Alexander - Forex Advisor
Hello 👋
အောင်သမာဓိအဖွင့်ဈေး
⚡⚡⚡⚡⚡
၁၆ပဲရည် - ၁,၉၄၀,၀၀၀
2.3.22 (9:54AM)
အောင်သမာဓိနေ့ခင်းဈေး
🔸🔸🔸🔸🔸🔸
😱1,888,000 MMK😱
https://www.facebook.com/alexanderforexadvisor/
09/02/2022
ဝါရင်းဘတ်ဖက်ဆီမှ သင်ယူ လိုက်နာသင့်သည့် အချက် (4) ချက်
◾ကမ္ဘာကျော် စတော့ဂရုကြီး ဝါရင်းဘတ်ဖက်ဟာ အင်တာဗျူးတွေ အများစုတို့၌ ဖြေကြားပြောဆိုရာတွင် အသိပညာ တိုးစေမည့်၊ ဘဝတိုးတက် အောင်မြင်မှုရှိစေမည့် အကြံပြုချက်များစွာတို့ကိုသာ အဓိက ဦးစားပေး ပြောကြားလေ့ရှိပါသည်။ အများစုက ရင်းနှီးမြှုပ်နှံမှု နှင့်ပက်သက်သည့် အကြံပြုချက်တွေ ဖြစ်ပြီး ကျွန်မတို့ဆီမှာ လက်တွေ့ကျင့်သုံးဖို့ရာ အလှမ်းဝေးသည့် အနေအထားမျိုးတွေလည်း ရှိသောကြောင့် မြန်မာလူငယ်များ နှင့် ကိုက်ညီမှု ရှိစေနိုင်လောက်မည့် အချက် (4) ချက်ကိုသာ ရေးသားမျှဝေ ပေးလိုက်ပါသည်။
(1) "Think Longterm"
ရင်းနှီးမြှုပ်နှံမှု လုပ်သည့်အခါ၌ ရေတိုကာလ အတွက်သာ အဓိက အာရုံမထားသင့်ဘဲ ရေရှည်ကာလမှာ အကျိုးအမြတ်များစွာ ဖြစ်ထွန်းနိုင်သော လုပ်ငန်းမျိုး၌ ရင်းနှီးမြှုပ်နှံသင့် ပါသည်။ ဘတ်ဖတ်ဟာ လာမည့် 10 နှစ်မှ အနှစ် 20 လောက်အထိ တိုးတက်မှု ရှိလာနိုင်သော၊ ရေရှည် လားရာကောင်းသော လုပ်ငန်းများကို အခြေခံသည့် ကုမ္ပဏီများ၏ စတော့များကိုသာ ဝယ်ယူလက်ကိုင် ထားလေ့ရှိပါသည်။ ရေတိုကာလ အတွင်း၌ စတော့ စျေးအတက်ရှိလာပါကလည်း ငွေသားမဖော်ပစ်ဘဲ ရေရှည်တိုးရင်းပေါင်းမှ ရသည့် အကျိုးအမြတ်များကို စိတ်ရှည်စွာဖြင့် စောင့်ယူတတ်လေ့ ရှိပါသည်။
စတော့ရှယ်ယာ လောကမှာတင် မကဘဲ တခြားသော လုပ်ငန်းများမှာလည်း ရေတိုထက် ရေရှည် အကျိုးအမြတ်ကို ကြည့်သင့်ပါသည်။ ဝန်ထမ်း ဆိုလျှင်လည်း ရေတိုကာလမှာ လစာကောင်းပြီး တိုးတက်လမ်းမရှိသည့် အလုပ်မျိုးထက် ရေရှည်မှာ မိမိရဲ့ အရည်အချင်း ပိုမိုတိုးတက်လာနိုင်ပြီး တက်လမ်းရှိသော အလုပ်မျိုးကို ရွေးချယ်သင့်ပါသည်။
(2) "Stay the course"
စတော့ စျေးကွက်ထဲမှာ နေ့စဉ်နဲ့ အမျှ စျေးနှုန်း အတက်အကျ ဖြစ်မှုများစွာ ရှိပါသည်။ စတော့စျေး ကျဆင်းနေချိန်၌ မိမိဝယ်ယူထားသော စတော့များကို ဆုံးရှုံးမှာ စိုးရိမ်ပြီး ရောင်းထုတ်ပစ်လိုက် ပါက နောင် တချိန်တွင် ၎င်းစတော့က အကျိုးအမြတ်များစွာ ရရှိလာသည့် အနေအထားမျိုး၌ မိမိမှာ အကျိုးခံစားခွင့် ရနိုင်တော့မည် မဟုတ်ပေ။
ဆိုလိုရင်းကတော့ အခက်အခဲတွေ၊ ပြဿနာတွေ၊ မထင်မှတ်ထားသော ဖြစ်ရပ်ဆိုးတွေ ဘယ်လောက်ပင် ရှိလာပါစေ မိမိရဲ့ ရည်ရွယ်ချက် ပန်းတိုင်သို့သာ မျက်နှာမူထားသင့်ပါသည်။
(3) "Marry the right person"
မိမိနဲ့ အတူ ဘဝတလျှောက်လုံး လက်တွဲရမည့်သူကို ရွေးချယ်မှု မှန်ကန်ဖို့ ရာလည်း လွန်စွာမှ အရေးကြီးပါသည်။ များသောအားဖြင့် အသက်ငယ်ရွယ်နုနယ်စဉ်မှာ စိတ်ခံစားချက် နောက်ကို လိုက်တတ်လွန်းကြလေ့ရှိသည်။ မိမိဘဝတိုးတက်ရေးကို ဦးစွာ အာရုံစိုက်ပြီးမှ အိမ်ထောင်ဖက် ရွေးချယ်သည့် အခါ မိမိ နှင့် လိုက်လျောညီထွေရှိပြီး အတူရုန်းကန် ကြိုးစားလိုသောသူမျိုးကို ရွေးချယ်သင့်သည်။ အထူးသဖြင့် ငွေရေးကြေးရေး၊ စီးပွားရေး၊ အနာဂတ်တိုးတက်ရေး တို့အတွက် ဆုံးဖြတ်ချက်များ ချရာ၌ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်ကောင်း အဖြစ် ရှိနိုင်သောသူ၊ မိမိအပေါ် နားလည်ပေးနိုင်သောသူ ဖြစ်သင့်သည်။ ဝါရင်းဘတ်ဖက်ဟာ ဇနီးဟောင်းဖြစ်သူ ဆူစန်ဘတ်ဖက် (2004 ခုနှစ်၌ ကွယ်လွန်) နှင့် နှစ်ပေါင်း 30 နီးပါး ရွှေလက်တွဲခဲ့သည်။ ဇနီးဟောင်း ကွယ်လွန်ပြီး 2 နှစ်အကြာမှသာ သူငယ်ချင်းဖြစ်သူ Astrid Menks နှင့် နောက်အိမ်ထောင်ပြု ခဲ့ပါသည်။
(4) "Invest in yourself"
'မိမိရဲ့ အရည်အချင်း သို့မဟုတ် ကိုယ်ရည်ကိုယ်သွေးပိုင်း တိုးတက်မှုရှိလာအောင် ရင်နှီးမြှုပ်နှံခြင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှု တခု' ဟု ဝါရင်းဘတ်ဖက်က ဆိုထားပါသည်။ အသိပညာ ဗဟုသုတ တိုးပွားအောင် နေ့စဉ် လေ့လာသင်ယူမှုတွေကို အဆက်မပြတ်စေဘဲ လူမှုဆက်ဆံရေး၌လည်း ကောင်းမွန်အောင် ကြိုးစားကာ မိမိရဲ့ အရည်အချင်းကို အမြဲမြှင့်တင်မှု လုပ်သင့်ပါသည်။
📌ကမ္ဘာ့ရွှေအရောင်းအ၀ယ် ကိုယ်တိုင်ကိုယ်ကျလုပ်ချင်သူများအတွက်
https://www.facebook.com/103487138787591/posts/143095521493419/
📌ကမ္ဘာ့ရွှေ ၊ရေနံ၊ စတော့ရှယ်ယာများနှင့် ငွေကြေးဈေးအတက်အကျများကို သင်တန်းအရင်တက်ပြီးလေ့လာလိုပါက 👇👇
https://www.facebook.com/103487138787591/posts/142359981566973/
Thu Ra Business Advisor
+95 9 400 843 711
+95 9 974 383 428
International Consultant Co, Ltd
Teams
Click to Here 👇
https://www.facebook.com/alexanderforexadvisor/
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay