Sigma Solar

Sigma Solar

Share

06/03/2026

⚡️ အင်ဗာတာအရွေးမမှားအောင် လျှပ်စစ်မီးအခြေအနေပေါ်မူတည်ပြီး သိထားရမယ့် 𝐎𝐟𝐟-𝐆𝐫𝐢𝐝 နဲ့ 𝐇𝐲𝐛𝐫𝐢𝐝 ‼️

နေအိမ်/ လုပ်ငန်းခွင်မှာ အရန်ဓာတ်အားပေးစနစ်တစ်ခု (Backup Power Station) တပ်ဆင်တော့မယ်ဆိုရင် စွမ်းအင်လုံလုံလောက်လောက် သုံးနိုင်ဖို အသုံးပြုမယ့်ဝန်အားအပြင် ကိုယ်နေထိုင်ရာဒေသရဲ့ လျှပ်စစ်မီးအခြေအနေကိုပါ ထည့်သွင်းစဥ်းစားဖို လိုပါတယ်။

Backup Power Station ရဲ့ အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အင်ဗာတာရွေးချယ်တဲ့အခါမှာ 𝐎𝐟𝐟-𝐆𝐫𝐢𝐝 နဲ့ 𝐇𝐲𝐛𝐫𝐢𝐝 ဘာတွေကွာခြားလဲဆိုတာ ကြည့်လိုက်ရအောင်။ 👇

◾️𝐎𝐟𝐟-𝐆𝐫𝐢𝐝 အင်ဗာတာ
ဒီစနစ်ကတော့ လျှပ်စစ်မီး လုံးဝမရတဲ့နေရာတွေအတွက် အထူးသင့်တော်ပါတယ်။ 𝐎𝐟𝐟-𝐆𝐫𝐢𝐝 အင်ဗာတာကို ဆိုလာစနစ်နဲ့တွဲသုံးပြီး နေရောင်ခြည်ကရတဲ့စွမ်းအင်ကို ဘတ္ထရီထဲမှာ သိုလှောင်/ ထုတ်သုံးနိုင်ပါတယ်။

👉 ဘာကြောင့်ရွေးချယ်သင့်တာလဲ?
𝐎𝐟𝐟-𝐆𝐫𝐢𝐝 အင်ဗာတာက 𝐇𝐲𝐛𝐫𝐢𝐝 အင်ဗာတာထက် စျေးနှုန်းပိုသက်သာပြီး လျှပ်စစ်မီးလိုင်းကို လုံးဝအားကိုးစရာမလိုဘဲ ကိုယ်ပိုင်စွမ်းအင် ထုတ်လုပ်အသုံးပြုနိုင်ပါတယ်။

👉 သတိပြုဖိုအနေနဲ့ ဆိုလာစနစ်ကို အဓိကထားသုံးတာမို အလင်းရောင်ကောင်းကောင်းမရတဲ့နေ့ရက်တွေမှာ စွမ်းအင်ထုတ်လုပ်မှု လျော့နည်းနိုင်ပါတယ်။

◾️𝐇𝐲𝐛𝐫𝐢𝐝 အင်ဗာတာ
ဒီစနစ်ကတော့ လျှပ်စစ်မီးအလှည့်ကျရတဲ့နေရာတွေအတွက် အထူးသင့်တော်ပါတယ်။ 𝐇𝐲𝐛𝐫𝐢𝐝 အင်ဗာတာကို မီးပျက်တဲ့အချိန်မှာ ဆိုလာစနစ်နဲ့ တွဲသုံးနိုင်ပါတယ်။ ဆိုလာစနစ်ကရတဲ့စွမ်းအင် မလုံလောက်ရင်လည်း မီးလာတဲ့အချိန်မှာ လျှပ်စစ်မီးနဲ့ အားသွင်းအသုံးပြုနိုင်ပါတယ်။

👉 ဘာကြောင့်ရွေးချယ်သင့်တာလဲ?
𝐎𝐟𝐟-𝐆𝐫𝐢𝐝 ရဲ့ Function တွေအကုန်လုံး 𝐇𝐲𝐛𝐫𝐢𝐝 မှာပြန်ပါတာမို Battery တပ်ပြီး 𝐎𝐟𝐟-𝐆𝐫𝐢𝐝 အနေနဲ့ပဲသုံးသုံး၊ မီး ၂၄ နာရီရတဲ့လုပ်ငန်းတွေမှာ Battery ဖြုတ်ပြီး 𝐎𝐧-𝐆𝐫𝐢𝐝 အနေနဲ့ပဲသုံးသုံး နှစ်မျိုးလုံးအဆင်ပြေပါတယ်။ ဆိုလာစနစ်ကို အဓိကထားသုံးမယ်ဆိုရင်တော့ မီတာခ သက်သာနိုင်ပါတယ်။

👉 သတိပြုဖိုအနေနဲ့ 𝐇𝐲𝐛𝐫𝐢𝐝 အင်ဗာတာကို 𝐎𝐟𝐟-𝐆𝐫𝐢𝐝 အနေနဲ့ရော 𝐎𝐧-𝐆𝐫𝐢𝐝 အနေနဲ့ပါ နှစ်မျိုးလုံးအသုံးပြုနိုင်တာမို စျေးနှုန်းပိုမြင့်မားနိုင်ပါတယ်။

🔍 ခြုံငုံပြီးပြောရရင် မီးအလှည့်ကျရတဲ့ မန္တလေးမြိုလို နေရာမျိုးမှာ လျှပ်စစ်မီးလိုင်း၊ ဆိုလာစနစ် နှစ်မျိုးလုံးတွဲသုံးလိုရတဲ့ 𝐇𝐲𝐛𝐫𝐢𝐝 အင်ဗာတာကို ရွေးချယ်တပ်ဆင်တာ အကောင်းဆုံးပါပဲ။

တကယ်လို မိတ်ဆွေတိုရဲ့ နေအိမ်/ လုပ်ငန်းခွင်မှာ အရန်ဓာတ်အားပေးစနစ် (Backup Power Station) တပ်ဆင်ချင်တယ်ဆိုရင် ပစ္စည်းအရည်အသွေးနဲ့ ဝန်ဆောင်မှုပိုင်း ယုံကြည်စိတ်ချရတဲ့ 𝗦𝗶𝗴𝗺𝗮 𝗦𝗼𝗹𝗮𝗿 ကို ဆက်သွယ်နိုင်ပါတယ်။ 📲

🔍 အသေးစိတ် ဆက်သွယ်စုံစမ်းရန်
📞 - 09966335771
📞 - 09968385875
🏠 - 64(A) လမ်း၊ 108 x 109 ကြား၊ ချမ်းမြသာစည်မြိုနယ်၊ မန္တလေးမြို။

#ဆလာ #ဆလာတပ်ဆင် #ဆလာမန္တလေး

Want your business to be the top-listed Computer & Electronics Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


64(A) Street, Between 108th X 109th Street, Chanmyatharzi Township
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00