Update Mobile Second n Service

Update Mobile Second n Service

Share

iCloud.com 31/03/2023

မိတ်ဆွေ... သင့် iPhone မှာ မှားဖျက်မိတဲ့ ပုံတွေကို ဒီနည်း နှစ်နည်းနဲ့ ပြန်ယူကြည့်လို့ ရပါတယ်။

Recently Deleted
_______________
Photo ထဲကနေ မှားဖျက်မိတဲ့ ပုံလေးတွေကို Recently Deleted ကနေ ပြန်ယူလို့ ရပါတယ်။ သတိထားရမှာ တစ်ခုကတော့ Recently Deleted ထဲက ပုံတွေဟာ ရက် (၃၀) အတွင်းဘဲ ပြန်ယူလို့ ရမှာဖြစ်ပြီး ရက် (၃၀) ကျော်သွားတယ် ဆိုရင်တော့ Recently Deleted ထဲမှာလည်း ပျက်သွားမှာ​ ဖြစ်ပါတယ်။ Recently Deleted ကိုကြည့်ချင်တယ် ဆိုရင်တော့ Photo - Album ထဲကနေ အောက်ဆုံးကို ဆွဲပြီး ကြည့်လို့ ရပါတယ်။

iCloud
_____
အကယ်လို့ ကိုယ်ဖျက်လိုက်မိတဲ့ ပုံတွေက Recently Deleted ထဲမှာလည်း မရှိတော့ဘူး ဆိုရင်တော့ Photo ကို iCloud မှာ Backup လုပ်ထားတဲ့အခါ iCloud ကနေ ပြန်လည် ရယူနိုင်ပါတယ်။

iCloud ကနေ Download ပြန်လုပ်မယ် ဆိုရင်တော့ Safari ကနေ တစ်ဆင့် www.iCloud.com ကို ဝင်ပေးလိုက်ပါ။ ပြီးရင်တော့ ကိုယ့် Account ကို Sign In ဝင်ပြီး Photo ထဲမှာ ကိုယ်ဖျက်လိုက်မိတဲ့ ပုံလေးတွေ ရှိမရှိ ပြန်ကြည့်နိုင်ပါတယ်။ ရှိတယ် ဆိုရင်တော့ ကိုယ်လိုချင်တဲ့ ပုံကို နှိပ်ပေးပြီး ညာဘက်အောက်မှာရှိတဲ့ အစက်သုံးစက်ထဲကနေ Download ပြုလုပ်နိုင်မှာပါတယ်။ Download ပြုလုပ်ပြီးသား ပုံတွေကို File ထဲကနေ တစ်ဆင့် Photo ထဲကို ပြန်ရွေ့ပေးဖို့ လိုပါမယ်။

credit to original uploader

iCloud.com Sign in to iCloud to access your photos, videos, documents, notes, contacts, and more. Use your Apple ID or create a new account to start using Apple services.

30/03/2023

❝ 𝗶𝗣𝗵𝗼𝗻𝗲 နဲ့ နွေရာသီ ❞

ထုံးစံအတိုင်း နွေရာသီရောက်လာပြန်ပါပြီ။ နွေနဲ့ iPhone ဆိုတာ ကမ္ဘာအဆက်ဆက်က ရန်သူတွေလိုပဲ ဘယ်တုန်းကမှကီးမကိုက်ခဲ့တဲ့အတွက် တစ်နေ့ထက်တစ်နေ့ မြင့်လာတဲ့ temperature ကြောင့်မကြာခင် iPhone user တွေကြား complain များစွာကြားရပါဦးမည်။ ဒါ့ကြောင့် ဒီနွေကိုစိတ်ချမ်းချမ်းသာသာဖြတ်သန်းနိုင်စေဖို့ iPhone user တွေအတွက်ဆောင်ရန်ရှောင်ရန်လေးတွေကိုပြောပြပေးလိုက်ပါတယ်။

(၁) သင့်ဖုန်းကိုညင်ညင်သာသာဆက်ဆံပါ
အပြင် temperature မြင့်လာတဲ့အတွက် ဖုန်းလဲအရင်ကထက် heat တက်တာပိုမြန်လာပါမယ်။ Cellular data နဲ့သုံးရင်ပိုဆိုးပါတယ်။ ဖုန်းအရမ်းပူနေတဲ့အချိန် game ဆော့တာ heavy task တွေသုံးတာကိုသတိထားပေးပါ။ အပူဆိုတာ battery health ကျစေတဲ့အဓိကတရားခံပါ။ ဖုန်းအရမ်းပူနေတဲ့အချိန်အနားမပေးပဲ ဆက်သုံးနေရင် ထစ်တာ၊ app တွေထဲကပြန်ပြန်ထွက်တာ၊ နောက်ဆုံးသူဟာသူ shut down ကျတာတွေအထိဖြစ်နိုင်ပါတယ်။ ရေရှည်မှာ battery health ကိုပိုအကျမြန်စေပါတယ်။

(၂) Outdoor မှာဖုန်းအရမ်းမသုံးသင့်ပါ
အပြင်သွားတဲ့အခါ ဖုန်းကိုမလိုရင်မသုံးတာကောင်းပါတယ်။ ဒီလိုပြောလို့ အပြင်မှာဖုန်းလုံးဝ မသုံးရဘူးဖို့ပြောတာမဟုတ်ဘူးနော် လမ်းမှာလမ်းလျှောက်နေရင်း ဖုန်းပေါ်ကို နေရောင်တိုက်ရိုက်ကျတဲ့အချိန်တွေမှာဖုန်းမသုံးဖို့ပါ။ နေရောင်လဲတိုက်ရိုက်ကျနေတယ် ပူလဲပူနေတဲ့အချိန်သုံးရင် ဖုန်းမှာ heat တက်တာအရမ်းမြန်ပြီး ပူခြစ်လာပါလိမ့်မယ်။ တစ်ခြား အန္တရာယ်တွေလဲရှိတော့ အပြင်မှာ လမ်းလျောက်နေရင်းဖုန်းသုံးတာကိုရှောင်သင့်ပါတယ်။

(၃) အားသွင်းရင် Battery 80% မှာရပ်နေတာ
ဒီပြသနာကတော့ သိပ်မစိမ်းတော့ဘူးထင်ပါတယ်။ နေ့လည်ဖက်နေပူတဲ့အချိန်အားသွင်းရင် ဖြစ်တတ်ပါတယ်။ iOS 13 ကစပြီး Optimized battery charging ဆိုတဲ့ function တစ်ခုပါဝင်လာပါတယ်။ သူကဖုန်း temperature မြင့်နေတဲ့အချိန်မှာ battery charging ကို 80% မှာရပ်ထားပေးတာပါ။ Battery healthy အတွက်ပိုကောင်းစေတယ်လို့သိရပါတယ်။ အားသွင်းတာ 80% ကမတက်လို့ဆိုပြီး စိတ်မပူပါနဲ့ temperature ကျသွားတဲ့အချိန် ညနေဖက်/ညဖက် မှာပြန်သွင်းရင်ပုံမှန်အတိုင်း 100% အထိအပြည့်သွင်းလို့ရပါတယ်။ ဒါမှမဟုတ်သင်က ဘယ်အချိန်ချိန်ဖြစ်ဖြစ် 100% အထိသွင်းချင်တာဆိုရင် Settings > Battery ထဲက Optimized battery charging ကိုပိတ်ထားလို့ရပေမယ့် admin ကတော့ recommend မပေးပါဘူး။

(၄) Charging on hold လို့ပေါ်နေရင်
ဒါလဲအပေါ်က case နဲ့ခပ်ဆင်ဆင်ပါပဲ။ ဖုန်း temperature မြင့်နေလို့ system က charging ကိုခနရပ်ထားတာပါ။ ဘာမှစိတ်ပူစရာမရှိပါဘူး။ ဖုန်းကိုခဏအနားပေးပြီး အေးသွားမှပြန်သွင်းပါ။

credit to original uploader

27/03/2023

မိသားစုနဲ့ စကားတွေပြောမလား? သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ပြီးစကားတွေပြောမလား?

iPhone ရဲ့ ရိုးရှင်းပြီး အရမ်းလည်းအသုံးဝင်တဲ့ Add Call Feature လေးနဲ့ဆိုရင် Phone Calls (5) ခုထိ တစ်ချိန်တည်းမှာပဲ ခေါ်ဆိုလို့ရတယ်နော်။

ဖုန်းပြောနေတဲ့အချိန်အတွင်းမှာ အခြားသူတစ်ယောက်ကိုပါ ထပ်မံခေါ်ဆိုပြီး Group လိုက် စကားပြောချင်တယ်ဆိုရင် Screen မှာပေါ်နေတဲ့ Add Call လေးကိုနှိပ်လိုက်ရုံပါပဲ။

ပြီးရင် ကိုယ်နောက်ထပ်ခေါ်ဆိုချင်တဲ့ ဖုန်းနံပါတ်တစ်ခုကို Contacts ထဲမှာရှာပြီး Add လုပ်လိုက်ရုံနဲ့ တစ်ယောက်နဲ့တစ်ယောက် စကားတွေဝိုင်းဖွဲ့ပြောလို့ရပါပြီ။ သူငယ်ချင်းတွေကိုလည်း Share ပေးလိုက်ဦးနော်။

credit to original uploader

02/03/2023

iPhone တွေမှာ Storage ပြည့်နေခဲ့မယ်ဆိုရင် ဘာတွေ ပြုလုပ်သင့်သလဲ ?

Storage နည်းတဲ့ iPhone တစ်လုံးကို သင့်အနေနဲ့ ပိုင်ဆိုင်ထားခဲ့မယ်ဆိုရင် Storage မပြည့်စေပဲ အချိန်ကြာကြာ အသုံးပြုနိုင်မယ့် နည်းလမ်းလေးရှိတယ်နော်။

• မလိုအပ်တဲ့ Application တွေကို ဖျက်ထားပေးပါ

မလိုအပ်ပဲ Application တွေကို ကိုယ့် iPhone ထဲမှာ ထားထားခြင်းကလည်း Storage ကို ခဏလေးအတွင်းပြည့်စေတက်ပါတယ်။

ဘာကြောင့်လဲဆိုရင် Application တွေက Auto Update ဖြစ်နေတဲ့အခါမျိုးမှာ မလိုအပ်ပဲ File Size တွေကြီးပြီး MB တွေကနေ GB အဖြစ်ကို ပြောင်းလဲသွားသည်အထိ ကြီးမားလာနိုင်ပါတယ်။

ဒါ့ကြောင့် အသုံးမလိုတဲ့ Application တွေကို ဖျက်ထားခြင်းက Storage အမြန်ပြည့်ခြင်းကို သက်သာစေပါလိမ့်မယ်။

• Photo တွေ Video တွေကို ဖျက်ထားခြင်း

တစ်ခါတစ်လေ Photo တွေ တစ်ခုနဲ့ တစ်ခု ထပ်နေတာမျိုးနဲ့ ဆင်တူ Video တွေများနေတာမျိုးဆိုရင်လည်း Storage ပြည့်စေတာကို မြန်စေတက်ပါတယ်။

ဒါ့အပြင် Recent ထဲမှာ Delete လုပ်ပြီးသား ပုံတွေကို မဖျက်မိတဲ့အခါမျိုးတွေမှာလည်း Storage မှာပြည့်နေတက်ပါတယ်။

မလိုအပ်တဲ့ Photo တွေကို Delete လုပ်တာဖြစ်စေ၊ ဒါမှမဟုတ် iCloud ပေါ်မှာတင်ထားတာဖြစ်စေ စသဖြင့် ပြုလုပ်ပြီး iPhone Storage ကို ရှင်းရှင်းလင်းလင်းထားလို့ရနိုင်ပါတယ်။

• iPhone Settings ထဲက Storage မှာ စီစစ်နိုင်ခြင်း

အရမ်း MB များနေတဲ့ App တွေ၊ File ထဲမှာရောက်နေတဲ့ Document File တွေရယ်နဲ့ Recently Deleted တွေကို တစ်ခါထဲနဲ့ ရှင်းလင်းနိုင်ဖို့အတွက် iPhone Settings ထဲက General မှာရှိတဲ့ iPhone Storage မှာ ဝင်ရောက်ပြီး ရှင်းလင်းနိုင်ပါတယ်။

• Safari Cache တွေကို ရှင်းလင်းပေးပါ

Safari မှာ အသုံးပြုထားတဲ့ page တစ်ခုချင်းစီရဲ့ Data တွေကလည်း iPhone ရဲ့ Main Storage မှာ လာရောက် Save လုပ်တာဖြစ်လို့ Cache တွေကို ရှင်းလင်းသင့်ပါတယ်။

Cache တွေကို ရှင်းလင်းဖို့အတွက်ဆိုရင်တော့ Settings ထဲမှာရှိတဲ့ Safari ကနေ Clear History and Website Data မှာ ဝင်ရောက်ပြုလုပ်နိုင်ပါတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ အပေါ်က အချက်တွေအတိုင်းပြုလုပ်ပြီးတဲ့အခါ Reset All Settings ကို ချလိုက်ပါ။

ဒါဆိုရင်တော့ Other နဲ့ တခြားမလိုအပ်တဲ့ File တွေကို အလိုအလျောက်နဲ့ ပျက်သွားမှာဖြစ်တဲ့အပြင် Storage ကိုလည်း ပိုရလာတက်ပါတယ်။

ကိုယ့် iPhone က Storage ပြည့်နေခဲ့မယ်ဆိုရင် အခုပြောပေးခဲ့တဲ့အချက်လေးတွေအတိုင်းဖြေရှင်းကြည့်ပါနော်။

credit to original uploader

Want your business to be the top-listed Computer & Electronics Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00