစ်တာကြောင့် ကျန်းမာချင်လို့ပဲဖြစ်ဖြစ်၊ လှချင်လို့ပဲဖြစ်ဖြစ် ရေရှည် plan ကိုသာတွေးပြီး စဉ်းစားတတ်ဖို့လိုမယ်နော် 🥰
#အတွေးစု #ထမင်း
07/10/2025
တစ်ကြိမ်ဖတ်ပြီးသွားတဲ့အခါ
နောက်တစ်ကြိမ်ထပ်ဖတ်ဖို့အတွက် အတော်ကြိုးစားယူရမဲ့ စာအုပ်တွေအများကြီး ကျွန်မ ဘဝမှာ အများကြီးရှိပါတယ်။
ဖတ်လို့မကောင်းလို့၊ အရေးအသား အဆီအငေါ်မတည့်လွန်းလို့ ပြန်မဖတ်ချင်တာမျိုးတော့ မဟုတ်ပါဘူး။
ဖတ်လိုက်တဲ့အခါ စာရေးသူရဲ့ အရေးအသားနဲ့ သူပုံဖော်ထားတဲ့ ဇာတ်ကောင်ရဲ့ ဘဝတွေဇာတ်ကြောင်းတွေဟာ
ကွင်းကွင်းကွက်ကွက် မြင်သာအောင်ရေးသားနိုင်စွမ်းရှိလို့ စာရေးသူပေးချင်တဲ့ ချစ်၊ခင်၊သနား စိတ်ခံစားချက်ကို ခံစားရတာကြောင့် နောက်တစ်ကြိမ်ထပ်ဖတ်ဖို့အတွက် တွန့်ဆုတ်ရလို့ပါပဲ။
ဒါကြောင့်လည်း အခုပြောပြမဲ့စာအုပ်လေးက နောက်ထပ်တစ်ကြိမ်
ပြန်ဖတ်ဖို့အတွက် အတော်လေးကြိုးစားယူရမဲ့ စာရင်းထဲကိုရောက်လာခဲ့တဲ့အကြောင်းလေးကို ဝေမျှပေးရင်း book review လေးပေးလိုက်မယ်နော်။
စာမျက်နှာစုစုပေါင်း ၂၃၉ရွက်ပဲ ပါတဲ့စာအုပ်တစ်အုပ်ဖြစ်တဲ့ စမ်းရေကြည်နုစာအုပ်လေးဟာ စမ်းရေလမ်းထဲမှာနေထိုင်ကြတဲ့ သူတွေရဲ့အကြောင်းနဲ့ အခြေခံလူတန်းစားများရဲ့
နေ့စဥ်ကြုံတွေ့နေရတဲ့ စားဝတ်နေရေး ပြဿနာများ ဖြေရှင်းကြပုံကို ကိုကြည်နုဆိုတဲ့ ဇာတ်ကောင်ကနေတဆင့်
ဆွဲခေါ်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ လမ်းဘေးခွေးတွေ၊လမ်းဘေးကြောင်တွေ သားပေါက်ကြတဲ့အခါ “ခွေးတွေကလည်း အများကြီးတောင်ထပ်မွေးလာကြပြန်ပြီ” “စိတ်ညစ်လိုက်တာကွာ” ဒီလိုငြူစုကြတဲ့ စကားလုံးတွေကို ကိုယ်တိုင်လည်းပြောဖူးကြသလို တပါးသူပြောတာလည်း ကြားဖူးကြမှာပါ။
အစာရှာတာကလွဲလို့ ဝင်ငွေရှာဖွေစရာမလိုတဲ့ တိရိစ္ဆာန်တွေ သားပေါက်ရင်တောင် စိတ်ညစ်နေကြတဲ့
လူဆိုတဲ့ သတ္တဝါတွေကိုယ်တိုင်လည်း S*x Education ကို နားလည်ဖို့လည်း လိုပါတယ်။
ကိုယ်တိုင်က ဝင်ငွေကောင်းစွာမရှာနိုင် သားဆက်ခြားနည်းလမ်းတွေကိုလည်း နားမလည်ဘဲနဲ့ ကလေးတွေအများကြီးကို လူ့လောကထဲကို ဆွဲခေါ်တာဟာ အလွန်အန္တရာယ်များတယ်ဆိုတာ
ဆရာလင်းခါးက ကလောင်သားထက်ထက်နဲ့ ရေးသားပေးထားပါတယ်။
ဆယ်ကျော်သက်အရွယ်ဟာ အချစ်ကို ကိုးကွယ်တတ်တဲ့ အရွယ်ဖြစ်တာကြောင့် စိတ်ထင်ရာကို လုပ်တတ်တယ်ဆိုတာဟာ ဦးကြည်နုရဲ့ ချစ်လှစွာသော (၁၆)နှစ်အရွယ် သမီးငယ်လေးဟာ အချစ်ဒဏ်ရာကို
မခံစားနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ သာဓကတစ်ခုလည်း ထည့်ပြီးရေးသားထားပါသေးတယ်။
ပညာရေးဟာ စာရေးတတ်၊ဖတ်တတ်ရုံပဲ အသုံးဝင်နေတဲ့ စကားသံတွေကြောင့် စာသင်ကျောင်းခန်းထဲကို
မရောက်ဘဲ လမ်းမပေါ်မှာ သောင်တင်နေတဲ့ ကလေးငယ်တွေအများကြီးရဲ့ အနာဂါတ်ကို မိဘ၊ဆရာများအတူပူးပေါင်း မြှင့်တင်ပေးမှသာ ထပ်ဆင့်နိမ့်ပါးခြင်းမျိုးဆက်တွေ ပျောက်ကွယ်နိုင်မှာပါ။
စျေးပေါတဲ့ ဘဝတွေအတွက် လက်ဖက်ရည်တစ်ခွက်ဟာ စျေးကြီးပေးသောက်ရချိန်မှာ
အရက်နဲ့ လောင်းကစားဟာ စျေးပေါပေါနဲ့ ဘဝတွေကို ဖျက်စီးပစ်နိုင်တယ်ဆိုတာ ဒီစာအုပ်လေးကသက်သေပါပဲ။
အဆုံးသတ်အနေနဲ့ကတော့ ဆယ်ကျော်သက်အရွယ်ကလေးငယ်တွေအတွက် စဥ်းစားစရာ
ရင်မောတွေးတောစရာတွေ အများကြီးထင်ကျန်နေမဲ့စာအုပ်ကောင်းလေးဖြစ်လို့ ကိုယ့်ရဲ့ ညီငယ်၊ညီမငယ်များကို
ဖတ်ရှုဖို့ တိုက်တွန်းသင့်တဲ့ စာအုပ်လေးဖြစ်ကြောင်း 𝗡𝘆𝗼 က 𝗥𝗲𝗰𝗼𝗺𝗺𝗲𝗻𝗱 ပေးလိုက်ပါတယ်ရှင့်🥰
-review #စမ်းရေကြည်နု
07/09/2025
သွေးကြောလေးတွေ ထင်းနေတဲ့ ပါးမို့မို့လေးပေါ်မှာ ဝါဝင်းညက်ညောနေတဲ့ သနပ်ခါးလေးလိမ်းခဲ့ပြီး လှခဲ့ဖူးတယ်
ပျက်စီးမှုနည်းပြီး နက်မှောင်ထူလှတဲ့ ကေသာပေါ်မှာ အရောင်စုံကလစ်လေးများ ထည်လဲဆင်မြန်းပြီး လှခဲ့ဖူးတယ်
စိတ်အတွင်းအပြင် ဘာအပူအပင်မှ မရှိခဲ့ဘဲ ပျော်ရွှင်ရယ်မောနေခဲ့တဲ့ဆယ်ကျော်သက်ဘဝလေးမှာ ကျွန်မနေ့စဉ်နေ့တိုင်း ယုံကြည်မှုရှိပြီး လှပခဲ့ဖူးပါတယ်
နှစ်သက်သူတွေကြားမှာ မခို့တရို့ အရှက်ပိုပြီး ရင်ခုန်စွာ ဖြတ်သန်းရင်း အလှတွေတိုးသထက်တိုးအောင် နေထိုင်ခဲ့ဖူးတယ်
တနည်းအားဖြင့် လူကြီးမြန်မြန်ဖြစ်ခဲ့ပြီး စားဝတ်နေရေးနဲ့ ရှေ့ရေးအတွက် ရုန်းကန်ဖြတ်သန်းရတဲ့ ဒီကာလတွေမတိုင်ခင်မှာ ကျွန်မဟာ လှပပျော်ရွှင်ခဲ့ဖူးတဲ့ ဆယ်ကျော်သက်ဖြစ်ခဲ့ပါတယ် ✨
-creator #ကျွန်မလှခဲ့ဖူးတယ်
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay