YaRa

YaRa

Share

Photos from YaRa's post 24/02/2025

GARNIER Ultimate Blends Repairing HAIR FOOD PAPAYA & AMLA 3 in 1 Hair mask (review)

Hello YaRa ဒီတစ်ခေါက် review လေးက garnier food cream 3 in 1 hair mask ကို honest review လေးလာလုပ်ပေးတာပါ

🫧YaRa က ဆံပင်ဆို ငယ်ငယ်တဲ့က ငြိမ်ငြိမ်မနေပဲ ဖျက်စီးတဲ့ထဲမှာပါတယ် ကောက်လိုက်ဖြောင့်လိုက် ရိုးရိုးဆေးရောင်ဆိုးလိုက်နဲ့အခုနောက်ပိုင်း bleach ပါလုပ်ပီး အရောင်ဆိုးတော့ ဆံသားကို တော်တော် ဂရုစိုက်ရတယ်

🫧ဒီ garnier food cream ကလဲ global မှာပါ review ကောင်းတွေအရမ်းရနေတော့ YaRa လဲမနေနိုင်ပဲ ကိုယ်နဲ့ကိုက်မဲ့ ingredient ကိုလေ့လာလိုက်တော့ PAPAYA & AMLA ပါတာအဆင်ပြေလောက်မယ်ထင်လို့ ရွေးချယ်လိုက်တာပါ

🫧 YaRa သုံးနေတာတော့ တော်တော်ကြာပီး
အစက သူ့ result ကို သိပ်သဘောမကျဘူး ဝယ်မိတာမှားပီမှတ်တာ ဘာလိုဆို ဆံပင်ဖွာတာမသက်သာလို့ YaRa ပြသနာက ဆံပင်အရမ်းဖွာတဲ့သူဆိုတော့ ဖွာနေတာလျော့ချင်တာလေ 🥹

🫧ဒါမဲ့လဲဝယ်ထားတော့ ဆက်သုံးရမှာပဲဆို ဆက်သုံးနေတာ ဘယ်မှာ အရမ်းတွေသဘောကျသွားလဲဆို ဆံပင်အရောင်ချွတ်ပီးဆိုးလိုက်တော့မှာ သူ့ရဲ့ အစွမ်းကပေါ်လာတော့တယ် ချွတ်ဆေးသုံးထားတော့ ဆံသားကခြောက်ပီးပိုဖွာမယ်လို့ထင်တာ ဆံပင်တွေလဲကျွတ်မယ်ပေါ့

🫧ထင်ထားသလိုမဖြစ်ပဲ ပထမတစ်ခေါက်ခေါင်းလျှော်တော့ Conditioner အနေနဲ့ထည့်သုံးလိုက်တာ လျှော်နေတုန်းလဲ အိအိစက်စက်လေးနဲ့ လျှော်ပီးတော့လဲ ဆံသားက တောင့်တောင့်ဖွာဖွာကြီးမဖြစ်တော့ပဲ နုနုညံ့ညံ့လေးနဲ့ဝတ်ဝတ်လေးဖြစ်နေတာ ပုံတောင်အရမ်းသွင်းစရာမလိုတော့ဘူး 🤭

🫧နောက်ပီး ဆံပင်ရှင်းရတာလဲ လွယ်တယ် ဆံလုံးသေးပီး ဆံပင်ရှင်းရခက်တဲ့သူလေးတွေအတွက်ဆိုတော်တော်အဆင်ပြေမှာ နောက်တစ်ချက်က ချွတ်ထားတော့ ဆံပင်အထွေးလိုက်ကြီးကျွတ်မယ်ထင်တာ ဆံပင်အရမ်းမကျွတ်တဲ့အပြင် အရောင်ဆိုးထားတာနှစ်ပတ်ပဲရှိသေးတယ် ဆံပင်အမဲတွေကပြန်ထွက်လာပီ ပြောချင်တာ ဆံပင်ရှည်တာလဲမြန်ပါတယ် 🤩

🫧Texture ကလဲ မပစ်မကြဲလေးနဲ့ လိမ်းရတာအဆင်ပြေတယ် အနှံ့လေးကလဲ chemical အမွေးနှံ့တွေမပါပဲ တကယ် organic fruit အနှံ့လေးနဲ့ fresh ဖြစ်တယ် ဗူးကြီးကလဲ 390ml တောင်ပါတော့ တော်တော်သုံးခံတယ်

ကယ်အဲ့တာဆို PAPAYA & AMLA ကို ဘယ်လိုဆံသားမျိုးသုံးသင့်တာလဲဆိုတာဆက်ပြောပြမယ်နော် 💁🏻‍♀️
- Chemical ထိပီး damage ဖြစ်နေတဲ့ဆံသားတွေ
- ဆံသားဖွားပီး အုံပါးတဲ့သူတွေနဲ့
- ဆံပင်ရှည်တာမြန်ချင်တဲ့သူတွေ
- ဆံပင်အသစ်ပြန်မွေးချင်တဲ့သူတွေတွက် အဆင်ပြေမယ်လို့ Yara recommend ပေးချင်ပါတယ်
YaRa ကိုယ်တိုင်လဲ သေချာလေးသုံးပီးတော့ review ပေးတာဖြစ်လ်ို့ try ချင်တဲ့သူလေးတွေဆို try ကြည့်ဖို့ ပြောချင်ပါတယ်

🔸How to use
3 in 1 mask ဖြစ်တဲ့အတွက် 3မျိုးသုံးလို့ရတယ်ပေါ့နော်
- ခေါင်းမလျှော်ခင်သုံးမယ်ဆိုရင်တော့ ဆံပင်ကို ရေအနည်းငယ်စွတ်ပီး 15 min mask လေးလိမ်းပေးပီး လျှော်ကျပေးလိုက်ရုံပါပဲ
- Conditioner အနေနဲ့သုံးမယ်ဆိုရင် Shampoo သုံးပီး 3 minute လောက်ပေါင်းထားပီး ရေဆေးချရုံပါပဲနော်
- ခေါင်းလျှော်ပီး leave-in conditioner အနေနဲ့သုံးမယ်ဆိုရင်လဲရပါတယ် ရေမစိုမခြောက်အချိန်လေးမှာ cream အနေနဲ့ အနည်းငယ်ယူပီး ဆံသားအောက်ပိုင်းနေရာအနှံ့လိမ်းပေးလိုက်ရုံပါပဲ ရေပြန်ဆေးချစရာမလိုတော့ပါဘူး
- တစ်ခုသတိထားရမှာက ဦးရေပြားပေါ်မထိအောင် သတိထားလိမ်းပေးပါ
YaRa ကတော့ 3မျိုးစလုံးအနေနဲ့သုံးဖြစ်တယ် hair mask အနေနဲ့ အချိန်ပေးပီးမသုံးဖြစ်ရင် conditioner နဲ့ leave-in conditioner အနေနဲ့သုံးဖြစ်တယ်

🫧YaRa က Forever StandBy Page ကနေဝယ်တာပါရှင့် နောက်ထပ် Review လေးတွေလဲ မကြာခင်လာပါမယ် YaRa Page ကို like & follow သွားဖို့မမေ့နဲ့နော် အဆုံးထိ ဖတ်ပေးတဲ့တွက်ကျေးဇူးတင်ပါတယ် See u 🤗

Page link 👇🏻

https://www.facebook.com/share/19A6GHHXz1/?mibextid=wwXIfr

Photos from YaRa's post 22/10/2024

Kundal-Eau Thermale Scrub Body Wash (honest review ✍🏻)

Hello🫶🏻Scrub တိုက်ဖို့ အချိန်မရှိတဲ့သူလေးတွေ ၊အသားရေမဲညစ်နေပီး စိတ်အလိုမကျဖြစ်နေတဲ့သူလေးတွေအတွက် scrub တိုက်ဖို့အချိန်သက်သက်ပေးစရာမလိုပဲ daily use ပါအသုံးပြုလို့ရတယ်ဆိုရင်ရော စိတ်ဝင်စားကျလား?စိတ်ဝင်စားတယ်ဆို review လေးကို အဆုံးထိဖတ်သွားပေးနော်

🧖🏻‍♀️YaRa ဒီတစ်ခေါက် Kundal-Eau Thermale Scrub Body Wash လေးက်ို review လေးပေးချင်ပါတယ် ၊ YaRa အရင်တစ်ခေါက် scrub တစ်ခုလေး review ပေးတုန်းကပြောခဲ့သလိုပဲ အနည်းဆုံးတစ်ပတ်တစ်ခါ scrub တိုက်ပေးသင့်ပါတယ် ၊ခုပေးမဲ့ Scrub body wash လေးက daily use လဲသုံးလို့ရတော့ အချိန်မပေးနိုင်တဲ့သူလေးတွေအတွက် အဆင်ပြေစေမှာသေချာပါပဲ

Question -Scrub ပါတာကို daily use သုံးလို့ရပါမလား အသားရေးတွေကြမ်းပီး ပါးကုန်မှာပေါ့ 🤷🏻‍♀️ ?

Answer -YaRa ကိုယ်တိုင်လဲ သုံးကြည့်ပီးတာတော့ အသားရေပါးသွားတာ ၊ အသားအရမ်းခြောက်တာမျိုးမဖြစ်ပါဘူး၊ ဒါမဲ့ Scrub တိုက်ပီးရင် အနည်းအကျင်းတော့ အသားခြောက်တာမျိုးတွေရှိတတ်တာကြောင့် ရေချိုးပီးရင် အစိုးဓာတ်ကို ထိန်းပေးတဲ့ moisture Body lotion လေးတွေ နေပူထဲသွားမယ်ဆ်ို SPF body lotion လေးတွေတော့သေချာလေးလိမ်းပေးသင့်ပါတယ်

🧖🏻‍♀️သူရဲ့ Scrub အသားလေးကလဲ နူညံ့တာကြောင့် scrub တိုက်ပီ အသားရေကြမ်းမှာတော့စိတ်ပူစရာမလိုပါဘူးနော် သူ့မှာ hyaluronic acid 8မျိုး ၊ Ceramides 5မျိုး ၊ Panthenol ၊ allantoin နဲ့ betaine တို့ပါဝင်တာဖြစ်လို့ ခန္ဓာကိုယ် အသားရေတွက် အစိုးဓာတ်ထိန်းသိမ်းပေးပီး အသားရေလေးက ရေဓာတ်ပြည့်ဝပြီး စိုပြေစေတယ်

🧖🏻‍♀️နောက်တစ်ခုက YaRa တို့ တင်းတိပ်လေးတွေက မျက်နှာပေါ်မှာတင်ထွက်တတ်တာ မဟုတ်ပါဘူး ခန္ဓာကိုယ်တစ်ချို့နေရာလေးတွေမှာလဲ ဖြစ်တတ်ပါတယ် တစ်ချို့သူလေးတွေက တံတောင်ဆစ်ဘေးနားလေးတွေ ၊ လက်ဖမိုးလေးတွေအပေါ်မှာ အမဲစက်ပုံစံလေးနဲ့ ထွက် တတ်ကျတယ် အဲ့လိုထွက်တတ်တဲ့ သူလေးတွေဆို ဒီ body wash ကိုသုံးကြည့်ဖို့ recomment ပေးချင်ပါတယ် Scrub တိုက်ပေးချင်းက အရေးပြားပေါ်မှာရှိတဲ့ cell သေတွေကို ဖယ်ရှာပေးတာဖြစ်လို့ အသားရေလေးက ကြည်လာပီး healthy skin လေးပိုင်ဆိုင်စေတာပါနော်

🧖🏻‍♀️YaRa ဒီ scrub body wash လေးသုံးပီးနောက်ပိုင်း လက်ပြတ်လေးတွေဝတ်ရတာ confidence ရှိလာတယ် ပခုံးသားလေးတွေ လက်မောင်းသားလေးတွေ ပေါ်နေတဲ့နေရာလေးတွေက သိသိသာသာ စိုပြေနေတာလေးကို သတိထားမိတယ် နောက်တစ်ခုက ဒီ Scrub body wash လေးက အသားမညီတာ ၊ နေလောင်ကွက်လေးတွေနဲ့ ယားယံတာတွေကိုလဲ သက်သာတယ်

🧖🏻‍♀️သူရဲ့ texture လေးက အပေါ်မှာပြောခဲ့သလိုပဲ နူးညံ့ပီးတော့ အနံ့လေးကလဲ Luxury ဆန်ပီးတော့ စိတ်ကို ကြည်လင်လန်းဆန်စေတယ် ရေချိုးပီးရင် ရေချိုးခန်းတစ်ခန်းလုံး မွှေးအီပီးကျန်နေခဲ့တာ အသားပေါ်မှာလဲ Shower အနံ့လေးက နာရီတော်တော်ကြာဆွဲတယ် အမြုံပ်ထွက်အားကတော့ အရမ်းမကောင်းပေးမဲ့ ချေးတွန်းလို့ကောင်းတယ် ချေးလုံးဝပြောင်တယ်

🧖🏻‍♀️တစ်ဗူးကိုလဲ 500ml တောင်ပါတာဆိုတော့ အေးဆေးသုံးလို့ရတယ် YaRa ဝယ်တုန်းကတော့ 2သောင်းခွဲကျော်လောက်ရှိတယ် ဗူးကြီးကလဲ အကိတ်ကြီး qulity ကလဲရှယ်ဆိုတော့ အရမ်းတန်ပါတယ်နော်

ကယ်reviewလေးက နည်းနည်းရှည်သွားတာဖြစ်လို့ ဒီမှာပဲရပ်လိုက်ပါတော့မယ် နောက် review လေးတွေမှာ ပြန်စုံကျမယ်နော် ၊ YaRa page လေးကို like & Follow မလုပ်ရသေးဘူးဆိုရင် လုပ်သွားဖို့ မမေ့နဲ့အုံးနော် bye 🤗

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay
00000