U Chit Pyae - Special Guide For English
Verb to be ရဲ့ အဓိပ္ပါယ်ဆိုလျင် နှစ်မျိုးဖွင့်လို့ ရပါတယ်။ ရှိသည် နဲ့ ဖြစ်သည် ပါ။
Example: I am a student.
ကျွန်တော်သည် ကျောင်းသားတစ်ယောက်
ဖြစ်သည်။
She is a writer.
သူမသည် စာရေးဆရာမ တစ်ယောက်
ဖြစ်သည်။
Kyaw Hein is an actor.
ကျော်ဟိန်းသည် ရုပ်ရှင်မင်းသား ဖြစ်သည်။
အထက်က ဥပမာတွေမှာ Verb to be ကို "ဖြစ်သည်" လို့ ဘာသာပြန်ပါတယ်။ ဘာလို့လဲ ဆိုတော့ Verb to be ရဲ့နောက်မှာ Noun ရေးထားလ်ု့ပါ။ ဒီတော့ Verb to be တွေကို ဖြစ်သည် ဆိုတဲ့ အဓိပ္ပါယ်နဲ့ သုံးချင်ရင် သူ့နောက်ကနေ Noun ကပ်ရေးပေးရပါတယ်။
Example: Apples are in the basket.
ပန်းသီးများ ခြင်းတောင်းထဲတွင် ရှိသည်။
My home is in the middle
of the town.
ကျွန်တော့်အိမ်က မြို့လယ်ခေါင်တွင် ရှိသည်။
All the students are in their
classroom.
ကျောင်းသားများ အားလုံး သူတို့ အတန်း
ထဲတွင် ရှိကြသည်။
အထက်က ဥပမာများမှာတော့ Verb to be က်ု ရှိသည် တည်ရှိသည် လို့ ဘာသာပြန်ပါတယ်။ ဘာလို့လဲဆိုတော့ Verb to be နောက်မှာ positioning group of words ရှိနေလို့ပါ။ နေရာပြ စကားစုလေးတွေပေါ့။ ဒီတော့ Verb to be ကို ရှိသည် လို့ ဘာသာပြန်ချင်ရင် သူ့နောက်မှာ နေရာပြစကားလုံးလေးတွေ ကပ်ရေးပေးရပါတယ်။
လွယ်ကူ ရိုးရှင်းသော ဝါကျလေးတွေကို ကိုယ်တိုင် ရေးသားလေ့ကျင့် စေလိုပါတယ်။ များများရေးလေ များများ တိုးတက်လေပါပဲ။ ရေးထားတဲ့ ဝါကျလေးများကို အမှားအမှန် စစ်ပေးစေချင်ရင် ဆရာ့ရဲ့ messenger မှာ လာပြလို့ ရပါတယ်။
*အင်္ဂလိပ်စာစွမ်းရည် ဆထက်ထမ်းပိုး တိုးတက် လာနိုင်ကြပါစေ*
U Chit Pyae
Special Guide For English
ကျွန်တော့်အနေနဲ့ လူငယ်လူရွယ်များ အင်္ဂလိပ်စာကို လေ့လာနေသူများ အင်္ဂလိပ်စာ စွမ်းရည်များ ဆထက်ထမ်းပိုး တိုးတက်လာနိုင်စေဖို့ရည်ရွယ်၍ ဤ page လေးမှ နေ၍ ပညာဒါန ပြုနေခြင်းဖြစ်ပါတယ်။ ဆက်လက်၍လည်း ပညာဒါန အနေနဲ့ တင်ပေးဦးမှာ ဖြစ်ပါတယ်။ နောက်လာမယ့်အပိုင်းမှာ Pronouns တွေကို လေ့လာကြပါမယ်။
စကားမစပ် ကျွန်တော်သည် စစ်အာဏာရှင်စနစ်ကို လုံးဝ လက်မခံဘဲ ဆန့်ကျင်ပါသည်။
U CHIT PYAE
Special Guide For English
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Mandalay