MAB Online Class

MAB Online Class

Share

07/01/2022

🔺ဘာ... သင်တန်း ၄ခုလုံးအတွက်-၃၀၀၀ တဲ့ / ဟုတ်လို့လားကွာ❓ ဟုတ်ပါတယ်!
သင်တန်းလေး ၄ခု့ သင်ခန်းစာပေါင်း ၅၈ခု့ ကိုမှ့
တကယ် ၃၀၀၀ တည်းပါ!

[ ယခုကာလအတွင်း တက်ချင်နေတဲ့သူတွေအတွက် အစစအရာရာအဆင်ပြေအောင် အထူးလျော့ဈေးချ ပေးထားတာပါ ]

🔺အဲ့သင်တန်းမှာ ဘာတွေသင်ပေးမှာလဲ❓

🔑🔑 MAB မှာ သင်ယူလေ့လာ ရမယ့် အဓိက သင်ခန်းစာပေါင်း(58) ခုကတော့...

Marketing Classမှာ...
✅ Marketing အောင်မြင်ရတဲ့အဓိကအချက်များ
✅အရင်းအနှီးအနည်းငယ်ဖြင့် စတင်နိုင်သော
ကိုယ်ပိုင်လုပ်ငန်းများ အကြောင်း
✅ရောင်းသူများကြားမှာ နေရာတစ်ခုအထိရဖို့ MSR အကြောင်း ရှင်းပြခြင်း
✅ရောင်းအားအသွက်ဆုံး ပစ္စည်းများ အကြောင်း
✅ကိုယ်ပိုင်လုပ်ငန်းအတွက် စနစ်တကျ Page ဖွင့်နည်း
✅Page အတွက် လိုအပ်မယ့် Setting (1)
✅Page အတွက် လိုအပ်မယ့် Setting (2)
✅Page Templates နှင့် Page Tabs များ
✅Page Chatbox link ပြုလုပ်နည်း
✅Page ကိုင်တွယ်နိုင်ဖို့ လမ်းညွှန်ချက်(1)
✅Page ကိုင်တွယ်နိုင်ဖို့ လမ်းညွှန်ချက်(2)
✅Page Roles များအကြောင်း
✅ဘာတွေလိုအပ်နေလဲဆိုတာ သိရဖို့ Page Insightsကို သုံးသပ်ခြင်း
✅Page နှင့် Groups ဖွင့်နည်း အသေးစိတ်
✅သတိထားရမယ့် Page Quality အကြောင်း
✅Page Buttons များ အကြောင်း
✅Business suite ချိတ်ဆက်အသုံးပြုနည်း
✅Auto Replyများနှင့် စက္ကန့်ပိုင်းအတွင်း Quick Reply များဖန်တီးနည်း
✅Pageမှာ Shop ထောင်နည်း အသေးစိတ်
✅Postတင်သည်ံအခါ Like This Page Button
ထည့်နည်း
✅Creator Studio ဖြင့် စနစ်တကျ Scheduled Post တင်နည်း
✅Page Album စနစ်တကျ ပြုလုပ်နည်း

Boosting Classမှာ...
သင်ကိုယ်တိုင်.. ထိထိရောက်ရောက် ရောင်းအားမြှင့်တင်နိုင်ဖို့ .....
✅Boost၊ Promote နှင့် People reachedများအကြောင်း
✅Gmail ဖွင့်နည်း
✅Business Mng Acc ဖွင့်နည်း
✅Account စကားဝှက်မေ့ရင် ပြန်ဆယ်နည်း
✅လိုအပ်တဲ့အခါ အလွယ်တကူ Account Nameချိန်းနည်း
✅ကြော်ငြာခွင့် (Boost) ရဖို့ Ad Account ID တင်နည်း
✅Post Boost/ Page Promote လုပ်သည့်အခါ reject/restrict မထိစေဖို့ ဆောင်ရန်ရှောင်ရန်အချက်များ
✅ကိုယ်တိုင် ကျွမ်းကျင်စွာ Post Boost လုပ်နည်းနှင့် paymentထည့်နည်း အဆင့်ဆင့်
✅Page လူသိများအောင် ကြော်ငြာဖို့ ၊ Page like&followersတိုးအောင် စနစ်တကျ Page Promoteလုပ်နည်း အဆင့်ဆင့်
✅ကြော်ငြာတိုင်း ordersနဲ့ ရောင်းအားတက်အောင် Audience & Interest Setting ထိထိမိမိ တွေးနည်း၊ချိန်နည်း
✅Ads Managerကို ကျွမ်းကျင်စွာ အသုံးပြုခြင်း
✅Smart Ads Campaignsများ ဖန်တီးနည်း
✅Ads Payment Setting ကြည့်/ချိန်နည်း
✅ကြော်ငြာထားတဲ့ Postကို စနစ်တကျ ပြန်လည် ပြင်ဆင်နည်း
✅Audience Setting ပြန်လည် ပြင်ဆင်နည်း
✅ လိုအပ်ပါက Boost Error ဖြေရှင်းနည်းအတွက် သင်ခန်းစာတွေ ထပ်တိုး မှာဖြစ်ပါတယ်ခင်ဗျာ..

