Knowledge & Thinking

Knowledge & Thinking

Share

Photos from Knowledge & Thinking's post 21/12/2024

ရော့ဘတ်ကီယိုဆာကီရဲ့ အဆိုအမိန့်...

21/12/2024

"မနက်ဖြန်တွေ"

အသ-က်ရှင်နေသရွေ့တော့ နေရအုံးမယ် လောကဓံဆိုတာ ဘာလဲမမေးနဲ့ မနက်ဖြန်တိုင်းက ရှင်သန်ဖို့အတွက် အခွင့်အရေးပေးပြီးသာပဲမဟုတ်လား
ဘာလို့တွေးပြီး စိတ်ညစ်နေအုံးမှာလဲ...။

ဒုက္ခတွေ မရှိရင် သုခဆိုတာဖြစ်မလာပါဘူး
နေအပူဓာတ်ကို ကာကွယ်ဖို့အတွက် အများဆုံးတော့ သစ်ပင်တစ်ပင်ရှင်သန် ကြီးထွား နိူင်ဖို့ ရေလောင်းပေါင်းသင် ရတာ နေပူ ပြင် ကပဲမဟုတ်လား...။

ဘဝမှာ စိတ်ညစ်စရာဆိုတာလူတိုင်းရှိကြတယ်
နားလည်မှုတွေနဲ့ ဆင်ချင်စဥ်စားပြီး စိတ်အေးအောင် နေရတာပါပဲ...။

ဒုက္ခကြုံလဲ မနက်ဖြန်ဆိုတာရှိ သေး တယ် အဝေးကြီးတွေးပြီး စိတ်ညစ်မနေနဲ့ ဘဝက သင်လိုချင်တိုင်း ရေးလို့ရတဲ့ စာအုပ်တစ်အုပ်မှမဟုတ်တာ အနည်းဆုံးတော့ ပျော်သလိုနေရမှာပါ...။

Photos from Knowledge & Thinking's post 13/12/2024
02/12/2024

🧠သင့်ခေါင်းထဲကထုတ်ပစ်သင့်တဲ့အရာ(၆)ခု🧠

၁။ ဂရုမစိုက်နဲ့။ သင့်ကို ဂရုမစိုက်တဲ့သူတွေကို
သင်ဂရုစိုက်စရာ မလိုပါဘူး။
တစ်ချို့လူတွေက သူတို့ကို ဂရုစိုက်လေလေ၊ သင့်ကို တန်ဖိုးမထားလေလေပါပဲ။
ဒီတော့ သူတို့ကို လိုက်ဂရုစိုက်နေမှာထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လိုက်ပါ။

၂။ လူ့ခွစာတွေကို ဝေးဝေးက ရှောင်ပါ။ တစ်ချို့လူတွေကအခြားသူ ဘာလုပ်လုပ် အမြဲအပြစ်ပြောတတ်ကြတယ်။ ဘုကလန့် တိုက်တတ်တယ်။ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိရင် ရှိသလို မဆင်မခြင်စကားတွေ ပြောတတ်ကြတယ်။ ဒီလို အဆိုးမြင်ဝါဒီရှိသူတွေကို ရှောင်ရှားပါ။ အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ ကူးစက်လာစေနိုင်လို့ပါ။

၃။ တစ်ခုခုကို အမြဲသင်ယူလေ့လာနေပါ။ “ပညာလို အိုသည်မရှိ” ဆိုသလိုပဲ ဘယ်အတတ်ပညာမဆို သင်ယူဖို့ ဝန်မလေးပါနဲ့။ ငါ့ အသက်အရွယ်ကြီးနဲ့ မသင့်တော်ပါဘူးလေ၊ ငါငယ်သေးလို့ မလိုသေးပါဘူး ဆိုပြီး မတွေးပါနဲ့။

၄။ အရမ်းမတွေးပါနဲ့။ အတိတ်က အဖြစ်အပျက်တွေ အတိတ်က အကြောင်းအရာတွေကို အရမ်းမတွေးပါနဲ့။ အတိတ်မှာ အမှတ်ရစရာ အများကြီး ရှိကောင်းရှိခဲ့မှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသား အဖြစ်အပျက်တွေပါ။ နောက်ထပ်ဖြစ်လာမယ့် အနာဂါတ်တွေကို လှပနေစေဖို့သာ ကြိုးစားပါ။

၅။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။ ကိုယ်ကျင့်တရားကောင်းတဲ့့သူက လောကမှာ တန်ဖိုးအရှိဆုံးပါ။ ကိုယ့်ကိုယ်ကို အမြဲတမ်းတိုးတက်အောင် ကြိုးစားပါ။ ကိုယ်စိတ်နှလုံး ဖြူစင်လာအောင် အမြဲကြိုးစားပါ။
စိတ်ကောင်းကောင်းထားပါ။

၆။ ထင်ချင်သလို ထင်ကြပါစေ။ လူအမျိုးမျိုး၊ စိတ်အထွေထွေရှိတယ်ဆိုသလိုပဲ လူတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတာတွေ၊ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာမို့ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်ပါ။ အခြားလူတွေ ဘယ်လိုထင်သလဲဆိုတာ အရေးစိုက်မနေပါနဲ့။

#ဆရာအောင်သင်း

15/11/2024

အပြောလွယ်ပြီး
ထိန်းဖို့ခက်တာက "စကား"

အပေးလွယ်ပြီး
တည်ဖို့ခက်တာက "ကတိ"

မုန်းဖို့လွယ်ပြီး
မေ့ဖို့ခက်တာက "နာကျင်မှု"

ပြတ်သားဖို့လွယ်ပြီး
မေ့ပျောက်သွားဖို့ခက်တာက" အလွမ်း"

အပေးလွယ်ပြီး
ပြန်ရဖို့မလွယ်တာက "မေတ္တာ"

တိုးတက်ဖို့ လွယ်ပြီး
ရေရှည်တည်တံ့ဖို့မလွယ်တာက "အောင်မြင်မှု"

ထားဖို့လွယ်ပြီး
အသိအမှတ်ပြုခံရဖို့ မသေချာတာက "စေတနာ"

အတူတူရှိနေပေမယ့်
နှလုံးသားရင်ခုန်သံ ထပ်တူကျဖို့ခက်စေတာက" နားလည်မှု"

လိုချင်ကြပြီး
ပြန်ပေးဖို့မေ့နေကြတာက "ကိုယ်ချင်းစာတရား"

"ဖြစ်တတ်သော သဘာဝများနှင့် လက်ရှိဖြစ်ပေါ်နေပြီး
တကယ်ခက်ခဲနေသော အမှန်တရားများ"

လေးစားစွာဖြင့်
#ဇင်းနစ်မကွေး

26/10/2024

နပိုလီယံ သေခါနီးမှာ
ဒီလို စကားတစ်ခွန်း ပြောခဲ့သတဲ့ ။

"ငါဟာ တစ်ချိန်က စစ်သည်ရဲမက် သိန်းသန်းပေါင်း
များစွာကို ဦးဆောင် အမိန့်ပေးခဲ့တယ် ။

အခုတော့ ငါ့ဘေးမှာ ဗလာ နတ္တိ ၊

ငါဟာ တစ်ချိန်က တိုက်ကြီး သုံးတိုက်ကိုတိုက်ခိုက်
သိမ်းပိုက်ခဲ့တယ် ။

အခုတော့ ခြေကုပ်ချဖို့ တစ်နေရာစာ မရှိခဲ့ဘူး ၊

Jesus က ငါ့ထက် အများကြီး အောင်နိုင်ခဲ့တယ် ။
သူ့မှာ စစ်သည်ရဲမက် တစ်ယောက်မှ မရှိဘူး ၊
မြေ တစ်လက်မလေးတောင် မသိမ်းပိုက်ခဲ့ဖူးဘူး ၊

ဒါပေမယ့် သူ့ရဲ့ တိုင်းပြည်ကို လူ သိန်းသန်းပေါင်း
များစွာရဲ့ ရင်ထဲမှာ တည်ထားနိုင်ခဲ့တယ် "

မေတ္တာဆိုတာ လက်နက်ထက် ထက်ပြီး လူသားအား
လုံးရဲ့ စိတ်ဝိညာဥ်ကို သိမ်းပိုက်နိုင်တဲ့ အရာပါ ။

တစ်မျိုးဆက်ကနေ တစ်မျိုးဆက် လက်ဆင့်ကမ်းနိုင်တဲ့ အရာကသာလျှင် တကယ်အဓိပ္ပါယ်ရှိတဲ့
အရာ ဖြစ်တယ် ။

Want your business to be the top-listed Media Company in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay