SIM 2Fly Topup mm
07/11/2025
ငါးချက်တာဖြစ်ဖြစ် ရိုးရိုးကြော်ရင်ဖြစ်ဖြစ် လုံးဝမစားတဲ့ မင်မင်ရဲ့သားငယ်အတွက် ငါးဝယ်လာရင် အများအားဖြင့် ကင်ပေးလေ့ရှိပါတယ် သားငြီးကတော့ကြော်ရင်လည်းစားပါတယ် ဒါပေမယ့်အငယ်လေးပါစားအောင် ငါးကင်ပဲလုပ်ပေးဖြစ်ပါတယ်
အရင်ဆုံးငါးညှီနံ့ပျောက်အောင် သေချာဆေးပြီးရင် ဂျင်းထောင်းရည် ဆား အချိုမှုန့် ပဲငံပြာရည်နဲ့နည်နှပ်ထားရပါတယ် စပါးလင်ရှိရင် ထုထောင်းပြီး ငါးပါးဟက်နားထိုးထည့်ထားရင် ကင်တဲ့အခါပိုမွှေးပါတယ် နှပ်ထားချိန်မှာ အစာသွပ်ဖို့ ငရုတ်သီး ကြက်သွန်ဖြူ ရောတောင်းထားပြီး အပေါ့အငန်စိတ်ကြိုက်ထည့်ပါ နံနံပင် ကြက်သွန်မိတ်ရှိရင် ပါးပါးလှီးပြီး ရောထောင်းလို့ရပါတယ် ပြီးရင် ငါးရဲ့ဝမ်းဗိုက်ထဲထည့်သွပ်လိုက်ရင် ကင်ဖို့ရယ်ဒီဖြစ်ပါပြီ
ငါးကို ဖြစ်နိုင်ရင် တကီလိုဝန်းကျင်အကောင်ဆို ကင်ရတာပိုအဆင်ပြေပါတယ် အဲထက်ကြီးရင် အတွင်းပိုင်းကျက်အောင်လုပ်ရတာနဲ့ အပြင်ပိုင်းကတူးနိုင်ပြီးငါးအသားမာသွားတတ်ပါတယ် ပြီးတဲ့အခါ Air fryerထက် မီးသွေးမီးဖိုနဲ့ကင်တာပိုမွှေးပါတယ်
အိမ်မှာလုပ်တော့ စျေးသက်သာတဲ့အပြင် သန်္သန့်ရှင်းရှင်းနဲ့ ကိုယ်ကြိုက်တဲ့အရသာရအောင်လုပ်နို်တာပေါ့ရှင့်
ကျန်မေမေတွေလည်း လုပ်စားကြည့်ပါနော်
Credit မပေးဘဲ copy ကူးတင်ခြင်းမပြုဖို့ တောင်းဆိုပါရစေရှင့်
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
23/02/2026