Triple Pee Pyi Gyitagon
01/11/2025
ပျင်းရိခြင်းကို ဖြတ်ဖို့ စိတ်ပိုင်းဆိုင်ရာ နည်းဗျူဟာများ
ကျွန်တော်တို့ လူငယ်တိုင်းမှာ ရင်းနှီးတဲ့ ရန်သူတစ်ယောက်ရှိကြတာများပါတယ်။ အဲဒါကတော့ "နောက်မှလုပ်မယ်" ဆိုတဲ့ ပျင်းရိခြင်း (Procrastination) ပါပဲ။ အလုပ်တွေပုံနေပေမယ့် Netflix ကြည့်ချင်တာ၊ စာမေးပွဲနီးနေပေမယ့် ဂိမ်းဆော့ချင်တာ စတဲ့ ဒီခံစားချက်တွေကို ကျွန်တော်တို့အားလုံး ကောင်းကောင်းသိကြတယ်ဟုတ်။
အမှန်တော့ “ပျင်းရိခြင်းဆိုတာ ပျင်းလို့မဟုတ်ဘူး”။ ဒီစာကြောင်းလေးဖတ်ရတော့ “ဟမ်... ဘယ်လိုကြီးလဲ”🙄လို့ တွေးမိသွားတယ်မလား။ ဒီလိုပြောလို့ ခေါင်းမရှုပ်သွားပါနဲ့အုံး။ တကယ်တော့ ပျင်းရိခြင်းဆိုတာ “ကိုယ့်စိတ်နဲ့ ကိုယ် စစ်ဖြစ်နေတဲ့ အခြေအနေတစ်ခု” သာဖြစ်ပါတယ်။ ဒီလို စစ်ပွဲမှာ နိုင်ဖို့အတွက်တော့ ကျွန်တော်တို့က ခပ်မိုက်မိုက် "Mental Hacks" တွေနဲ့ တိုက်ခိုက်ဖို့လိုတယ်။
၁။ The 5-Minute Rule
(ပြဿနာကို “ပုရွက်ဆိတ်” အရွယ်အစားနဲ့ အရင်မြင်ပါ)
ကျွန်တော်တို့ အလုပ်တစ်ခုကို စတင်ဖို့ ကြောက်ရွံ့နေရတာဟာ အဲဒီအလုပ်က အရမ်းကြီးလွန်းတယ် လို့ ထင်နေလို့ပါပဲ။
🔥 Mental Hack နည်းလမ်းကတော့ ကိုယ့်လုပ်ရမယ့် အလုပ်တွေကို "ပုရွက်ဆိတ်အရွယ်အစား" ဖြစ်အောင် အရင်ခွဲလိုက်ပါ။
ဥပမာ: "စာအုပ်တစ်အုပ်လုံး ဖတ်ရမယ်" လို့ မတွေးဘဲ "၅ မိနစ်ပဲ ဖတ်ကြည့်မယ်" လို့ စိတ်ပိုင်းဖြတ်လိုက်ပါ။ ၅ မိနစ်ပြည့်လို့ ရပ်ချင်ရင် ရပ်လို့ရတယ်။ ဒါပေမဲ့ သုတေသနတွေကပြသတာက ၅ မိနစ်စပြီး လုပ်လိုက်ရင် ဆက်လုပ်ချင်စိတ်က ၈၀% အထိ မြင့်တက်လာစေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပျင်းနေတယ်လို့ ခံစားရရင် ၅ မိနစ် ဥပဒေသကို သတိရလိုက်ပါ။ ဒီလိုလုပ်ခြင်းဖြင့် စတင်ဖို့ ခက်ခဲတဲ့ စိတ်ဖိစီးမှုကို ကျော်လွှားပြီး၊ အလုပ်ကို အရှိန်ရအောင် စတင်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။
၂။ Implementation Intention
(အချိန်ဇယားဆွဲမယ့်အစား "ဘယ်အချိန်မှာ လုပ်မလဲ" ဆိုတာ ဆုံးဖြတ်ပါ)
ရိုးရိုး "အချိန်ဇယားဆွဲခြင်း" က ပျင်းရိခြင်းကို မနိုင်ပါဘူး။ တကယ်နိုင်ဖို့အတွက် တိကျတဲ့ အစီအစဉ် လိုပါတယ်။
🔥 Mental Hack နည်းကတော့ ဘာလုပ်မယ်ဆိုတာ အချိန်၊ နေရာ တိတိကျကျ သတ်မှတ်လုပ်ဆောင်ပါ။
ဥပမာ: "မနက်ဖြန် စာဖတ်မယ်" လို့ မပြောဘဲ၊ "မနက်ဖြန် ညနေ ၇:၀၀ နာရီတိတိမှာ စားပွဲမှာထိုင်ပြီး စာအုပ်ကို ဖတ်မယ်" လို့ တိတိကျကျ သတ်မှတ်လိုက်ပါ။ "ကော်ဖီဆိုင်က ပြန်ရောက်တာနဲ့ အီးမေးလ် ၅ စောင်ကို ချက်ချင်းပြန်ပို့မယ်။" စသည်ဖြင့် မှတ်သားပြီး လက်တွေ့လုပ်ဆောင်ပါ။
ဒီလိုလုပ်ခြင်းဖြင့် ဦးနှောက်ဟာ ဆုံးဖြတ်ချက်ချရတာ ပေါ့ပါးသွားမှာဖြစ်ပြီး၊ အခြေအနေနဲ့ လိုက်လျောညီထွေ လုပ်ဆောင်ဖို့ ပိုမိုလွယ်ကူသွားမှာ ဖြစ်တယ်။
ပျင်းရိခြင်းဆိုတာ ကုသလို့မရတဲ့ ရောဂါမဟုတ်ဘူး။ မွေးမြူထားတဲ့ အကျင့်ဆိုး တစ်ခုသာပါ။ ကျွန်တော်တို့ဟာ ဒီ Mental Hacks (၂)ခုကိုသာ နေ့စဉ်ကျင့်သုံးနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ကို ပျင်းရိခြင်းကနေ ရည်မှန်းချက်ဆီကို Switch On/Off လုပ်နိုင်စွမ်းရှိတဲ့ ပျင်းရိခြင်းကို အနိုင်ပိုင်းနိုင်တဲ့ တက်ကြွတဲ့လူငယ်တွေ ဖြစ်လာမှာ ဧကန်မလွဲပါပဲ။
ကဲ... အခုဖတ်ပြီးတာနဲ့ ဘယ်အလုပ်ကို ၅ မိနစ်နဲ့ အရင်စလုပ်မလဲ? စိန်ခေါ်လိုက်တယ်နော်!
ချစ်ချင်းမေတ္တာဖြင့်......................မျှဝေခြင်းနှလုံးသားများ
ခွန်း(ကမ်းယံ)
15/06/2025
KVA (ကီလိုဗို့တ်အမ်ပီယာ) နှင့် KW (ကီလိုဝပ်) တို့သည် လျှပ်စစ်စွမ်းအား၏ အခြေခံယူနစ်များဖြစ်ပြီး ခွဲခြားသိရှိရန် အရေးကြီးပါတယ်။
1. KVA (kilo-Volt-Ampere) – အပြည့်စွမ်းအင် (Apparent Power)
- အဓိပ္ပာယ် : လျှပ်စစ်စနစ်တစ်ခုမှ ပေးပို့နိုင်သော စုစုပေါင်းစွမ်းအား (Voltage × Current) ကိုတိုင်းတာသည်။
- အသုံးပြုမှု : များသောအားဖြင့် Transformer, UPS, Generator စသည့် စွမ်းအားထောက်ပံ့ရေးစက်များ၏ ရမှတ်စွမ်းအား (Rating) ကိုဖော်ပြရာတွင် အသုံးပြုသည်။
- ဖော်မြူလာ :
{KVA} = \frac{\{Voltage (V)} × \{Current (A)}}{1000}
2. KW (kilo-Watt) – အသုံးပြုစွမ်းအင် (Real Power)
- အဓိပ္ပာယ် : စနစ်တစ်ခုမှ အမှန်တကယ်အသုံးပြုသော အလုပ်လုပ်နိုင်စွမ်း (ဥပမာ - မီးသီး၊ မော်တာ)။
- အသုံးပြုမှု : လျှပ်စစ်မီတာ တွင်ဖတ်ရှုသော (ဝပ်အား)၊ လျှပ်စစ်ပစ္စည်းများ၏ စွမ်းဆောင်ရည် ကိုဖော်ပြရာတွင် အသုံးပြုသည်။
- ဖော်မြူလာ :
{KW} = \{KVA} × \{Power Factor (PF)}
(Power Factor သည် စွမ်းအား၏ ထိရောက်မှုကိုဖော်ပြပြီး 0 မှ 1 အကြားရှိသည်။)
3. KVAr (kilo-Volt-Ampere Reactive) – ပြန်လည်ဖြည့်တင်းသောစွမ်းအင် (Reactive Power)
- အဓိပ္ပာယ် : လျှပ်စစ်စနစ်အတွင်း စွမ်းအင်သိုလှောင်မှုအတွက် အသုံးပြုသော စွမ်းအင် (ဥပမာ - Motor, Transformer အတွင်း သံလိုက်စွမ်းအားဖြစ်ပေါ်ရန်)။
- အရေးပါမှု : Power Factor ကိုမြှင့်တင်ရန် KVAr ကိုထိန်းညှိရသည်။
KVA vs KW အဓိကကွာခြားချက်။
KVA > Apparent Power (စုစုပေါင်းစွမ်းအား)
KVA > PF မလိုအပ်
KVA > Generator, Transformer Rating
KW > Real Power (အသုံးပြုစွမ်းအား)
KW > KW = KVA × PF
KW > လျှပ်စစ်ပစ္စည်းများ၏ စွမ်းဆောင်ရည်
#ဥပမာ
- 1 KVA Generator (PF = 0.8) ဆိုပါက အမှန်တကယ်ပေးနိုင်သော စွမ်းအား = 1 × 0.8 = 0.8 KW ဖြစ်သည်။
- 1 KW Motor (PF = 0.9) ဆိုပါက လိုအပ်သော KVA = 1 ÷ 0.9 ≈ 1.11 KVA ဖြစ်သည်။
Power Factor (PF) အရေးကြီးပုံ
- PF နိမ့်လျှင် စွမ်းအင်အလဟဿ ဖြစ်ပြီး လျှပ်စစ်ကုန်ကျစရိတ်မြင့်တက်နိုင်သည်။
- PF ကို Capacitor Bank များဖြင့် မြှင့်တင်လေ့ရှိသည်။
အနှစ်ချုပ် :
- KVA = စနစ်၏ စုစုပေါင်းစွမ်းအား(Voltage & Current အခြေခံ)
- KW = အမှန်တကယ် အသုံးချနိုင်သောစွမ်းအား
- KVAr = စွမ်းအင်အရည်အသွေးကောင်းမွန်ရန် လိုအပ်သော စွမ်းအင်
ဤအချက်များကို နားလည်ပါက Generator, UPS နှင့် လျှပ်စစ်စနစ်များ ရွေးချယ်ရာတွင် အထောက်အကူဖြစ်စေပါတယ်။
𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 နှင့် 𝑨𝑰 ပညာရပ်များကို ကျွမ်းကျင်စွာ
တတ်မြောက်ချင်တယ်ဆိုရင်တော့ ကျတော့်ရဲ့
𝑷𝑬𝑪 𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈 နှင့်
𝑨𝑰 𝑴𝒚𝒂𝒏𝒎𝒂𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑪𝒍𝒂𝒔𝒔 ကို အခုပဲ တက်ရောက်လိုက်ပါ။
ဒီပိုစ့်က မိတ်ဆွေအတွက် အကျိုးရှိတဲ့ဆိုရင် Share & Follow လေး နှိပ်ပေးသွားပါဦး ခင်ဗျာ။
𝑷𝑬𝑪 𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Mandalay
00000