K For Content

K For Content

Share

25/12/2024

𝙈𝙚𝙧𝙧𝙮 𝘾𝙝𝙧𝙞𝙨𝙩𝙢𝙖𝙨 ⛄

ပျော်ရွှင်စရာ ခရစ်စမတ်အခါသမယလေးဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။

15/11/2024

ဒီလိုနေ့တွေဆိုရင် အခြား Page တွေကတော့ ပေးကြတာပေါ့ဗျာ။ ကျနော်တို့ကတော့ ပြန်တောင်းတာပါ။

ဟဲဟဲ... ကြက်ဘူးလေးချက်ဖို့ ဘူးသီးဖိုးလေးပေးချင်ရင် စီဘီ။



#တန်ဆောင်မုန်းလပြည့်
#ပံသုကူ

30/10/2024

Rule No.1 - သင်‌့ပစ္စည်းအပေါ် သင်ကိုယ်တိုင်ယုံကြည်မှုရှိပါစေ။

Make It Different ...
With K For Content

(Just for fun)

27/10/2024

Content ဆိုတာဘာလဲလို့ေမးလာရင်တော့ အရှင်းလင်းဆုံးနဲ့ မြန်မာလိုကြီးပြန်ေဖြရရင် အကြောင်းအရာ လို့ပြောရမှာပေါ့ဗျာ။ အယ်လဲ့။

ဘာအကြောင်းအရာလဲဆိုတော့ ကိုယ့်လူနေ့စဉ်ကြုံတွေ့နေရတဲ့၊ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တိုင်းကိုပြောတာပါ။

အဲ့ဒီအဖြစ်အပျက်တိုင်းမှာ ဘာတွေပါလဲဆိုရင် မျိုးစုံပါပဲ။

ဉပမာ။ ခင်ဗျားမနေ့က ဘတ်စ်ကားစီးတော့ စပယ်ယာမသိအောင် ကားခထဲမှာ နှစ်ရာတန်အပြဲတရွက်ကိုညှပ်ပြီး အောင်မြင်စွာဂျင်းထည့်နိုင်ခဲ့တာကို ရုံးကလူတွေကို ကြွယ်ပြတာမျိုး။

ပြီးခဲ့တဲ့သောကြာနေ့က မိန်းလမ်းပေါ်မှာ အချစ်ဦးနဲ့အမှတ်မထင်ပြန်တွေ့တော့ ရင်ခုန်သံတွေဟာ ရှစ်တန်းနှစ်ကအတိုင်း လတ်ဆတ်နေဆဲပဲဆိုတာကို ခင်ဗျားဘော်ဒါတွေနဲ့ဘီယာဆိုင်မှာဆုံတုန်း ပြန်ပြောပြသလိုမျိုး။

ိကိုယ့်အိမ်က ကြက်ကာလသားဟင်း နည်းနည်းငန်သွားတာကို တလောကလုံးသိအောင် ဆိုရှယ်မီဒီယာပေါ်မှာ တင်လိုက်သလိုမျိုးပေါ့ဗျာ။

ဒါတွေအားလုံးဟာ ကွန်းတန့်တွေပါပဲ။ အမျိုးအစားတွေပဲကွာသွားတာပါ။

ဆိုတော့ ကျွန်တော်တို့ နေ့စဉ်ကြုံတွေ့ရတဲ့အကြောင်းအရာတွေထဲမှာ လူမှုရေးပါမယ်၊နိုင်ငံရေးပါမယ်၊ စီးပွားရေး၊ရောင်းဝယ်ရေး စသဖြင့်ပေါ့လေ။

ဒီလိုမျိုး ကိုယ်ကြုံတွေ့ရတဲ့ အကြောင်းအရာတွေ၊ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့အရာတွေကို လူတွေသိအောင် ဖော်ပြခြင်းကို Content လို့ခေါ်ပါတယ်။

ဒီလိုဖော်ပြနေရာမှာ တချို့ကတော့ စာနဲ့ေဖာ်ပြတယ်။တချို့ကျတော့ ပုံနဲ့ပေါ့။ တချို့ကျတော့လည်း ဗီဒီယိုေတွ၊ ပန်းချီတွေ၊ ကာတွန်းတွေ စတာတွေနဲ့ဖော်ပြကြပါတယ်။

ဒါကြောင့် ကွန်းတန့် (Content) ဆိုတာ ကိုယ်လုပ်နေတဲ့အရာ၊ကိုယ်သိစေချင်တဲ့ အကြောင်းအရာကို လူတွေသိအောင် နည်းလမ်းတခုခုနဲ့ ဖော်ပြပေးခြင်းလို့ပဲ ပြောရမှာပါပဲ။

စူပါဆန်းဒေးရဲ့ နောလိပ်ရှဲရင်းကွန်းတန့်လေးကတော့ ဒီလောက်ပါပဲ။ မိတ်ဆွေကရော Content ဆိုတာကို ဘယ်လိုနားလည်ထားပါသလဲ ဖြေပေးခဲ့ပါဦး။

စကားမစပ် ကိုယ့်လုပ်ငန်းအတွက် ကြော်ငြာလိုအပ်တယ်ဆို ကျွန်တော်တို့ကို သတိရလိုက်ပါဗျ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Make It Different...
With K For Content

Want your business to be the top-listed Advertising & Marketing Company in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay