IBGS - iPhone Back Glass Service

IBGS - iPhone Back Glass Service

Share

05/05/2024

မနက်ဖြန် ချိန်းထားတဲ့ နောက်မှန်လဲ အလုံးလေးတွေ
ညပိုင်း လေဆာပစ် ✨
....

ခုရက်ပိုင်း Service အလုံးလေးတွေ များနေလို့
နောက်မှန်လဲတာလေးတွေ အတွက်
အချိန် တစ်ရက်ခွါ ချိန်းပြီး လုပ်ပေးနေပါတယ် 🤝

Page မှာ စာပြန်နောက်ကျနေရင် ဖုန်းလေး ဆက်ပေးပါ။
....






No.233/29
34B St Bet 76*77 Street.
Mandalay.

09945566656
....

15/04/2024

ဖုန်းရေဝင်သွားရင် ဒါလေးတွေ မဖြစ်မနေ လုပ်ပါ ✅

ဖုန်းရေဝင်ရင် ဒါတွေလုပ် ✅ 99% Safe ဖြစ်မယ် ❗️

…..

၁) ဖြစ်နိုင်ရင် ဓါတ်ခဲကိုဖြုတ် ( အရေးအကြီးဆုံး )

ရေဝင်ဝင် ချင်းသာ ဓါတ်ခဲကို အမြန်ဆုံး ဖြုတ်လိုက်နိုင်မယ်ဆိုရင် ရေဝင်ဖုန်းတွေရဲ့ 90% နီးပါးက အပျက်အစီး ကြီးကြီးမားမား ဖြစ်မှာ မဟုတ်ပါဘူး။

မြန်မြန်ဖြုတ်နိုင်လေ၊ ကောင်းလေ ပါပဲ။

ကိုယ်တိုင် မဖြုတ်တတ်ရင် နီးစပ်ရာ ကျွမ်းကျင်တဲ့ ဆိုင်ကို သွားလိုက်ပါ။
....

2) ဖုန်းကို ပါဝါ ပိတ်

ဖုန်းတွေမှာ

1.Stand By
2.Power On
3.Operational ဆိုပြီး

အဓိက ပါဝါပိုင်း ( ၃ ) ပိုင်း ပါပါတယ်။

ဖုန်းကို ပါဝါပိတ်လိုက်ခြင်း အားဖြင့် Power On ပိုင်း နဲ့ Operational ပိုင်းမှာ ရှိနေတဲ့ အစိတ်အပိုင်းတွေရဲ့ ပျက်စီးခြင်းကို 99% နီးပါး ကာကွယ်ထားနိုင် ပါလိမ့်မယ်။
....

3) အားသွင်းကြိုး ( လုံးဝ ) မထိုးပါနဲ့။

တော်တော်များများက ဖုန်း ရေဝင်သွားရင် ပါဝါလာသေးလား ဆိုပြီး အားသွင်းကြိုး ထိုးကြည့် တတ်ပါတယ်။

အားသွင်းကြိုး ထိုးလိုက်ခြင်းက ပါဝါပိုင်းတွေကို အလုပ်လုပ်ဖို့ Activate လုပ်လိုက်သလို ဖြစ်ပြီး နဂိုက မပျက်စီးသေးတဲ့ အစိတ်အပိုင်းတွေ ကိုတောင် ပျက်စီးသွားစေ ပါလိမ့်မယ်။
....

4) Functional Test မလုပ်နဲ့

လူ အများစုက ဖုန်းထဲ ရေဝင်သွားရင် ဟိုဝါ ကောင်းသေးလား၊ ဒါကောင်းသေးလား စမ်းကြည့်ချင် ကြပါတယ်။

ဥပမာ ( ကင်မရာ ရသေးလား စမ်းတာ၊ အားဝင်သေးလား စမ်းတာ၊ ဖုန်းစမ်းခေါ်ကြည့်တာ )

ဖုန်းထဲက ရေမခြောက်ခင် အဲ့လိုစမ်းတာတွေ ( လုံးဝ ) မလုပ်မိဖို့ အရေးအကြီးဆုံး ပါဘဲ။
....

5) ပါဝါလာပြီး သုံးလို့ရနေသေးလဲ ဆိုင်မှာ သွားစစ်ပါ။

အများစုက ရေဝင်ပြီးနောက် ဖုန်းက ပါဝါလာသေးရင် ဘာမှ မဖြစ်ဘူး အထင်နဲ့ ခန စမ်းသုံး ကြည့်တတ်ပါတယ်။

အဲ့ဒီလိုနဲ့ ကြာလာမှ ပျက်သွားရင် ပြင်ရ ပိုခက်တာ၊ ပြုပြင်ချိန် ပိုပေးရတာ၊ ကုန်ကျစရိတ် ပိုကုန်ကျတာ မျိုးတွေ ဖြစ်တတ်ပါတယ်။

iPhone 13 Series နဲ့ အထက် iPhone Model များအတွက် အရင်က ဖုန်း Display ကို ကြိုးပြားလဲ ထားတာ၊ အပေါ်မှန်လဲထားတာ၊ နောက်မှန်လဲထားတာ၊ စက်ဖွင့်ထားတာ မျိုးတွေ ရှိရင် ဖုန်းကို မဖြစ်မနေ ဖွင့်စစ်ပြီး ရေ အခြောက်ခံ သင့်ပါတယ်။

ရေဝင်စမှာ Display က ကောင်းနေပြီး၊ ဖုန်းကို သုံးလိုက်မှ Display ပါ ပျက်သွားတာမျိုးတွေ အဖြစ်များပါတယ်။ ❗

ဖုန်းကို ကိုယ့်လက်ထဲမှာ မပြင်ထားဖူးရင်တောင် ကိုယ်က တစ်ခြားသူထဲက ဝယ်ထားတာမျိုး ဆိုရင် ဖုန်းကို အရင်က ဘာလုပ်ထားလဲ မသိရ နိုင်ပါဘူး။

အဲ့တာကြောင့် သံသယ ရှိရင် ကျွမ်းကျင်ရာ ဆိုင်မှာ
အချိန် မဆွဲဘဲ အမြန် စစ်ကြည့်လိုက်ပါ။
....

Bonus Tips

ဖုန်းတွေ ရေဝင် ပြီးသွားရင်

1) Face ID ပျက်ဖို့များပါမယ်။

iPhoneX Series နဲ့ အထက် အိုင်ဖုန်း Model တွေမှာ ဖုန်း အတွင်းပိုင်း ထဲကို ရေဝင်လိုက်တာနဲ့ Face Id က ပျက်ဖို့ သေချာ သလောက်ပါပဲ။

ဒါမျိုး မဖြစ်ချင်ရင် ဖုန်းကို အိမ်မှာပဲ ထားခဲ့ပါ။

ရေထိမယ့် အခြေအနေတွေမှာ ဖုန်းကို ပါဝါ ပိတ်ထားပါ။

​အစိုဓါတ် ရှိနေရင် ဖုန်းကို ( လုံးဝ ) ပါဝါ မဖွင့်ပါနဲ့။
....

2) ဖုန်းက ပန်းသီးပုံ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတယ်

Ear Sensor ပိုင်း ရေထိထားဖို့ များပါတယ်။

ပါဝါ ပိတ်လို့ရရင် ပါဝါပိတ်။
အားသွင်းကြိုး ထိုးတာရှောင်။
ကျွမ်းကျင်ရာ ဆိုင်မှာ သွားစစ်။
....

3) ဖုန်းက ရုပ်မမြင်ရတော့ဘူး။ ဖုန်းလာရင် အသံတွေပဲ ကြားနေရတယ်။

Display ပိုင်း ထိထားဖို့ များပါတယ်။
....

အိုင်ဖားသား - အာမခံ အိုင်ဖုန်း အိုင်ပတ် ပြုပြင်ရေး



34B လမ်း၊ 76*77 လမ်းကြား၊ မန္တလေး။

09945566656
....

ရေဝင်ဖုန်းတွေ အရေးပေါ် စစ်ချင်ရင် သင်္ကြန် အတွင်း လက်ခံ ပေးပါတယ်။

အာရုံစားမယ့် သူများ ( လုံးဝ ) ဝန်ဆောင်မှု မပေးပါ။

ပြုပြင်ရန် အချိန် အပြည့်အဝ မရသည့် ဖုန်းများ
( လုံးဝ ) ဝန်ဆောင်မှု မပေးပါ။

iCloud နှင့် ပတ်သက်သည့် မည်သည့် ဝန်ဆောင်မှု မှ မရှိပါ။

ပုံပြောင်း Body Change များ ( လုံးဝ ) ဝန်ဆောင်မှု မပေးပါ။

Customer တိုင်းကို ဝန်ဆောင်မှု မပေးပါ။

ယုံကြည်စိတ်ချစွာ လာရောက် အပ်နှံသူများကိုသာ ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးသွားမည်။

အာရုံ စားခြင်း ( အထူး ) သည်းခံပါ။
....

02/02/2024

နောက်မှန်လဲတဲ့အခါ စက်မဖွင့်ဘဲ လေဆာပစ်ရင် ဘာတွေ ဖြစ်တတ်သလဲ?

Photos from IBGS - iPhone Back Glass Service's post 30/01/2024

🃏 iPhone X Xs Series BackGlass Replacement 🎭

Want your business to be the top-listed Computer & Electronics Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 233/29. 34B Street, Between 76*77 Street
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00