AKS Computer School

AKS Computer School

Share

06/07/2024

❝ ငွေရဖို့ပဲ အလုပ်လုပ်တဲ့လူလား ❞

ဘယ်တော့မှ ငွေရဖို့တစ်ခုတည်းအတွက် အလုပ်မလုပ်ပါနဲ့။ အလုပ်ကို စရွေးကတည်းက ပိုက်ဆံရ ပြီးရော လုပ်လို့မရဘူး။

✔️အဲဒီအလုပ်က ကိုယ့်စိတ်ကို ကျန်းမာစေတဲ့ အလုပ်လား?
✔️ဒီအလုပ်မှာလုပ်လို့ ကိုယ့်အတွက် တိုးတက်မှုရှိနိုင်လား?
✔️နောက်ဆုံး အဲဒီအလုပ်ကနေ ထွက်သွားပြီဆိုရင် တိုးတက်ပြောင်းလဲသွားတဲ့ လူတစ်ယောက်အနေနဲ့ တခြားအလုပ်တစ်ခုကို ရှာလို့လွယ်စေလား?
ဆိုတဲ့ အချက် (၃)ချက်နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပြီးမှ လုပ်ပါ။

ကိုယ်တိုင်ကလဲ ဒီလိုရွေးချယ်နိုင်တဲ့ အရည်အချင်းရှိထားဖို့လိုတယ်ဆိုတာ မမေ့ပါနဲ့။

ဆိုတော့… ဘာဖြစ်လို့ အပေါ်ကအချက် (၃)ချက်နဲ့ အလုပ်ကိုရွေးရတာလဲ?
ကျွန်တော်တို့က တစ်နေ့မှာ ၈ နာရီ အလုပ်လုပ်ရတယ်၊ အလုပ်ထဲမှာ အချိန်ပေးရတယ်။ ဒါကြောင့် အလုပ်က ကျွန်တော်တို့ကို လှောင်ပိတ်ထားတဲ့နေရာ ဖြစ်လို့မရဘူး။

အလုပ်ဆိုတာ ကိုယ့်အရည်အချင်းတွေ တိုးတက်အောင် လုပ်တဲ့နေရာ၊ ကိုယ်ရည်ကိုယ်သွေးတွေ ပြောင်လက်အောင် ပွတ်တိုက်ပေးတဲ့နေရာတစ်ခုဖြစ်အောင်ပဲ လုပ်ရမယ်။

အဲဒီစိတ်ခံယူချက်နဲ့သာ အလုပ်လုပ်...
လုပ်ငန်းခွင်ထဲမှာ အထူးချွန်ဆုံး အအောင်မြင်ဆုံးသူတစ်ယောက် ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်အာမခံပါတယ်ဗျ။

ဒါနဲ့စကားမစပ် ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ကြိုးစားတဲ့နေရာမှာ တစ်ဖက်တစ်လမ်းကနေ ကူညီတဲ့အနေနဲ့ “ဝန်ထမ်းတွေအတွက် အထူးအစီအစဉ်” တစ်ခုကို ရွှေနုတ်က လုပ်ပေးနေပါတယ်။

အသေးစိတ်ကို comment က link မှာ သွားဖတ်ပါ။
📞𝟎𝟗𝟗𝟒𝟎𝟎𝟖𝟒𝟒𝟒𝟒 ကို ဖုန်းဆက်လို့လဲ ရပါတယ်ဗျ။


#၃၀မိနစ်တက္ကသိုလ်

27/01/2021

ကွန်ပျူတာအခြေခံ အွန်လိုင်းသင်တန်း တက်လို့ရပါတယ်ခင်ဗျာ

သင်ခန်းစာ ဖိုင်ပေါင်း ( ၁၀၀ )ကျော် ရှိပါတယ် သင်ခန်းစာအားလုံးကိုလေ့လာပြီးရင်
ကွန်ပျူတာကို ကောင်းမွန်ပိုင်နိုင်သွားမယ်လို့ အာမခံပါတယ် သင်တန်းကြေးဆိုတာလဲ မုန့်ဖိုးလောက်သာယူထားပါတယ်

သင်ရိုးသင်ခန်းစာများ
--------------−
👉 Introduction to Computer
ကွန်ပျူတာကို စတင်လေ့လာခြင်း

👉 Using Desktop Screen
Desktop Screen ပေါ်မှာ လုပ်ငန်းဆောင်တာ အားလုံး အသေးစိတ်ကို ပြင်ဆင်ပြီး Pro ဆန်ဆန် အသုံးပြုနည်း