Creative Designs For Business မှာ...
ကိုယ်ပိုင် လုပ်ငန်းတစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ဖို့ လိုအပ်ချက်များအတွက်...
✅ကိုယ်ပိုင် Word Logo ဆွဲနည်း
✅ကိုယ်ပိုင် Chracterbased Logoဆွဲနည်း
✅ ကိုယ်ပိုင် Graphic Logo ဆွဲနည်း
✅ လုပ်ငန်းအတွက် Page Cover Logo ဆွဲနည်း
✅ လုပ်ငန်းအတွက် Business Card ဆွဲနည်း
✅Thank You Cardဆွဲနည်း
✅လုပ်ငန်းအတွက် Member Cardဆွဲနည်း
✅ကိုယ်ပိုင် Logoနှင့် ဘောင်ချာဆွဲနည်း
✅ရောင်းကုန်မှာ ကိုယ်ပိုင် Logo သပ်ရပ်စွာထည့်နည်း

Content Writing Classမှာ...
မြင်သူတကာ Customersများထံမှ စိတ်ဝင်စားမှု အပြည့်အဝ ရရှိစေဖို့...
✅Content Writing အရေးကြီးသည့်အချက်
✅Content Writing Vs Copy Writing
✅ဥပမာ ပေး၍ အသေးစိတ် ရှင်းပြခြင်း
✅အစားအသောက် ရောင်းသူများအတွက် Content Tips & Ideas များ
✅အဝတ်အထည်ရောင်းသူများအတွက် Content Tips & Ideasများ
✅Online Class ဖွင့်ချင်သူများအတွက်
Content Tips & Ideasများ
✅အလှကုန် ရောင်းသူများအတွက် Content Tips & Ideasများ

✅မိမိလုပ်ငန်း ကြော်ငြာဖို့ အတွက် Whiteboard Animation သင်ခန်းစာများကိုပါ အသေးစိတ် လေ့လာရမှာဖြစ်ပါတယ်ခင်ဗျာ..

👨🏻‍🏫သင်ကြားမှုပုံစံကတော့..

✅Private Groupထဲမှာ အပြည့်အဝ တတ်မြောက်သည်အထိ အချိန်မရွေး၊ မိမိအားတဲ့အချိန် လေ့လာလို့ရအောင်ပြင်ဆင်ပေးထားပါတယ်
✅Business & Marketing ပိုင်းမှာ အတွေ့အကြုံများစွာရှိတဲ့ ဆရာများမှ သင်ပြထားသည့် သင်ခန်းစာ ဗီဒီယိုဖိုင်များနဲ့အတူ Social Learning Guides စနစ်ကို အသုံးပြုထားပါတယ်ခင်ဗျာ...
✅Guides နံပါတ်များကို ကြည့်၍ (သို့)
မိမိ လေ့လာလိုသည့် အချက်များကို ရွေးချယ်၍
အလွယ်တကူ လေ့လာသင်ယူနိုင်ပါတယ်ခင်ဗျာ...
✅သင်ခန်းစာ လေ့လာနည်းအတွက် အသေးစိတ် ဗီဒီယိုဖိုင်ကို ပြင်ဆင်ပေးထားတာမို့ အခက်အခဲ မရှိ သင်ယူနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ...
✅နားမလည်သည့် သင်ခန်းစာများကို တစ်ပတ်မှာ ငါးရက် အချိန်ပေး၍ နားလည်သည်အထိ အသေးစိတ် ပြန်လည် ဖြေကြားပေးပါတယ်ခင်ဗျာ....(တစ်သက်စာ အမြဲလေ့လာနိုင်ပါတယ် ခင်ဗျာ)
✅အိမ်မှာနေပြီး Online ကနေပဲ 100% တတ်ကျွမ်းသည်အထိ လေ့လာသင်ယူနိုင်ပါတပြီခင်ဗျာ...
✅လမ်းညွှန်ချက်တွေအတိုင်း လေ့လာသင်ယူပါက 100% တတ်မြောက်မည်ဟု အာမခံပါတယ်ခင်ဗျာ....

👉 သတ်မှတ်ထားတဲ့ ပထမဆုံး အယောက် ၁၀၀ အထိ ဘဲ ၃၀၀၀ ကျပ် ဖြင့် လက်ခံပေးသွားပါမယ်ခင်ဗျာ...

👉သတ်မှတ်ထားသည့် သင်တန်းသားအရေအတွက် ပြည့်သွားပါက..
✅ပုံမှန်သင်တန်းကြေး 10000ksဖြင့် လက်ခံသင်ကြားပေးသွားပါမယ်ခင်ဗျာ...

💁🏻‍♂️70%OFFနှင့် အချိန်မှီ သင်တန်းတက်မည်ဆိုပါက
Page Messenger သို့ 👉Yes👈🏻 ဟု ပေးပို့၍ သင်တန်းအပ်နိုင်ပါတယ်ခင်ဗျာ....

ယခု Post Commentမှာလည်း Yes ဟု ချန်ထား၍ သင်တန်းအပ် နိုင်ပါတယ် ခင်ဗျာ...

ကဲ.. အချိန်မှီ သင်တန်းအပ်ပြီး ဝယ်သူများစည်ကားနေတဲ့ လုပ်ငန်းတစ်ခုကို အခုပဲ စတင်လိုက်ပါ...

🌿MAB- Online Training Center Myanmar

06/01/2022

အရောင်းသမားတွေ အနေနဲ့ ဝယ်သူနဲ့ sales call သွားတွေ့တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ ဖုန်းပြောတဲ့အခါ၊ အီးမေလ်းပို့တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ sales presentation လုပ်တဲ့အခါမှာပဲ ဖြစ်ဖြစ် အောင်မြင်တဲ့အရောင်း တွေ ဖြစ်ချင်ရင် call to action လုပ်တတ်ဖို့ လိုပါတယ်။ Call to action ဆိုတာက သင်ပို့လိုက်တဲ့ အချက်အလက်၊ သင်ပြောလိုက်တဲ့ အကြောင်းအရာကို နားထောင်ပြီး တစ်ဖက်လူကို ဘာလုပ်စေချင်တာလည်း ဆိုတာကို တစ်ခါထဲ ထည့်သွင်း ပြောလိုက်ခြင်းဖြစ်ပါတယ်။

ဥပမာ- sale presentation လုပ်တယ်ဆိုပါစို့။ သင့်ကုန်ပစ္စည်းက ဘယ်လိုအရာတွေ နဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်၊ feature (ပါဝင်တဲ့အင်္ဂါရပ်) နဲ့ benefit (ဒီ အင်္ဂါရပ်ကြောင့်ရလာမယ့် အကျိုးရလဒ်) တွေက ဘာတွေပါ ဆိုတာကို ပြောပြီးရုံနဲ့ presentation ကို အဆုံးသတ်လိုက်လို့မရပါဘူး။ ဒီလိုသာ အဆုံးသတ်လိုက်မယ်ဆိုရင် ဝယ်သူက သင်ပြောပြတဲ့ အချက်အလက်တွေ အရကုန်ပစ္စည်းကို သဘောကျသွားတဲ့ အနေအထားဆိုရင်တောင် ဝယ်မယ် ဆိုရင် ဘယ်လို လုပ်ရမလဲ။ နောက်တစ်ဆင့်က ဘာလဲဆိုတာကို သေချာ မရှင်းလင်းတဲ့အတွက် အရောင်းရဖို့ ခက်ပါလိမ့်မယ်။ ဒီတော့ သင်က "ဒီအပတ်အတွင်း ငွေအကျေချေမယ်ဆိုရင် ၅% discount ရမှာမို့ အခုပဲ နာမည် အပြည့်အစုံနဲ့ ဖုန်းနံပါတ်ပေးပြီး စာရင်းသွင်းလိုက်ပါ" ဆိုတာမျိုး ဝယ်မယ်ဆိုရင် ဘာဆက်လုပ်ပါဆိုပြီး call to action ပါ ထည့်ပြောဖို့လိုပါတယ်။ ဒါသည် ဝယ်ဖို့ ဆုံးဖြတ်ချက် အမြန်ချဖို့ကို လှုံ့ဆော်ရာလည်း ရောက်ပါတယ်။

ဒီလိုပဲ မက်ဆေ့ပို့တယ်၊ အီးမေလ်းပို့တယ်၊ social media မှာ ကြော်ငြာတယ်၊ content marketing လုပ်တယ် ဆိုလည်း ဝယ်ဖို့ စိတ်ဝင်စားနေပြီဆိုရင်တော့ ဘာဆက်လုပ်ပါ ဆိုတဲ့ call to action မဖြစ်မနေပါဖို့ လိုအပ်ပါတယ်။

Call to action အနေနဲ့ ဘယ်လို စကားလုံးတွေကိုရွေးချယ် သုံးလို့ရမလဲ လေ့လာကြည့်ရအောင်။

၁) Register (စာရင်းသွင်းလိုက်ပါ)၊ သင့်ကုန်ပစ္စည်းကို တစ်ခါထဲ အရောင်းရချင်တဲ့အခါ ဒီစကားလုံး သုံးလို့ရပါတယ်။

၂) Call (အသေးစိတ် ထပ်မံသိလိုပါက ဒီဖုန်းနံပါတ်ကို ခေါ်ဆိုပါ)၊ သင်ရောင်းတဲ့ ကုန်ပစ္စည်းက နည်းပညာပိုင်းရှုပ်ထွေးလို့ ဝယ်သူတွေ အနေနဲ့ သိချင်တာ များနိုင်တယ်ဆိုရင် ဒီစကားလုံးမျိုး သုံးလို့ရပါတယ်။

၃) Click to order now (အော်ဒါမှာမည် ဆိုပါက ဒီလင့်ကို နှိပ်ပါ ဆိုတာမျိုးဖြစ်ပါတယ်)။

၎) Follow (သင်က social media marketing လုပ်တဲ့အခါမျိုးဆိုရင် engagement များဖို့အတွက် ဒီစကားလုံး သုံးလို့ရပါတယ်)

၅) Subscribe (ဒီစကားလုံးကတော့ တစ်ခါထဲ အရောင်းရဖို့ မဟုတ်သေးပါဘူး။ သင့်ရဲ့ website မှာ ရှိတဲ့ contents တွေ blog အသစ်တွေ တင်တဲ့အခါ အလားအလာရှိတဲ့ ဝယ်သူတွေကို သိစေချင်လို့ subscribe လုပ်သွားပါလို့ ပြောသွားတာ ဖြစ်ပါတယ်)

ဒါတွေကတော့ အများဆုံးတွေ့ရလေ့ရှိတဲ့ call to action အနေနဲ့ သုံးထားတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ဒီလိုပဲ ဝယ်သူနဲ့ ဖုန်းပြောပြီဆိုလည်း ကုန်ပစ္စည်းအကြောင်း ရှင်းပြပြီးသွားပြီး၊ ဝယ်သူကလည်း ကြိုက်နေပြီဆိုတဲ့အနေအထားမှာ "အကို/အမ အဆင်ပြေတယ်ဆိုရင် invoice ဘယ်တော့လောက်များပို့ပေးရတော့မလဲ ခင်ဗျာ" ဆိုတာမျိုး ပြောပြီး တစ်ခါထဲ အရောင်းပိတ်နိုင်ဖို့ ကြိုးစားလို့ရပါတယ်။

Call to action ဆိုတာသည် အလားအလာရှိတဲ့ ဝယ်သူကို သင့်ရဲ့ ဖောက်သည် ဖြစ်အောင်၊ တစ်ခါထဲ ဝယ်သွားအောင် ပြောင်းလဲနိုင်တဲ့ အချက်ဖြစ်တဲ့အတွက် ကြောင့် အရောင်းသမားတွေ အတွက် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

ဒါကြောင့် ထိရောက်တဲ့ call to action စာလုံးတွေကို သင်ရဲ့ ဝယ်သူအနေအထား၊ ကုန်ပစ္စည်းအခြေ အနေပေါ်မူတည်ပြီး ရွေးချယ် အသုံးပြုကြည့်ပါ။ ထိရောက်တဲ့ ရလဒ်တစ်ခု ရလာပါလိမ့်မယ်။

ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ MAB Online Class ရှိပါတယ်။

06/01/2022

ဆင်ခြေများနဲ့ စီးပွားရေးလုပ်ငန်းများ

စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ တာဝန်တွေထဲက တစ်ခုဟာ ဝယ်သူတွေကို ပေးပါမယ်လို့ ပြောထားတဲ့ အရည်အသွေး၊ အရေအတွက်၊ ဝန်ဆောင်မှု ကို သေချာပေးကိုပေးနိုင်အောင် လုပ်ရမှာ ဖြစ်ပါတယ်။

ကိုယ်တိုင် မှားခဲ့တဲ့ လုပ်ရပ်တစ်ခုကို နောင်တရလို့ကော လက်ရှိဖြစ်နေတဲ့ စားသုံးသူ အခွင့်အရေးတွေကို မျက်ကွယ်ပြုပြီး ဆင်ခြင်ပေးနေတဲ့ လုပ်ငန်းတွေများလာတာတွေ့ရတောကြောင့်ကော ကျွန်တော့်ပိုစ့်တွေကို ဖတ်လေ့ရှိတဲ့လူတွေအတွက် အတွေးတစ်ခု၊ စိတ်ခွန်အားတစ်ခု ဖြစ်စေဖို့ ရည်ရွယ်ပြီး ဒီပိုစ့်ရေးဖြစ်ပါတယ်။

အမရေ... လက်ရှိအခြေအနေက သိတဲ့အတိုင်းဘဲ။ အဲဒါကြောင့် အရင်ပြောထားတာလေးတွေတော့ မလုပ်ပေးနိုင်ဘူး။

ငွေသွားထုတ်တာ မဆဲရုံတမယ် အပြောခံရတယ်။

အင်တာနက်ဖိုး အပြည့်ကောက်ပြီး လိုင်းမကောင်းတာ တာဝန်မယူဘူး။

လမ်းတွေကြပ်လို့ နောက်ကျသွားတယ်။

Hotline တွေဖုန်းကို မကိုင်ဘူး။ မက်ဆေ့သွားပို့တယ် ပြန်ကိုမလာဘူး။

ဟိုဟာဖြစ်လို့... ဒီဟာဖြစ်လို့....
——

ကိုဗစ်ဒါဏ် နဲ့ နိုင်ငံရေး အကြပ်အတည်း ဖြစ်နေတဲ့ ကာလဖြစ်တဲ့အတွက်ကြောင့် သေချာတာကတော့ လုပ်ငန်းတွေဟာ သေချာ မလည်ပတ်နိုင်ဘူး။ ဒါဟာ အမှန်တရားပါ။ ဒီရိုက်ခတ်မှုတွေဟာ ကြီးမားတာလဲ​ဟုတ်ပါတယ်။

ဒါပေမယ့် လုပ်ငန်းတစ်ခုရဲ့ တာဝန်တွေထဲတစ်ခုက ဝယ်သူကို ပေးထားတဲ့ ကတိတွေကိုတော့ တတ်နိုင်သမျှတည်နိုင်အောင် ကြိုးစားရမယ်။ ကိုယ်တိုင် နည်းလမ်းရှာပြီး ဝယ်သူရသင့်တဲ့အခွင့်အရေးတွေ၊ ပေးထားတဲ့ကတိတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဖိုးကြိုးစားရပါမယ်။

ကိုယ်တိုင်လဲ​ ဆင်ခြေပေးပြီး တချို့ အလုပ်တွေကို မေ့ထားမိလိုက်တာမျိုးဖြစ်ဖူးပါတယ်။ တကယ်တော့ ကိုယ့်လုပ်ငန်းပေါ်မှာ သက်ရောက်မှု ပြင်းထန်တဲ့ ပြင်ပ ရိုက်ခတ်မှုတွေကိုချည်း လက်ညှိုးထိုး ဆင်ခြေပေးပြီး လုပ်သင့်တာတွေကို မလုပ်ဘဲ နေမိတာမျိုးပါဘဲ။

အခက်အခဲတွေရှိတာဟုတ်ပါတယ်။ ကျော်လွှားဖို့၊​ ဝယ်သူကို ပေးထားတဲ့ ကတိတွေတည်ဖို့ ကြိုးစားရမှာ လုပ်ငန်းတိုင်းရဲ့ တာဝန်ပါဘဲ။ တတ်နိုင်သမျှ ဆင်ခြင်မပေးဘဲ ဝယ်သူတွေတကယ် ရသင့်တဲ့ ဝန်ဆောင်မှုတွေ၊ ပေးမယ်လို့ ပြောထားတဲ့ကတိတွေကို တတ်နိုင်သမျှ လုပ်ပေးနိုင်အောင် ကြိုးစားကြရအောင်ပါ။

ပြောင်းမရသေးလို့ တခြားနေရာမရှိသေးလို့ သည်းခံနေရင်တောင် အဆင်ပြေသွားတဲ့တနေ့ ဝယ်သူပြန်ရိုက်ရင် စီးပွားရေး တစ်ခုလုံးပါ ပျောက်သွားမယ် မဟုတ်လား။

——

ကိုယ်တိုင်ဂုဏ်ယူရပြီး အများအတွက်အကျိုးရှိတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်နိုင်ကြပါစေ။

——

Want your business to be the top-listed Business in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay
05061