Sakura Japanese Language Class

Sakura Japanese Language Class

Share

18/03/2026

Photos from Sakura Japanese Language Class's post 30/01/2026

ဒီနေ့ကတော့ တပည့်တွေကြောင့် ပီတိတွေ တဝကြီးစားရတဲ့နေပါပဲ။

ဂျပန်စာလေ့လာတဲ့အခါ လူအမျိုးမျိုး စိတ်အထွေထွေ တွေ့ရတတ်ပါတယ်။
အများစုကတော့ ဂျပန်တော့သွားချင်တယ် ဂျပန်စာကိုတော့ စိတ်နှစ်ပြီး သေချာလေး ဇွဲလုံ့လဝီရိယရှိရှိလေ့လာဖို့ထက် certificate ရဖို့လောက်ပဲ အာရုံစိုက်ကြပါတယ်။ certificate က အရေးမကြီးဘူးလို့ မဆိုလိုချင်ပါဘူး။ certificate အရေးကြီးသလို အဲ့ဒီ certificate နဲ့ သက်ဆိုင်တဲ့ စကားပြောစွမ်းရည်လည်းရှိဖို့လိုပါတယ်။ ကျမတို့ ဂျပန်စာသင်တာ စကားပြောနိုင်ဖို့ဆိုတဲ့ မူလရည်မှန်းချက်ကို မမေ့ဖို့လိုပါတယ်။

တချို့ဆို ကျမတို့ သင်တန်းရဲ့ သင်ရိုးက အတန်းထဲမှာ စကားပြောလေ့ကျင့်ရတဲ့ သင်ရိုးမို့ မကြိုက်ပါဘူး။ exercise က ကွက်လပ်ဖြည့်တာလောက်ကပဲ သူတို့အတွက် လွယ်ပါတယ်ဆိုပြီး လွယ်တာလေးပဲ တက်ပါရစေဆိုပြီး သင်တန်းကြေး အဆုံးခံတဲ့ သူတွေတောင် တွေ့ဖူးပါတယ်။
ဒီနေရာမှာ မိမိတို့ သင်ယူနေတာက လူနဲ့လူချင်း ဆက်သွယ်ပြောဆိုဖို့အတွက်သုံးဖို့ ဘာသာစကားကို သင်ယူနေကြတာဖြစ်ပြီး certificate ရရုံနဲ့ မလုံလောက်ဘဲ အခုလို အတန်းထဲမှာ စကားပြောပါလေ့ကျင့်ပေးလိုက်တာတောင် တကယ်လက်တွေ့ အပြည့်အဝ အဆင်ပြေနိုင်ဖို့ အများကြီးရုန်းကန်ကြရအုံးမည့်အခြေအနေရှိနေပါသေးတယ်။ ဒီလို ဘောင်အတွင်းကနေ အတန်းထဲစကားပြောကျင့်ရတာတောင် ခက်ခဲလို့ မလုပ်နိုင်ဘူးဆိုပြီး မကြိုးစားချင်ရင် ဂျပန်မှာ ဘယ်လိုရပ်တည်ကြမလဲ ။
ကြိုတွေးစေချင်ပါတယ်။

တချို့ကပြောသေးတယ် Language School တက်မှာမို့ ဘာသာစကားက ဒီမှာ N5/N4 အဖြစ်လောက် certificate ရရုံသင် ဟိုရောက်မှ သေချာလုပ်ပါ့မယ်တဲ့။ အိမ်က ပိုက်ဆံ ပုတ်ထဲထည့်ရလောက်အောင်များနေလို့ အလုပ်လုပ်ဖို့ မလိုသူတွေဆိုရင်တော့ အဲ့လို လုပ်လို့ ရတာမှန်ကောင်းမှန်ပါလိမ့်မယ်။ အဲ့လိုမဟုတ်ရင်တော့ မြန်မာမှာ ဂျပန်စာကောင်းကောင်းမလုပ်ဘဲ ဂျပန်သွားပြီး ကျောင်းတက်ရင်း အလုပ်လုပ်ရလို့ အချိန်မအားတာနဲ့ N3 တောင် အနိုင်နိုင် ဖြေဖို့ မနည်းကြိုးစားနေရသူတွေ ဒုနဲ့ဒေးဆိုတာ၊ N2 ဖြေဖို့ အိပ်မက်တောင် မမက်နိုင်ဘဲ ကောလိပ်ဆက်တက်ဖို့ စိတ်ပူနေရတဲ့ သူတွေ အများကြီးဆိုတာ သိထားဖို့လိုပါတယ်။

အလားတူပဲ အလုပ်နဲ့သွားပြီး ဘာသာစကားမရ၊ အလုပ်ထဲမှာ အဆင်မပြေနေကြတဲ့သူတွေကော မိမိရဲ့ ဘာသာစကား အားနည်းချက်က လုပ်ငန်းခွင်အဆင်ပြေမှုကို ဘယ်လောက် သက်ရောက်မှုရှိသလဲဆိုတာ စဉ်းစားကြည့်စေချင်ပါတယ်။

ဘယ်လူမျိုးမှ လူကောင်းတွေကြီးပဲ ရှိနေတာ မဟုတ်တာတော့ မှန်ပေမဲ့ တစ်ယောက်နှင့်တစ်ယောက် ပြောဆိုဆက်ဆံနိုင်ခြင်းမရှိတာကလည်း တစိဦးနဲ့တစ်ဦး အဆင်မပြေမှု ဖြစ်စေတဲ့ အဓိကအချက်ပါ။

ဘာသာစကားအပြင် နိုင်ငံမတူတဲ့သူတို့မို့ ယဉ်ကျေးမှုနဲ့ လူမှုရေးစံနှုန်းကွဲပြားမှုတွေ အများကြီးရှိနေတာမို့ ကျမတို့သင်တန်းဆိုရင် စာအပြင် ဂျပန်တွေရဲ့ လူမှုရေးစံနှုန်းနဲ့ တန်ဖိုးထားမှုလေးတွေပါ သင်ပေးပါတယ်။ ဘယ်လောက်သင်သင် ဆရာက こんばんは ဆ်ုရင်တောင် ပြန်မနှုတ်ဆက်တဲ့သူတွေ၊ ဘယ်အခန်းရောက်နေပြီလဲမေးရင် မဖြေဘဲ နှုတ်ပိတ်နေသူတွေ၊ ကျေးဇူးတင်ပါတယ် ပြောဖို့ ရှက်နေသူတွေ၊ အပြန်အလှန်လေးစားသမှုနဲ့ အတန်းပျက်တာလေး ပုံမှန်အကြောင်းကြားဖို့တောင် စည်းကမ်းတကျမလုပ်ချင်သူတွေ အများကြီးတွေ့ဖူးပါတယ်။ ဒီလို အပြုအမူတွေနဲ့ ဂျပန်နိုင်ငံရဲ့ လုပ်ငန်းခွင် လူမှုဆက်ဆံရေး ဘယ်လို အဆင်ပြေမလဲ မတွေးတတ်ပါ။

အကြောင်းကြောင်းကြောင့် အဆင်မပြေကြတဲ့အခါ ဂျပန်လို အစစအရာရာ ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံမှာရောက်နေတာတောင် ဘဝက အပြည့်အဝပျော်ဖို့ မကောင်းဘူးဆိုပြီး လူငယ်အချို့ ပြောဆိုနေကြတာ မဆန်းဘူးလို့ထင်ပါတယ်။ အခြေခံအကျဆုံးဖြစ်တဲ့ ဆက်သွယ်ပြောဆိုဖို့ ဘာသာစကားကို မကြိုးစားဘဲနဲ့တော့ အဖုအထစ်တွေကရှိနေမှာပါပဲ။

ဒီလိုပြောလို့ မကြိုးစားသူတွေကြီးပဲတော့ မဟုတ်ပါဘူး။ တန်းခွဲတစ်ခုမှာ ၂-၃ ယောက်လောက် ဆရာ့စကားကို သေချာနားထောင် လိုက်လုပ်ကြသူတွေရှိပါတယ်။ ဒီလိုကလေးတွေ ဂျပန်ရောက်သွားတဲ့အခါ အဆင်မပြေဘူးဆိုတာ မကြားရသလောက်ပါပဲ။ အစစအရာရာ အဆင်ပြေကြတယ် ဆရာက ဘာလို့ သူတို့ကို ကြိုးစားဖို့ ပြောလဲ ပိုသိလာကြတဲ့အခါ ကြုံတိုင်း ကျေးဇူးတင်ကြောင်းလာပြောကြတယ်။
ဒီလိုကလေးတွေထဲကမှ ဒီနေ့ N2 စာမေးပွဲအောင်ပြီး ဂျပန်မှာ Language School တစ်နှစ်ပဲ တက်ရပြီး ကောလိပ်တက်ခွင့်ရသလို လုပ်ငန်းခွင်မှာ အဆင်ပြေနေတဲ့ သားလေး Minkant အကြောင်း သူပို့ထားတဲ့ မက်ဆေ့ကနေ ပညာယူစေချင်လို့ပါ။ သူက Sakura မှာ N5/N4/N3 level ၃ခုကို တစ်နှစ်နဲ့ အပြတ်ကြိုးစားသင်ယူပြီး စာမေးပွဲပါဖြေပြီး ဂျပန်ကို language school သွားတက်တဲ့ကလေးပါ။

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


77st, Between 27&28
Mandalay