Boss On Fire - BoF

Boss On Fire - BoF

Share

14/10/2022

ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်ရောက်ရှိလို့ လာခဲ့ပါပြီ။ ဒီတစ်ပတ်မှာလည်း ပရိသတ်တွေ စိတ်ဝင်စားစရာ ပွဲစဉ်ကောင်းအများအပြားက ပရီးမီးယားလိဂ်မှာ ပါဝင်လို့နေပါတယ်။ လိဒ်စ်ယူနိုက်တက်နဲ့ အာဆင်နယ်၊ အက်စတွန်ဗီလာနဲ့ ချယ်လ်ဆီး၊ စပါးနဲ့ အဲဗာတန် အစရှိတဲ့ ပွဲစဉ်ကောင်းတွေနဲ့အတူ မန်ယူနဲ့ နယူးကာဆယ်၊ မန်စီးတီးနဲ့ လီဗာပူးတို့ အားပြိုင်မယ့်ပွဲစဉ်တွေက ပရိသတ်တွေကို ဆွဲဆောင်ထားဦးမှာပါ။

ဘရန့်ဖို့ဒ် - ဘရိုက်တန်

ထိပ်တိုက်တွေ့ဆုံမှု

ဘရန့်ဖို့ဒ်နိုင် (၂၇) | သရေ (၁၄) | ဘရိုက်တန်နိုင် (၃၄)

ဘရန့်ဖို့ဒ်အိမ်ကွင်း နောက်ဆုံး(၃) ကြိမ်တွေ့ဆုံမှု ရလဒ်များ

ဘရန့်ဖို့ဒ် ၀ - ၁ ဘရိုက်တန်

ဘရန့်ဖို့ဒ် ၃ - ၃ ဘရိုက်တန်

ဘရန့်ဖို့ဒ် ၀ - ၀ ဘရိုက်တန်

ဒီနှစ်မှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေတဲ့ အသင်း (၂) သင်း ထိပ်တိုက်တွေ့တဲ့ပွဲစဉ်ပါပဲ။ ဘရိုက်တန်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ဘရန့်ဖို့ဒ်ကို (၂) ကျော့လုံး အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိ ကစားအားချင်း ယှဉ်လိုက်ရင် ဘရိုက်တန်က သာလွန်နေတဲ့အဆင့်တစ်ခုမှာ ရှိလို့နေပါတယ်။ ဘရန့်ဖို့ဒ်က အိမ်ကွင်းအားသာချက်နဲ့ပဲ ဘရိုက်တန်ကို တုံ့ပြန်ရမှာပါ။ (၂) သင်းလုံးအတွက် သရေက မျှတတဲ့အဖြေတစ်ခုဖြစ်နိုင်ပါတယ်။ ဘရန့်ဖို့ဒ်ကို သဘောကျနေမိပါတယ်။

လက်စတာ - ခရစ္စတယ်လ်ပဲလေ့စ်

ထိပ်တိုက်တွေ့ဆုံမှု

လက်စတာနိုင် (၃၀) | သရေ (၂၀) | ခရစ္စတယ်လ်ပဲလေ့စ်နိုင် (၂၇)

လက်စတာအိမ်ကွင်း နောက်ဆုံး(၃) ကြိမ်တွေ့ဆုံမှု ရလဒ်များ

လက်စတာ ၂ - ၁ ခရစ္စတယ်လ်ပဲလေ့စ်

လက်စတာ ၂ - ၁ ခရစ္စတယ်လ်ပဲလေ့စ်

လက်စတာ ၃ - ၀ ခရစ္စတယ်လ်ပဲလေ့စ်

အမှတ်ပေးဇယားရဲ့အောက်ဆုံးကို ရောက်ရှိနေတဲ့ လက်စတာဟာ ဖိအားတွေအောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားရပါလိမ့်မယ်။ ခရစ္စတယ်လ်ပဲလေ့စ်ကလည်း တန်းဆင်းဇုန်ပတ်ဝန်းကျင်မှာရှိနေတဲ့အတွက် အမှတ်လိုအပ်ချက်တွေ မြင့်တက်နေဆဲပါပဲ။ လက်စတာအတွက် အခုပွဲစဉ်မှာ အရှုံးရလဒ်ကို ကြုံဆုံလိုက်ရရင် နည်းပြ ဘရင်ဒန်ရော့ဒ်ဂျားစ်ရဲ့အနာဂတ်က လှုပ်ခတ်သွားပါလိမ့်မယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီ (၃) ခုတုန်းက လက်စတာရဲ့အိမ်ကွင်းမှာ ခရစ္စတယ်လ်ပဲလေ့စ်က အရှုံးရလဒ်တွေချည်းသာ ကြုံဆုံခဲ့တာပါ။ ဒီနှစ်မှာလည်း လက်စတာပဲ ကပ်နိုင်သွားလိမ့်မယ်လို့ ယူဆမိပါတယ်။

ဖူလ်ဟမ် - ဘုန်းမောက်

ထိပ်တိုက်တွေ့ဆုံမှု

ဖူလ်ဟမ်နိုင် (၁၁) | သရေ (၁၁) | ဘုန်းမောက်နိုင် (၁၃)

ဖူလ်ဟမ်အိမ်ကွင်း နောက်ဆုံး(၃) ကြိမ်တွေ့ဆုံမှု ရလဒ်များ

ဖူလ်ဟမ် ၁ - ၁ ဘုန်းမောက်

ဖူလ်ဟမ် ၀ - ၃ ဘုန်းမောက်

ဖူလ်ဟမ် ၁ - ၅ ဘုန်းမောက်

လီဗာပူးကို (၉) ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်လို့ နည်းပြအပြောင်းအလဲလုပ်လိုက်အပြီးမှာ ဘုန်းမောက်က တိုးတက်သွားခဲ့ပါတယ်။ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၅) ပွဲဆက်တိုက် ရလဒ်ကောင်းတွေ ရယူခဲ့ပြီး အမှတ်ပေးဇယားရဲ့အဆင့် (၈) နေရာထိ ဘုန်းမောက် တက်လှမ်းလာတာကို သတိပြုရမှာပါ။ ဖူလ်ဟမ်ကတော့ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၄) ပွဲမှာ တစ်ပွဲသာ အနိုင်ရပြီး(၃) ပွဲ ရှုံးထားပါတယ်။ ဖူလ်ဟမ်ရဲ့ရုန်းကန်အားကို စောင့်ကြည့်ချင်မိပါတယ်။ ဖူလ်ဟမ်ကို သဘောကျပါတယ်။

Football

အာဆင်နယ် ချယ်လ်ဆီး အဝေးကွင်းမှာ အစွမ်းပြမလား?

KBZPayFootball2022-10-14 17:00:00

ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်ရောက်ရှိလို့ လာခဲ့ပါပြီ။ ဒီတစ်ပတ်မှာလည်း ပရိသတ်တွေ စိတ်ဝင်စားစရာ ပွဲစဉ်ကောင်းအများအပြားက ပရီးမီးယားလိဂ်မှာ ပါဝင်လို့နေပါတယ်။ လိဒ်စ်ယူနိုက်တက်နဲ့ အာဆင်နယ်၊ အက်စတွန်ဗီလာနဲ့ ချယ်လ်ဆီး၊ စပါးနဲ့ အဲဗာတန် အစရှိတဲ့ ပွဲစဉ်ကောင်းတွေနဲ့အတူ မန်ယူနဲ့ နယူးကာဆယ်၊ မန်စီးတီးနဲ့ လီဗာပူးတို့ အားပြိုင်မယ့်ပွဲစဉ်တွေက ပရိသတ်တွေကို ဆွဲဆောင်ထားဦးမှာပါ။ အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ထင်မြင်ယူချက်တွေကိုလည်း Comment လေးတွေ ရေးသားပြီး ဆွေးနွေးပေးခဲ့ပါဦး။



Photo / Football365

ဘရန့်ဖို့ဒ် - ဘရိုက်တန်

ထိပ်တိုက်တွေ့ဆုံမှု

ဘရန့်ဖို့ဒ်နိုင် (၂၇) | သရေ (၁၄) | ဘရိုက်တန်နိုင် (၃၄)

ဘရန့်ဖို့ဒ်အိမ်ကွင်း နောက်ဆုံး(၃) ကြိမ်တွေ့ဆုံမှု ရလဒ်များ

ဘရန့်ဖို့ဒ် ၀ - ၁ ဘရိုက်တန်

ဘရန့်ဖို့ဒ် ၃ - ၃ ဘရိုက်တန်

ဘရန့်ဖို့ဒ် ၀ - ၀ ဘရိုက်တန်

ဒီနှစ်မှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေတဲ့ အသင်း (၂) သင်း ထိပ်တိုက်တွေ့တဲ့ပွဲစဉ်ပါပဲ။ ဘရိုက်တန်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ဘရန့်ဖို့ဒ်ကို (၂) ကျော့လုံး အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိ ကစားအားချင်း ယှဉ်လိုက်ရင် ဘရိုက်တန်က သာလွန်နေတဲ့အဆင့်တစ်ခုမှာ ရှိလို့နေပါတယ်။ ဘရန့်ဖို့ဒ်က အိမ်ကွင်းအားသာချက်နဲ့ပဲ ဘရိုက်တန်ကို တုံ့ပြန်ရမှာပါ။ (၂) သင်းလုံးအတွက် သရေက မျှတတဲ့အဖြေတစ်ခုဖြစ်နိုင်ပါတယ်။ ဘရန့်ဖို့ဒ်ကို သဘောကျနေမိပါတယ်။

လက်စတာ - ခရစ္စတယ်လ်ပဲလေ့စ်

ထိပ်တိုက်တွေ့ဆုံမှု

လက်စတာနိုင် (၃၀) | သရေ (၂၀) | ခရစ္စတယ်လ်ပဲလေ့စ်နိုင် (၂၇)

လက်စတာအိမ်ကွင်း နောက်ဆုံး(၃) ကြိမ်တွေ့ဆုံမှု ရလဒ်များ

လက်စတာ ၂ - ၁ ခရစ္စတယ်လ်ပဲလေ့စ်

လက်စတာ ၂ - ၁ ခရစ္စတယ်လ်ပဲလေ့စ်

လက်စတာ ၃ - ၀ ခရစ္စတယ်လ်ပဲလေ့စ်

အမှတ်ပေးဇယားရဲ့အောက်ဆုံးကို ရောက်ရှိနေတဲ့ လက်စတာဟာ ဖိအားတွေအောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားရပါလိမ့်မယ်။ ခရစ္စတယ်လ်ပဲလေ့စ်ကလည်း တန်းဆင်းဇုန်ပတ်ဝန်းကျင်မှာရှိနေတဲ့အတွက် အမှတ်လိုအပ်ချက်တွေ မြင့်တက်နေဆဲပါပဲ။ လက်စတာအတွက် အခုပွဲစဉ်မှာ အရှုံးရလဒ်ကို ကြုံဆုံလိုက်ရရင် နည်းပြ ဘရင်ဒန်ရော့ဒ်ဂျားစ်ရဲ့အနာဂတ်က လှုပ်ခတ်သွားပါလိမ့်မယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီ (၃) ခုတုန်းက လက်စတာရဲ့အိမ်ကွင်းမှာ ခရစ္စတယ်လ်ပဲလေ့စ်က အရှုံးရလဒ်တွေချည်းသာ ကြုံဆုံခဲ့တာပါ။ ဒီနှစ်မှာလည်း လက်စတာပဲ ကပ်နိုင်သွားလိမ့်မယ်လို့ ယူဆမိပါတယ်။

ဖူလ်ဟမ် - ဘုန်းမောက်

ထိပ်တိုက်တွေ့ဆုံမှု

ဖူလ်ဟမ်နိုင် (၁၁) | သရေ (၁၁) | ဘုန်းမောက်နိုင် (၁၃)

ဖူလ်ဟမ်အိမ်ကွင်း နောက်ဆုံး(၃) ကြိမ်တွေ့ဆုံမှု ရလဒ်များ

ဖူလ်ဟမ် ၁ - ၁ ဘုန်းမောက်

ဖူလ်ဟမ် ၀ - ၃ ဘုန်းမောက်

ဖူလ်ဟမ် ၁ - ၅ ဘုန်းမောက်

လီဗာပူးကို (၉) ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်လို့ နည်းပြအပြောင်းအလဲလုပ်လိုက်အပြီးမှာ ဘုန်းမောက်က တိုးတက်သွားခဲ့ပါတယ်။ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၅) ပွဲဆက်တိုက် ရလဒ်ကောင်းတွေ ရယူခဲ့ပြီး အမှတ်ပေးဇယားရဲ့အဆင့် (၈) နေရာထိ ဘုန်းမောက် တက်လှမ်းလာတာကို သတိပြုရမှာပါ။ ဖူလ်ဟမ်ကတော့ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၄) ပွဲမှာ တစ်ပွဲသာ အနိုင်ရပြီး(၃) ပွဲ ရှုံးထားပါတယ်။ ဖူလ်ဟမ်ရဲ့ရုန်းကန်အားကို စောင့်ကြည့်ချင်မိပါတယ်။ ဖူလ်ဟမ်ကို သဘောကျပါတယ်။



Photo / Sky News

ဝုလ်ဗာဟမ်တန် - နော်တင်ဟမ်

ထိပ်တိုက်တွေ့ဆုံမှု

ဝုလ်ဗာဟမ်တန်နိုင် (၆၂) | သရေ (၂၆) | နော်တင်ဟမ်နိုင် (၄၄)

ဝုလ်ဗာဟမ်တန်အိမ်ကွင်း နောက်ဆုံး(၃) ကြိမ်တွေ့ဆုံမှု ရလဒ်များ

ဝုလ်ဗာဟမ်တန် ၀ - ၂ နော်တင်ဟမ်

ဝုလ်ဗာဟမ်တန် ၁ - ၀ နော်တင်ဟမ်

ဝုလ်ဗာဟမ်တန် ၁ - ၁ နော်တင်ဟမ်

ဝုလ်ဗာဟမ်တန်က နော်တင်ဟမ်နဲ့ ထိပ်တိုက်ဆုံပြီဆိုရင် ရလဒ်ဆိုးကြုံရတာ များပါတယ်။ လက်ရှိမှာ ဝုလ်ဗာဟမ်တန်နဲ့ နော်တင်ဟမ်က တန်းဆင်းဇုန်ထဲကိုရောက်ပြီး ရုန်းကန်နေရပါတယ်။ ဝုလ်ဗာဟမ်တန်ရဲ့အသင်းလိုက်စုစည်းအားက နော်တင်ဟမ်ထက် သာလွန်ပါတယ်။ နွေဈေးကွက်ထဲမှာ ကစားသမားသစ် (၂၀) ကျော် ခေါ်ယူလိုက်တဲ့ နော်တင်ဟမ်က အခုအချိန်ထိ တိကျခိုင်မာတဲ့ ရုပ်ထွက်တစ်ခုကို ဖော်ထုတ်ပြသနိုင်ခြင်း မရှိသေးပါဘူး။ ဝုလ်ဗာဟမ်တန် ကပ်နိုင်သွားပါလိမ့်မယ်။

စပါး - အဲဗာတန်

ထိပ်တိုက်တွေ့ဆုံမှု

စပါးနိုင် (၆၉) | သရေ (၅၇) | အဲဗာတန်နိုင် (၅၆)

စပါးအိမ်ကွင်း နောက်ဆုံး(၃) ကြိမ်တွေ့ဆုံမှု ရလဒ်များ

စပါး ၅ - ၀ အဲဗာတန်

စပါး ၀ - ၁ အဲဗာတန်

စပါး ၁ - ၀ အဲဗာတန်

အဲဗာတန်ရဲ့ခံကန်အားကြောင့် ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူကို အရေးနိမ့်ခဲ့ရပေမဲ့ အဲဒီမတိုင်ခင် (၆) ပွဲဆက်တိုက် ရလဒ်ကောင်းအောင် အဲဗာတန် ကစားပြခဲ့တာကို မမေ့သင့်ပါဘူး။ အဲဗာတန်က ကစားပုံ တည်ငြိမ်နေတာကို စပါး သတိပြုရမှာပါ။ စပါးက နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၄) ပွဲမှာ တစ်ပွဲပဲ ရှုံးနိမ့်ပြီး (၃) ပွဲ အနိုင်ရထားပါတယ်။ စပါးရဲ့အိမ်ကွင်းမှာ အဲဗာတန် ရလဒ်ကောင်းနိုင်ဖို့ ခက်ပါတယ်။ စပါး အနိုင်ရသွားမယ့်ပွဲစဉ်ပါပဲ။

အက်စတွန်ဗီလာ - ချယ်လ်ဆီး

ထိပ်တိုက်တွေ့ဆုံမှု

အက်စတွန်ဗီလာနိုင် (၅၈) | သရေ (၃၆) | ချယ်လ်ဆီးနိုင် (၆၅)

အက်စတွန်ဗီလာအိမ်ကွင်း နောက်ဆုံး(၃) ကြိမ်တွေ့ဆုံမှု ရလဒ်များ

အက်စတွန်ဗီလာ ၁ - ၃ ချယ်လ်ဆီး

အက်စတွန်ဗီလာ ၂ - ၁ ချယ်လ်ဆီး

အက်စတွန်ဗီလာ ၁ - ၂ ချယ်လ်ဆီး

ချယ်လ်ဆီးရဲ့ကစားပုံက တရိပ်ရိပ် တိုးတက်နေပါတယ်။ အေစီမီလန်ကို (၃) ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ပထမအကျော့က စတင်ပြီး ချယ်လ်ဆီး ကစားပုံကောင်းလာတာကို အသိအမှတ်ပြုရမှာပါ။ အက်စတွန်ဗီလာကလည်း နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၄) ပွဲမှာ ရှုံးပွဲရယ်လို့ လုံးဝ မရှိခဲ့ပါဘူး။ ဒီပွဲမှာ ချယ်လ်ဆီးရဲ့တိုက်စစ်ကို အက်စတွန်ဗီလာခံစစ်က ဘယ်လောက်အထိ ထိန်းချုပ်ဟန့်တားနိုင်မလဲဆိုတာ စောင့်ကြည့်ကြရပါလိမ့်မယ်။ ချယ်လ်ဆီး ကပ်နိုင်ပါလိမ့်မယ်။

လိဒ်စ်ယူနိုက်တက် - အာဆင်နယ်

ထိပ်တိုက်တွေ့ဆုံမှု

လိဒ်စ်ယူနိုက်တက်နိုင် (၄၁) | သရေ (၃၃) | အာဆင်နယ်နိုင် (၅၁)

လိဒ်စ်ယူနိုက်တက်အိမ်ကွင်း နောက်ဆုံး(၃) ကြိမ်တွေ့ဆုံမှု ရလဒ်များ

လိဒ်စ်ယူနိုက်တက် ၁ - ၄ အာဆင်နယ်

လိဒ်စ်ယူနိုက်တက် ၀ - ၀ အာဆင်နယ်

လိဒ်စ်ယူနိုက်တက် ၁ - ၃ အာဆင်နယ်

အာဆင်နယ်ရဲ့စွမ်းဆောင်ရည်က ဆက်တိုက်ဆိုသလိုပဲ အတက်ဘက်ကို ရောက်ရှိနေပါတယ်။ လီဗာပူးနဲ့ မန်စီးတီး ထိပ်တိုက်တွေ့နေတဲ့ သီတင်းပတ်ဖြစ်လို့ အခွင့်ရရင် အမှတ်ဖြတ်ထားနိုင်အောင် အာဆင်နယ် ကြိုးစားလာပါလိမ့်မယ်။ လိဒ်စ်ယူနိုက်တက်က လတ်တလောမှာ စွမ်းဆောင်ရည် ကျဆင်းနေပါတယ်။ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၅) ပွဲဆက်တိုက် လိဒ်စ်ယူနိုက်တက် နိုင်ပွဲပျောက်ထားပါတယ်။ အဲဒီခြေစွမ်းမျိုးနဲ့တော့ လိဒ်စ်ယူနိုက်တက်ဟာ အာဆင်နယ်ကို တုံ့ပြန်ကစားနိုင်ဖို့ မလွယ်လောက်ပါဘူး။ အာဆင်နယ်ပဲ အနိုင် (၃) မှတ်ကို အရယူသွားပါလိမ့်မယ်။

ဆောက်သမ်တန် - ဝက်စ်ဟမ်း

ထိပ်တိုက်တွေ့ဆုံမှု

ဆောက်သမ်တန်နိုင် (၃၆) | သရေ (၃၂) | ဝက်စ်ဟမ်းနိုင် (၄၆)

ဆောက်သမ်တန်အိမ်ကွင်း နောက်ဆုံး(၃) ကြိမ်တွေ့ဆုံမှု ရလဒ်များ

ဆောက်သမ်တန် ၀ - ၀ ဝက်စ်ဟမ်း

ဆောက်သမ်တန် ၀ - ၀ ဝက်စ်ဟမ်း

ဆောက်သမ်တန် ၀ - ၁ ဝက်စ်ဟမ်း

ဆောက်သမ်တန်က ခြေစွမ်းထိုးကျနေပါတယ်။ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၄) ပွဲဆက်တိုက် ဆောက်သမ်တန် ရှုံးနိမ့်ထားတာကို သတိပြုရမှာပါ။ ဆောက်သမ်တန်တိုက်စစ်က ဂိုးသွင်းအား ကျဆင်းနေသလို ခံစစ်ကလည်း ပွင့်ထွက်နေပါတယ်။ ဝက်စ်ဟမ်းကတော့ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂) ပွဲဆက်တိုက် အနိုင်ရထားပြီး လမ်းကြောင်းမှန်တစ်ခုထက်ဆီကို ပြန်လည်တက်လှမ်းစပြုနေပါတယ်။ (၂) သင်းလုံးက ခြေကုန်ထုတ်ပြီး အားပြိုင်ကြမှာပါ။ သရေတစ်မှတ်စီ ခွဲယူကြမယ့်ပွဲစဉ်ဖြစ်ပါတယ်။

13/10/2022

ချန်ပီယံလိဂ်ညတွေအလွန်မှာ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်ဖရန့်လိဂ်ညတွေ ရောက်ရှိလို့ လာခဲ့ပါပြီ။ ယူရိုပါလိဂ်ရဲ့ အခုညချမ်းပွဲစဉ်တွေကလည်း နောက်တစ်ဆင့်တက်ရေးအတွက် အဆုံးအဖြတ်သဘောမျိုးတွေ ဖြစ်နေတာမို့ အသင်းတိုင်းက အမှားနည်းနိုင်သမျှနည်းအောင် ကြိုးစားကြတော့မှာပါ။ မန်ယူနဲ့ အိုမီးနိးယား၊ ဘိုဒိုဂလင့်နဲ့ အာဆင်နယ်တို့ အားပြိုင်မယ့်ပွဲစဉ်တွေက စိတ်ဝင်စားစရာကောင်းသလို ဘက်တစ်နဲ့ ရိုးမားပွဲစဉ်ကလည်း လက်မလွတ်တမ်း စောင့်ကြည့်သင့်တဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာစရာ ရှိနေပါတယ်။

ဘိုဒိုဂလင့် - အာဆင်နယ်

အာဆင်နယ်ဟာ အကောင်းဆုံးပုံစံကို ရရှိလို့နေပါတယ်။ တစ်ပွဲလျော့ကစားထားတဲ့ အာဆင်နယ်အနေနဲ့ နောက်တစ်ဆင့်တက်ရောက်ရေး သေချာစေဖို့အတွက် အနိုင်ရလဒ်ကို ဦးတည်ပြီးတော့ပဲ ကစားသွားမှာပါ။ ဘိုဒိုဂလင့်ကလည်း ရမှတ်တွေအရ မျှော်လင့်ချက်ကျန်နေသေးလို့ အိမ်ကွင်းအားသာချက်ကို လက်ကိုင်ပြုပြီး အာဆင်နယ်ကို တောင့်ခံကစားသွားမှာပါ။ အာဆင်နယ်ဟာ အမာခံကစားသမားတွေနဲ့ အရန်ကစားသမားတွေကို မျှမျှတတ တွဲဖက်ပြီး အသင်းကို အထိုင်ချမယ်လို့ ယူဆမိပါတယ်။ အာဆင်နယ် နိုင်မယ်၊ ဂိုးမပြတ်ဘူးဆိုတာမျိုးတွေ ဖြစ်လာနိုင်တဲ့ပွဲစဉ်ပါ။

ဘက်တစ် - ရိုးမား

ယူရိုပါကွန်ဖရင့်လိဂ်ချန်ပီယံ ရိုးမားအတွက် နောက်တစ်ဆင့်တက်ရောက်နိုင်ခွင့်ရရှိရေးက အခုပွဲစဉ်အပေါ်မှာ လုံးဝမူတည်နေပါတယ်။ ဘက်တစ်ကတော့ အိမ်ကွင်းအာသာချက်ကို လက်ကိုင်ပြုပြီး ရိုးမားကို ဖိအားပေးသွားမှာပါ။ ဒိုင်ဘာလာ မကစားနိုင်တော့တဲ့ ရိုးမားတိုက်စစ်က အင်အားနည်းနေပါလိမ့်မယ်။ ဒီပွဲမှာ ရလဒ်ဆိုးခဲ့ရင် ရိုးမားအတွက် ရှေ့ခရီးတစ်ခုလုံးက ဝေဝေဝါးဝါး မှိန်မှိန်ပျပျ ဖြစ်သွားပါလိမ့်မယ်။ ရိုးမားအတွက် အမြင့်ဆုံး သရေတစ်မှတ်ပဲဖြစ်မှာပါ။ ဘက်တစ်ပဲ ကပ်နိုင်သွားပါလိမ့်မယ်။

မန်ယူ - အိုမိုးနီးယား

ဒါဟာ အိုးလ်ထရက်ဖို့ဒ် ဖြစ်ပါတယ်တွေဘာတွေ မညွှန်းဆိုလိုပါဘူး။ ဒီပွဲပြီးရင် ပရီးမီးယားလိဂ်မှာ နယူးကာဆယ်နဲ့ ကစားရဖို့ ရှိနေတာကစလို့ အဲဒီပွဲစဉ်ပြီးရင် မန်ယူကို ဆက်လက်စောင့်ကြိုနေတာ စပါးနဲ့ ချယ်လ်ဆီးတို့ ဖြစ်ပါတယ်ဆိုတဲ့ဘက်ကို နည်းနည်းလောက် ငဲ့ကြည့်စေလိုပါတယ်။ မန်ယူဟာ တည်ငြိမ်တဲ့ အသင်းအထိုင်တစ်ခုကို အခုအချိန်ထိ မတည်ဆောက်နိုင်သေးပါဘူး။ အဲဒါထက် ပိုဆိုးတာက ယူရိုပါလိဂ်ဆိုရင် မှန်းဆမရတဲ့ အခင်းအကျင်းတွေကို ပွဲထုတ်လာတတ်လေ့ရှိတဲ့ မန်ယူနည်းပြ အီရစ်ခ်တန်းဟတ်ဂ်ရဲ့အလေ့အထတွေပဲ ဖြစ်ပါတယ်။ မန်ယူရဲ့အနိုင်ရလဒ်ဟာ အမြင့်ဆုံးအဖြစ် ၂-၀၊ ၃-၁ ဆိုတာမျိုးပဲ ဖြစ်ပါလိမ့်မယ်။

ဆိုစီဒက် - ရှီရစ်ဖ်

ဒီပွဲကို အနိုင်ရခဲ့မယ်ဆိုရင် ဆိုစီဒက်က နောက်တစ်ဆင့်ဆီ တက်ပါပြီ။ အိမ်ကွင်းမှာ ကစားခွင့်ရထားတဲ့ ဆိုစီဒက်ဟာ အမှားအယွင်း လုံးဝမဖြစ်ရလေအောင် သတိကြီးကြီးထားပြီး ထိန်းကစားသွားမှာပါ။ ပထမအကျော့ပွဲစဉ်တုန်းကလည်း ရှီရစ်ဖ်ရဲ့အိမ်ကွင်းဆီကိုသွားပြီး ဆိုစီဒက်က (၂) ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ရှီရစ်ဖ်ကတော့ ခံစစ်ကို အားပြုပြီး တန်ပြန်တိုက်စစ်တွေကတစ်ဆင့်သာ ဆိုစီဒက်ကို ဖိအားပေးနိုင်မှာပါ။ ၂-၀၊ ၃-၀ လို ရလဒ်မျိုးနဲ့ ဆိုစီဒက် အနိုင်ရသွားပါလိမ့်မယ်။

ယူနီယံဘာလင် - မယ်လ်မို

အုပ်စုအဆင့်ကို ကျော်လွန်နိုင်ရေးအတွက် မယ်လ်မိုကို ယူနီယံဘာလင် အနိုင်ရဖို့ လိုပါတယ်။ ပြည်တွင်း ဘွန်ဒက်စ်လီဂါမှာ ယူနီယံဘာလင်က ကစားအားကောင်းမွန်ပေမဲ့ အဲဒီစွမ်းဆောင်ရည်တွေဟာ ယူရိုပါလိဂ်ဆီကို ဘာကြောင့် ရောက်မလာရသလဲဆိုတာတော့ တွေးမရနိုင်အောင် ဖြစ်ရပါတယ်။ မယ်လ်မိုကတော့ အခုအတိုင်းဆိုရင် အုပ်စုအဆင့်ပွဲစဉ်တွေ ပြီးဆုံးတာနဲ့တပြိုင်နက်တည်း ယူရိုပါလိဂ်ကို နှုတ်ဆက်ကျောခိုင်းလိုက်ရတော့မှာပါ။ ယူနီယံဘာလင် အနိုင်ရသွားမယ့်ပွဲစဉ်လို့ ယုံကြည်ထားပါတယ်။

လာဇီယို - စတွမ်းဂရားဇ်

ဒီအုပ်စုမှာ အသင်း (၄) သင်းလုံးက ရမှတ် (၄) မှတ်စီ ရရှိထားပါတယ်။ အသင်းအားလုံး အခွင့်အရေး ညီတူညီမျှရှိနေတဲ့ အုပ်စုတစ်ခုပါပဲ။ စတွမ်းဂရားဇ်က တိုက်စစ်ကစားပုံ သိပ်မကောင်းသလို ခံစစ်ကလည်း ပွင့်ထွက်နေပါတယ်။ လာဇီယိုက အိမ်ရှင်အားသာချက်ကို လက်ကိုင်ပြုပြီး အနိုင်ရအောင် ကြိုးစားအားထုတ်လာမှာပါ။ စတွမ်းဂရားဇ် ခံစစ်နဲ့ လာဇီယို တိုက်စစ် အားပြိုင်တဲ့အသွင်မျိုးတောင် ဖြစ်သွားနိုင်ပါတယ်။ လာဇီယိုရဲ့အနိုင်ရလဒ်ကို ၂-၀၊ ၃-၁ အထိ မျှော်လင့်ထားမိပါတယ်။

ဖီယင်နု - မစ်ဂျဲလန်း

မစ်ဂျဲလန်းရဲ့အားသာချက်က ခံစစ်ကစားပုံ ကျစ်လျစ်တာပါပဲ။ အဝေးကွင်းပွဲစဉ်ဖြစ်နေပေမဲ့ မစ်ဂျဲလန်းဟာ တန်ပြန်တိုက်စစ်တွေကနေတစ်ဆင့် ဂိုးရရှိဖို့ ကြိုးစားလာနိုင်ပါတယ်။ မစ်ဂျဲလန်းရဲ့အိမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့ရတဲ့ ပထမအကျော့ပွဲစဉ်မှာတော့ ဒီနှစ်သင်းက (၂) ဂိုးစီ သရေဖြစ်ခဲ့ပါတယ်။ လာဇီယိုလို ကစားအားကောင်းတဲ့အသင်း ပါဝင်နေတဲ့အုပ်စုဖြစ်လို့ ဖီယင်နုနဲ့ မစ်ဂျဲလန်းတို့ အမှားမခံစတမ်း သတိကြီးကြီးထားကစားပြီး နိုင်ပွဲရဖို့ကို အားထုတ်ရပါလိမ့်မယ်။ အိမ်ကွင်းမာတဲ့ ဖီယင်နုကို သဘောကျမိတယ်။

ဒိုင်နမိုကိဗ် - ရန်းနက်စ်

ရန်းနက်စ်က ခြေစွမ်းအသာစီးအနေအထားမှာ ရှိလို့နေပါတယ်။ ယူကရိန်းကလပ် ဒိုင်နမိုကိဗ်ကတော့ ဒီနှစ်မှာ သိပ်ပြီး ခြေမစွာတော့ပါဘူး။ ပထမအကျော့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ် (၃) ပွဲလုံး အရှုံးရလဒ်နဲ့ ကြုံလိုက်ရတဲ့အတွက် ဒိုင်နမိုကိဗ်ဟာ နောက်တစ်ဆင့်တက်နိုင်ဖို့ အလှမ်းကွာဝေးသွားခဲ့ပါပြီ။ ဒါပေမဲ့ ဂုဏ်သိက္ခာဆယ်ဖို့ ဒိုင်နမိုကိဗ် ကြိုးစားလာခဲ့ရင် ရန်းနက်စ် အကျပ်တွေ့သွားနိုင်ပါတယ်။ သရေရလဒ်ဟာ (၂) သင်းလုံးအတွက် မျှတတဲ့အဖြေတစ်ခုပါပဲ။

လူဒိုဂိုရက်စ် - ဟယ်လ်ဆင်းကီး

တစ်ဖက်မှာ ဘက်တစ်နဲ့ ရိုးမားတို့ ပွဲကျပ်ကစားနေရစဉ်အခိုက် နောက်တစ်ဆင့်တက်ရောက်နိုင်ရေး မျှော်လင့်ချက်ကို အသက်သွင်းဖို့အတွက် လိုအပ်တဲ့ အနိုင် (၃) မှတ်ကို လူဒိုဂိုရက်စ် ရှာဖွေရပါလိမ့်မယ်။ ဟယ်လ်ဆင်းကီးရဲ့အနေအထားက ပထမအကျော့တုန်းကလို သရေခံကစားနိုင်မလားဆိုတာကိုပဲ တွေးထားရမှာပါ။ လူဒိုဂိုရက်စ်ရဲ့အိမ်ကွင်းမှာဆိုရင် အသင်းကြီးတွေတောင် ကစားရခက်ခဲလေ့ရှိပါတယ်။ ဟယ်လ်ဆင်းကီးရဲ့စွမ်းဆောင်ရည်ကို သိပ်ပြီး အားမရတဲ့အတွက် လူဒိုဂိုရက်စ်ကိုပဲ ရွေးချယ်လိုက်ပါရစေ။

နန်တက်စ် - ဖရိုင်းဘတ်

နန်တက်စ်လည်း ယူရိုပါလိဂ်မှာ အားရစရာကောင်းလောက်အောင် ကစားပြနိုင်ခြင်း မရှိသေးပါဘူး။ ကစားခဲ့ပြီးတဲ့ ပွဲစဉ် (၃) ပွဲမှာ သွင်းဂိုး (၂) ဂိုး၊ ပေးဂိုး (၆) ဂိုးဆိုတဲ့ နန်တက်စ်ရဲ့အနေအထားက လျော့ရဲလွန်းလှပါတယ်။ ဖရိုင်းဘတ်က ဒီပွဲကို အနိုင်ရလိုက်မယ်ဆိုရင် နောက်တစ်ဆင့်တက်ပါပြီ။ အိမ်ကွင်းဖြစ်နေတဲ့အတွက် ဂုဏ်သိက္ခာဆယ်ဖို့ နန်တက်စ် ရုန်းကန်ကစားလာနိုင်တာကို သတိပြုရပါလိမ့်မယ်။ နန်တက်စ်ရဲ့ကစားအားအရ အမြင့်ဆုံးက သရေရလဒ်ပဲ ဖြစ်မှာပါ။ ဖရိုင်းဘတ် ကပ်နိုင်သွားလိမ့်မယ်လို့ ယူဆမိပါတယ်။

06/10/2022

ကျနော့် အသက် ၁၄ နှစ်လောက်တုန်းက ဘောလုံးတလုံးလောက်ဝယ်ပေးဖို့ အမေ့ကို ပူဆာဖူးတယ်။ အမေက "ဘယ်လိုလုပ်ရှိမှာလဲ သားရယ်တဲ့၊ အမေမဝယ်ပေးနိုင်ဘူး" လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်လည်း ဘောလုံးရောင်းတဲ့ စျေးဆိုင်ကိုသွားပြီးတော့ "ကျနော့်ကို ဘောလုံးတလုံးရောင်းနိုင်မလား၊ ကျနော် ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာရင် ဘောလုံးဖိုးပေးပါ့မယ်" ဆိုပြီး ပြောခဲ့တယ်။ ဆိုင်ပိုင်ရှင်က ရယ်ပြီး "ရပါတယ်ကွာ၊ ပြန်ပေးဖို့တော့မမေ့နဲ့နော်" ဆိုပြီး ဘောလုံးတလုံး ကျနော့်ကိုပေးခဲ့တယ်။
ကျနော့်မှာ အခွင့်အရေးပြန်ရလာတဲ့အချိန်မှာ ကျနော် အဲဒီဆိုင်ကို ပြန်သွားပြီးတော့ ဘောလုံးအကုန်လုံးဝယ်ပြီး ကျနော်နေခဲ့တဲ့ရပ်ကွက်ထဲက ဆင်းရဲတဲ့ကလေးတွေကို ပေးခဲ့လိုက်တယ်။

- မာဆယ်လို

05/10/2022

မန်ချက်စတာ ကောင်းကင်ပြာမှာ လင်းလက်တောက်ပနေတဲ့ ဟာလန်းကတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) ပွဲ မပြည့်သေးခင်မှာ (၁၄) ဂိုး သွင်းယူထားပါတယ်။ ဒါတင်ပဲလားဆိုတော့ အိမ်ကွင်း (၃) ပွဲဆက်တိုက် ဟက်ထရစ်ရထားတဲ့ စံချိန်ကိုလည်း ဖယ်ထားလို့မရပါဘူး။

ဂွာဒီယိုလာတစ်ယောက်တော့ လူရွေးမှန်ခဲ့ပါပြီ။ ဒီနှစ်မှာမှ အသင်းကိုရောက်လာခဲ့တဲ့ ဟာလန်း ရဲ့ ဘောလုံးထိချက်တိုင်းလိုလိုမှာ ဂိုးရရှိအောင် စွမ်းဆောင်နိုင်စွမ်းက ဘောလုံးပရိသတ်တိုင်း မျက်မြင်ကိုယ်တွေ့ပါပဲ။ ပြီးခဲ့တဲ့ မန်စီးတီး - မန်ယူပွဲအပြီးမှာတော့ ဟာလန်း က ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံး အိမ်ကွင်း (၃) ပွဲဆက်တိုက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ စံချိန်ကိုလည်း တင်ထားနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ အမြန်ဆုံး ဟက်ထရစ် (၃) ကြိမ် သွင်းယူထားနိုင်သူများ

ဟာလန်း (၈) ပွဲ

မိုက်ကယ်အိုဝင် (၄၈) ပွဲ

နစ္စတယ်ရွိုင်း (၅၉) ပွဲ

ဖာနန်ဒိုတောရက်စ် (၆၄) ပွဲ

အန်ဒီကိုးလ် (၆၅) ပွဲ

ပရီးမီးယားလိဂ် ပွဲစဉ် (၃၈) ပွဲမှာ (၈) ပွဲတည်းကစားပြီး ဟက်ထရစ် (၃) ကြိမ်ရထားတယ်ဆိုတော့ နောက်ပွဲတွေမှာလည်း ထပ်လာဖို့ များနိုင်ပါတယ်။

Want your establishment to be the top-listed Arts & Entertainment in Mandalay?
Click here to claim your Sponsored Listing.

Category

Address


Mandalay
05142