👉 English &Myanmar Typing
အင်္ဂလိပ် မြန်မာစာ ကို ကျွမ်းကျင်စွာ ရိုက်နည်း

👉 Using Windows 10 in Explorer
Windows 10 တွင် Files &Folders များအသုံးပြုနည်း

👉 Software Install &Uninstall
Software တင်နည်း ဖြုတ်နည်း

👉 Windows Security ကိုပိတ်ပြီး Crack Software တွေ ထည့်သွင့်နည်း
လိုအပ်တဲ့ Software တွေလဲ အလွယ်ဒေါင်းယူနိုင်အောင်တင်ပေးထားပါတယ်

👉 Microsoft Paint သင်ခန်းစာများ

👉 Microsoft Office Word 2019 သင်ခန်းစာများ

👉 Microsoft Office Excel 2019 သင်ခန်းစာများ

👉 Microsoft Office PowerPoint 2019 သင်ခန်းစာများ

👉 Using Format Factory
Format Factory Software ကိုအသုံးပြုပြီး Mp3 Mp4 Format ချိန်းနည်းမျိုးစုံနဲ့ Srt ဖိုင်ကို Video ဖိုင်နဲ့ တပါထဲ ထည့်သွင်းနည်း စာတန်းထိုးတွေ ထည့်သွင်းနည်း အင်္ဂလိပ်မြန်မာစာတန်းထိုးတွေ နှစ်သက်သလို ချိန်းထည့်နည်း

👉 Using Internet အသုံးပြုနည်း Internet အသုံးပြုနည်း

👉 Online Storage
အင်တာနက်ပေါ်မှာ Data အချက်အလက်များ သိမ်းဆည်းအသုံးပြုနည်း

👉 အလုပ်လျှောက်လွှာရေးနည်း နှင့် အလုပ်လျှောက်နည်း

+A ပိုင်းမှာသာပါဝင်တဲ့
👉 Windows Burn နည်း

👉 Windows Install တင်နည်း

👉Partition ပိုင်းနည်း ပြန်ပေါင်းနည်းများကိုပါ ထည့်သွင်းပေးထားပါတယ်ခင်ဗျာ

Windowsက အကြောင်းအမျိုးမျိုးကြောင့်ကျသွားတဲ့ အခါ ဆိုင်သွားပြီး ၁သောင်း ၂သောင်းလောက် အကုန်ခံစရာမလိုပဲ မိမိကိုယ်တိုင် Windows Burn ယူထားပြီး ကိုယ်တိုင်တင်ပြီး အသုံးပြုနိုင်အောင် ထည်သွင်းပေးထားပါတယ် လိုအပ်တဲ့ Software နဲ့ Windows 10 Pro ( ISO File ) ကိုလဲ တင်ပေးထားပါတယ်

သင်ကြားမည့်ပုံစံ
------------
Facebook Group ထဲမှာ Recorded Videos များကို တစ်ခန်းစီအလိုက် လေ့လာရပါမှာဖြစ်ပါတယ်

သင်တန်းကာလ
-----------
သင်တန်းကာလ မကန့်သက်ထားပါဘူး
မိမိအားတဲ့ အချိန်မ၍ ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်
Videos သင်ခန်းစာတွေကိုလဲ ‌ဒေါင်းယူပြီးသိမ်းထားလို့လဲရပါတယ်

👉Download ယူထားနည်းလဲထည့်သွင်းသင်ကြားပေးထားပါသေးတယ်

သင်တန်းအပ်မယ်ဆိုရင်
Chat Box ကနေ CBO လို့ရေးပို့ပြီး အပ်နိုင်ပါတယ်
👇
m.me/akscomputerschool

Page ကိုလဲ Like & Follows လုပ်ပေးခဲ့ပါအုန်းနော်
👇
https://www.facebook.com/akscomputertechnology

ကျေးဇူးတင်ပါတယ်
Computer

22/01/2021

ဘာကြောင့် Partition ခွဲရတာလဲ
==================
ကွန်ပျူတာမှာတက်ဆင်ထားတဲ့ Hard Disk Drive ကို အပိုင်းခွဲသတ်မှတ်တာကိုပြောတာပါ ဘာကြောင့်သတ်မှတ်ရသလဲဆိုရင်
windows တင်ချိန်မှာ partition ခွဲခဲ့တယ်ဆိုပါစို့ Windows တင်ပြီး This PCထဲမှာ မြင်တွေ့ရမှာက Local disk (C) (D) ဆိုပြီးအပိုင်းနှစ်ပိုင်းမြင်တွေ့ရမှာပါ
Disk (C)မှာ ရှိနေတဲ့အချက်အလက်တွေအားလုံးက Windows ISO File ထဲမှာ Windows ကို ဘမ်းယူထဲက ပါတဲ့ အချက်အလက်တွေပါ
အခြား Install ပြုလုပ်ထားသည့် Software တွေဟာလဲ (C)ခန်းထဲမှာပဲ ရောက်ရှိလာတာဖြစ်ပါတယ်
Local Disk (D)
(D) Partition ပိုင်းသည် Data တွေသိမ်းဆည်းဖို့အတွက် (D)Partition ပိုင်းကိုခွဲထားရခြင်းဖြစ်ပါတယ်
(C)Partition ပိုင်းထဲမှာလဲ အချက်အလက်များက သိမ်းဆည်းထားလို့ရတယ်နော်
C/D ဆိုပြီး နှစ်ပိုင်းခွဲထားခြင်းက သက်ရပ်မူ့လဲရှိသလို
အကြောင်းအမျိုးမျိုးကြောင့် Windows က Boot ပြန်မတက်နိုင်ပါက Windows ပြန်တင်ရမည့်အခါ (C)ခန်းကို Format ချပြီးမှသာ Windowsတင်ရမှာဖြစ်လို့ (C)ခန်းမှာရှိနေတဲ့ ဖိုင်အားလုံးဟာ ပျက်သွားရမှာဖြစ်လို့ (C)ခန်းထဲမှာ Data တွေသိမ်းဆည်းထားမိရင် ပြန်မရတော့ပါဘူး (D)ခန်းကျတော့
(C)ခန်းကိုပဲ ဖျက်လိုက်တာဖြစ်လို့ (D)ခန်းမပျက်ပါဘူး (D)ခန်းမှာရှိနေတဲ့ Data တွေလဲမပျက်တော့ဘူးပေါ့
====================
Beginners တွေအတွက်ရည်ရွယ်ပါသည်
ကွန်ပျူတာပညာရပ်ကို ကျွမ်းကျင်စွာတက်မြောက်ဖို့
အထူးသင်တန်းကြေး ၅၀၀၀(ငါးထောင်)သာပေးသွင်းရပြီး
အွန်လိုင်းသင်တန်းတက်ရောက်နိုင်ပါတယ်
သင်ရိုးသင်ခန်းစာများကို Lesson-1 သင်ခန်းစာမှာတင်ပေးထားပါတယ်ခင်ဗျာ
အခြားသင်ခန်းစာများလဲ လေ့လာနိုင်အောင်ပါ
Lesson-1
Windows Auto Update ပိတ်နည်း မသိသေးရင် အောက်မှလင့်ခ်က ဝင်ရောက်လေ့လာနိုင်ပါတယ် 👇
https://www.facebook.com/100030627963625/videos/437339740630288/
Lesson-2
OTG USB Systemကို ဖုန်းမှာချိတ်ဆက်အသုံးပြုနည်း
👇
https://m.facebook.com/story.php?story_fbid=437959070568355&id=100030627963625
Lesson-3
မှားဖျက်မိတဲ့ ဖိုင်တွေပြန်ယူနည်း 👇
https://www.facebook.com/100030627963625/videos/438760823821513/
နည်းပညာများ နေ့စဥ်တင်ပေးနေတဲ့ကျွန်တော့်ရဲ့ Page ကို Like & Follows လုပ်ထားပေးပါအုန်း 👇
https://www.facebook.com/akscomputertechnology/
နည်းပညာများ နေ့စဥ်တင်ပေးနေတဲ့ကျွန်တော့်ရဲ့ Page ကို Like & Follows လုပ်ထားပေးပါအုန်းနော် 👇
https://www.facebook.com/akscomputertechnology/
အွန်လိုင်းသင်တန်းတက်လိုပါက အောက်က Link မှလာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ 👇
m.me/akscomputerschool
အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ
ကြိုးစားလျှက်ပါ



#နည်းပညာခရီးသွား

13/01/2021

Windows Password ကို Command Line မှ ကျော်တဲ့နည်းလေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုယ့် Windows ရဲ့ Password မေ့သွားတာဘဲဖြစ်ဖြစ်Password ဝင်လို့မရတော့ဘူးဆိုရင် Command Line မှ Password ကျော်တဲ့နည်းလေးက လွယ်ကူပြီး လုပ်ရလွယ်တာမို့ ဒီနည်းလေးနဲ့ ဖြေရှင်းပါ။ (နောက်ထပ်နည်းတွေလည်းရှိပါတယ်။ မိတ်ဆွေတို့ရဲ့ နည်းလေးတွေကို Comments မှာ ဖော်ပြပေးပါ။ အပြန်အလှန် Sharing လေးပေါ့။ 😊😊😊)
လိုအပ်တဲ့ ပစ္စည်းကတော့ Windows DVD အခွေတစ်ခုဘဲလိုအပ်ပါတယ်။ Windows 7,8,8.1,10,Sever.... ကြိုက်တဲ့ Windows ခွေသုံးလို့ရပါတယ်။
ကိုယ့် Windows user account login လုပ်တဲ့ နေရာရဲ့ ညာဘက်အောက်မှာ Ease of Access ဆိုတဲ့ Key ကို နှိပ်ပါ။ အဲ့မှာ On Screen Keyboard ဆိုတဲ့ နေရာမှာ Command Prompt ကို အစားထိုးရမှာပါ။ ဒါဆိုရင် Command Prompt ကို ဘယ်လို အစားထိုးရမလဲပြောပြပေးမယ်။ computer ထဲကို windows ခွေထည့်ပြီး restart ချပါ။ Boot Option ထဲကို F key များ နှိပ်ပြီး ဝင်ပါ။ First boot မှာ ခုနက ထည့်ထားတဲ့ Windows ခွေထားလိုက်ပါ။ Save and Exit နဲ့ထွက်ပါ။ Windows တင်ခြင်း လုပ်ငန်းစဉ် စပါလိမ့်မယ်။ ဘာကို မှ မနှိပ်ဘဲ Shift နဲ့ F10 ကို တွဲနှိပ်ပါ။ Command Prompt ကျလာပါလိမ့်မယ်။ ရိုက်ရမယ့် Command တွေကတော့
E: နှိပ် Enter ခေါက်ပါ။
dir နှိပ် Enter ခေါက်ပါ။
cd System32 နှိပ် Enter ခေါက်ပါ။
copy cmd. exe osk. exe နှိပ် Enter ခေါက်ပါ။
Yes or No မေးရင် y နှိပ် Enter ခေါက်ပါ။
Ok ဒါဆိုရင် On screen Keyboard နေရာမှာ Command Prompt အစားထိုးပြီးပါပြီ။
ပြီးလျှင် Windows မတင်ဘဲ ပြန်ထွက်ပါ။ Windows ခွေ ထုတ်လိုက်ပါ။ Windows ပြန်တက်လာရင် ကိုယ့် အရင် password ကျနေတဲ့ Windows တက်လာပါလိမ့်မယ်။ Windows user account login လုပ်တဲ့ နေရာရဲ့ ညာဘက်အောက်မှာ Ease of Access ဆိုတဲ့ Key ကို နှိပ်ပါ။ အဲ့မှာ On Screen Keyboard ကို အမှန်ခြစ်တပ်ပြီး Ok နှိပ်ပါ။ Command Prompt ကျလာပါလိမ့်မယ်။ Command Prompt မှာ Windows Password ကျော်ဖို့ Command ရိုက်ရပါမယ်။ ရိုက်ရမယ့် Command တွေကတော့
net user Administrator နှိပ် Enter ခေါက်ပါ။ အဲ့မှာ password အသစ်တစ်ခု ထည့်ပေးလိုက်ပါ။ ဒါဆို Ok ပါပြီ။ အဲ့အသစ်ထည့်လိုက်တဲ့ Password နဲ့ ဝင်လို့ရပါပြီ။
***Administrator ဆိုတဲ့နေရာမှာ ကိုယ် Lock ကျနေတဲ့ user account ရဲ့နာမည်ကို ရိုက်ထည့်ရမှာပါနော်***
Credit;

Windows Auto Update ပိတ်နည်း 👇👇
https://web.facebook.com/100030627963625/videos/437339740630288/

Want your business to be the top-listed Computer & Electronics Service in Mandalay?
Click here to claim your Sponsored Listing.

Website

Address


37th Street 73 X 74th Bet, Mahaaungmyay
Mandalay
05032

Opening Hours

Monday 10:00 - 12:00
Tuesday 10:00 - 12:00
Wednesday 10:00 - 12:00
Thursday 10:00 - 12:00
Friday 10:00 - 12:00
Saturday 10:00 - 12:00
Sunday 10:00 - 12:00