Successs

Successs

Share

02/03/2025

လူတစ်ယောက်ကို စိတ်ရော ကိုယ်ရော
ပေါင်းလိုက်တဲ့ အခါ လူတစ်ယောက်ရဲ့
စိတ်ကို သေသေချာချာ သိရလေပဲ!!

တစ်ချို့အပြုံးတွေရဲ့နောက်မှာ
မနာလိုခြင်းတွေ ရှိတယ်။

တချို့စကားချိုချိုတွေရဲ့နောက်မှာ
ဟန်ဆောင်ဖုံးကွယ်ခြင်းတွေ ရှိတယ်။

တချို့အားကျတယ်ဆိုတဲ့ လူတွေ နောက်ကွယ်ကနေ
အတင်းပြောနေကြတာတွေရှိတယ်

တချို့အားပေးနေပါတယ် လို့ ပြောနေကြသူတွေ
နောက်ကွယ်ကနေ ဟားတိုက်နေကြတာတွေရှိတယ်

တချို့တွေ သိပ်ဟန်ဆောင်ကောင်းကြတယ်
တချို့အပြုံးတွေ သိပ်ကြောက်စရာကောင်းတယ်
တချို့ရိုးသားမှုတွေ မာယာရောထားတယ်

အသက်ကြီးလာလေလေ တစ့်နေ့ထက်တစ်နေ့
လူတွေအကြောင်း ပိုသိလာလေလေ

20/02/2025

ကိုယ်ချင်းစာစိတ်ဆိုတာ
ပင်ကိုယ်ဗီဇနဲ့ အသိတတ်တရားပေါင်းစပ်ပြီး ဖြစ်တည်လာတယ်လို့ ပြောရင်
မှားမယ်မထင်ဘူး💁‍♀️💁‍♀️


20.2.2025

01/02/2025

💁‍♀️နေ့စဉ်ဘဝမှာ ရှင်သန်‌နေထိုင်တဲ့အခါ

👍အောင်မြင်ပြီး ၊ချမ်းသာကြွယ်ဝနေသူတွေကို ဘယ်လိုကြိုးစားခဲ့သလဲ မလေ့လာဘဲ အပေါ်ယံအားကျနေရုံနဲ့ မဖြစ်ဘူး.....

👍ကိုယ်အဆင်မပြေလို့ အကူအညီလိုတဲ့အခါ တခြားလူတွေက မကူညီရကောင်းလားဆိုပြီး စိတ်ဆိုးစိတ်ခုပြီးအပြစ်မတင်နဲ့...
💁‍♀️မကူညီကြတဲ့ သူတို့မှာ အပြစ်မရှိဘူး။

ကိုယ့်လိုချင်တဲ့ ဘဝကို ကိုယ်တိုင် ရအောင် ကြိုးစားရမှာ ကိုယ့်တာဝန်..



1.2.2025

13/01/2025

ကိုယ့်အတွက်
အကူအညီလိုလို့
တောင်းရမယ်ဆိုရင်တောင်
တဖက်လူအပေါ်
ဝန်ထုပ်ဝန်ပိုး မဖြစ်စေအောင်
သေချာစဉ်းစားတတ်ရမယ်

13.1.2025

Want your public figure to be the top-listed Public Figure in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay