Hlaing Myo htet

Hlaing Myo htet

Share

13/10/2022

=================

လောကကြီးမှာ
ကိုယ့်အပေါ်မကောင်းပြောနေလည်း
ကိုယ်ကပြန်မပြောမိပါစေနဲ့။

ကိုယ့်အပေါ်
မဆီမဆိုင် မုန်းနေလည်း
ကိုယ်ကပြန်မမုန်းမိပါစေနဲ့။

ကိုယ့်အပေါ်
အမြင်စောင်းပြီးတစ်မျိုးမြင်နေလည်း
ကိုယ်ကအမြင်မစောင်းတစ်မျိုး
မထင်မိပါစေနဲ့။

ကိုယ့်အပေါ်
တကယ်မချစ်တဲ့သူနဲ့တွေ့ခဲ့ရင်လည်း
ကိုယ္က သူ့အပေါ်မေတ္တာ
မပျက်မိပါစေနဲ့။

သူက ဘာပေးပေး
ကိုယ့်ဆီက သူ့ကို မေတ္တာပဲပြန်ပေး
လိုက်ပါ။


မေတ္တာဆိုတာ ဝဋ်ကြွေးတွေကို
ဆပ်ဖို့အတွက်
အကောင်းဆုံး
ပေးဆပ်ခြင်းပဲ ဖြစ်ပါတယ်။

ဒီဘဝ္မာ
အမုန်းတွေရှိရင်လည်း ကျေပါစေ။

အငြိုးတွေရှိရင်လည်း ကျေပါစေ။

ဒီဘဝ္မာ အကြွေးဆပ်ဖို့
အကြောင်းပါလာရင်
ဒီဘဝ်မာပဲ အကျေဆပ်ခဲ့လိုက်ပါ။

နောက်ဘဝတွေ အထိယူမသွားပါနဲ့။

မိတ်ဆွေ "သိထားရမည့်အရာက---

ကိုယ့်မှာ အားနည်းချက်ရှိရင် ...
သူတစ်ပါး ပျော့ကွက်ကို
ချမနင်းဘဲ နေတတ်ရမယ်။

ကိုယ့်မှာခံနိုင်ရည် မရှိရင် ...
သူတစပှါး နစနှာစရာစကားကို
ဆင်ခြင်ပြောဆိုတတ်ရမယ်။

ကိုယ့်မှာ ဒုက္ခဆိုတာရှိရင်...
သူတစ်ပါးဘဝ ပျက်စီးကြောင်းကို
ရှောင်ရှားတတ်ရမယ်။

ကိုယ့်မှာ အရှက်ရှိရင်...
သူတစ်ပါး ဂုဏ်သိက္ခာကို
ငဲ့ညှာတတ်ရမယ်။

ကိုယ့်အပေါ်မပြုစေချင်တဲ့ အရာရှိရင်...
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ်။

ကိုယ့်မှာ အပြစ်နဲ့မကင်းရင် ...
သူတစ်ပါးအမှားကို လက်ညှိုး
မထိုးမိအောင် နေတတ်ရမယ်။

ကိုယ့်မှာဝေဒနာရှိရင် ...
သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ်။

ကိုယ့်ကို ကဲ့ရဲ့တာ မကြိုက်ရင် ...
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ်။

ကိုယ့်မှာ အမာရွတ်ရှိရင်...
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်...

ဒါဟာ ကိုယ်ချင်းစာတရားပဲ။
ကိုယ်ချင်းစာတတ်ပါစေ. . .

Credit
----------------------------------
ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါကအောက်ကအင်္ဂလိပ်စာတန်ပြာပြာလေးနှိပ်pပေါ်လာတယ်စာရေးသူအကောက်ကိုအပ်ပေးပါအုံး👇👇👇👇👇👇👇👇👇
https://www.facebook.com/profile.php?id=100076600916157

Chan Lin Aung

08/10/2022

"လေးစားရသော နေရာစုံကရွှေဖရဲသီးများ"

ကမ္ဘာကြီးက တုန်လှုပ်ကြောက်လန့်ခဲ့ရတဲ့ စစ်ရေးအခြေအနေတစ်ခုကို ဖတ်မိ၊ မှတ်မိ၊ ကြည့်ဖူးကြမယ်လို့ထင်ပါတယ်။ အဲ့တာကတော့ ကျွန်မတို့မြန်မာနိုင်ငံသား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ဖြစ်တဲ့ ဦးသန့်လက်ထက်က ကြားဝင်ညှိနှိုင်းဖြေရှင်းအောင်မြင်ခဲ့တဲ့ ကျူဘားဒုံးပျံအရေးအခင်းကြီး ဖြစ်ပါတယ်။ နျူကလီးယားပိုင်ဆိုင်ကြတဲ့ အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့ စစ်အေးကာလတိုက်ပွဲမှာ နှစ်ဖက်အားပြိုင်မှုဖြစ်ပါတယ်။

အဲ့ဒီခေတ်အခါက အမေရိကန်တို့ရဲ့လက်နက်တွေဟာ အမေရိကားကနေ ဆိုဗီယက်ပြည်ထောင်စုမြို့တော် မော်စကိုအထိရောက်အောင် မပစ်နိုင်ပါဘူး။ ဆိုဗီယက်ပြည်ထောင်စုကလည်း သူတို့ရဲ့လက်နက်တွေနဲ့ အမေရိကန်အထိ ရောက်အောင်မပစ်နိုင်ပါဘူး။

သို့သော် အမေရိကန်က နေတိုးအဖွဲ့ဝင် ဆိုဗီယက်အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တူရကီနိုင်ငံမှာ သူတို့ရဲ့ နျူကလီးယားလက်နက်တွေကို ထားရှိခြင်းအားဖြင့် ဆိုဗီယက်ပြည်ထောင်စုကို ချိန်ရွယ်ထားနိုင်ပါတယ်။ အဲ့အတွက် ဆိုဗီယက်ကလည်း အမေရိကန်ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကျူဘားမှာ နျူကလီးယားထိပ်ဖူးတပ် ဒုံးတွေကို တပ်ဆင်ကြပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက အမေရိကန်ဟာ ဒီမိုကရေစီနိုင်ငံဖြစ်ပြီး ဆိုဗီယက်ကတော့ အာဏာရှင် ကွန်မြူနစ်နိုင်ငံတစ်ခုဖြစ်ပါတယ်။

အာဏာရှင်တွေဟာ မထင်ရင်မထင်သလို ပြုမှုဆောင်ရွက်တတ်တာမို့ ကမ္ဘာကြီးအတွက် များစွာအန္တရာယ်ရှိလှတဲ့အတွက် အမေရိကန်အနေနဲ့ သတိကြီးစွာထားပြီး သံတမန်နည်းအရ အနိုင်ယူခဲ့တယ်ဆိုလည်း မမှားပါဘူး။ သို့သော်လည်း ဤကဲ့သို့ ဆိုဗီယက်ပြည်ထောင်စုရဲ့ အာဏာရှင်ခေါင်းဆောင် နီကီတာ ခရုချက်ဗ် ၏ အကြံအစည်များကို ကမ္ဘာသူကမ္ဘာသားများ စစ်ဘေးဒဏ်ကင်းဝေးစေရန် (သို့) ငြိမ်းချမ်းစေရန်အတွက် အဓိကကူညီပေးခဲ့သူကတော့ ပန်ကော့ဇီးလို့ခေါ်တဲ့ ကမ္ဘာကြီးငြိမ်းချမ်းမှုကို လိုလားသော ရှရှားပြည်သူများ အေးချမ်းစေရန်ရည်ရွယ်၍ သတင်းပေးခဲ့သော ဗိုလ်မှူးကြီးတစ်ဦးဖြစ်ပါတယ်။

ကျွန်မတို့မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်အမြစ်ဖြတ်ပွဲဖြစ်တဲ့ နွေဦးတော်လှန်ရေးမှ ရွှေဖရဲသီးများ လိုပင် ဖြစ်ပါတယ်။ သူ့အကြောင်းကို ကမ္ဘာကျော် ဟောလိဝုဒ်ဇာတ်ကားတစ်ကားဖြစ်တဲ့ "The Courier" ဆိုတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်မှာ ကြည့်ရှုနိုင်ပါတယ်။ ကျွန်မလည်း ဒီရုပ်ရှင်ကိုကြည့်ပြီး ဒီစာလေးရေးဖို့ အကြံရလာရခြင်းဖြစ်ပါတယ်။

ယနေ့မျက်မှောက်ခေတ် အကြမ်းဖက်စစ်အာဏာရှင်များကိုတော်လှန်နေကြတဲ့ မြန်မာပြည်သူလူထုကြားမှ ပေါက်ပွားလာတဲ့ တပ်မတော် CDM ပြည်သူ့စစ်သည်တော်ကောင်းများနှင့် တပ်တွင်းမှနေ၍ အကြမ်းဖက်စစ်တပ်ရဲ့ အတွင်းသတင်းများ၊ စစ်ရေး စစ်ရာများကို အာဏာရှင်တော်လှန်ရေးအတွက် ကျရာနေရာ အခန်းကဏ္ဍကနေ ကူညီပေးနေတဲ့အတွက် ကျွန်မအနေနဲ့ ဒီနေရာကနေ အထူးပင်ဂုဏ်ယူလေးစားမိကြောင်း၊ အထူးပင်ကျေးဇူးတင်ကြောင်း ပြည်သူများကိုယ်စား ပြောလိုက်ပါရစေရှင်။

ကျွန်မအသိတစ်ယောက်ကဆိုရင် သူတို့နေရာမှာ အခုချိန်အထိ အကြမ်းဖက်စစ်တပ်တွေ ချီတတ်ရာ စစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်နိုင်ခြင်း၊ ခြုံခိုတိုက်ခိုက်နိုင်ခြင်းဟာ တပ်မတော်သား CDM တွေရယ်၊ ဖရဲသီးခေါ် တပ်တွင်းမှ ပြည်သူ့ဘက်တော်သားများ၊ ပြည်သူလူထုမှ အလွန်တိကျသော သတင်းပေးခြင်းကြောင့် ဖြစ်ကြောင်းသိရတော့ ပိုလို့ပင်လေးစားမိ၊ ပီတိဖြစ်မိပါတယ်။

ပြည်သူ့ဘက်တော်သားများအဖြစ် ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ပြချင်ပါသော်လည်း အခြေအနေ၊ အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ရဲ့ဆန္ဒတွေမျိုသိပ်ကာ မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခံပြီး ပေးဆပ်နေကြတဲ့ အညတရ သူရဲကောင်းများကို ကျေးဇူးတင်ပါတယ်ရှင့်။

ထို့အပြင် နယ်ပယ်အသီးသီးက အသိပညာရှင်၊ အတတ်ပညာရှင်များကလည်း စစ်အာဏာရှင်များရဲ့ လှည့်ကွတ်များ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ သံတမန်ရေး အခြေအနေအရပ်ရပ်ကို သတင်းစကားပေးခြင်း၊ လျှို့ဝှက်သတင်းစကားပါးခြင်းဟာလည်း တော်လှန်ရေးအတွက်များစွာ အထောက်အကူဖြစ်လှပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာနအသီးသီးက CDM လုပ်ခွင့်မသာခဲ့သော ပြည်သူ့ဘက်တော်သား ပြည်သူ့ဝန်ထမ်းများကလည်း တော်လှန်ရေးအတွက်အရေးကြီးသော သတင်းများကို ပေးခြင်း၊ NUG ရဲ့ ဘွန်းများကိုဝယ်ယူကာ တော်လှန်ရေးအတွက် အားဖြည့်ပါဝင်နေခြင်းဟာ အလွန်တရာမှ တန်ဖိုးရှိလှပါတယ်ရှင့်။

ဒါကြောင့်မလို့
"ယုတ်ညံ့တဲ့ခေါင်းဆောင်တစ်ဦး ဦးဆောင်တဲ့ အစိုးရတရပ်ဟာ လူ့ယဉ်ကျေးမှုအတွက် အလွန်ကြောက်မက်ဖွယ်အန္တရာယ်ရှိတယ်" ဆိုတဲ့ Fb ကနေ ကျွန်မဖတ်ဖူးတဲ့ စာအတိုင်း မြန်မာပြည်မှာ အမြစ်တွယ်နေတဲ့ ကြောက်မက်ဖွယ်ရာ စစ်အာဏာရှင် စနစ်ဆိုးကို မြန်မာ့မြေမှသာမက ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားတဲ့အထိ ကျွန်မတို့အတူတူ နိုင်ရာတာဝန်ကနေ ထမ်းပိုးကြရင်း

"ပြည်သူ့ပန်းတိုင်ရောက်ရှိဖို့ တပ်တွင်းသတင်းပေးကြစို့" လို့
တိုက်တွန်းနှိုးဆော်ရင်း --------------

နေရာစုံမှ ရွှေဖရဲသီးများကို လေးစားလျက်

မသူဇာလွင်

Want your public figure to be the top-listed Public Figure in Mandalay?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address


Mandalay
439842