Step Up Academic Solutions

Step Up Academic Solutions

Share

04/10/2022

𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽𝘀 နဲ့ သက်ဆိုင်တဲ့ မေးခွန်းများ "အခမဲ့" ဆွေးနွေးနိုင်ဖို့ Step Up Academic Solutions က 𝗙𝗿𝗲𝗲 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 𝗖𝗼𝘂𝗻𝘀𝗲𝗹𝗹𝗶𝗻𝗴 𝗦𝗲𝘀𝘀𝗶𝗼𝗻 လေး ပထမဆုံး အနေနဲ့ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ် ❤️

ဟုတ်ကဲ့ အဲဒါဆိုရင်

😃- ဘယ်သူတွေက counselling ပေးမှာလဲ ???

Step Up Academic Solutions မှာပါတဲ့ member တွေအားလုံးက နိုင်ငံတကာက မေဂျာရပ် ပေါင်းစုံမှာ fully-funded scholarships တွေ ရရှိထားတဲ့ မြန်မာ နိုင်ငံက ကျောင်းသားတွေအပြင် နိုင်ငံခြားသား ကျောင်းသားတွေပါ အတူစုပေါင်းဖွဲ့စည်းထားတဲ့ အတွက် သူတို့လို
အရည်အချင်းရှိတဲ့ fully- funded scholarships winner လေးတွေက knowledge sharing လုပ်ပေးသွားမှာပါ

😀- ဘယ်လို counselling ပေးမှာလဲ ???

ပထမဆုံး Counselling session အနေနဲ့ Step Up Academic Solutions က scholarship winner member ၂ ဦး နဲ့ စိတ်ဝင်စားသူ ကျောင်းသူကျောင်းသားများကို
Zoom meeting လေး လုပ်ပေးပြီး Scholarships နဲ့ သက်ဆိုင်တဲ့ မိမိ ကြိုက်နှစ်သက်ရာ မေးခွန်းလေးတွေ ကို Free Counselling Session ၂ နာရီ အတွင်း Questions & Answers အစီအစဥ္လေး စီစဥ္ပေးသွားမှာ ဖြစ်ပါတယ်

😃- Free counselling session ကို join ဖို့ ကန့်သတ်ချက် ရှိပါသလား

ဟုတ်ကဲ့ ကန့်သတ်ချက် မရှိပါဘူး လူတိုင်း join နိုင်ပါတယ် (!!! ဒါပေမယ့် meeting အတွင်းမှာ စည်းကမ်းရှိဖို့တော့ လိုပါမယ်နော်!!! )
ဒီမှာပြောချင်တာကတော့
*** မိမိဘက်က scholarship ကို လျှောက်ထားဖို့ ပြင်ဆင်နေတယ် တကယ် scholarship ကို try ချင်တယ် ဒါပေမယ့် ဘယ်က ဘယ်လို စလုပ်ရမလဲ မသိဘူး လမ်းပျောက်နေတယ် ဆိုတဲ့ သူမျိုးတွေ တကယ် Join သင့်ပါတယ်နော်***

😀- Join တဲ့ ကျောင်းသူ ကျောင်းသားတွေ အတွက် ဘယ်လို အကျိုး ရှိမှာလဲ

Free counselling session ၂ နာရီအတွင်းမှာ အတွေ့အကြုံရှိတဲ့ scholarship winner တွေရဲ့ tips တွေ, အတွေ့အကြုံတွေ, scholarship လျှောက်ထားဖို့ ဘာတွေလိုအပ်လဲ, ဘယ်လိုတွေ ပြင်ဆင်ရမှာလဲ အပြင်
join တဲ့ လူတွေရဲ့ မေးခွန်းတွေ အကုန်လုံးကိုပါ ဖြေ ကြားသွားမှာ ဖြစ်တဲ့ အတွက် တကယ်ကို scholarship ကို try ချင်နေတဲ့ ကျောင်းသားကျောင်းသူတွေ အတွက် အကျိုးရှိစေမှာပါနော်

နောက်ဆုံး အချက်အနေနဲ့ ပြောချင်တာကတော့ counselling ပေးမယ့် scholarship winner member တွေကလည်း တကယ်ကို friendly ဖြစ်လို့ မိမိ နှစ်သက်ရာ scholarship နဲ့ သက်ဆိုင်တဲ့ မေးခွန်းလေးတွေကို Zoom meeting အတွင်းမှာ မတွန့်မဆုတ်မေးနိုင်မှာပဲ ဖြစ်ပါတယ်

😃- လူဦးရေ ကန့်သတ်ချက် ရှိပါသလား

ဟုတ်ကဲ့။ ထိရောက်တဲ့ scholarship counselling section လေး ဖြစ်ဖို့ အများဆုံး ၁၀ ယောက်ပဲ လက်ခံ ပေးသွားမှာပါ (ဒါပေမယ့် free section လေးကို မကြာကြာ ပြုလုပ်သွားဖို့ ရှိတဲ့ အတွက် ပထမဆုံး free counselling section မှာ မပါခဲ့ သော် နောက်ထပ် အခွင့်အရေးတွေ ရှိပါသေးတယ်နော်)

ဘယ်နေ့ ဘယ်ချိန်လဲ နဲ့ zoom link လေးကို သိချင်တယ်ဆိုရင်တော့ Step Up Academic Solutions page လေးကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့ နော်

Don't forget to share your friends about this page.

Sharing is caring. ❤️

See you soon with the updated news for the zoom link. 😉

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay