Ye Lin Htet
30/07/2024
တကယ်ကို လိုတာထက်ပိုပြီး ရင့်ကျက်ခဲ့ရတဲ့နှစ်ပါပဲ။
အမြဲ ကိုယ်လိုချင်သလိုမဖြစ်ဘူးဆိုတာကို
လက်ခံခဲ့ရသလို၊ ပျက်စီးသွားတဲ့ အရာတိုင်းကို
ပြင်ဖို့ မလိုဘူး၊ ပြင်ချင်တိုင်းလည်း မရဘူးဆိုတာနားလည်ခဲ့ရတယ်။
အနားမှာမရှိတော့တဲ့ လူတွေကို အမှားတွေလုပ်ခဲ့မိရင် တောင်းပန်ချင်ပြီး အနားမှာရှိနေသေးတဲ့
လူတွေအပေါ်လည်း အများကြီး ပိုကောင်းတဲ့
လူတစ်ယောက် ဖြစ်လာချင်ပါသေးတယ်။
21/04/2024
ပျော်အောင် နေပါနော် ...
ပျော်မနေဘူးဆိုတာ သိပေမယ့် ဒီစကားလေးတစ်ခွန်းတော့ ပြောပါရစေ ကလေးရေ ... ခက်ခဲခြင်းတွေ ပင်ပန်းခြင်းတွေ အများကြီး ကြားမှာ အနည်းဆုံးတော့ ပျော်အောင် နေပါနော် ။ မပျော်လို့မဖြစ်ဘူးလေ ကိုယ်ပျော်လားမပျော်လား ကြည့်နေတဲ့ မျက်လုံးတွေ အများကြီးကြားမှာ အနိမ့်ဆုံးတော့ မပျော်လဲ ပြုံးထားရတာပေါ့ ။ ပြိုလဲလို့မရဘူး မျက်နှာ ညိုသွားလို့လဲ မရဘူး မဟုတ်လား ။
ပြီးတော့လေ ...၀မ်းနည်းခြင်းတွေရှိလာတဲ့အခါ သိသိသာသာ မျက်နှာပျက်တတ်တဲ့ကလေးက... ရင့်ကျက်ချင်ပြီလို့ အမြဲတဖွဖွပြောတယ်မဟုတ်လား ။ မဟုတ်ဘူးကလေးရဲ့ ရင့်ကျက်ရတာကလေ တစ်ခါတစ်လေကျတော့ ပိုပင်ပန်းတယ် ပိုမြိုသိပ်ရတယ် ပြီးတော့ ပို နားလည်လာတာနဲ့အတူ ပို ထိန်းချုပ်တတ်ရတယ် ကလေးရဲ့ ။ ဒီပုံစံလေးအတိုင်းပဲ ပျော်အောင်နေပါ ။
မပျော်ဘူးဆိုတဲ့အခါ ငိုတတ်တဲ့ကလေးက ... ဘယ်သူ့မှ မသိအောင် မျက်ရည်တွေကျပေါ့ ။ ကိုယ့်အပေါ် မကောင်းတဲ့ လူတစ်စုအတွက် အများကြီး တွေးတောမနေနဲ့တော့ အများကြီး အပင်ပန်းမခံနဲ့တော့ ။ ကိုယ်ဘယ်လောက်ကြည့်ကြည့် ကိုယ့်အတွက် ပြန်မကြည့်တဲ့ လူတွေအတွက် တစ်ခါတစ်လေကျတော့ အတ္တကြီးသင့် ကြီးရမယ်လေနော် ။ တစ်ခါတစ်လေကျ တစ်ကိုယ်ကောင်းဆန်သင့် ဆန်ရတတ်တယ် ။
ဒဏ်ရာတွေ အများကြီး သိမ်းထားပြီး ... နာကျင်ရတဲ့ ရက်တွေပဲ ရေတွက်နေရတာ မောပြီ မဟုတ်လား ။ ထားလိုက်တော့နော် ။ နာကျင်နေရပြီဆိုတဲ့အခါ ဆက်ပြီးဆွဲထားဖို့ထက် လွှတ်ချလိုက်ဖို့ပဲတွေးနော် ကလေး ... အစစအရာရာက အဆင်ပြေသွားမှာပါဆိုပြီးမှတော့ ကိုယ့်ကိုယ်ကိုယ်ကော ကလေးကိုကော မညာချင်တော့ဘူး ။ ဒါပေမယ့် အဆင်ပြေလာမယ့်တစ်နေ့ထိ ပျော်ပျော်လေးပဲနေရမယ်လေ ။
ဘာပဲ ဖြစ်ဖြစ် ... ဒီကလေးက ပျော်နေမှ ဖြစ်မှာပါ ။ ပြီးတော့ ပြုံးနေမှ ဖြစ်မှာ ။ အတတ်နိုင်ဆုံး ပျော်အောင် နေပါနော် ။
#ကျေးကို
17/07/2021
💯Cotton Bkk made T shirt တွေ Boy ရော Girl ရော ဝတ်လို့ရပါတယ်ဗျ.🙎♂️🙍
လိုချင်တဲ့ဒီဇိုင်းပုံ၊အရောင်၊ဆိုဒ် လေးပြပီးလည်းမှာယူလို့ရပါတယ်ဗျ..👕
Quality အသားကောင်းတာမို့ ယုံကြည်စိတ်ချပါဗျ...
Surprise gift ပေးလို့ အရမ်းအဆင်ပြေတယ်နော်🎁
Size....S....7000Ks,M-7500Ks
L-8000Ks
XL-8500Ks
Xxl-9500ks
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay