Pyae Phyoe Aung
3. ဂရန်အတု/အစစ်ဘယ်လိုခွဲမလဲ
ရန်ကုန်မြို့တော်စည်ပင်ဂရန်မျက်နှာဖုံးက သားရေအစိမ်းရင့်၊ မန္တလေးမြို့တော်စည်ပင်ဂရန်မျက်နှာဖုံးက အညိုရောင်ဖြစ်ပါတယ် တွန့်ကြေခြင်းမရှိပါ။
ဌာနတံဆိပ်မှာ ရွှေရောင်ဖြစ်ပြီး လက်နှင့်ပွတ်ကြည့်လျှင် ကြမ်း၍ဖောင်းကြွ ဖြစ်ပါတယ်။
အိုးအိမ်ဂရန် မှာ အပြာရောင်ဖြစ်ပါတယ်
( အတုမှာနက်ပြာရောင်သို့မဟုတ်အစိမ်းပုတ်ရောင်ဖြစ်ပြီးဌာနတံဆိပ်မှာကြမ်းမနေပါ။)
ဌာနတံဆိပ်ရေစာမှာအပြာနုဖြစ်၍ထင်ရှားပြီး မှုံဝါးမနေ၊အရောင်မှာအရမ်းတောက်ပမနေပါ။
စာအုပ်ချုပ်ထားတဲ့ချုပ်ရိုးမှာ သပ်သပ်ရပ်ရပ်ဖြစ်နေပြီး အပ်ပေါက်ရာနှင့်ချုပ်ထားသောချုပ်ရိုးစများအပြင်သို့ထွက်မနေပါ။
(အတုမှာချုပ်ထားသောကြိုးစများထွက်နေပြီးကြိုးထက်အပ်ပေါက်ရာကကြီးနေတက်ပါတယ်)
စာရွက်ရဲ့အသားဟာထူပြီး ချောနေပါတယ်။ စာရွက်ကို ထောင်ကြည့်လျှင် ရေစာသည် အရောင်ဖျော့ပြီးပြတ်သားစွာမြင်ရပါတယ်။
(အတုသည် ရေစာအားColourprinterဖြင့်ထုတ်ထားသဖြင့်အရမ်းထင်းလွန်းပြီး စာရွက်သားမှာ မထူပါ။စာလုံးများအားပွတ်ကြည့်လျှင် အရောင်ပျက်သွားပါသည်။)
မြေပုံဆွဲသည့်အခါအဝိုင်းများနှင့်မြေကွက် ဘောင်ခတ်ခြင်း အားမှင်နီဖြင့်ဆွဲပြီးလက်ရာမှာ သေသပ်ပြီး အစွန်းများထွက်မနေပါ။
လိုင်းများညီညာလွန်းပါတယ် စာသားအားအနက်ဖြင့် သာရေးလေ့ရှိပါတယ်
(အတုမှာဘောင်လိုင်းများအစွန်းထွက်ပြီးစာသားအား မှင်ပြာဖြင့်ရေးလေ့ရှိပါတယ်။)
ဟော်လိုဂရမ်မှာ အစစ်ရော အတုမှာပါ ပါလေ့ရှိပါတယ်။
ဒီအချက်တွေနဲ့တိုက်စစ်ခြင်းဖြင့်အတု/အစစ်ခွဲခြားနိုင်ပါတယ်။
Credit-OriginalUploder
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay