Insurance by Lae Mon
18/02/2026
အပြစ်တင်တတ်တဲ့အကျင့် Blame Culture ကို
ကျွန်မတို့မျိုးဆက်တွေကို လက်ဆင့်မကမ်းမိဖို့
ကျွန်မတို့ နိစ္စဓူဝ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်အကြောင်းအရာတွေထဲမှာ ဆက်ဆံရေးတွေကို အဆင်မပြေဖြစ်သွားစေတဲ့ အလေ့တစ်ခုရှိနေပါတယ် ဒါကတော့ အချင်းချင်း အပြစ်တင်တဲ့ Blame Culture ပဲဖြစ်ပါတယ်။
ဒီ Blame culture ကို အဆက်ဖြတ်ဖို့က ကလေးဘဝ ကတည်းက အရေးကြီးပါတယ်။ လူကြီးတွေ အမြဲအပြစ်တင်နေကြတယ်ဆိုတာ သူတို့တုန်းကလည်း ဒိီ အလေ့အထနဲ့ကြီးပြင်းခဲ့ရတာမို့ အမှားကို အမှန်ထင်မိပြီး ထပ်ခါတလဲလဲ ပြုမူနေတာမျိုးဖြစ်ပါတယ်။
Blame culture ဆိုတာ ဖြစ်ရပ်တစ်ခုမှာ ဖြစ်စဉ်ကို အာရုံစိုက်ရမယ့်အစားအမှားကိုသာအာရုံစိုက်ပြီး ဆူပူပြောဆိုခြင်းဖြစ်ပါတယ်။
ကလေးတွေအတွက် ငယ်စဉ်ကတည်းကကြားနေရတဲ့ အပြစ်တင်စကားတွေကို ဥပမာပြောရရင်
-သား/သမီး ကြောင့် ဒီပစ္စည်း ကွဲသွားပြီ
-သား/သမီး ကြောင့် မေမေတို့ အိပ်ရေးပျက်တာ
-သား/သမီး ကြောင့် မိဘတွေပင်ပန်းရတာ
-သား/သမီး က ကိုကို/မမ လောက် မတော်ဘူး
-နင်က အမြဲတမ်း ထုံပေပေနဲ့ ဥာဏ်မကောင်းဘူး
-နင်ကအမြဲ ထစ်ခနဲဆို နေမကောင်းဖြစ်နေတာပဲ
-ပြောစကားနားမထောင်မှတော့ ဒဏ်ရာဖြစ်ပြီ
စတဲ့စကားတွေဟာ မိဘအုပ်ထိန်းသူတွေအတွက် စည်းကမ်းချမှတ်တာ၊ အကျိုးအကြောင်းကို အမှန်ပြောတာလို့ထင်ပေမယ့် အသိဥာဏ်ပညာ မဖွံ့ဖြိုးသေးတဲ့ ကလေးငယ်အတွက် ဒါဟာ
“ငါကိုက ပြဿနာ” ဆိုတဲ့ စိတ်ကို မွေးပေးလိုက်ခြင်းဖြစ်ပါတယ်။
❓ကလေးတွေရဲ့ ဘဝမှာ Blame Culture ဟာ ဘယ်လိုသက်ရောက်မှုရှိသလဲ?
-အပြစ်တင်စကားတွေဟာ သူတို့ရဲ့ inner voice ဖြစ်လာပါတယ်။ (inner voice အကြောင်း ဆောင်းပါးရော video ပါ comment မှာဖတ်ပါ)
-အပြစ်တင်လိုက်တာနဲ့ ကလေးတွေကို တာဝန်ယူတတ်၊ သိတတ်သွားမယ်ထင်ကြပါတယ်။ တကယ်တော့ Anxiety ခေါ်တဲ့ စိတ်မတည်ငြိမ်မှု စိတ်လှုပ်ရှားကြောက်ရွံ့မှုတွေပဲတိုးလာတာပါ။
-ကလေးက မိဘကို Safe person၊ အိမ်နဲ့ မိသားစုကို Safe place တစ်နည်းအားဖြင့် စိတ်လုံခြုံမှုပေးတဲ့ သူတွေနဲ့နေရာလို့ မသတ်မှတ်တော့ပါဘူး။
ဒီအခါမှာ ကလေးက ဘာဖြစ်ဖြစ် မိဘကို မပြောတော့တာ၊ မတိုင်ပင်တာ၊ ခိုးလုပ်တာ၊ မိဘထက်ပိုပြီး သူစိမ်းကို ခင်တွယ်ယုံကြည်တာတွေဖြစ်တတ်ပါတယ်။
-ကလေးဘဝမှာဆိုရင်လည်း စိတ်ခံစားချက်ကို သေချာကိုင်တွယ်နိုင်ခြင်းမရှိတာ၊ လိုအပ်တာထက်ပိုပြီး ခံစားချက်ကိုထိန်းချုပ်တာ၊ သူများအကြိုက်အမြဲလိုက်နေတဲ့ people pleaser တွေအဖြစ်ကြီးပြင်းတာ စတာတွေဖြစ်တတ်ပါတယ်။
-အပေါ်အချက်နဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ ဒေါသအလွန်ကြီးတာ၊ ပေါက်ကွဲလွယ်သူဖြစ်တာ၊ သူတစ်ပါးအပေါ်အလွန်အပြစ်တင်တာ စတဲ့သူတွေအဖြစ်လည်းကြီးပြင်းလာတတ်ပါတယ်။
-ကလေးတွေဟာ မိဘတွေကို ကိုယ်နဲ့စိတ်လုံခြုံမှုပေးပြီး အထောက်အပံ့ပေးသူတွေအနေနဲ့လိုအပ်ကြပါတယ်။ အချိန်တိုင်း သိသိသာသာရော မသိမသာရော အပြစ်တင်ခံနေရတဲ့ကလေးဟာ မိဘအပေါ် မတွယ်တာတော့တာ၊ ကြောက်စရာ ချိန်းခြောက်နေတဲ့မိဘတွေအဖြစ်သာ ခံစားရပြီး ဆက်ဆံရေးမကောင်းတာမျိုးလည်းဖြစ်တတ်ပါတယ်။
❓မိဘအများစု ဘာကြောင့်အပြစ်တင်တတ်ကြသလဲ?
ဘယ်မိဘမှတော့ ရည်ရွယ်ချက်ရှိရှိ သားသမီးကို အပြစ်တင်တာမျိုးမဟုတ်ပါဘူး။
-သူတို့လည်း ဒီပုံစံနဲ့ကြီးပြင်းလာလို့ဖြစ်တတ်ပါတယ်။
-မိဘတွေအနေနဲ့ မိသားစုအရေး စီးပွါးရေး စသဖြင့် အဆင်မပြေဘဲ ပင်ပန်းလွန်းရင်လည်းဖြစ်တတ်ပါတယ်။
-ကလေးကို အလိုလိုက်တယ်အပြောခံရမှာ၊ မိဘကြောင့် ကလေးကဆိုးတယ် ပျက်စီးတယ် စသဖြင့်အပြောခံရမှာစိုးတာကြောင့်လဲဖြစ်တတ်ပါတယ်။
-အစဉ်အလာအရ သားသမီးတွေဟာ မိဘကိုကြောက်အောင်ထားမှ စကားနားထောင်မယ်ဆိုတဲ့ဓလေ့ကြောင့်လည်း ဖြစ်တတ်ပါတယ်။
❓မိဘအုပ်ထိန်းသူတွေအနေနဲ့ အပြစ်တင်တဲ့စကားတွေပြောမယ့်အစား ဘယ်လိုပြောဆိုပြုမူသင့်သလဲ?
-ကလေးအပေါ်မှာတင်မကပါဘူး မိသားစုတွင်းမှာပါ blame culture ကို ရပ်တန့်ရပါမယ်။ မိသားစုဝင်တွေအချင်းချင်း အပြန်အလှန်အပြစ်တင်တာ၊ ပြဿနာတစ်ခုဖြစ်လာရင်ဖြေရှင်းဖို့အရင်မစဉ်စားဘဲ ဘယ်သူ့ကြောင့်ဆိုပြီး အပြစ်တင်ပြောဆိုကြတာ စတာတွေကို အရင်ပြင်ဆင်ရပါမယ်။
-ကလေးကြောင့် ပြဿနာတစ်ခုခုဖြစ်တိုင်း အကျိုးနဲ့အကြောင်းကိုသာ အဓိကပြောပါ။ ဘာကြောင့် မလုပ်ရကြောင်း၊ လုပ်လိုက်ခြင်းကြောင့် သက်ရောက်မှု စတာတွေကိုသာပြောတာဆွေးနွေးတာမျိုးလုပ်ပြီး စည်းကမ်းချမှတ်ပေးပါ။ အပြစ်တင်တဲ့စကားကိုမပြောပါနဲ့။
-ကျွန်မအမြဲပြောနေကျပါ ကလေးငယ်တွေဟာ Emotional regulation မလုပ်နိုင်သေးတာကြောင့် သူတို့စိတ်ခံစားချက်ကိုသူတို့မသိပါဘူး။ မိဘက ပြောပြပေးပြီး တည်ငြိမ်အောင်အရင်အချိန်ပေး ချော့မြူပေးပါ။
-ကလေးကြောင့် ဖြစ်ရပ်တစ်ခုခုဖြစ်တဲ့အခါ ဘယ်သူလုပ်တာလဲ? ဘာလို့လုပ်လိုက်တာလဲ? စတဲ့ မေးခွန်းတွေမေးမယ့်အစား ဘာဖြစ်သွားသေးလဲ? ဘာဖြစ်ကြတာလဲ? စသဖြင့်မေးခွန်းမျိုးတွေနဲ့ချဉ်းကပ်ပေးပါ။
-မိဘတွေဟာလည်း လူသားပဲမို့ အမှားလုပ်မိတတ်ပါတယ် ဒါပေမယ့်မှားမှန်းသိပြီးရင် ကလေးကိုပြန်
တောင်းပန်တတ်တဲ့အကျင့်လုပ်ပေးဖို့လိုပါတယ်။ ဒါဟာ ကလေးငယ်အတွက် အကောင်းဆုံး သာဓက Role Model လုပ်ပေးခြင်းပါ။
-ကလေးအမှားလုပ်မိတဲ့အခါ အပြစ်မတင်ဘဲ ကလေးရဲ့ လိုအပ်ချက်ကို သင်ပေးပါ။
နောင်တစ်ခါမဖြစ်အောင် ဘယ်လို အပြစ်ပေးရမလဲ တွေးမယ့်အစား
နောက်တစ်ခါမဖြစ်အောင် ဘယ်လိုသင်ပေးရမလဲ ဆိုတာကို တွေးပြီး ပြောပြပေးပါ။
ကျွန်မရေးနေကျလေးပဲ ထပ်ရေးပါရစေ
🌟ကလေးငယ်တွေဟာ မိဘတွေကို ခက်ခဲအောင်လုပ်နေတာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်က ခက်ခဲတဲ့အချိန်တွေကိုဖြတ်ကျော်နေရတာပါ🌟
သူတို့ကို အပြစ်မတင်ဘဲ သူတို့ရဲ့ သိချင်စိတ်စူးစမ်းချင်စိတ်ကို ထောက်ပံ့ကူညီပေးခြင်းကနေပြီး မိဘတွေလိုလားတဲ့ တာဝန်သိစိတ်ရှိပြီး ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုရှိတဲ့ သူတွေအဖြစ်ကြီးပြင်းလာနိုင်ပါတယ်။
အားလုံးအဆင်ပြေကြပါစေရှင်။
Dr. ရတနာမျိုးညွန့်
#လွတ်လပ်စွာမျှဝေနိုင်ပါတယ်တဆင့်ကူးယူတင်ပြခြင်းခွင့်မပြုပါ
18/02/2026
ခေတ်ကာလ နဲ့ Risk နှစ်မျိုး
Risk အမျိုးအစားတွေထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ Risk အမျိုးအစား (၂) ခု ရှိတယ်။
1. Catastrophic Risk
2. Important Risk
1. Catastrophic Risk ရဲ့ အဓိပ္ပါယ်က
လူတွေ အများကြီး ထိခိုက်ဆုံးရှုံးမှု ကြုံတွေ့ရနိုင်တဲ့
အန္တရာယ်လို့ အဓိပ္ပါယ်ဖွင့်ထား တယ်။
- မြင်သာတာကတော့ War Risk စစ်ပွဲ အန္တရာယ်မျိုးပေါ့။
2. Important Risk ရဲ့ အဓိပ္ပါယ်ကတော့
ကိုယ့်မိသားစု တခုတည်း အတွက်
ကြီးမားတဲ့ ဆုံးရှုံးမှုကြီး လို့ အနက်ဖွင့်ပြထား တယ်။
- အိမ်ရဲ့အဓိက ဝင်ငွေရှာနေတဲ့ အိမ်ထောင်ဦးစီး
မသန်စွမ်းဖြစ်လို့ သေဆုံးလို့ မိသားစု ဒုက္ခပင်လယ် ဝေရတာ မျိုး။
- မိသားစုရဲ့ စီးပွားရေး ဆုံးရှုံးရလို့
ဘဝအခြေအနေ ပျက်ယွင်းသွားတာမျိုးပေါ့။
အဲ့ Risk နှစ်ခုမှာ ကိုယ့်အတွက်ဆို ဘယ် Risk က အရေးပိုကြီးတယ် လို့ ထင်ပါသလဲ။
အများစုကတော့ အလွယ်ပြောလိမ့်မယ်။ War Risk က ပိုအရေးကြီးတာပေါ့၊ တိုင်းပြည်နဲ့ချီတဲ့ အရေးကိစ္စ ဆိုပြီး ပေါ့။
ကျွန်တော်တို့ ကိုယ့်စိတ်ကိုယ် မညာပဲ ရိုးရိုးသားသား ပြောကြည့်ကြရအောင်။
War Risk က ကိုယ့်ကို လာမထိသရွေ့ ကိုယ့်မိသားစုကို လာမထိသရွေ့
'သနားလိုက်တာ၊ မကြည့်ရက်ပါဘူး၊ အဆင်ပြေကြပါစေ' ဒီလောက်ပါပဲ။
တကယ်တမ်း ကိုယ့်မိသားစုဝင် တယောက်ယောက် သေဆုံးတာလောက် ကိုယ့်စီးပွားရေး ပြိုလဲတာလောက် ... ပူဆွေးသောက မရောက်ကြရတာ အမှန်ပါပဲ။
#အာမခံ Insurance ဆိုတာက ကိုယ့်မှာ Important Risk ဖြစ်လာတဲ့အခါ မပြိုလဲသွားအောင် ကာကွယ်ပေးတာပါ။
ကြားဖူးကြလိမ့်မယ်။
နိုင်ငံက ဒီလိုတွေ ဖြစ်နေတာ မင်းတို့ အာမခံက ဘယ်လို ထားကြမှာလဲဆိုပြီး ပြောတာမျိုး။
နိုင်ငံနဲ့ ချီတဲ့ ကိစ္စတွေကို ဖြေရှင်းပေးနိုင်တဲ့ စွမ်းအား၊ အစွမ်းအစ ကျွန်တော်တို့မှာ မရှိပါဘူး။
ကျွန်တော်တို့ အာမခံ Agent တွေက မိသားစု တခုချင်းစီတိုင်းမှာ ဖြစ်လာနိုင်တဲ့ Important Risk တွေကို ကာကွယ်ထားနိုင်ဖို့ ကူညီပေးတာပါ။
** မိတ်ဆွေတိုင်း Important Risk ရဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်ထားပြီး တစ်ဘဝလုံး စိတ်အေးချမ်းသာစွာ ရှိကြပါစေ🌿
Credit with THANKS: Kyaw Linn Oo
#မိသားစုတိုင်းမှာအာမခံစနစ်တခုကိုတည်ဆောက်ထားပါ
#လူတိုင်းတွက်အာမခံကအမှန်တကယ်လိုအပ်ပါတယ်
15/02/2026
AIA Myanmarရဲ့Memberများအတွက်
AIA+application အသုံးပြုရင်းIPADလက်ဆောင်ယူကြရအောင်နော်..
AIA Myanmar ရဲ့ Member များအတွက် AIA+ အက်ပလီကေးရှင်းကိုအသုံးပြုရင်း iPad တစ်လုံးလက်ဆောင်ရရှိမဲ့ Lucky Draw အစီအစဉ်မှာ ပါဝင်နိုင်ပါပြီ။
AIA+ Lucky Draw အစီအစဉ်မှာပါဝင်နိုင်ဖို့အတွက် အစီအစဉ်ကာလဖြစ်တဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၃၁ ရက်အတွင်းမှာ AIA+ အက်ပလီကေးရှင်း အသုံးပြုသူများအနေနဲ့ Log in တစ်ကြိမ် အနည်းဆုံး ပြုလုပ်ထားရမှာဖြစ်ပြီး AIA+ အက်ပလီကေးရှင်းမရှိသေးသူများကတော့ ဒေါင်းလုဒ်ပြုလုပ်ပြီး Log in တစ်ကြိမ် အနည်းဆုံး ပြုလုပ်ထားရုံနဲ့ Grand Prize ကံစမ်းခွင့် ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ကံစမ်းခွင့်အကျုံးဝင်စေဖို့ AIA Myanmar page ကို မဖြစ်မနေ Follow လုပ်ထားဖို့တော့ လိုအပ်ပါတယ်။
အစီအစဉ်ကာလပြီးဆုံးသွားတာနဲ့ ကံထူးရှင်တစ်ဦးကို ကျပန်းရွေးချယ်သွားမှာဖြစ်ပြီး ကံထူးရှင်ကြေညာချက်ကို AIA Myanmar ရဲ့ page မှာ သင်္ကြန်ကာလအတွင်း ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
AIA+ အက်ပလီကေးရှင်းဆိုတာကတော့ မိမိရဲ့ ကိုယ်ပိုင်အာမခံအချက်အလက်များနဲ့ အကျိုးခံစားခွင့်တွေကို အလွယ်တကူ စစ်ဆေး၊ ကြည့်ရှုနိုင်သလို၊ လိုအပ်တဲ့ အာမခံဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာ အချိန်မရွေးရယူနိုင်တဲ့ Member အက်ပလီကေးရှင်း ဖြစ်ပါတယ်။
ဒါဆိုရင် AIA+ အက်ပလီကေးရှင်းကို အခုပဲ Log in ပြုလုပ်ပြီး လွယ်ကူမြန်ဆန်တဲ့ ဒီဂျစ်တယ်အတွေ့အကြုံကိုရယူရင်း iPad ကံထူးရှင်ဖြစ်ဖို့ ပါဝင်ကံစမ်းလိုက်ပါ။
ဒေါင်းလုဒ်ပြုလုပ်ရန်
Android: https://rb.gy/5jz86c
iOS: https://rb.gy/9toleq
AIA+ Lucky Draw အစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက SHER Hotline +၉၅ ၉ ၉၄၄ ၇၀၅ ၄၄၀ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
AIA Myanmar’s members can now participate in the Lucky Draw Campaign and stand a chance to win an iPad by using the AIA+ application.
During the campaign period from 1 January 2026 to 31 March 2026, members simply need to log in to the AIA+ app at least once. For those who have not yet downloaded the app, downloading and logging in at least once during the period will automatically qualify you for the Grand Prize lucky draw. To remain eligible, participants are also required to follow the AIA Myanmar page.
After the campaign period ends, one lucky winner will be randomly selected and announced on the AIA Myanmar page during the Thingyan period.
The AIA+ app is a dedicated member application that allows you to easily view your insurance information and benefits, while giving you convenient access to the insurance services you need, anytime and anywhere.
Log in to the AIA+ app today, enjoy a fast and convenient digital experience, and stand a chance to become our iPad winner.
To Download:
Android: https://rb.gy/5jz86c
iOS: https://rb.gy/9toleq
For more information about the AIA+ Lucky Draw Campaign, please contact the SHER hotline at +95 9 944 705 440.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
72st A 112 & 113bet
Mandalay