Nav-Tech Car Rental

Nav-Tech Car Rental

Share

21/07/2020

သီတင်းကျွတ်ရင် မုလအိ မုလအ တောင်ပေါ် ဘုရား ဖူးရအောင်လေ🙏🙏🙏
နတ်ပြည်မှာ.တည်ထားတဲ့အလား တိမ်တောင် တိမ်တိုက်တွေကြားက မုလအိဘုရား
++++++++++++++++++

ကရင်ပြည်နယ်ရဲ့အထင်ကရ နေရာတခု....

ကရင်ပြည်နယ်၊ ဒေသတွင်း အမြင့်ဆုံးတောင်ဖြစ်ပြီး
(၆၅၇၈)ပေမြင့်ပါတယ်။


မိုးရာသီမှာ သွားလာခက်ခဲပြီး ဘုရားဖူးအများစုက
နွေဦးပေါက်စမှ သွားဖူးတာများပါတယ်။
...
ကရင်ပြည်နယ်
မြ၀တီ- ဝေါလေ-စုကလိ လမ်းကနေ သွားလို့ရသလို..

ကော့ကရိတ်-ကျိုက်ဒုံလမ်းကနေလည်း သွားလို့ရပါတယ်။

သို့မဟုတ်..ထိုင်းဘက်ခြမ်း နယ်စပ်ကနေလည်း
သွားလို့ရပါတယ်။
.

တောတောင်ထူထပြီး စေတီဘုရားတည်ရှိတဲ့နေရာဟာ
တောင်အလွန်မြင့်တော့
ဆောင်းရာသီ မြူနှင်းတွေဝေတဲ့အချိန်
မိုးရာသီလို အချိန်တွေမှာ ဘုရားစေတီနီးနား
တောတောင်တမြင်တခွင်မှာ တိမ်စိုင် တိမ်လိတ်တွေနဲ့
ဖုံးလွှမ်းနေတတ်ပါတယ်။

+
+
လေအေးတွေလည်း စဉ်ဆက်မပြတ်
အမြဲတမ်းတိုက်နေတော့ (တခါတလေ ခပ်ကြမ်းကြမ်းတိုက်နေ)
ဘုရားဖူးသူအဖို့ အနွေးထည်တွေ လုံလုံလောက်လောက်
ယူဆောင်သွားဖို့လိုအပ်ပါတယ်။


ဆောင်းညတွေဆို မြူနှင်းကျသံ ``တဖျောက်ဖျောက်``
ကလည်း မိုးကြီးရွာချသလို ထင်မှတ်မှားလောက်အောင်ပါဘဲ။


မုလအိစေတီဘုရာဟာ သမိုင်းရာဇ၀င်အရ မြတ်စွာဘုရားရဲ့
ဆံတော်ရှင် ဌာပနာထားတဲ့ ဘုရားတဆူလို့ဆိုပါတယ်။
..

စေတီဘုရားနဲ့၀န်းကျင် တောတောင်ရေမြေတွေဟာ
သန့်ရှင်းစင်ကြယ်တဲ့ နယ်မြေဖြစ်ပြီး ဘုရားဖူးသူများ
အနေဖြင့် အရက်သေစာသောက်စားခြင်း၊ သားငါးစားခြင်း(သက်သတ်လွတ်နယ်မြေ)၊ကြမ်းတမ်းစကားပြောဆိုခြင်း၊ သမီးရည်းစားမဖွယ်မရာ(လက်ကိုင်ခြင်းမှစ)လုပ်ဆောင်ခြင်း၊
ခိုက်ရန်ဖြစ်ပွါးခြင်း၊ မဟုတ်မမှန်သောစကားပြောဆိုခြင်း များကို လုံးဝရှောင်ကြဉ်ရပါတယ်။


ငှင်းရှောင်ကြဉ်ရသော အရာတခုခု ဖေါက်ပြန်ပါက
အချိန်အခါမဟုတ် လေကြီးမိုးကြီးရွာသွန်းခြင်း၊
မိုးကြိုးပစ်ခြင်း၊ တောကောင်များ(ကျားအပါအ၀င်)က
လူသားများကို အန္တရာယ်ပြုခြင်းများနဲ့ကြုံရတတ်တယ်
လို့ဆိုပါတယ်။
.

တောင်ထိပ်ကိုတက်ပြီး ခရီးတထောက်မှာ
ကိုယ်လက်သန့်စင်ခြင်း၊ ခေါင်းလျှော်/ခေါင်းဆေးပြီးမှ
စေတီဘုရားကို တက်ဖူးရပါတယ်။

မုလအိတောင်ထိပ်မှာ သီလမစင်ကြယ်၊
သမာဓိအားမကောင်းတဲ့
ရဟန်းသံဃာတွေဆိုလျှင် သီတင်းသုံးမမြဲခြင်း၊
ပြည်သူများအနိုင်ကျင့်စော်ကားတဲ့
နိုင်ငံတော်အကြီးအကဲများ
ရောက်လာလျှင် ကြောက်မက်ဖွယ်ရာ
လေကြီးမိုးကြီး ၊
မိုးကြိုးပစ်ခြင်း အတိတ်
နိမိတ်တွေနဲ့ကြုံရတတ်ပါတယ်။
..

တောင်ထိပ်မှာ အမျိုးသမီးများ ဖူးမျှော်တဲ့ဘုရားနဲ့၊
အမျိုးသားများသာ ဖူးမျှော်တဲ့ဘုရားရှိပါတယ်။
..

ကြည်ညိုသူများ သွားရောက်ဖူးမျှော်နိုင်သလို
ရေမြေ တောတောင် သဘာ၀အလှတရားတွေကို
ချစ်မြတ်နိုးသူအနေနဲ့လည်း သွားရောက်
လည်ပတ်နိုင်ပါတယ်။
...

လောဘ ဒေါသ အာဃာတစစ်ပွဲ၊
အမုန်းတရားတွေ၊ ပူပင်သောကတွေနဲ့ပြည့်နက်နေတဲ့
ပတ်၀န်းကျင်တွေကို
ခဏတာမေ့ထား/ပစ်ထားပြီး......

သီလသမာဓိရှိရာ၊
သန့်ရှင်းစင်ကြယ်မှုရှိရာ၊လောဘ ဒေါသတွေကင်းဝေးရာ၊
စိတ်နှလုံး အေးချမ်းရာ ၊ တောစောင့်နတ်ကောင်း၊
တောင်စောင့်နတ်ကောင်း၊ နတ်ကောင်းနတ်မြတ်၊
သူတော်စင်တို့ရှိရာ ၊ အမှန်တရားရှိရာ၊ အရပ်တခုမှာ
ခဏတာလေးဘဲဖြစ်ဖြစ် သွားရောက်လည်ပတ်ကြဖို့
ပုထုဇဉ်လူသားအားလုံးကို တိုက်တွန်း နိုးဆော်လိုက်ပါ၏။

+++++++++++

ငြိမ်းချမ်းမှုတခုခုကို
သင် ရယူပိုင်ဆိုင်လိမ့်မယ်လို့လည်း မျှေ်လင့်မိပါ၏။+++++++++++++

ကော်သူးလေ
၁၂ မတ်လ ၂၀၁၈

14/03/2020

၁၄.၀၃. ၂၀၂၀ ရက်​နေ့ NAV-TECH ဂိတ်မှာ
မြဝတီတွဲကား ၃ စီး ရန်ကုန် ၆ ဘီး ၂ စီး ကုန်အတင်

Photos from Nav-Tech Car Rental's post 05/03/2020
02/03/2020

ဘားအံ - မြဝတီ - မဲ​ဆောက်​စျေး သို့

​နေ့စဥ် မနက် ၈း၃၀ နာရီ နှင့် ၉း၀၀ နာရီ
အချိန်တို့တွင် ခရီးသည် တစ်ဦးလျှင် တိုက်ရိုက်
အသွားကားခ တစ်​သောင်းခွဲကျပ် ( ၁၅၀၀၀ ) နှုန်းဖြင့်

ဘားအံ မှ လိုင်းကား များစတင်ပြေးဆွဲ​နေပါပြီ။

ဘားအံမှ ​နေ့စဥ် ပုံမှန်
ခရီးသည် တစ်ဦး တစ်​ယောက်
ရှိခဲ့လျင်လည်း ကားထွက်​ပေးပါသည်။
ကားတစ်စီးလျင် ခရီးသည် ( ၇ ) ဦးသာတင်ပါသည်။

လိုင်း ကားစတင်ထွက်သည့်နေရာ NAV-TECH ကားဂိတ် ကမ်းနားလမ်း River View Hotel ​ရှေ့တွင်စထွက်ပါသည်

မှတ်ချက် ။ ​မဲ​ဆောက်အထိသွားမည့် ခရီးသည်များ ယာယီနိုင်ငံကူးလက်မှတ်​ကို ကိုယ်တိုင်လုပ်ရမည်။

ဘားအံမြို့ထဲ အနီးစပ်ဆုံးနေရာ လိုက်ကြို​ပေးပါသည်

မဲ​ဆောက်သို့ မိသားစုလိုက်အလည်အပတ်
ခရီးသွားလိုသူများလည်းစျေးနှုန်းသက်သာစွာဖြင့်
ကားစင်းလုံးငှာရမ်း​ပေးပါသည်။

ကားလက်မှတ်ကြိုတင်ဝယ်ယူလိုလျင်
ဖုန်း 09777728636 ,09751702590

-TECH

Photos from Nav-Tech Car Rental's post 02/03/2020

ဘားအံ ဘားကမ့်ဂူမှာရှိတဲ့ လင်းနို့

လင်းနို့အထူးပြုနဲ့ PhD ယူခဲ့တဲ့ မန်းတက္ကသိုလ်က တွဲဖက်ပါမောက္ခ ဒေါက်တာမိုးမိုးအောင်ရဲ့ မင်္ဂလာတောင်ညွန့်က လင်းနို့သိုက်အကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Moe Moe Aung .
ရန်ကုန်မြို့။ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ လူမနေသေးသော တိုက်ခန်း များတွင် ရှိနေသည့် လင်းနို့များအား သုတ်သင်ရှင်းလင်းမည် ဆိုသည့် အကြောင်းအရာနှင့် ပတ်သက်၍-
--
အပိုင်း ၁။
အခုတလော ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ် (COVID 19) ကြောင့် ဖြစ်လာတဲ့ ရောဂါဟာဆိုရင် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကူးစက်နေပါတယ်။

ဒီရောဂါကြောင့် လူတွေဟာ စိတ်ခြောက်ခြားနေရပါတယ်။ ဒီရောဂါဟာ လင်းနို့ကြောင့်ဖြစ်ရတယ် ဆိုပြီးလည်း မီဒီယာတွေက ကြေငြာတော့ ကျွန်မတို့နိုင်ငံက တာဝန်ရှိသူတွေကလည်း ထိတ်လန့်စိုးရိမ်ပြီး ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာရှိတဲ့ လူမနေသေးတဲ့ တိုက်ခန်းတွေ မှာနေတဲ့ လင်းနို့တွေကို သုတ်သင်ရှင်းလင်းမယ်ဆိုပြီး DVB ကကြေငြာသွားပါတယ်။

ကျွန်မကတော့ လင်းနို့တွေကို သုတ်သင်ရှင်းလင်းမယ်ဆိုတဲ့ သတင်းကို ကြားရမှသာ ထိတ်လန့်မိပါတော့တယ်။ ဘာလို့လည်းဆိုတော့ ရှင်းလင်းမယ့်သူတွေမှာ လင်းနို့နဲ့ပတ်သက်ပြီး အသိပညာဗဟုသုတ ဘယ်လောက်ထိရှိလဲ? ဘယ်လိုနည်းလမ်းတွေသုံးပြီး ရှင်းလင်းမှာလဲ။ရှင်းလင်းလိုက်ရင် နောက်ဆက်တွဲ ဂေဟစနစ်ကို ဘယ်လိုတွေ ထိခိုက်နိုင်လဲဆိုတာတွေကို သိဖို့လိုပါတယ်။

အခုလို မရှင်းဘဲ ထားလိုက်ရင်ရော ကိုရိုနာဗိုင်းရပ်ရောဂါဖြစ်လာနိုင်သလား စသည်ဖြင့် မေးခွန်းတွေအများကြီးပေါ်ထွက်လာပါတယ်။

ကျွန်မကဘာလို့ ဒီလိုပြောရသလဲဆိုရင် ကျွန်မရဲ့ ပါရဂူဘွဲ့ (PhD)ကို လင်းနို့သုတေသနလုပ်ပြီး လေ့လာခဲ့တာပါ။ လင်းနို့သုတေသနကို ၂၀၀၂ ခုနှစ်မှစပြီး ယခုအချိန်ထိ စဉ်ဆက်မပြတ်လုပ်နေတာ ပါ။လင်းနို့အကြောင်း အနည်းငယ်ပြောပြပါရစေ။လင်းနို့တွေကို အကြမ်းအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ်။

၁။ အသီးစားလင်းနို့ ( Fruit Bat)အရပ်ခေါ် လင်းဆွဲနှင့်
၂။ အင်းဆက်စားလင်းနို့ ( Insectivorous Bat) တို့ဖြစ်ပါတယ်။

သူတို့တွေက ညအချိန်မှာ အစာရှာလေ့ရှိပြီး နေ့ခင်းဖက်မှာ သူတို့နေတဲ့ နေရာတွေမှာ အနားယူလေ့ရှိပါတယ်။

အသီးစားလင်းနို့တွေက အသီးတွေကို တပင်ပြီးတပင် သွားရောက်စားလေ့ရှိပါတယ်။ သူတို့က အသီးရဲ့ အသားတွေကိုသာစားသုံးပြီး အစေ့တွေကို မချေဖျက်နိုင်ပါဘူး။ နောက်ပြီး သူတို့ကပျံသန်းအစာရှာနေရင်း မစင်စွန့်ကြပါတယ်။ မစင်ကျတဲ့နေရာတွေမှာ မစင်ထဲမှာပါတဲ့ အစေ့တွေကနေ အပင်သစ်တွေပြန် ပေါက်ပါတယ်။ ဒါကြောင့် အသီးစားလင်းနို့တွေဟာ သစ်တောပြန်လည် တည်ဆောက်ခြင်း ( Forest Regeneration) မှာ အစေ့များကို ပြန့်ကျဲပေးသူ ( Seed Disperser) အနေနဲ့ အရေးပါပါတယ်။ ဒါ့အပြင် အသီးစားလင်းနို့ထဲမှာ ဝတ်ရည်စုပ်တဲ့ လင်းနို့တွေလည်း ရှိပါတယ်။ သူတို့ကလည်း တပင်ပြီးတပင် ဝတ်ရည်စုပ်ပြီး ဝတ်မှုန်ကူးခြင်းလုပ်ငန်းကို လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် ပန်းပွင့်များကို ဝတ်မှုန်ကူးပေးသူ ( Pollinator) အနေနဲ့ အကျိုးပြုပါတယ်။

ဒုတိယတစ်မျိုးဖြစ်တဲ့ အင်းဆက်စားလင်းနို့တွေက စိုက်ခင်းတွေမှာ ကျရောက်တဲ့ အင်းဆက်ဖျက်ပိုးတွေ။ ခြင်တွေကို ညတိုင်းအကောင်ရေများစွာ စားသုံးလေ့ရှိပါတယ်။ သူတို့ရှိခြင်းအားဖြင့် အင်းဆက်တွေ။ ခြင်တွေကို ဓါတုဆေးသုံးပြီး နှိမ်နင်းစရာ မလိုဘဲ သက်ရှိကို သက်ရှိဖြင့်နှိမ်နင်းခြင်း (Biological Control) အတွက် အရေးပါပါတယ်။

ဒါအပြင် လင်းနို့ချေးကိုလည်း မြေသြဇာအဖြစ် အသုံးပြုလို့ရတဲ့အတွက် စီးပွါးရေးကိုလည်း အထောက်အကူပြုပါတယ်။
-----
အပိုင်း ၂။

ရန်ကုန်မြို့ ။ မင်္ဂလာတောင်ညွှန့်မြို့နယ်။ လူမနေသေးတဲ့တိုက်ခန်းတွေမှာရှိနေတဲ့ လင်းနို့တွေဟာ အင်းဆက်စားလင်းနို့တွေပါ။

ဒီလင်းနို့တွေဟာ ယခင်က ရွှေတိဂုံဘုရား စောင်းတန်း မျက်နှာကျက်တွေမှာ နေတဲ့ လင်းနို့တွေဖြစ်နိုင်ပြီး ဘုရားစောင်းတန်းတွေ ပြုပင်မွမ်းမံမှုတွေကြောင့် အခုလို လူမနေတဲ့ အခြားနေရာတွေကို ပြောင်းရွှေ့လာခြင်း ဖြစ်နိုင်ပါတယ်။

ဒီလင်းနို့တွေဟာ အုပ်စုတစ်ခုမှာအကောင်ရေ သန်းချီပြီး နေလေ့ရှိပါတယ်။ ဒီလင်းန်ို့ အုပ်စုမျိုး ကျွန်မတို့မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာရှိပါတယ်။

ကျွန်မ ပြောချင်တာက လင်းနို့တွေ သူတို့ဖာသာရှိနေခြင်းက လူတွေကို မထိခိုက်ပါဘူး။ ကျွန်မဆိုရင် လင်းနို့တွေကို ကိုယ်တိုင် ကိုင်တွယ်ပြီး သုတေသနလုပ်နေတာ နှစ်ပေါင်းများစွာရှိနေပါပြီ။ အခုအချိန်ထိ ဒါတွေကိုကိုင်တွယ်လို့ဆိုပြီး မည်သည့်ရောဂါမှ မဖြစ်ပါဘူး။ လင်းနို့မှာ ပြင်ပနဲ့ အတွင်းကပ်ပါးပိုးတွေရှိပေမယ့် စနစ်တကျကိုင်တွယ်လျှင် ရောဂါမဖြစ်ပါ။

ဒီလင်းနို့အမျိုးအစားတွေက အကောင်ရေ အများကြီး စုနေတဲ့အတွက် သူတို့ရဲ့ ချေးတွေကို မြေသြဇာပြုလုပ်ရန် ကန်ထရိုက်ပေးပြီး ရောင်းစားကြပါတယ်။

ဘားအံ ဘားကမ့်ဂူမှာရှိတဲ့ လင်းနို့တွေကလည်း ဒီအမျိုးအစားတွေပါဘဲ။ ဘားကမ့်ရွာသားတွေက လင်းနို့ချေးကို ကန်ထရိုက်ယူပြီး တဆင့်ပြန်ရောင်းစားရတာပါ။

အမေရိကန်နိုင်ငံ Smithsonian Institute ကကြေငြာတဲ့ ကိုရိုနာဗိုင်းရပ်အသစ်တွေ့တယ်ဆိုတာ အဲဒီဂူကပါ။

ကျွန်မက အဲဒီ Smithsonian Institute နဲ့ Predict- Myanmar အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဘားအံမှာရှိတဲ့ လင်းနို့ဂူတွေကို ၂၀၁၆ ခုနှစ်က သွားရောက်လေ့လာခဲ့ပါတယ်။ ကျွန်မတို့အဖွဲ့လေ့လာတာကလည်း လင်းနို့ချေးတွေကို နမူနာကောက်ယူပြီး သူ့မှာပါဝင်တဲ့ ဗိုင်းရပ်တွေကိုလေ့လာတာပါ။

ကျွန်မတို့ အဲဒီကိုမသွားခင် ကိုယ့်ကိုကိုယ် ကာကွယ်တဲ့ဝတ်စုံ (PPE) ဝတ်ဖို့ ရန်ကုန်မှာအရင် ကျွန်မတို့ကို သင်တန်းပေးပါတယ်။ ဂူကို ဝင်တော့လည်း အဲဒီဝတ်စုံနဲ့ ဝင်ရပါတယ်။ အရင်က ကျွန်မ ဘယ်ဂူကိုသွားသွား PPE မဝတ်ခဲ့ပါဘူး။ ဟိုရောက်တော့ ဘားကမ့်ရွာက လင်းနို့ချေး ကန်ထရိုက်ကို ခေါ်ပြီး ဂူထဲကို ဝင်တော့ ကျွန်မတို့ကို ဂူထဲလိုက်ပြပေးတဲ့ အမျိုးသမီးက က ျွန်မတို့လိုဝတ်စုံ ဝတ်မထားပါဘူး။ အဲဒါနဲ့ နိုင်ငံခြားသားက အဲဒီအမျိုးသမီးမှာ ဘာရောဂါရှိလဲ မေးပါတယ်။ သူ့မှာလည်း ဘာရောဂါမှမရှိပါ။ လင်းနို့ချေးကိုတောင် လက်ဗလာနဲ့ကျုံးတာပါ။ နိုင်ငံခြားသားလည်း အံ့သြပြီး ရွာကလူတွေကိုလည်း ဘာရောဂါဖြစ်လည်းမေး။ အိမ်မွေးတိရစ္ဆာန်တွေသေတာရှိလားမေးပါတယ်။ ဘယ်သူမှ ရောဂါမရှိ။ တိရစ္ဆာန် သေတာလည်းမတွေ့ရတော့ သူတို့အံ့သြသွားပါတယ်။

ကျွန်မဆိုလိုတာက လင်းန်ို့တွေရှိနေရုံနဲ့ လူတွေကို မထိခိုက်နိုင်ပါဘူး။ သူတို့ကလည်း လူတွေမရှိတဲ့နေရာတွေမှာ နေတာပါ။ အခုမြန်မာနိုင်ငံမှာ ဗိုင်းရပ်အသစ်တွေ့ပေမယ့် ရောဂါဖြစ်တယ်ဆိုတာ မတွေ့ရသေးပါဘူး။ ဒါကြောင့် အရမ်းမစိုးရိမ်ဘဲ လင်းနို့နဲ့ဆက်စပ်လုပ်ကိုင်နေတဲ့သူတွေ အနေနဲ့ ကိုယ့်ကိုကိုယ် ရောဂါမဖြစ်အောင် အကာအကွယ်ယူပြီး လုပ်ကိုင်ဖို့လိုအပ်ပါတယ်။

ဒါ့အပြင် ဒီဘားကမ့်ဂူထဲက လင်းနို့တွေ ညနေအစာရှာထွက်ချိန်ဆိုရင် ဂူဘေးမှာ နိုင်ငံခြားသားတွေ လင်းနို့ထွက်တာကို လာကြည့်ကြပါတယ်။ ဒါကြောင့် Tourist attraction တစ်ခုလည်းဖြစ်ပြီး ကိုယ့်နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေလည်း တိုးစေပါတယ်။

အခုနှစ် ကျွန်မတို့ဌာနမှာ လင်းနို့ချေးထဲက ကပ်ပါးပိုးတွေကို လေ့လာနေတဲ့ MSc ကျောင်းသူ၂ ယောက်လည်းရှိပါတယ်။ အခုချိန်မှာ ရောဂါတွေကဖြစ်နေတော့ သူတို့လည်း လက်အိတ်တို့ Mask တို့ဝတ်ဆင်ပြီး လင်းနို့ချေးကို ကိုင်တွယ် သုတေသနပြုလုပ်နေပါတယ်။

လင်းဆွဲတွေဆိုရင် လူနေအိမ်ဝင်းတွေထဲရှိတဲ့ အပင်တွေမှာ နေပါတယ်။ ကျွန်မ PhD သုတေသနလုပ်တဲ့ လင်းဆွဲတွေဟာ ဘုန်းကြီးကျောင်းဝန်းထဲက အပင်ကြီးတွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်း လေးဆယ်လောက်ထဲက နေတာပါ။ အဲဒီကျောင်းဝန်းထဲကလူတွေကို ဘာမှ ထိခိုက်မှုမရှိပါဘူး။

ဒါကြောင့် စိုးရိမ်လွန်ပြီး လင်းနို့တွေကို သုတ်သင်ရှင်းလင်းလိုက်မယ်ဆိုရင် ကိုယ့်နိုင်ငံရဲ့သက်ရှိ အရင်းအမြစ်တွေ ဆုံးရှုံးရပြီး ဂေဟစနစ်ကြီးပျက်စီးပြီး လူတွေဒုက္ခရောက်ပါလိမ့်မယ်။

အခုတရုတ်နိုင်ငံက စတင်ဖြစ်ပွားတဲ့ ပြင်းထန်တဲ့ရောဂါဟာ ဘယ်လို အကြောင်းတွေကြောင့်ဖြစ် ရတယ်ဆိုတာ လူတိုင်း သိပြီးဖြစ်ပါတယ်။ဒါကြောင့် လူသားတွေကို အကျိုးပြုတဲ့ လင်းနို့တွေ မဖျက်ဆီးဖို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံအပ်ပါတယ်။

လေးစားမှုဖြင့်-
ဒေါက်တာမိုးမိုးအောင်
တွဲဖက်ပါမောက္ခ
သတ္တဗေဒဌောန
မန္တလေးတက္ကသိုလ်။

credit ~Moe Moe Aung
photo credit GOOGLE

Want your business to be the top-listed Autos & Automotive Service in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


SH85
Mandalay