Shwe Pyi Hein
09/06/2023
G 12စနှစ်သစ်မေးခွန်းပုံသစ်အရ တက္ကသိုလ်ဝင် စာမေးပွဲတွင် STEAMS 1(ဘိုင်အိုတွဲ)ယူကျောင်းသားများအနေဖြင့် ဓာတု၊ရူပ၊ဇီဝ သုံးဘာသာအမှတ်ပေါင်း (220) (A )အဆင့်ရမှ သတ်မှတ်တက္ကသိုလ်တက်ရောက်ခွင့်ရကြပြီး သုံးဘာသာအမှတ်ပေါင်း(200)နှင့်(219)ကြားက လိုအပ်ချက်အရ ဝင်ခွင့် ဖြေဆိုကြရမည်။ ကျန်(199အမှတ် Cအဆင့်)အောင်မြင့်သူများ က မေဂျာ တက္ကသိုလ်များ ကိုတက်ခွင့်ရကြမည်။တစ်ဘာသာ ကျရှုံးပါ က ပြီးဆုံးခြင်းလက်မှတ်ပေးအပ်မည် ဖြစ်ပြီး မအောင်မခြင်းဖြေခွင့်လည်းရှိကြောင်း သိထားပါသည်။ STEAM 2 (Ecoတွဲ)ယူကျောင်းသားများအနေဖြင့်လည်း သတ်မှတ်တက္ကသိုလ် တက်ရောက်ခွင့်ကို ဓာတု၊ရူပ၊ဘောဂ ၊အမှတ်ပေါင်း (A)အဆင့် က တက်၊ (B)အဆင့်က ဝင်ခွင့်ဖြေ၊ (C)အဆင့် ကမေဂျာ တက္ကသိုလ်တက် ၊တစ်ဘာသာကျသူ က ပြီးဆုံးခြင်းယူ ။ STEAM 3 (ဝိဇ္ဇာတွဲရိုးရိုး) ပထဝီဝင်၊ သမိုင်း၊ဘောဂ ယူကျောင်းသားများ ကလဲ (A)အဆင့် သတ်မှတ်တက္ကသိုလ်တက်၊ (B)အဆင့်က ဝင်ခွင့်ဖြေ၊(C)အဆင့် က မေဂျာ တက္ကသိုလ်များ ကိုတက်ကြရမည်ဟုသိထားပါသည်
crd #
"တပည့် (လေး) မျိုး"
၁။ ဆရာဖြစ်သူရဲ့အတင်း
အဖျင်းကို အရသာခံပြောတတ်တဲ့
အရှက်မဲ့ကျေးဇူးမသိတတ်သော
#တင်းပည့်။
၂။ အတတ်ပညာလေး
မတောက်တစ်ခေါက်စုံလာတော့
ဆရာကိုယှဉ်ပြိုင်အံတု အာပြန်တတ်သော
နေရာယူဖို့ကြိုးစားတတ်သော
#တုပည့်။
၃။ အရာရာမှာ အလိုက်သိ
တာဝန်ကျေပြီးပရိယတ္တိ
စာပေကိုသာ အလေးထား
ဆည်းပူးသင်ယူသဖြင့်
ဆရာဖြစ်သူ၏ချီးမြှောက်ပသမှု
ခံယူရေသာ
#သပည့်။
၄။ အနေအထိုင်ပိရိ
ပညာလည်းကြိုးစား
ကျောင်းလည်းမြဲ ဆရာသမား၏
ကွယ်ရာမှာကော
ရှေ့မှာပါ စိတ်ချရသဖြင့်
အမြဲတသတမ်းတနေရမည့်
#တပည့်။
ဤတပည့် လေး မျိုးထဲမှာ
(၁) နဲ့ (၂) တပည့်တွေက မက္ခပလာပ
ကျေးဇူးတရားဖျက်စီးစော်ကားသူတွေ ဖြစ်တာကြောင့်
"သက်ရှည်လို့ဘုန်းမကြီး ဘုန်းကြီးလို့သက်မရှည်" ဖြစ်တတ်တယ် ရှောင်ကြဉ်ကြ။
နံပါတ် (၃)( ၄) တပည့်မျိုးတွေဖြစ်အောင်
အကောင်းဆုံးပြုပြင်နေထိုင်ကြ။
ကိုယ်ကတပည့်ကောင်းဖြစ်ခဲ့ဖူးမှ
နောင်တစ်ချိန်မှာ ဆရာကောင်းပြန်ဖြစ်နိုင်တယ်။
Credit ~ အရှင်ဣန္ဒာသိရီ-မန္တလေး
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay