Hanuman Footpatch Mandalay

Hanuman Footpatch Mandalay

Share

04/04/2024

#ကြက်သွန်ဖြူရဲ့ကောင်းကျိုးများ

ကြက်သွန်ဖြူအစိမ်းဟာ ချောင်းဆိုးခြင်း၊ အအေးမိခြင်းကို ကာကွယ်ပေးပါတယ်။

အစာမစားခင်ကြက်သွန်ဖြူ(၂)တတ် စားသုံးတာက ပိုပြီးအကျိုးများစေပါတယ်။

နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ခန္တာကိုယ် အတွင်းမှ ကိုလက်စထရော ပမာဏကို လျော့ကျစေပါတယ်။

ကြက်သွန်ဖြူပုံမှန်စားသုံးခြင်းက သွေးခဲမှုကို ကာကွယ်ပေးပါတယ်။

ကြက်သွန်ဖြူ ပုံမှန်စားသုံးခြင်းက သွေးပေါင်ချိန် လျော့ ကျစေတာကြောင့် သွေးတိုးသမားများအတွက် သင့်တော်ပါတယ်။

ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို တိုးတက်စေပါတယ်။
(antioxidant၊ anti-inflammatory ကြွယ်၀စွာ ပါ၀င်တာဖြစ်ပါတယ်။)

✓အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

✓သွေတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။

✓ကိုယ်ခံအားစနစ်ကို တိုးတက်စေပါတယ်။

✓အရေပြားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ကြက်သွန်ဖြူဟာ ၀က်ခြံပေါက်ခြင်းကို ကာကွယ်ပေးပြီး၊ ကျန်ရစ်တဲ့ အမာရွတ်တွေကို ပျောက်ကင်းစေပါတယ်။

✓ကင်ဆာရောဂါ ဖြစ်ပွားမှုကို သက်သာစေပါတယ်။(including Peptic Ulcer )

✓ဝိတ်ကျစေချင်သူ‌တို့အတွက် ကောင်းမွန်ပါတယ်။
ကြက်သွန်ဖြူဟာ အဆီသိုလှောင်သည့် adipose cell ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။

✓လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှုကို လျှော့ကျစေပါတယ်။

✓သွေးတွင်းအစိတ်အတောက်များကို လျော့ကျစေပါတယ်။ ( လုပ်ငန်းခွင်‌ကြောင့် ခဲအဆိပ်သင့်ခြင်း)

(အိမ်ရှင်မများအတွက် တစ်စုံတစ်ရာ အကျိုးရှိမယ်လို့ ယူဆမိပါတယ်။)

#အိမ်ရှင်မများအတွက်နောက်ထပ်သတင်းကောင်းကတော့-

ဆန်ကြောင့် ထမင်းချက်ရတာ အဆင်မပြေမှုများ
ကြုံတွေ့နေရပါက ချိုသာဆန်ဆီရောင်း၀ယ်ရေးကို
လာရောက် ဆွေးနွေးတိုင်ပင်လို့ရပါတယ်။

ချိုသာ ဆန်ဆိုင်မှာရရှိနိုင်တာကတော့-

(၁)ရွှေဘိုပေါ်ဆန်မွှေ - Premium Quality
(၂)ရွှေဘိုအေရာမင်း - Premium Quality
(၃)ရွှေဘိုမဂျမ်းတေား - Normal

ပေါ်ဆန်မွှေးဆန်ဆိုတာ ကမ္ဘာပေါ်မှာအကောင်းဆုံးဆန် ဖြစ်ပြီး မြန်မာကထွက်တဲ့၊ ကမ္ဘာကသိတဲ့ မြန်မာ့ပုလဲပေါ်ဆန်းဆိုတာ နာမည်အကြီးဆုံး ဖြစ်ပါတယ်။

Premium Quality ဆန်သားကိုမှ ရချင်တယ်ဆိုရင် ချိုသာဆန်ဆိုင်ကိုသာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

( #ဆီအမျိုးအစားစုံလင်စွာရရှိနိုင်တာလည်းဖြစ်ပါတယ်)

(ရုပ်ချောချော/ပသိုင်းမွှေးနဲ့အကိုကြီးက ပြုံးပြုံကြီး ကြိုဆိုနေမှာပါဗျ။)😍

#ချိုသာဆန်ဆီရောင်း၀ယ်ရေး
#မြရည်နန္ဒာအိမ်ယာ၊မန္တလေးမြို့
#ဈေးလမ်းထိပ်
#စံပါယ်လမ်း
#၁၁၈လမ်း၄၇အေလမ်း

09979953360 (Call Now❗)

(တိုက်ခန်းအရောက်ပို့စနစ်)
https://www.facebook.com/share/p/S3X5thbASVKKvYi3/?mibextid=Nif5oz

(Photo Credit)

25/03/2024

ဘာဆေးတွေအစုံစားစား - ဒါလေးတော့ငုံထား
#လေးညှင်းပွင့် ( Clove )

သင် မနက်အိပ်ယာထ မျက်နှာသစ်သွားတိုက်ပြီးတာနဲ့
ရေအေးတစ်ခွက်သောက်ပြီး နောက် လေးညှင်းပွင့်တစ်ပွင့်ကိုယူပြီး ခံတွင်းမှာငုံထားလိုက်ပါ။ သို့မဟုတ် ပါးစောင်မှာငုံထားလိုက်ပါ။

ရရှိမဲ့အကျိုးကျေးဇူးကတော့ -

သင်ဟာခါတိုင်း မနက်ထဝမ်းမသွားဘူး
ဝမ်းချုပ်တတ်သူဆိုရင် မကြာခင်
ဝမ်းသွားချင်လာပါလိမ့်မယ်။

သင်ဟာခံတွင်းပျက်ပြီး စားချင်သောက်ချင်စိတ်မရှိသူဖြစ်နေရင်တောင် လေးညင်းပွင့်ငုံထားပြီး မကြာခင်မှာ
စားချင်သောက်ချင်စိတ်တွေပေါ်လာပါလိမ့်မယ်။

သင်ဟာ ခံတွင်းအနံ့ဆိုးသူဆိုရင် လေးညှင်းပွင့်က သင့်ကို စကားပြောတဲ့အခါ အာပုတ်နံ့ထွက်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်။

သွားမှာအခေါင်းရှိသူတွေ၊ သွားခြေမှာရောင်ရမ်းမှု
ရှိသူတွေ၊ သွားကိုက်တတ်သူတွေအတွက် လေးညှင်းပွင့်က သွားဆရာဝန်ပါ။

အအေးပတ် နှာစေး၊ နှာရည်ကျသူအတွက်ကုဆေးကတော့ လေးညှင်းပွင့်ပြုတ်ရည်ပူပူလေးကို မှုတ်သောက်ပေးပြီး လေးညှင်းပွင့်ကို တစ်ပွင့်ပြီးတစ်ပွင့် အာနီသင်ကုန်သွားရင် အသစ်လဲပြီး ပါးစပ်ထဲမှာငုံထားပေးရင် သုံးရက်အတွင်း နှာစေးရောဂါပျောက်ပါတယ်။

ခေါင်းကိုက်သူများ လေးညှင်းပွင့်ကို ငုံထားခြင်းဖြင့် တဖြည်းဖြည်းသက်သာလာတာကိုတွေ့ရပါတယ်။

ဆီးချိုရောဂါရှိသူများဟာ ထမင်းစားပြီးတိုင်း လေးညှင်းပွင့် (၃)ပွင့် ငုံထားပြီး တဖြည်းဖြည်း ဝါးပြီးအရည်ကိုမျိုချကြည့်ပါ။ ဆီးချိုမတက်တာတွေ့ရပါလိမ့်မယ်။

သွေးတိုးရှိသူများဟာ မနက်ထမျက်နှာသစ်ပြီးသွားတိုက်ပြီးတာနဲ့ လေးညှင်းပွင့်နှစ်ပွင့် ငုံပေးထားရင် သွေးတိုးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ညအိပ်မပျော်သူများဟာ မအိပ်မီ တစ်နာရီခန့်ကြိုတင်ပြီးလေးညှင်းပွင့်ငုံထားပေးခြင်းဖြင့် အိပ်ပျော်စေနိုင်ပါတယ်။

(လေးညှင်းပွင့်ဟာ တိုင်းရင်းဆေးကျမ်းများအလိုအရ ထက်မြက်တဲ့ဂုဏ်ရှိပါတယ်။ ပွင့်စေတဲ့သတ္တိအာကာသသတ္တိရှိပါတယ်။ ဝမ်းမီးတောက် အစာကြေ အူလမ်း ကြောင်းပွင့်စေတဲ့ သတ္တိလည်းရှိတယ်။

အနောက်တိုင်း Harval medicine အရတော့ လေးညှင်းရဲ့သတ္တိဟာ ရောဂါဗေဒမှာကုသရအခက်ဆုံးဖြစ်တဲ့ ကင်ဆာကိုတောင် ကာကွယ်နိုင်တဲ့ သတ္တိရှိတယ်လို့ဆိုပါတယ်)

ကြည်လွင်မြင့်(မုဒြာ)

18/03/2024

#ဆီးပူ .. #ဆီးကျင် #ဆီးအောင့်ခြင်း
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအတွက်သဘာဝကုထုံး
********************************

ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ဆီးလမ်းကြောင်းမှတစ်ဆင့်ဆီးအိမ်၊ ကျောက်ကပ်အတွင်း...bacteria ဘက်တီးရီးယားပိုး ဝင်တဲ့အခါ ....

#ဆီးကျင်ခြင်း

ဆီးပူခြင်း

မကြာခဏ ဆီးသွားချင်ခြင်း ဆီးသွားရတာ မဝခြင်း
ဆီးစပ်နာကျင်ကိုက်ခဲခြင်း ဆီးနဲ့အတူ
သွေးအနည်းငယ် ပါခြင်း...စတဲ့လက္ခဏာများ
ခံစားကြရတယ်

အဖြစ်များဆုံးရောဂါ များထဲ တစ်ခုအပါအဝင်ဖြစ်ပြီး အမျိုးသမီး များမှာ...ဆီးလမ်းကြောင်းတိုလို့... အမျိုးသား များထက် ပိုအဖြစ်များတာကို တွေ့ရပါတယ်။

အမျိုးသား များမှာတော့ ဆီးကျိတ်ကြီးနေသူများ
ပိုအဖြစ်များတာကို တွေ့ရပါတယ်...

ဆီးချိုရောဂါ ရှိသူများ...ကိုယ်ခံအားနည်းသူများ လည်း...မကြာခဏ.. ဆီးပိုးဝင်တဲ့ ဝေဒနာ ခံစားရတာ တွေ့ရပါတယ်

မကုသပဲထားပါက..ကျောက်ကပ်နဲ့ သွေးတွင်း ပိုးပျံ့နှံကာ...အရေးပေါ် အခြေအနေ ဖြစ်နိုင်သလို.. . ကျောက်ကပ်လည်း ပျက်စီးသွားနိုင်ပါတယ်.....

လိုအပ်တဲ့ စစ်ဆေးမှုများ ပြုလုပ်နိုင်ဖို့ ကျွမ်းကျင် ပညာရှင်နဲ့ ပြသ ပြီး...ဖြစ်ပွားစေတဲ့ အကြောင်းအရာ
ကို လည်း...ရှာဖွေ ဖို့လိုပါတယ်

လိုအပ်တဲ့ ကုသမှု များအပြင်...သဘာဝ အစားအသောက် ကိုလည်း သေချာစား ဖို့လိုအပ်ပါတယ်.....

ဆီးလမ်းကြောင်း နဲ့ ကျောက်ကပ် ပိုးဝင်ခြင်း... ဝေဒနာ များကို သဘာဝ အစားအသောက်တွေ က.သက်သာစေတဲ့အပြင်.. မကြာခဏ ပြန်လည်ဖြစ်ပွားခြင်းမှ လျော့နည်း ကျန်းမာ စေတယ်

သက်သာစေတဲ့ သဘာဝ နည်းလမ်း များစွာထဲက.. အလွယ်တကူ ရနိုင်ပြီး.. .အကျိုးများလှတဲ့...နည်းလမ်း လေးတွေ.. ဖော်ပြပေးလိုက်ပါတယ်နော်.. ..

ပိုးသတ်ဆေး ပြတ်လို့မရ...ဆေးအမြဲသောက်
နေရတဲ့... ဆီးအောင့် ဝေဒနာ သည်များ အတွက်...ပိုးသတ်ဆေး အပြင်

(၁) #ကြက်သွန်နီ အစိမ်းစားပါ ...မြန်မာကြက်သွန်ဥကြီး တစ်နေ့ ၆လုံးမှ....၁၀ လုံးထိစားပါ... ဥကြီးမစားနိုင်လျင် ဥသေးလေးများ....များများ စားပါ တစ်နာရီ ၂ လုံး သို့မဟုတ် အကြိမ်ကြိမ် အဆင်ပြေ သလို စားပါ။

အစိမ်းမစားနိုင်လျင်...ရေနွေးပွက်ပွက်ထဲ ... ၁၅ လုံးမှ အလုံး ၂ဝ ထိ စိမ်ပြီး.... နေ့စဉ် သောက်ပါ ....ရေဆာတိုင်း သောက်နိုင်ပါတယ်။

(၂)ရေများများ သောက်ပါ

(၃)သံပုရာသီး ..တစ်နေ့ ၂လုံး...ကို အခွံပါ blender နဲ့ ကျိတ်ပြီး သောက်ပါ.... အခွံမသောက်လိုလျင်.... သံပုရာရည်...တစ်ခါ..

၂..လုံး...တစ်နေ့...၃ ကြိမ်...ထမင်းစားပြီးလျင်သောက်
အရမ်းကို ထိရောက်ပြီး...သက်သာကြတာတွေ့ရတယ်

ဆေးရုံ ဆေးခန်း မကြာခဏ သွားရခြင်းမှ...ကင်းဝေးပြီး
ကျန်းမာလာကြတာကို..တွေ့ရပါတယ်

ရောဂါ သက်သာလာပါက ကြက်သွန်နီ သံပုရာရည် စားသုံးတဲ့ ပမာဏ လျော့လို့ရပေမယ့် ... နေ့စဉ် စားသုံးခြင်းကိုတော့.. .ပုံမှန် ပြုလုပ်ဖို့လိုပါတယ်....

ပုံမှန် စားသုံး ခြင်းဖြင့်.. .. ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရောဂါ သက်သာစေတဲ့ အပြင်....

အခြား ရောဂါများပါ အဖြစ်နည်းပြီး ကျန်းမာခြင်း
ဆုလာဘ် ကိုပါ ရရှိနိုင်မှာ ဖြစ်တဲ့အကြောင်း....
ဝေမျှ ရေးသားလိုက်ပါတယ်

ကျန်းမာချမ်းသာကြပါစေ
#ကျန်းမာရေး


#ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာမိသားစုမှကျန်းမာရေးဗဟုသုတများကိုပြန်လည်မျှဝေပါသည်။

23/02/2024

သွေ:တိုးအတွက်အဖိုးတန်သောစာ..
==========
ယောက္ခထီး အသက် ၄၀လောက်က
သွေးတိုးရောဂါ ရှိလာတယ်
ဒီတေါ့ ယောက္ခမ ဖြစ်သူက
ငါးနုသန်း ( သို့မဟုတ် )
ငါးသန်းနု နဲ့
ဒန့်သလွန်ရွက် ကို
၁၀ ရက်လောက် ဆက်တိုက်
ဟင်းချို ချက်ကျွေးသတဲ့
သွေ.တိုးရောဂါ အမြစ်ပြတ်ရော
အခု အသက် ၇၀ ကျော်ပြီ
ရောဂါ ပြန်မပေါ်လာတော့ဘူး

ကိုယ်လဲ သွေ.တိုးရှိတော့
အခုမိန်းမက ချက်ကျွေးတယ်
ငါးကို စင်အောင်ဆေ.ပြီး
ဆား / နနွင်း ထည့်နယ်ထား

ရေလိုသလောက်ထည့်

ဂျင်းနဲ့ ကြက်သွန်ဖြူ/နီ
အရင် ပြုတ်

အချိုမှုန့် နဲ့ ဆီ မထည့် ရပါ

ရေပွက်လာရင် ငါးထည့်

ထွက်လာတဲ့ အမြှုပ် ခပ်ထုတ်ပစ်

အရေကျရင် ဒန့်သလွန်ရွက် ရေဆေ.ထည့်

ငရုတ်ကောင်းမှုန့်ထည့်

ပူပူနွေးနွေး သုံးဆောင်ပါ

" အစာလည်း ဆေ.
ဆေ.လည်း အစာပါ "

သိန်းသန်းကုန်မှ ရောဂါပျောက်မယ်လို့ မထင်မှတ်ပါနဲ့
တခါတလေ ၅၀၀ ဖိုးလောက်နဲ့ ရောဂါ အမြစ်ပြတ်သွားတာတွေ ရှိကြပါတယ်
အကယ်၍ ရောဂါမပျောက်လဲ
ဘေးထွက်ဆိုးကျိုး မပေးနိုင်ပါ

မှတ်ချက်

တကယ်လို့ဒန့်သလွန်ရွက်မရနိုင်ရင်

သြဇာညွန့်နဲ့လဲချက်စားလို့ရပါတယ်

ကျန်းမာ ချမ်းသာကြပါစေ

လွပ်လပ်စွာ shar နိုင်ပါတယ်နော်.
ဂရုစိုက်ကြပါမိတ်ဆွေများခင်ဗျာ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

++++++++++++
ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်
ျန်းမာရေး
#ပြန်လည်မျှဝေပေးပါသည်
#ဟန်နုမာန်တိုင်းရင်းဆေးဖြန့်ချိရေး

20/02/2024

#တင်ပဆုံကြောညှပ်တဲ့အခါ လုပ်ဆောင်သင့်သည့်အချက်များ
===================

တခါတလေမှာ ခါးနာတာလိုလိုနဲ့ ခါးနေရာမှာမဟုတ်ဘဲ ခါးအောက် တင်ပဆုံခွက်နေရာမှာ နာနေပြီး လမ်းလျှောက်တဲ့အခါ မျက်ခနဲနာတာ သို့မဟုတ် တင်ပဆုံခွက်နေရာကနေ ခြေထောက်ထိ တောက်လျှောက်နာနေတာမျိုးနဲ့ ကြုံဖူးကြမှာပါ။

ဒီလိုတွေကြုံရပြီဆိုရင် အတော်များများက ခါးနာတယ်လို့ပဲ ထင်တတ်ကြပါတယ်။

တကယ်တော့ အဲ့လိုခံစားရရင် ခါးနာတာထက် တင်ပဆုံအာရုံကြောညှပ်တာ ဖြစ်နိုင်ခြေပိုများပါတယ်။

ဆေးပညာအရတော့ တင်ပဆုံအာရုံကြောညှပ်ခြင်းကို Sciatica လို့ခေါ်ပါတယ်။

ကျွန်တော်တို့ရဲ့ ဘယ်ညာ တင်ပဆုံနှစ်ဖက်မှာ Sciatic nerve လို့ခေါ်တဲ့ တင်ပဆုံအာရုံကြောမကြီး တခုစီရှိပါတယ်။

ထိုတင်ပဆုံ အာရုံကြောမကြီးတွေဟာ ခါးအောက်ပိုင်းနေရာမှစပြီး ဒူးအောက်ထိရောက်ကာ ခြေထောက်မှာရှိတဲ့ ကြွက်သားများစွာကို ထိန်းချုပ်ပေးပါတယ်။

ဒါ့အပြင် ခြေထောက်အောက်ပိုင်းနဲ့ ခြေဖဝါးကနေလာတဲ့ အာရုံခံစားမှုတွေကိုလည်း ဦးနှောက်ဆီရောက်အောင်ပို့ပေးပါတယ်။

အကြောင်းတခုခုကြောင့် ဒီတင်ပဆုံအာရုံကြောကို သွားထိခိုက်မိတာရှိပါက အာရုံကြောဟာရောင်လာပြီး အပေါ်မှာတခါပြောခဲ့သလို ခါးအောက်တင်ပဆုံခွက်နေရာမှာ နာနေပြီး လမ်းလျှောက်ဖို့ ခြေထောက်ထောက်တဲ့အခါ မျက်ခနဲဖြစ်ဖြစ်သွားတာ၊ ပြင်းထန်ရင် တင်ပဆုံခွက်နေရာကနေ ခြေထောက်ထိတောက်လျှောက် ထုံနေတာ နာနေတာ၊ ခြေဖဝါးနဲ့ ခြေချောင်းလေးတွေနေရာမှာ အပ်နဲ့ထိုးသလိုမျိုး ကျင်တဲ့ဝေဒနာခံစားရတာတွေဖြစ်ပြီး လမ်းလျှောက်ဖို့ကို မလွယ်တာမျိုးတွေထိ ဖြစ်နိုင်ပါတယ်။

ဘယ်ညာနှစ်ဖက်လုံးဖြစ်တာမျိုးလည်းရှိပေမယ့် အများအားဖြင့်တော့ ဘယ် သို့မဟုတ် ညာတဖက်ပဲ ဖြစ်တာများပါတယ်။

တင်ပဆုံကြောညှပ်ခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့ ခါးဆစ်ရိုးကျွံတာ၊ ထိုင်တဲ့အနေအထားမမှန်တာ ချော်လဲတာ အလေးအပင်တွေကို နည်းစနစ်တကျမခြင်း မရှိတာ စတဲ့အကြောင်းတွေကြောင့် ခါးရိုးကိုထိခိုက်မှု ဖြစ်စေတာ၊ ခါးရိုးမှာ တီဘီဖြစ်တာ စသဖြင့် အများကြီးရှိပါတယ်။

သုတေသနတွေအရ လူအယောက် ၁၀၀ မှာ ၄၀ လောက်ဟာ တသက်မှာအနည်းဆုံးတခါလောက်တော့ တင်ပဆုံကြောညှပ်ခြင်းဝေဒနာနဲ့ ကြုံတွေ့ရနိုင်ခြေရှိတယ်လို့ သိရပါတယ်။

အသက် ၄၀ ကျော်အရွယ်တွေ၊ ကိုယ်လက်လှုပ်ရှားမှုနဲပြီး အထိုင်များတဲ့သူတွေ၊ အလေးအပင်မတဲ့ အလုပ်တွေကို ရေရှည်လုပ်နေရသူတွေဟာဆိုရင် တင်ပဆုံကြောညှပ်ခြင်းဝေဒနာနဲ့ ကြုံရနိုင်ခြေပိုများကြောင်း လေ့လာမှုတွေအရ ထပ်သိရပါတယ်။

#သက်သာအောင်ကုသနည်း
တင်ပဆုံကြောညှပ်ခြင်း ဖြစ်တဲ့အခါ သက်သာအောင် ရေနွေးအိတ် သို့မဟုတ် ရေခဲကပ်တာ၊ အကိုက်အခဲပျောက်ဆေး သိပ်မပြင်းတာကို အစာစားပြီးသောက်တာ (အစာအိမ်ရောဂါအခံရှိရင် ဗိုက်မကြာခဏအောင့်တတ်ရင်တော့ ဆရာဝန်နဲ့ပြသပြီးမှသောက်ပါ။) တွေလုပ်နိုင်ပါတယ်။

ဒါ့အပြင် နာနေတဲ့နေရာကို လိမ်းဆေးလိမ်းတာ၊ နာနေတဲ့ ခြေထောက်ကို ဖြည်းဖြည်းချင်းဆန့်ထုတ်တဲ့ လေ့ကျင့်ခန်းမျိုးတွေလည်း လုပ်ပေးနိုင်ပါတယ်။ (ဥပမာ – အနည်းငယ်မြင့်တဲ့ နေရာတခုပေါ် ဖြစ်တဲ့ခြေထောက်ကို ဆန့်တင်ထားပြီး ထိုခြေထောက်ရဲ့ ခြေဖျားနဲ့ မိမိရဲ့လက်ဖျားထိအောင် ခန္ဓာကိုယ်ကို ညင်ညင်သာသာကိုင်းညွတ်ပြီး ထိတဲ့အနေအထားဖြင့် စက္ကန့် ၃၀ လောက်နေပါ တနေ့ကို နှစ်ကြိမ်လောက် တကြိမ်မှာ ဘယ်ညာတလှည့်စီလုပ်ပေးပါ)

ဒါပေမယ့် တင်ပဆုံကြောညှပ်ခြင်း ဖြစ်တဲ့အချိန်မှာ တအားလှုပ်လှုပ်ရှားရှားလုပ်တာ၊ အလေးအပင်မတာတွေကိုတော့ ရှောင်ဖို့လိုပါတယ်။

ဒီလိုတွေလုပ်လိုက်ရင် အများအားဖြင့်တော့ တင်ပဆုံအာရုံကြောညှပ်တာဟာ ၄ ပတ် သို့မဟုတ် ၈ ပတ်လောက်ဆိုရင် ပျောက်ကင်းသက်သာသွားလေ့ရှိပါတယ်။

တကယ်လို့ ဒီလိုတွေလုပ်သော်လည်း တင်ပဆုံအာရုံကြောညှပ်ခြင်းဝေဒနာဟာ ၈ ပတ်ကျော်တဲ့အထိ မသက်သာဘူးဆိုရင် ရိုးရိုးဓါတ်မှန်ရိုက်တာ၊ သံလိုက်ဓါတ်မှန် (MRI) ရိုက်တာ တွေလုပ်ပြီး အရိုးအကြောဆရာဝန်နဲ့ ပြသကုသဖို့လိုပါတယ်။

တင်ပဆုံအကြောညှပ်သက်သာစေဖို့ ဆေးထိုး၊ဆေးသောက်မလုပ်ချင်သူများအတွက် ာဝတိုင်းရင်းဆေးကပ်ခွာ နဲ့ လိမ်းဆေးအဆီအကူယူလို့ရပါတယ်ရှင့်🤗😍😍
ဆေးကပ်ခွာ ဆယ်ချပ်ပါတဗူး 19500ks
လိမ်းဆေးဆီ တဗူး 19500ks
(ဆယ်ဗူးကစကိုယ်စလှယ် စျေးယူနိုင်ပါတယ်)

#ဟန်နုမာန်ထိုင်းတိုင်းရင်းဆေးဖြန့်ချီရေး
Credit.. Original uploader

Want your practice to be the top-listed Clinic in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay