Beauty Tips&Tricks
အသက်ရှူလေ့ကျင့်ခန်းက အသားဖြူစေတယ်ဆိုတာမှန်လား?ဆိုတာ ကို မနက်ဖြန်တင်မဲ့ post မှာ စောင့်မျှော်ပေးကြဦးနော်😍
07/12/2021
ချစ်တို့ရေ ဒီနေ့မှာ Vanekaa က sheet mask ကလေးတေရပီနော်😍😍😍😍
Price 900ks
❤Collagen sheet mask
လျော့တွဲနေတဲ့အသားအရည်ကို ပြန်လည်တင်းရင်းစေပီး collagen ထုတ်လုပ်မှုအားကောင်းစေလို့ အရွယ်တင်နုပျိုစေပါတယ်နော်
❤Aloe vera
ဝက်ခြံကို သက်သာစေပီး ကြည်လင်တဲ့ အသားအရည်အတွက်
❤ Charcoal mask
Black head တေနဲ့ ချွေးပေါက်ကျဥ်းမှုတေအတွက် အကောင်းဆုံးသော bamboo blackhead mask
ကဲကြိုက်တာရွေးပီး ဝုန်းလို်ရပီနော်
တစ်ချပ်မှ 900ဆိုတော့ ရှယ်တန်ပီး ရှယ်သုံးလို့်ရပီလေ😍😮😮😮😮😮
04/12/2021
ရည်းစားနဲ့ ဖုန်းပြောတဲ့ ပုံစံအမျိုးမျိုး
Beauty buddies တို့ကရော ဘယ်လိုအထူးအဆန်းတေပြောလဲ🤣🤣
1) မြူနီစပယ်
မြက်ပင်နှုတ်လိုက် မြေကြီးပေါ်ကအမှိုက်တွေကို
တုတ်နဲ့ ဟိုဘက်ပုံလိုက် ဒီဘက်ပုံလိုက် လုပ်ပြီး
မူနွဲ့နေတတ်။
2) သစ်တောက်ငှက်
လက်က အငြိမ်မနေဘဲ သစ်ရွက် ဆိတ်ဆွဲလိုဆွဲ၊
ကိုင်းချိုးလိုချိုး နဲ့ ဖြစ်နေသူ။
3) နက္ခတ္တပညာရှင်
ဝရံတာထွက်ပြီး ကြယ်ရောင်စုံ ကြည့်ရှုကာ
နက္ခတ်သဘင် ဆင်ယင်နွှဲပြီး ပြောသူ။
4) အားကစားလိုက်စားသူ
ဖုန်းပြောနေရင်း ခြေထောက်ကို အရှေ့အနောက်လွှဲခြင်း၊
အိမ်အရှေ့နဲ့ အနောက်ကို ခေါက်တုံ့ ခေါက်ပြန်
လျှောက်ရခြင်းတို့ကို အထူး ခုံမင်။
5) နိဗ္ဗာန်ဆော်
ရည်းစားနဲ့ ဖုန်းပြောတာကို စပီကာဖွင့်ပြီး
အရှေ့ ခုနှစ်အိမ် အနောက်ခုနှစ်အိမ်
ကြားသွားလည်း မမှုတတ်သူ။
6) ကမ္ဘာကျော် ဂိမ်မာ
ဖုန်းပြောနေရင်း လက်ကဂိမ်းဆော့နေပြီး
ရံဖန်ရံခါ ထထဆဲလို့ ရည်းစားနဲ့
မကြာခဏ စွပြသနာတက်။
7) ဖု ဘလော်ဂါ
ဖုန်းပြောခါနီး ကော်ဖီထဖျော်၊
ထမင်းထ ခူးခပ်ရခြင်းကို ခုံမင်သူ။
ဒီနေ့ ချက်တဲ့ဟင်းကို ကြက်သွန်ဖြူနွှာတဲ့
နေရာကစပြီး ပလိတ်တင် ခင်းကျင်းသည်ထိ
အသေးစိတ် ပြောပြတတ်။
8.) အတိတ်နွံထဲက ရုန်းမထွက်နိုင်သူ
ဘယ်က ဘယ်လို စကြိုက်သွားတယ် ဆိုတာကို
နေ့တိုင်း မေးမြန်းလိုက် ဖြေလိုက်နဲ့ တစိမ့်စိမ့်
စမြုံံ့ပြန်တတ်။
9) တရားမဝင် တယ်လီဖုန်းကိုင်ဆောင်သူ
အိမ်မပိုင်ဘဲ ရည်းစားထားမိသဖြင့် ဖုန်းလာလျှင်
ပုန်းလျှိုးကွယ်လျှိုး တိတ်တခိုး ပြောရ။
10. အမေရိကန် သံရုံး
ရည်းစား နှစ်ယောက် ထားမိ၍ လာသမျှဖုန်းတိုင်းကို
ချက်ချင်းသိစေရန် ဖုန်းနှစ်လုံး ဆောင်ထားရသူ။
11) အဆိပ်ငွေ့ ရှူမိထားသူ
ဖုန်းတောင် ကောင်းကောင်း မကိုင်နိုင်တော့ဘဲ
အိပ်ရာပေါ်လဲကာ ဖုန်းကို နားရွက်ပေါ်
အပြားလိုက်ကြီး တင်ထားရ။
12) ပြဇာတ်ခေါင်းဆောင်
ဖုန်းပြောတိုင်း တစ်နေ့ တစ်မျိုး မရိုးရအောင်
ပြသနာတက်ပြီး ငိုယိုအော်ဟစ်နေရသူ။
13) အသံတု ရဲမြင့်လေး
အိမ်နဲ့ပြောနေတုန်း အာပြဲလန် နေစဉ်
ရည်းစားဆီက ဖုန်းလာရင် ချက်ချင်းကြီး ကီးချိန်းသွား။
14) ဆို/ပျော် ဝါသနာရှင်
ဖုန်းပြောတိုင်း ဂစ်တာတီးပြီး သီချင်း ဆိုပြသူ။
15) ဖိုတိုဂျန်းနစ် ဖြစ်သူ
ဗီဒီယိုကော ပြောလျှင် တစ်ဖက်က ဘာပြောပြော
နားမဝင်တော့ဘဲ မိမိမျက်နှာကိုပဲ အဖက်တွေနဲ့ မွမ်းမံလိုက် ဆံပင်ကိုဖွလိုက်နဲ့ ကိုယ့်ဘာသာကြည့်ပြီး ကြည်နူးနေတတ်။
16) ဒေတာများနဲ့ ည ယူဆာ
ဖုန်းကို မနက် သုံးလေးနာရီထိ အရည်မရ
အဖတ်မရတွေ တလစပ်ပြောပြီး
အော်ပရေတာများကို အလုပ်အကျွေးပြုတတ်။
17) CNN သတင်းဌာန
ချစ်ကြောင်း ကြိုက်ကြောင်းကလွဲရင်
တလောကလုံးက သတင်းပုလင်းစုံကို ဖလှယ်တတ်သူ။
18) လေလွင့်နွား (အပေါ်အချက်တွေနဲ့ ဘောင်မဝင်)
ရည်းစားရှိသော်လည်း အဝင်ဖုန်း ဆိုလို့
အော်ပရေတာတွေ စစ်တမ်းကောက်တဲ့ ဖုန်းနဲ့
Delivery ဖုန်းပဲ ဖြေစရာရှိသူ။
Crd #
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay