Happy Life

Happy Life

Share

12/03/2022

#အခုတလောဝမ်းပျက်ဝမ်းလျှောတွေများနေလို့

ကလေး ငယ်တွေ ကို မနက် စာ ဘာတွေ ကျွေးသင့်သလဲ????

အခုရက်ပိုင်းမှာ အုပ်ထိန်းသူတွေကလည်း အလုပ်တွေ ရှုပ်ပြီး မအား လာတာနဲ့အမျှ ကလေးငယ်တွေ ကိုလည်း အလွယ်တကူ ရတဲ့ လက်ဖက်ရည် ဆိုင် က အစားအစာ တွေ ကို ကျွေးလာတာကိုလည်း တွေ့ရပါတယ်။

ဘာတွေ မကျွေးသင့်ဘူးလဲ????

ဥပမာ - ကလေးငယ် ကို အလွယ်ရတဲ့ ဆိုင်က မုန့်ဟင်းခါး ကျွေးကြပါတယ်။ အခုဆို ၃-၄ နှစ် သား အရွယ်ကတည်း က မနက်စာ ကို မုန့်ဟင်းခါး ဝယ်ကျွေးနေတဲ့ မိဘ တွေ တွေ့နေရပါတယ်။ ဆိုင်မုန့်ဟင်းခါး ကတော့ ထုံးစံ အတိုင်း ဆားပါဝင်မှု့များတော့ ငယ်ငယ်ကတည်းက အငန် စားတတ်တဲ့ အကျင့်ဖြစ်ပြီး ကြီးလာရင် သွေးတိုးရောဂါ ဖြစ်လာနိုင်ပါတယ်။

နောက်တစ်ခု ကတော့ အသုပ် မျိုးစုံပါ။ ဆိုင်လုပ် လက်သုပ် တွေကတော့ အချို့မှုန့်များရုံတင်မကပဲ နီနီရဲရဲ အချဉ် တွေ နဲ့ သုပ်ထားတဲ့ အပြင် မှို ပေါင်းများစွာပါနေတဲ့ ငရုတ်သီးမှုန့်တွေ က ကလေးတွေရဲ့ ကျန်းမာရေး ကို လွန်စွာ ဒုက္ခပေးနိုင်ပါတယ်။ ဥပမာပြောရင် ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အစားအသောက်မသန့်လို့ ဖြစ်တဲ့ အသည်းရောင် ရောဂါ၊ အထိ ဖြစ်သွားနိုင်ပါတယ်။

နောက်တစ်ခု ကတော့ ဆီတွေ နစ်နေအောင်ကြော်ထားတဲ့ အကြော်စုံ၊ ဆီ ထပ်ခါထပ်ခါ ပြန်သုံးပြီးကြော်ထားတဲ့ အကြော်စုံ တွေ မကျွေးသင့်ပါဘူး။ ရံဖန်ရံခါ စားတာ ပြဿနာ အရမ်းမရှိပေမယ့်။ ရည်ရှည်ဆိုရင်တော့ ကလေးငယ် အဝလွန် ရောဂါ ဖြစ်လာ နိုင်ပါတယ်။

ဘာတွေကျွေးသင့်သလဲ????

1. နွားနို့
2. ပေါင်မုန့် (expire date သေချာကြည့်ပြီး၊ မှို ပါ မပါ စစ်ဆေးပြီးမှ ဝယ်ပါ)
3. ပေါက်စီ
4. အိမ်လုပ် အသုပ် (မကျည်းရည် ဖြင့်သာ သုပ်ရန်၊ ငရုပ်သီးမှုန့် မထည့်သင့်ပါ)
5. လက်ဖျော် အသီး ဖျော်ရည် တစ်ခုခု
6. ပဲပြုတ် ထမင်း
7. နံပြား
8. ကြက်ဥပြုတ်
9. ထောပါတ်သီး
10. မြေပဲထောပတ်
11. ဒိန်ချဉ်
12. အိမ်လုပ် ခေါက်ဆွဲပြုတ်
13. ပဲ သို့မဟုတ် နို့ တခုခု ပါသော သန့်ရှင်းလက်ဆက်သော မြန်မာ မုန့်မျိုးစုံ

အသက် ၅ နှစ် အောက် ကလေးများ ကို အပြင် အစားအစာ များမကျွေးသင့်ပါ။ အပြင်အစားအစာ တွေမှာ ဆားပါဝင်မှု့ များတဲ့ အတွက် ကလေးတွေ က အိမ်လုပ် အစားအစာတွေ ကို မစားဘဲ အပြင်စာ တွေ ကိုသာ ပိုပြီး စွဲမက် သွားစေနိုင်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Photos from Happy Life's post 09/02/2022

⛄️ဆောင်းတွင်းမှာ မလုပ်သင့်တဲ့ Skincare
အမှားများ ⛄️

ခုလို ဆောင်းတွင်းကာလလေးမှာ အေးစိမ့်စိမ့်ဖြစ်လာတာနဲ့ အတူ အသားရေ နုတဲ့သူတွေဆို စပြီး အသားခြောက်တာ၊ နှုတ်ခမ်းကွဲတာ စသည့် ဆောင်းတွင်းဆို ဖြစ်လေ့ဖြစ်ထ ရှိတဲ့ Skincare Problems တွေစပြီး ဖြစ်စပြုနေကြပါပြီ .... ။
ဒီလို အချိန်မှာ ကိုယ်မသိလိုက်ပဲ ပြုလုပ်လိုက်မိတဲ့ Skincare နည်း အမှားလေးတွေကြောင့် မလိုလားအပ်တဲ့ အသားရေ ပြသာနာလေးတွေ မပေါ်ပေါက်အောင် ဆောင်ရန်၊ ရှောင်ရန် Skincare နည်းလမ်းလေးတွေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ် ။

❄️ မျက်နှာသစ်ဆေး ရွေးချယ်ခြင်း ❄️

ဆောင်းတွင်းမှာဆို အသားခြောက်တာ ၊ အသားရေ လန်တာ တွေ အဖြစ်များကြတာ လူတိုင်းနီးပါးပါပဲ ...။ ဒီလိုချိန်မှာ မျက်နှာရဲ့ အသားရေ ခြောက်ပြီး အပေါ်ယံ အရေပြားခြောက်သွေ့တာတွေကို တော်တော်များများကြုံတွေ့ရပါတယ် ။ မျက်နှာအသားရေ ခြောက်သွေ့မှုကို ပထမဆုံး ကာကွယ်နိုင်တာ Facial Foam စသုံးတဲ့ အဆင့်ကစပါတယ် ။ ဒါကြောင့် ဆောင်းတွင်းမှာ မျက်နှာသစ်ဆေးကို ရွေးချယ်မယ်ဆိုရင် Cream Type သို့မဟုတ် Oil Based ကို အခြေခံတဲ့ မျက်နှာသစ်ဆေးတွေကို အသုံးပြုပေးဖို့လိုပါတယ် ။ ဒါမှလဲ ဆောင်းတွင်းမှာ အသားရေကို အိအိလေးနဲ့ စိုစိုပြေပြေ ဖြစ်စေနိုင်မှာပါ .... ။

❄️ Strongly Moisturizing ပေးနိုင်တဲ့ Essence/Serum များ ရွေးချယ်ခြင်း ❄️

ဆောင်းတွင်းမှာဆို အသားရေက လေတိုက်လဲ ခြောက်၊ လမ်းလျှောက်လဲ ခြောက်၊ ဘာလုပ်လုပ် ခြောက်နေတော့ Moisturizer များများပါတဲ့ ပေ့ါပေါ့ပါးပါး Serum လေးတွေကို ရွေးချယ်တာက အကောင်းဆုံးပါ .... ။ ဘာလို့လဲဆိုရင် အသားရေရဲ့ ရေဓာတ်က ပုံမှန် ထက်ပိုပြီး ခမ်းခြောက်နေတဲ့အပြင် လေတိုက်ရင်တောင် အသားရေ ကခြောက်သွေ့ပြီး အက်ကွဲတဲ့အခြေနေမျိုးမှာ Strongly Moisturizing ပေးနိုင်တဲ့ Skincare Products ကို သုံးတာ က အဆင်အပြေဆုံးပါပဲ ..... ။

❄️ Sunscreen အသုံးပြုခြင်း ❄️

Sunscreen ကတော့ သုံးရာသီလုံး သုံးကိုသုံးသင့်တဲ့ Product တမျိုးပါ .... ။ အထူးသဖြင့် ဆောင်းတွင်းမှာဆိုရင် မနက် နဲ့ ည ပိုင်း အရမ်းအေးပြီး နေ့ခင်းဖက်တွေမှာ အရမ်းပူတဲ့အတွက် နေရောင် ရဲ့ UVA, UVB ရဲ့ ဒဏ်ကို ကာကွယ်ဖို့ လိုအပ်ပါတယ် ။ ဒါကြောင့် Sunscreen များများ သုံးဖို့လဲ မမေ့နဲ့နော် .... ။

❄️ အဓိက စားသုံးပေးသင့်တဲ့ Vitamins ❄️

ဆောင်းတွင်းမှာ အသားရေ စိုပြေဖို့အတွက် ကျန်းမာတဲ့ အစားအသောက် နဲ့ ခန္ဒာကိုယ် အတွက် လိုအပ်တဲ့ Supplyments တွေ မှီဝဲဖို့လဲ လိုပါတယ်။ ဒီထဲမှာဆို အသားရေ စိုပြေစေတဲ့ အသီးအနှံများ နှင့် Vitamin D ကိုလဲ တစ်နေ့တာ ဆရာဝန်တွေ ညွှန်ကြားထားတဲ့ ပမာဏာကို လဲ မှီဝဲဖို့လိုပါတယ် ။

❄️ အလိုအပ်ဆုံး အသုံးပြုသင့်တဲ့ Skincare Products

❄️ ဆောင်းတွင်းမှာ အသုံးသင့်ဆုံးကတော့ Hydrating Products များ နှင့် Moisturizing Products များပဲ ဖြစ်ပါတယ် ။ Moisturizer Cream ဆိုရင် Oil Based ပါဝင်တဲ့ Cream များကို မနက်ပိုင်းလေး နဲ့ ည ၈ နာရီမှာ သုံးကို သုံးပေးသင့်ပါတယ် ။ Hydrating Serum, Hydrating Moisturizer တွေကိုသာ တစ်နေ့ နှစ်ကြိမ် ပုံမှန်သုံးပေးသွားမယ်ဆိုရင် ဆောင်းတွင်းမှာ အသားရေ ကို စိုစိုပြေပြေလေးနဲ့ လှပစေမှာပါ .... ။

❤️ ချစ်တို့အားလုံးလဲ ဆောင်ရန်၊ ရှောင်ရန်လေးတွေကြည့်ပြီး ဆောင်းတွင်းမှာ အကောင်းဆုံး Skincare နိုင်ပါစေ .... ❤️

Photos from Happy Life's post 02/02/2022

Khemnita ဆပ်ပြာကို❤️ မကြွေပဲမနေနိုင်ဘူး

ဒီလိုနူးညံ့တဲ့ကော်ဖီscrubဖြစ်တဲ့အတွက်ကြောင့်

အသားရည်ပွန်းပဲ့သွားခြင်းမရှိပဲ အသားရည်ကိုသဘာဝ

တိုင်းတစ်ဆင့်ပီး ❗️တစ်ဆင့်ဖြူဖွေး ဝင်းပလာစေတဲ့

13/01/2022

မျက်စိပါဝါကျချင်သူတွေအတွက် ဆောင်ရန်ရှောင်ရန်များ

မျက်စိပါဝါချနည်းက ကိုယ်တိုင်သိပ်သိချင်တဲ့ မေးခွန်းတစ်ခုဖြစ်ခဲ့ဖူးပါတယ်။ Online မှာလဲ အမေးများတယ်။

မျက်စိသဘောက စနစ်တကျမျက်စိပါဝါမချတတ်ရင် (ဒါမှမဟုတ်) လုပ်နည်းမမှန်ရင် ပါဝါပိုတက်လာတတ်ပါတယ်။ အမှန်ကတော့ စာရေးသူကိုယ်တိုင်လဲစာရေးပြီးနောက်ပိုင်း (အထူးသဖြင့် ၀တ္ထုရေးပြီးနောက်ပိုင်း) မှာ မျက်စိပါဝါ သိသိသာသာတက်လာခဲ့ပါတယ်။ ဒါကြောင့် ပါဝါတက်နေသူတွေကိုကျစေချင်တဲ့စေတနာရှိခဲ့ပါတယ်။

တကယ်တော့ မျက်စိပါဝါကျဖို့ဆိုတာ တော်တော်ခက်ခဲတယ်။ လူငယ်အများစုကအဝေးမှုန်သမားတွေဖြစ်ကြတယ်။ ဂိမ်း၊ တီဗွီ၊ ကွန်ပျူတာစတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ အကျိုးဆက်ဆိုလဲမမှားပါ။ ဒီဘက်ခေတ်မှာ Online နဲ့ Facebook ကိုအလွန်အကျွံခေတ်စားလာတာလဲ မီးလောင်ရာလေပင့်ဆိုသလို ပိုဆိုးလာစေပါတယ်။

အထူးသဖြင့်ဖုန်းနဲ့စာကြည့်တာ မျက်စိကိုပိုထိခိုက်စေတယ်။ အခုဒီဆောင်းပါးမှာ မျက်စိပါဝါကျစေဖို့သာမက ရှောင်ရန်အချက်တွေကိုပါ တစ်ခါတည်းပြောပြသွားမှာဖြစ်ပါတယ်။

မျက်စိပါဝါချချင်ရင် မျက်စိကို ကောင်းကောင်းအနားပေးဖို့လိုပါတယ်။ ဖုန်း၊ ကွန်ပျူတာ၊ တီဗွီ Screen တွေကထွက်တဲ့ အလင်းစူးစူးတွေကို ကြည့်လို့မရပါဘူး။ ကွန်ပျူတာ၊ ဖုန်းအကြည့်များသူတွေအနေနဲ့ Brightness (အလင်း) ကို တတ်နိုင်သမျှလျှော့ချဖို့လိုပါတယ်။ အလင်းစူးစူးတွေက မျက်စိကြွက်သားကို ပိုကျုံ့စေတာကြောင့် ပါဝါတက်လာတတ်တယ်။ တချို့ Online စာမျက်နှာတွေမှာ နေကသိုဏ်းရှုဖို့ပြောနေတာမျိုးရှိတယ်။ တကယ်က နေရောင်အပါအ၀င် ဘယ်အလင်းစူးစူးကိုမှ စိုက်ကြည့်တာမျိုး မလုပ်သင့်ပါဘူး။ အဲဒီလိုပြုလုပ်ခြင်းဟာ အတွင်းတိမ် (Cataract) ဖြစ်စေရုံမက Macular Degeneration လို့ခေါ်တဲ့ မျက်စိအမြင်အာရုံကို တဖြည်းဖြည်းပျက်စီးစေနိုင်ပါတယ်။ အပြင်သွားတဲ့အခါလဲ UVA and UVB Rays 99% နဲ့100% ကြားကာကွယ်တဲ့ နေကာမျက်မှန်မျိုးတပ်ထားရပါမယ်။

အိပ်ရေးမ၀တာကလဲ မျက်စိကိုထိခိုက်စေတဲ့ အကြောင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်အိပ်ချိန်ကောင်းကောင်းပေးဖို့လိုပါတယ်။ နောက်တစ်ခုက စိတ်ဖိစီးမှုပါ။ စိတ်ဖိစီးမှုက ဇီ၀ကမ္မပြောင်းလဲစေရုံသာမက မျက်စိကြွက်သားကိုတင်းစေပြီး ပါဝါတက်လာစေပါတယ်။ စိတ်ရောမျက်စိကိုရော အနားပေးပါ။ မျက်စိသဘောကဆယ်မိနစ်တစ်ခါအနားပေးရပါတယ်။ ဒီနေရာမှာ မျက်စိအထူးကု Arun Sethi ပြောတဲ့အကြံပြုချက်က သိပ်ကောင်းပါတယ်။ ဒီနေ့ခေတ်လူငယ်တွေဟာ ကွန်ပျူတာ၊ ဖုန်းစတဲ့လျှပ်စစ်ပစ္စည်းတွေ၊ အလုပ်တွေကြားကရုန်းမထွက်နိုင်ကြဘူးတဲ့။ အဲ့ဒီအတွက် အကောင်းဆုံးအကြံပေးချင်တာက တစ်ခုတည်းပါ။ မျက်စိအာရုံစိုက်ရတဲ့အလုပ်မျိုးမှာ ခေါင်းငုံ့၊ ခေါင်းမော့လေ့ကျင့်ခန်း အကြိမ်နှစ်ဆယ်လောက် လုပ်ပေးပါတဲ့။ ဒီလေ့ကျင့်ခန်းက မျက်စိနဲ့လည်ပင်းကိုသွေးလျှောက်အားကောင်းစေပြီး မျက်စိပါဝါချရာမှာ အထောက်အကူပြုပါတယ်။

မျက်စိအနားပေးတဲ့အခါ Rule of 20 ဆိုတဲ့ ဥပဒေသတစ်ခုရှိပါတယ်။ ဒီဥပဒေသအရ သင်ဟာ အာရုံစူးစိုက်ရတဲ့အရာတစ်ခုကို အချိန်ကြာကြည့်မယ်ဆိုရင် မိနစ်နှစ်ဆယ်ပြည့်တိုင်း ပေ ၂၀ ခန့်အကွာမှာရှိတဲ့ အရာ၀တ္ထုတစ်ခုခုကို စက္ကန့် ၂၀ ကြာကြည့်ပြီးအကြောဖြေရမှာဖြစ်ပါတယ်။ ဒီနည်းက အမြင်အာရုံကိုသိသိသာသာတိုးတက်လာစေပါတယ်။

နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ မျက်စိရေဓါတ်အားဖြည့်ဖို့ဖြစ်ပါတယ်။ ရေဓါတ်ခမ်းခြောက်မှုက မျက်စိခြောက်ကပ်တာ၊ မျက်စိဝါးတာဖြစ်နိုင်ပါတယ်။ အစိုဓါတ်ပြည့်ဝနေဖို့ ရေများများသေက်သင့်ပါတယ်။ ဒီနေရာမှာအများစုမှားယွင်းနေတာတစ်ခုကို ဖော်ပြပါရစေ။ မနက်အိပ်ရာထထချင်း မျက်နှာကိုအရင်ဆုံးသစ်တာ မျက်စိအတွက်လုံး၀မကောင်းပါဘူး။ တကယ်လုပ်သင့်တာက ပါးစပ်ထဲရေတစ်ငုံအရင်ငုံလိုက်၊ နောက်ပြီးမှမျက်စိကိုဖွင့်ပြီး ရေနဲ့ပက်ဖျန်းရမှာဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဟာ မျက်စိကိုအေးမြစေပါတယ်။ အအေးဓါတ်က တင်းရင်းနေတဲ့မျက်စိကြွက်သားကို ပြေလျော့စေတာမို့ မျက်စိပါဝါကျဆင်းလာနိုင်တယ်လို့ဆိုပါတယ်။ ဒီအလေ့အကျင့်မျိုးကို မနက်အိပ်ရာထတိုင်းလုပ်ဖို့လိုအပ်ပါတယ်။

မျက်စိပါဝါကျဖို့လေ့ကျင့်ခန်းတွေရှိပါတယ်။ Eye Relaxation Exercise လို့ခေါ်ပါတယ်။ အရင်ဆုံး မိမိလက်ဖဝါးနှစ်ဖက်ကို ပူလာအောင်အချင်းချင်းပွတ်ပါ။ ထို့နောက်မျက်စိကိုပိတ်ပြီး ပူလာတဲ့လက်ဖဝါးကို မျက်လုံးပေါ်ဖိတင်ထားပါ။ စိတ်ထဲက မျက်စိကြွက်သားတွေလျော့နေပြီလို့ကိုယ့်ဘာသာသဘောထားပါ။ ဒီလေ့ကျင့်ခန်းမျိုးက အချိန်မပေးနိုင်ဘူးဆိုတဲ့ IT သမားတွေ၊ ကွန်ပျူတာရှေ့နာရီပေါင်းများစွာထိုင်နေသူတွေအတွက်အလွန်ကောင်းပါတယ်။ စာရေးတဲ့အခါစာရေးသူကိုယ်တိုင် ထိုသို့အလေ့အကျင့်လုပ်ထားပါတယ်။

မျက်မှန်သမားတွေတကယ်လုပ်ရမယ့် လေ့ကျင့်ခန်းက အခုမှပြောမှာပါ။ လေ့ကျင့်ခန်းကသိပ်မခက်ပါဘူး။ မျက်စိကိုအထက်အောက်၊ ဘယ်ညာကစားပေးရမှာဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်ဖို့အရင်ဆုံးမျက်စိကို အပေါ်လှန်ကြည့်ပါ။ ပြီးရင် နာရီလက်တံလည်သကဲ့သို့ စက်ဝိုင်းပုံဖြည်းဖြည်းချင်းလှည့်ပြီးကစားပေးပါ။ ၁၀ ကြိမ်ရအောင်အရင်လုပ်ပါ။ ပြီးရင်အပေါ်ကိုကြည့်ပြီး နာရီလက်တံပြောင်းပြန်လားရာအတိုင်း မျက်စိကိုလှည့်ကစားပါ။ ၁၀ ကြိမ်ပဲလုပ်ရမှာဖြစ်ပါတယ်။ ပါဝါသိပ်မတက်သေးသူတွေအနေနဲ့မျက်မှန်တစ်ချိန်လုံးတပ်မထားသင့်ပါ။ သဘာ၀အမြင်ကိုလဲ အားကိုးသင့်ပါတယ်။ အဲ့ဒီအချက်ကမျက်မှန်ပါဝါသမားတွေ မကြာခဏမေးလေ့ရှိတဲ့ မျက်မှန်အမြဲတပ်ထားရမှာလားမေးခွန်းအတွက် အဖြေလဲဖြစ်နေပြန်ပါတယ်။ တစ်ခါတစ်ရံ မျက်မှန်ချွတ်ထားသင့်ပါတယ်။

ဆက်ပြောရမှာက အစားအသောက်ရွေးချယ်မှုပါ။ မျက်စိထဲအာဟာရဓါတ်ပြည့်၀ဖို့လိုပါတယ်။ Vitamin A, Vitamin C, Lutein နဲ့ Beta Carotene ကြွယ်၀တာတွေက မျက်စိအားကောင်းစေပါတယ်။ ငါးကြီးဆီ၊ သင်္ဘောသီး၊ ထောပါတ်၊ ဖရုံ၊ တရုတ်ဆီးသီး နဲ့ စပျစ်သီးများများစားပေးပါ။ ဝါတဲ့၊ နီတဲ့ သစ်သီးများများစားရမယ်။ မုန်လာဥနီထဲမှာ မျက်စိအားကောင်းစေတဲ့ Beta Carotene ဆိုတဲ့ဓါတ်ပါပါတယ်။ မုန်လာဥနီများများစားပါ။ ဖျော်ရည်လဲလုပ်သောက်နိုင်ပါတယ်။ အာနိသင်ကတော့ အစိမ်းလိုက်ဝါးစားတာလောက်ဘယ်အရာမှမကောင်းပါ။ အခွံမာသီးနဲ့ငါးအဆီမှာ Omega 3 ဆိုတဲ့ဓါတ်ပါပါတယ်။ Omega 3 ကအသက်အရွယ်ကြောင့်ဖြစ်တဲ့မျက်စိမှုန်တာအတွက် အလွန်ကောင်းပါတယ်။ ဘယ်ရီသီးတွေက သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ မျက်စိသွေးလျှောက်မှုက ပါဝါကျစေနိုင်ပါတယ်။ ပါဝါသမားတွေရှောင်ရမှာက ချိုတာတွေဖြစ်ပါတယ်။ သကြားဓါတ်က အမြင်လွှာကိုပိုမိုပျက်စီးစေပါတယ်။ ထို့ကြောင့်အဆာပြေမုန့်ပဲသရေစာ၊ ဆီကြော်စာ၊ အာလူးကြော်၊ ကွတ်ကီးအစရှိသည်များကို ရှောင်ပါ။ ဆေးလိပ်၊ အရက်ကိုလုံး၀မသောက်ပါနဲ့။

မျက်စိပါဝါကျစေတဲ့အိမ်သုံးနည်းကတော့ သခွားသီးကပ်ပေးတာဖြစ်ပါတယ်။ ညအိပ်ခါနီးတိုင်း ရေခဲသေတ္တာအတွင်းထည့်ထားတဲ့ သခွားသီးကိုပါးပါးလှီးပြီး မျက်လုံးပေါ်တင်အိပ်ပါ။ အေးတဲ့ဓါတ်က မျက်စိကြွက်သားပြေလျော့စေပြီးမနက်ပိုင်းအိပ်ရာထချိန်တွင် မျက်လုံးကိုကြည်လင်စေမှာ ဖြစ်ပါတယ်။ အနှစ်ချုပ်ဆိုရသော် မျက်စိအားကောင်းစေရန် အစားအသောက်အရွေးချယ်တတ်ရမှာဖြစ်ပြီး မျက်စိလေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့ဖြစ်ပါတယ်။ အထူးသဖြင့် နေ့စဉ်ကြက်ဥတစ်လုံး၊ ချဉ်သောသစ်သီးတစ်မျိုးမျိုး (သံပုရာသီး၊ လိမ္မော်သီး၊ ရှောက်သီး)၊ မုန်လာဥနီတစ်တောင့်နှင့် စပျစ်သီးတစ်တွဲစားပေးခြင်းဟာ မျက်စိပါဝါကိုသိသိသာသာကျဆင်းလာတာတွေ့ရမှာဖြစ်ပါတယ်။

Credit :: ဒေါက်တာအေးမင်းထူး

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay