Xyber Planet
31/07/2023
အားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ 𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 (IT solutions) Company ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ🤗။ ဒီနေ့ကျွန်တော်တို့ Page ကနေပြီးတော့ Programming ကိုစတင်လေ့လာနေတဲ့ beginners တွေအတွက် လေ့လာရတာ လွယ်ကူပြီးအဆင်ပြေစေမည့် Website Links တွေကို sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်✨။
1. W3Schools
(https://www.w3schools.com/)
ဒီ Website ကဆိုရင် programmers တွေတော်တော်များများရင်းနှီးပြီးတော့ beginners တွေအတွက် စတင်လေ့လာရာမှာ ရင်းနှီးကျွမ်း ဝင်ပြီးတော့ နားလည်သဘောပေါက်လွယ်ကူစေသည့် အပြင် programming languages တော်တော်များကိုလေ့လာနိုင်မည့် Online learning platform တစ်ခုဖြစ်ပါတယ်languages တိုင်းအတွက်လည်း tutotails တွေ codes examples တွေနှင့် တစ်ခုချင်းစီအသေးစိတ်ရှင်းပြပေးထားပြီးတော့ ကိုယ်တိုင်လည်း code တွေကိုတိုက်ရိုက် ပြင်စင်ပြီးစမ်းကြည် နိုင်သည့် အတွက်ကြောင့် လေ့လာရတာအဆင်ပြေပါတယ်။
2. Codecademy (https://www.codecademy.com/)
Codecademy ဟာဆိုရင်ဖြင့်လည်း Python, JavaScript, Ruby စတဲ့ programming languages တော်တော်များများကို လေ့လာနိုင်တဲ့ poular ဖြစ်တဲ့ learning platform တစ်ခုဖြစ်ပါတယ်။ ဒီ Platform မှာဆိုရင်လည်း programming concepts တွေအပြင် လေ့လာသူတွေအဖို့ codes ရေးပြီးတော့ browser ပေါ်မှာတင် တိုက်ရိုက် run ပြီးတော့ စမ်းကြည့်လေ့လာနိုင်ပါတယ်။ တစ်ချို့ Courses တွေကိုတော့ Limited version နဲ့ဖြစ်ပြီးတော့ access ရချင်တယ်ဆိုရင် budget ဖြင့်ပေးရမှာဖြစ်ပါတယ်။
3. FreeCodeCamp (https://www.freecodecamp.org/)
FreeCodeCamp ကတော့ coding နှင့် web devlopment skills တွေအပြင် အခြား Technologies တွေကို free လေ့လာာနိုင်မည့် organization တစ်ခုဖြစ်ပါတယ်။ Tutorials parth တစ်ခုချင်းမှာလည်း coding challenges တွေ projects တွေနှင့် အသေးစိတ်ရှင်းပြထားသည့်အတွက်ကြောင့် လေ့လာရတာပိုမိုအဆင် ပြေစေမှာဖြစ်ပါတယ်။
ဒီနေတော့ ဒီလောက်ပါပဲနော် အားလုံးပဲအဆင် ပြေကြပါစေခင်ဗျာ 🥰။
လူကြီးမင်းတို့လုပ်ငန်းအသုံးပြုရန်အတွက် POS Software တစ်ခုရှာနေတယ်ဆိုရင် Service ကလည်း ကောင်းပြီး အသုံးပြုရာတွင်လည်း လွယ်ကူရိုးရှင်းသည့်အပြင် Software တွေကိုလည်း Lifetime အာမခံပေးထားတဲ့ ကျွန်တော်တို့ 𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 (IT Solutions) Company မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
အောက်ပါလိပ်စာများမှလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
📧 [email protected]
☎️ 09 9635 85999
အားလုံးပဲအဆင်ပြေကြပါစေနော်🥰
03/07/2023
A+ Certification ကိုဘာကြောင့်လေ့လာသင်ယူသင့်တာလဲ🤔?
အားလုံးပဲမင်္ဂလာပါ ဒီနေ့ကျွန်တော်တို့ Xyber Planet (IT Solutions) Company ကနေ A+ Certification ကိုဘာကြောင့်လေ့လာသင်ယူသင့်တာလဲဆိုတာကို အကျဉ်းချုပ်ပြောပြပေးသွားမှာဖြစ်ပြီးတော့ လေ့လာလို့ အဆင်ပြေစေမည့် YouTube channel links လေးတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
A+ Certification ကဆိုရင် ကွန်ပြူတာတစ်လုံးရဲ့ Hardware, Software, Networking, Security ပိုင်းတွေ၊ သူတို့တွေကကွန်ပြူတစ်လုံးရဲ့ဘယ်အစိတ်ပိုင်းတွေမှာဘယ်လိုအလုပ်လုပ်သလဲ၊ ဘာတွေလုပ်ဆောင်ပေးလဲ စတာတွေကိုအသေးစိတ် လေ့လာရမှာဖြစ်ပြီး IT နယ်ပယ်ထဲကိုစတင်ဝင်ရောက်မည့်သူတွေအတွက် ဆိုရင် အခြေခံကျပြီး တော့ CompTIA(Computing Technology Industry Association) ကနေပြီးတော့ အသိမှတ်ပြုထားတဲ့ အမှတ်တံဆိတ်တစ်ခု ဖြစ်ပါတယ်။
အသေးစိတ်ကို လေ့လာနိုင့်ဖို့တွက် ကျွန်တော်တို့ Xyber Planet (IT Solutions) Company ကနေပြီးတော့ Tutorial လေးတွေကြည့်ပြီး လေ့လာဖို့အဆင်ပြေစေမည့် YouTube channel links လေးတွေကို list လုပ်ပြီးတော့ မျှဝေပေးလိုက်ပါတယ်နော်🥰✨
🖇️(https://www.youtube.com/)
🖇️ (https://www.youtube.com/user/itfreetraining)
🖇️
(https://www.youtube.com/user/Britec09)
အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ🥳
လူကြီးမင်းတို့လုပ်ငန်းအသုံးပြုရန်တွက် POS Software တစ်ခုရှာနေတယ်ဆိုရင် Service ကလည်း ကောင်းပြီး အသုံးပြုရာတွင်လည်း လွယ်ကူရိုးရှင်းသည့်အပြင် Software တွေကိုလည်း Lifetime အာမခံပေးထားတဲ့ ကျွန်တော်တို့
𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 (IT Solutions) Company မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
အောက်ပါလိပ်စာများမှလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိူင်ပါသည်။
📧 [email protected]
☎️ 09 9635 85999
+
26/06/2023
Canada မှာ Facebook နှင့် Instagram တို့ရဲ့ သတင်းဝင်ရောက်ခွင့်ကို ကန့်သတ်
ပါလီမန်က အငြင်းပွားဖွယ်ရာ အွန်လိုင်းသတင်းဥပဒေကြမ်းကို အတည်ပြုပြီးနောက် Facebook နှင့် Instagram တို့ရဲ့ company ကြီးဖြစ်တဲ့ Meta ကနေပြီး Canada ကအသုံးပြုသူတို့ရဲ့ platform ပေါ်တွင်ရှိသောသတင်းများကို စတင်ကန့်သတ်တော့မည်ဖြစ်ကြောင်းပြေကြားခဲ့ပါတယ်။ အဲ့ဒီဉပဒေကြမ်းကဘာလဲဆိုရင် Canada မှာရှိတဲ့သတင်းထုတ်သူတို့ရဲ့ site ပေါ်မှာတင်ထားသောအကြောင်းအရာများအတွက် လျော်ကြေးပေးရန် တွန်းအားပေးခဲ့ပါတယ်။ ဒါ့ပြင် Google ကနေပြီးတော့လည်း Canada နိုင်ငံသားအချို့ကို သတင်းရယူခွင့်များကိုလည်း ကန့်သတ်ထားပါတယ်။
2021 မှာလည်း Meta ကနေပြီးတော့ Canada ကဲ့သို့ Australian မှာရှိတဲ့ အသုံးပြုသူတွေကို သတင်းများမျှဝေကြည့်ရှုခြင်းတွေကို ပိတ်ဆို့ခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့ ကြာဿပတေးနေ့ကပဲ Canada ရဲ့ online news တွေမှာလည်း Meta နှင့် Google အဖွဲ့အစည်းတွေမှာရှိတဲ့ သတင်းအချက် အလက်တွေကို ပြန်လည်ရရှိဖို့အတွက် သဘောတူညီမှုအချက်များနှင့် ညှိနှိုင်းဖို့ကြော်ညာခဲ့ပါသေးတယ်။ အဲ့ဒီနေ့မှာတင်ပဲ Canada မှာဥပဒေကြမ်း အသက်မဝင်မှီထိ Facebook နှင့် Instragram အသုံးပြုခွင့်ကိုပိတ်ပင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Australian မှာတော့ အသုံးပြုသူတွေကို Facebook မှာရှိတဲ့သတင်းအချက်တွေကိုပြန်လည်ရရှိဖို့တွက် အစိုးရနှင့်ဆွေးနွေးပြီးနောက် ပြင်ဆင်မှုများပြုလုပ်ပြီး ပြန်လည်ရရှိနိုင်ခဲ့ပါတယ်။ Canada မှာလည်း နည်းပညာကုမ္ပဏီကြီးတွေကို ဆန့်ကျင်ပြီး Canada နိုင်ငံသားတွေအတွက် အစိုးရကမခံမရပ်နိုင်ဖြစ်ရင် ဘယ်သူဖြစ်မလဲ ဟုပြောဆိုခဲ့ပါတယ်။
လူကြီးမင်းတို့လုပ်ငန်းအသုံးပြုရန်တွက် POS Software တစ်ခုရှာနေတယ်ဆိုရင် Service ကလည်း ကောင်းပြီး အသုံးပြုရာတွင်လည်း လွယ်ကူရိုးရှင်းသည့်အပြင် Software တွေကိုလည်း Lifetime အာမခံပေးထားတဲ့ ကျွန်တော်တို့
𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 (IT Solutions) Company မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
အောက်ပါလိပ်စာများမှလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိူင်ပါသည်။
📧 [email protected]
☎️ 09 9635 85999
19/06/2023
အားလုံးပဲမင်္ဂလာပါ ဒီနေ့ကျွန်တော်တို့ Xyber Planet (IT Solutions) Company ကနေ knowledge sharing လုပ်ပေးသွားမှာကတော့ လူတိုင်းအတွက် အသုံးတည့်ပြီး အသုံးပြုရတာလည်းလွယ်ကူတဲ့ Application လေးတစ်ခုကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဘာ APP လည်းဆိုရင် Canva ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ video editing ,photo editing, CV form, Resume form နှင့် presentation တွေအတွက် အပြင်စတဲ့ features တော်တော်များများကိုတစ်နေရာတည်းမှာတင် အသုံးပြုလို့ရမှာဖြစ်ပြီး အသုံးပြုရာတာတွင်လည်း တော်တော်လေးကိုအဆင်ပြေပါတယ်။ ဒါပြင့် template designs များကိုစုံစုံလင်လင်ပေးထားပြီး customize (စိတ်ကြိုက်ပြင်ဆင်ပြီး) တော့လည်းအသုံးပြုနိုင်ပါတယ်။ CV form တို့ Resume form စတဲ့ templates designs တွေဆိုရင်လည်း တော်တော်လေးကို smart ဖြစ်တာကိုတွေ့ရပါတယ်။ Canva ကို free version နှင့် pro version ဆိုပြီးအသုံးပြုနိုင်ပါတယ်။ pro version ကတော့ monthly, yearly plans တွေနှင့် ဝယ်သုံးရမှာဖြစ်ပါတယ်။ free version နှင့်တင်ကိုတော်တော်လေးအသုံးပြုရတာ အဆင်ပြေတာကိုတွေ့ရပါတယ်။ features တွေအများကြီးထပ်သုံးချင်တယ်ဆိုရင်တော့ pro ဝယ်သုံးပေ့ဗျာ😉
Canva ကို website ကနေပြီးသွားအသုံးပြုနိုင်သလို download ချပြီးတော့လည်းအသုံးပြုနိုင်ပါတယ်။
အောက်မှာ links လေးတွေ ချပေးထားပါတယ်ဗျာ🥰
Website link
https://www.canva.com/
Download link
Andorid အတွက် - https://www.canva.com/download/android/
IOS အတွက် - https://www.canva.com/download/ios/
လူကြီးမင်းတို့လုပ်ငန်းအသုံးပြုရန်တွက် POS Software တစ်ခုရှာနေတယ်ဆိုရင် Service ကလည်း ကောင်းပြီး အသုံးပြုရာတွင်လည်း လွယ်ကူရိုးရှင်းသည့်အပြင် Software တွေကိုလည်း Lifetime အာမခံပေးထားတဲ့ ကျွန်တော်တို့
𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 (IT Solutions) Company မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
အောက်ပါလိပ်စာများမှလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိူင်ပါသည်။
📧 [email protected]
☎️ 09 9635 85999
17/06/2023
AI ဆိုတာဘာလဲ ဘယ်လိုအကျိုးရှိရှိအသုံးချမလဲ?
အားလုံးပဲမင်္ဂလာပါ ဒီနေ့ကျွန်တော်တို့ Xyper Planet(IT Solutions) company ကနေပြီးမှပြောပြပေးသွားမည့် အကြောင်းအရာကတော့ AI ဆိုတာဘာလဲ AI ကနေပြီးတော့ လူတွေကိုဘယ်လိုအရာတွေမှာ အကျိူးမြတ်ဖြစ်စေနိုင်လဲဆိုတာကို ပြောပြပေးသွားမှာပါ။
Artificial intelligence လို့ခေါ်တဲ့ AI (နည်းပညာ) technology တွေဟာဆိုရင် ယနေ့ခေတ်မှာ အရှိန်အဟုန်နှင့်တိုးတတ်နေပြီးတော့ ခေတ်မှီတဲ့ လူနေမှုဘဝတွေဆီသို့ ဆွဲခေါ်နေလျှက် ရှိပါတယ်။ အဲ့တာဆိုရင် AI တွေဘယ်လို အလုပ်သလဲ ဆိုနှင့် ဘယ်လိုအကျိုးရှိရှိအသုံးချရမှာလဲဆိုတာကို အောက်မှာရှင်းပြပေးထားပါတယ်။
AI တွေဘယ်လိုအလုပ်လုပ်သလဲ?
AI ကနေပြီးတော့ computer တစ်လုံးကို လူသားတစ်ယောက်ကဲ့သို့ လုပ်ဆောင်နိုင်မှုတွေ တုံပြန်ခြင်းတွေကို ပြုလုပ်ပေးနိုင်တဲ့ technology (နည်းပညာ) တစ်ခုဖြစ်ပါတယ်။ Computers တွေကနေပြီးမှ informations(အချက်အလက်) တွေပေးမယ်ပြီးတော့ အဲ့ဒီအချက်အလက်တွေကို ကြိုတင်ခန့်မှန်းပြီးတော့ ၄င်းမှာရှိတဲ့ data တွေကို ပြန်လည်ပြောပြပေးပြီးတော့ ဖြစ်ပေါ်လာမည့် ပြဿနာတွေကိုလည်း ဖြေရှင်းပေးပြီ သူတို့ရဲ့အမှားတွေကနေမှ ပြန်လည်သင်ယူနိုင်အောင် လေ့ကျင့်ပေးထားပါတယ်။ ဉပမာ ဘာမှမသိတဲ့ လူသားတစ်ယောက်ကို အသိဉာဏ်တွေရှိလာအောင် အမှားတွေလုပ်မိတာ ကနေပြီးမှ အဲ့အမှားတွေကနေ အမှန်ဖြစ်သို့ပြောင်းလဲသင်ယူလာနိုင်အောင် လေ့ကျင့်ပေးရသလိုမျိုးပေါ့။
ဘယ်လိုအကျိုးရှိရှိအသုံးချမလဲ ?
မကြာသေးမှီအချိန်ကာလကမှ ထွက်ပေါ်လာတဲ့ ChatGPT နှင့် Snapchat My AI တို့ဟာဆိုရင် powerful ဖြစ်နေတဲ့ AI applications နှစ်ခုဖြစ်ပါတယ်။ ၄င်း app တွေကို တော့ AI chatbot လို့ခေါ်တဲ့ နည်းပညာကို ပေါင်းစပ်ဖန်တီးထားပြီးတော့ လူသားတွေမေးတဲ့ မေးခွန်းတွေပြဿနာတွေကို လူသားတွေနားလည်နိုင်တဲ့ စာသားတွေမှတစ်ဆင့် ပြန်လည်ဖြေရှင်း ပြောပြပေးပါတယ်။ မိမိလိုချင်တဲ့ data တွေ Information တွေ Knowledge တွေ သိလိုတဲ့အကြောင်းအရာတွေကို chatbox မှာလူတစ်ယောက်ကိုမေးသလိုမျိုး အဲ့ဒီ APP တွေမှာသွားမေးပြီးတော့ အကျိုးရှိရှိအသုံးချလို့ရပါတယ်။ ကျွန်တော်တို့အနေနှင့် အဲ့ဒီ APP တွေကို အကျိုးရှိရှိအသုံးချနိုင်ဖို့ပဲလိုပါတယ်။
အောက်က linkတွေမှာ regsiter လုပ်ပြီး မိမိလိုချင်တဲ့အကြောင်းအရာတွေကို သွားမေးလို့ရပါတယ်
ChatGpt
https://chat.openai.com/
Snapchat My AI
https://www.snapchat.com/
လူကြီးမင်းတို့လုပ်ငန်းအသုံးပြုရန်တွက် POS Software တစ်ခုရှာနေတယ်ဆိုရင် Service ကလည်း ကောင်းပြီး အသုံးပြုရာတွင်လည်း လွယ်ကူရိုးရှင်းသည့်အပြင် Software တွေကိုလည်း Lifetime အာမခံပေးထားတဲ့ ကျွန်တော်တို့
𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 (IT Solutions) Company မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
အောက်ပါလိပ်စာများမှလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိူင်ပါသည်။
📧 [email protected]
☎️ 09 9635 85999
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
107A Street, BET 70 * 71
Mandalay
05041
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |