Kyar Pan Riut MDY

Kyar Pan Riut MDY

Share

11/06/2025

2024 12လပိုင်းကတည်းက စာမရေးဖြစ်တော့တာအခုထိပါဘဲ အခုလဲ toxic relationship တွေကြောင့်စာမရေးဖြစ်သေးဘူး တစ်ခါတလေကျရင် လူလောကကြီးက မရေရာတဲ့ပြသာနာတွေကြားထဲမှာ စိတ်ဒုက္ခတွေအပေးနိုင်ဆုံးကတော့ toxic relationshipတွေဘဲ သဲတို့ကိုပြောချင်တာကတော့ ရည်းစာမထားကြဘဲနဲ့ တကယ်လိုထားချင်တယ်ဆိုရင်တော့ စိတ်ကလေးတွေကိုအရင်ဆုံး ဆေးသောက်ထားပါလို့ သောက်ပီးမှထားကြပါလို့ 😘😘 သဲတို့ကိုချစ်လို့နော် ပြောပြတာ နောက်ကျမှ relationship နဲ့ပတ်သက်တဲ့ စာလေးတင်ဦးမယ် 😘😘

02/01/2025

အပိုင်း ၁၃🖤

"'လီ ..လီ ..

လီ လီ ရေ .."'

အ‌နောက်တိုင်းဒေသရဲ့၁၀ရာစု‌ နှောင်းပိုင်းရဲ့
ခပ်နွမ်းနွမ်းဝတ်စားဆင်ယင်ပုံနဲ့
အသက်၁၂နှစ်ခန့်သာရှီသေးသည်
ကလေးမ‌လေးတစ်‌‌ ‌ ယောက်ကိုအထိန်းတော်တစ်ဦးက ခေါ်လိုက်တဲ့ အခါ ထိုကောင်‌မလေးက အဝတ်စုတ်ကလေးကိုင်ကာအပြေးလာရသည်

"'ဟုတ်ကဲ့ အန်တီ ကယ်လာ ပြောပါ "'

ထိုမိန်းမကြီးရှေ့ရောက်တော့ ထိုကလေးမလေးက ဒူးထောက်ထိုင်ချ၍ပြောလိုက်သည်

"'ဒီ‌ကောင်မလေးကတော့

နင်ကိုငါဘယ်လိုပြောထားသလဲ

ဒီအိမ်တော်ထဲရောက်ရင် ငါကို

အန်တီလို့မခေါ်နဲ့လို့ပြောထားတယ်မလား "'

ထို့မိန်းမ ငေါက်လိုက်တော့ လီလီ ဝမ်းနည်းသွားရ၍

"'ဟုတ်ကဲ့ အန် ...

မစ်ကယ်လာ လီလီမေ့သွားလို့ပါ

တောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါ မစ် "'

"'အေး အဲ့ဒါဆို ပီးတာဘဲ

နောက်ခါဆိုအပြစ်ဒဏ်ပေးခံရမယ်

ကြားလား လီလီ "'

"'ဟုတ်ကဲ့ မစ် "'

"'အခု သခင်ငယ်လေးဆီ ဆန်ပြုတ်သွားပို့ချည်း"'

"'အမ်. မစ်. ဒါ .လီလီ တာဝန်မဟုတ်ဘူးလေ

လီလီ ကသန့်ရှင်းရေးအပိုင်းဘဲဆို "'

"' အေးဟုတ်တယ် လီလီ

ဒါပင်မဲ့နင်မှတ်ထား

ဒီအိမ်‌တော်မှာအလုပ်လုပ်ရတဲ့သူတွေအားလုံးက

ဒီအိမ်‌တော်ရဲ့ကျေးကျွန်တွေဘဲ သူတို့ဘာခိုင်းခိုင်း

ငါတို့လုပ်ပေးရမှာ အတွန့်တက်ခွင့်မရှီဘူး

ငါတို့အသက်တွေပေးရရင်တောင်မှပေါ့ "'

နားလည်ဟန်သလိုနဲ့အညိုရောင်မျက်လုံးလေးနဲ့
ပြူးပြူးလေးကြည့်ပီးနားထောင်နေရှာသည်

"'ဟုတ်ကဲ့ မစ် "'

"'အဲ့ဒါဆို အခုသွားပို့ချေ "'

"'ဟုတ်ကဲ့ မစ် "'

အန်တီကယ်လာကလီလီရဲ့မွေးစားအဒေါ်လေ
အန်တီကယ်လာက လီလီကိုဂရုစိုက်ပါတယ်
ဒိုင်းမွန်းအိမ်တော်အပြင်ဘက်ရောက်ရင်ပေါ့
လီလီ ရဲ့မိဘတွေကလဲဒီအိမ်တော်ရဲ့ သန့်ရှင်း‌ရေးခေါင်းဆောင်ပါဒါပင်မဲ့ ငယ်စဉ်ကတည်းက
ဆုံးသွားခဲ့ပီဖြစ်တဲ့မိဘတွေက လီလီ ကို
အန်တီကယ်လာကို‌‌ မွေးစားဖို့‌ ပေးခဲ့တာတဲ့ မွေးကတည်းက ဒီအိမ်တော်မှာနေခဲ့ရတာ
အသက်၁၁နှစ်လောက်ရောက်တော့ အလုပ်ခိုင်းဖို့ကျွန်အဖြစ်ရောက်ခဲ့ရတာပါ ဒီအိမ်တော်ရဲ့ စည်းမျဉ်းက အသက် ၅နှစ်ကစပီး အသက်၁၀နှစ်အထိက ကျွန်မဖြစ်သေးသူပေါ့ အိမ်တော်ဆိုပင်မဲ့ ရဲတိုက်ကြီးသဖွယ်ပါဘဲ ရဲတိုက်ကြီးရဲ့ အပြင်ဘက်မှာ လီလီသိပ်ကြိုက်တဲ့ လီလီပန်းတွေအများကြီးပင် သခင်‌ငယ်လေးလဲ လီလီပန်းကြိုက်တဲ့သူတဲ့ ဒါပင်မဲ့ လီလီသူငယ်ချင်းတွေပြောကြတာတော့သခင်ငယ်ရဲ့ မျက်လုံးတွေက အပြာရောင်မျက်လုံးတွေတဲ့ လီလီ သခင်ငယ်ကို အခုချိန်ထိမမြင်ဘူးသေးပါ ဒါပင်မဲ့ သခင်လေးက

"'လီ လီ "'

အသံခေါ်သံကြောင့် နောက်လှည့်‌ကြည့်မိသည်

"'စေ နီ "'

"' ခေါ်လိုက်ရတာ လီလီ ရယ် မောတာ

ဒါနဲ့နင်က အဲ့ဒါဘယ်လဲ "'

"'သခင်လေးအတွက် ငါသွားပို့မို့"'

"'အော် အေး ဒါနဲ့ နင်သခင်လေး

အဆောင်ကိုသိလို့လား "'

"'မသိဘူးလေ "'

"'အေး ကောင်းရော လီလီ ရယ် "'

"'လာလာ ငါ လိုက်ပို့မယ် "'

"'ကျေးဇူးတင်ပါတယ် စေနီ "'

စေနီ က လီလီအတွက် သူငယ်ချင်းကောင်းလဲဖြစ်သလို့ အကိုကောင်းလဲဖြစ်‌တဲ့သူပါ လီလီ ကျွန်အဖြစ်သက်မှတ်ခံရကတည်းက လီလီနားမှာအဖော်အမြဲလုပ်ပေးတက်ပီ သွပ်လက်ချက်ချာတဲ့သူငယ်ချင်းတစ်ယောက်ပါ

"'ရောက်ပီ လီလီ

အထဲကိုနင်ဘာသာနင်ဝင်သွားလိုက် "'

"'နင်ကရော မဝင်တော့ဘူးလား "'

"'အွန်း မဝင်တော့ဘူး ငါလဲလုပ်စရာရှီသေးလို့

ညနေကျမှဆုံမယ်နော် "'

စေနီ သူမကိုသခင်‌လေးအဆောင်တော်ကိုပိုပီး
ပြန်လာခဲ့လိုက်သည်
လီလီ လဲ တံခါးခေါက်လိုက်တော့သည်

"'ဒေါက်. ဒေါက် ."'

"'သခင်ငယ်

သခင်ငယ်အတွက် အစားအသောက်ယူလာတာပါ"'

'"အွန်း ဝင်ခဲ့ "'

အထဲက အသံကြားမှ လီလီ ဝင်လာတော့သည်

"'သခင်ငယ်အတွက်ပါ"'

လီလီ လင်ဗန်းပုကန်ကိုစားပွဲ‌ပေါ်ချထားပီး
ထွက်သွားဖို့အခိုက် သခင်ငယ်က ပုံဆွဲနေသယော
ဟမ် လီလီ ကြားဖူးတာ သခင်ငယ်က မျက်လုံးမမြင်ရဘူးတဲ့ အပြာရောင်မျက်လုံးတွေကြောင့်မို့ မမြင်ရဘူးလို့ကြားဖူးတာ အခုတော့ မျက်မမြင်တစ်ယောက်က ပန်းချီတွေဆွဲနေသလား ‌ဒါအပြင် အခန်းထဲမှာလဲ ပန်းချီကားတွေအပြည့်ပင် ပန်းချီကားတွေကလဲအသက်ဝင်နေလိုက်မျန်း အိုး လှရက်လိုက်တာ
လီလီ ပန်းချီကားချပ်တွေကိုငေးကြည့်နေစဉ်

"'မင်းသဘောကျသလား "'

"'ရှင့် !"'

လီလီ အံဪနေစဉ်

"'ပန်းချီကားတွေကိုပြောတာပါ"'

ပန်းချီဆွဲနေတဲ့ သခင်ငယ်က မက်တပ်ရပ်ကာ သူဘေးနားက တုပ်ကောက်ကိုဆွဲပီး လီလီ ဆီလာနေတယ်

"'ဒါနဲ့ မင်းက လီလီ လား"'

"'ဟမ် သခင်ငယ်က လီလီ ကိုသိနေတာလား "'

သခင်ငယ်က ပြုံးရောင်ပြုံးလိုက်သည်
ထိုအပြုံးကသိပ်လှတာဘဲ
မျက်မမြင်တစ်ယောက်ကပန်းချီဆွဲတက် ရုံသာမက အကုန်လုံးကိုသိနေပါလား သခင်ငယ်ဟာထူးခြားလိုက်တာဟု လီလီ စိတ်ထဲတွေးနေမိတော့သည်

#ဘယ်လောက်ထိမုန်းနိုင်မှာလဲ
#ကြာပန်းရိပ်

31/12/2024

Happy New year par ☘️💖

28/12/2024

အပိုင်း ၁၂🖤

"'ဘေဘီ ....."'

"'အကိုလေးနိုးပီ ဆရာဝန်ခေါ် တီ တီ "'

ဈာန် ခေါင်းကိုင်ပီး အိပ်ယာထဲကနေကုန်းထနေစဉ်ပင်

"'အကိုလေး အဆင်ပြေရဲ့လား

"'အမ်း ပြေတယ်

ဆရာဝန်မခေါ်တော့နဲ့ ရတယ်

ဒါနဲ့ ဘေဘီရော "'

အာကာ မျက်နှာပျက်၍ဒူထောက်ပီးတောင်းပန်နေစဉ်

"'အကိုလေး ကျွန်.. ကျွန်တော် အသုံးမကျတာပါ

ကျွန်တော်အကိုလေးကိုဘဲကယ်နိုင်တာ

မမလေးက... '"

ဈာန် အဲ့ဒီစကားကြားပီးချက်ချင်းမျက်နှာကနီရဲပီး
ဒေါသထွက်ကာ

"'ဘာ! ဘေဘီကို ခေါ်သွားတယ်ဟုတ်လား "'

"'ဟုတ်ပါတယ် အကိုလေး

အကိုလေးမေ့လဲသွားတော့

အခွင့်ကောင်းယူပီးသူတို့တွေ မမလေးကို...
ကျွန်တော်တို့ ..."'

"'ဟာ ကွာ မင်းတို့ "'

ဈာန်မေ့နေတာ တစ်ရက်ဘဲရှီသေးတာ အခုဆိုသူနိုးလာတော့သူမကိုမတွေ့ရဘူး ဟာ ကွာ

"'ဒါပင်မဲ့ အကိုလေး မမလေးလဲမေ့နေတာ

အကိုလေးနဲ့အတူတူဘဲ‌လို့ပြောတယ် "'

အင်ပါယာဆိုတဲ့ မာဖီးယားဂုဏ်က အမြဲ‌တမ်းရန်သူစီမှာသူလျို့တစ်ယောက်စီထားတက်တာပုံမှန်ပင်မဲ့
အခုကသူမလေးကသူဘေးနားမှာမရှီဘူးလေ
သူမလေးကို သူဘေးနားမှာထာဝရထားစေချင်တာ
သူဘေးနားကလွဲလို့ဘယ်သူအနားမှ
အန္တာရယ်ကင်းတာမှမဟုတ်တာ အခုလဲသူမ ကိုသူဘယ်လိုပြန်ယူရမှာလဲ

"'အကိုလေး ကျွန်တော်တို့စီစဉ်လိုက်ပါမယ် "'

"'ရတယ် ငါပါလိုက်ခဲ့မယ် "'

ဈာန်ပြောပီးကုတင်ပေါ်ကထ
ကုတ်အင်္ကျီကိုဝတ်လိုက်တော့

"'အကိုလေး အဲ့လိုတော့မဖြစ်ဘူး

အကိုလေးကအခုမှ နေကောင်းခါစရှီသေးတယ်"'

ဈာန် ခြောက်ကပ်နေတဲ့အည်ို‌ရောင်နူတ်ခမ်းတွေနဲ့
မချီမတင်ပြုံးလိုက်ပီ

"'အဟမ်း မင်းဘဝရဲ့အရေးပါတဲ့သူတစ်ယောက်ကို

တစ်ခြားသူကကယ်မယ်ဆိုရင်

မင်းစိတ်ထဲဘယ်လိုဖြစ်မလဲ အာကာ"'

ထိုမေးခွန်းမေးလိုက်တော့ အာကာမျက်နာငယ်သွားပီး

"'ဟုတ်ကဲ့ အကိုလေး ကျွန်တော်နားလည်ပါပီ "'

ဈာန် အာကာပခုံးကိုပုတ်လိုက်ပီး

"'ဒါဆိုသွားစီစဉ်လိုက်တော့ "

'"'ဟုတ်ကဲ့ အကိုလေး"'

အာကာနူတ်ဆက်ပီးထွက်သွားတော့
အာကာစိတ်ထဲ၌

"'အကိုလေး ကသာကျွန်တော်ဘဝရဲ့

အရေးကြီးဆုံးလူပါ အကိုလေးအဆင်ပြေရင်

အကိုလေးပျော်ရင် ကျွန်တော်ကျေနပ်ပါတယ်"'

ကျွန်‌တော်တို့ဘဝမှာကာကွယ်ချင်တဲ့သူရှီသလို့
အသက်ထက်ပိုချစ်တဲ့သူတွေလဲရှီကြတာဘဲဒါပင်မဲ့အချစ်ဆိုတာပေးဆပ်ပီးချစ်ရတဲ့အချစ်တွေက
ဝဋ်ကြွေးတွေဆပ်နေကြတဲ့ဗီလိန်တွေပါဘဲ

"''ဟမ် ဒါဘယ်ရောက်နေတာလဲ "'

"'နိုးပီးလား ငယ် "'

"'ဟမ် မောင် "'

"'မောင် ငယ် ကိုသိပ်သတိရနေတာ "'

သူဝမ်းသာအားရနဲ့ဖက်ဖို့အနားတိုးကပ်လာတဲ့ မောင် ကို လိပ်ပြာတွန့်ဆုတ်‌မိ‌တော့ မောင် သတိထားမိတယ်ထင်ပါရဲ့

"'မောင် ကို ငယ် စိတ်ဆိုးနေတုန်းလား "'

"'မဆိုးပါဘူး "'

"'ဒါဆို ဘာလို့တွန့်ဆုတ် "'

"'တွန့်ဆုတ်တာမဟုတ်ဘူး မောင်

မောင်နဲ့လ်ိပ်ပြာတို့က သူစိမ်းတွေဖြစ်သွားပီ

မောင် ဒါကြောင့်အနေအထိုင်ဆင်ခြင်ပါမောင် "'

ထိုစကားကြောင့်ကာယံမောင်ခပ်ညံ့ညံ့အပြုံးနဲ့
ရီလိုက်ပီး

'"အဟမ်း သူစိမ်း ဟုတ်လား

မောင် တို့ကသူစိမ်းတွေလား ငယ် ရယ်

မင်္ဂလာဆောင်ဖို့အထိလုပ်ခဲ့တယ်လေ ငယ်

ငယ် အတိတ်မေ့သွားတာလား"'

"'အဲ့ဒါကအရင်တုန်းကလေ အခုက

လိပ်ပြာမှာလဲဆိုင်သူရှီနေပီ "'

"'ဘာ ...ဆိုင်သူ

ဒါဆို မောင် ကရော ငယ် မောင် ကဘာလဲ "'

သူမလက်မောင်းကိုကိုင်ပီးမေးလိုက်တော့
သူမ ဘယ်တုန်းကမှ သူအပေါ်မကြည့်တဲ့ အကြည့်တွေနဲ့ အပြာရောင်မျက်လုံးစိုစိုတွေနဲ့ကြည့်ပီး

"'ဟုတ်တယ် အရင်က မောင် ကို

လိပ်ပြာ သဘောကျခဲ့တယ်

မောင် အပေါ် ကျေးဇူး အကြွေးရှီခဲ့လို့

သဘောကျခဲ့တာ ပြန်ဆပ်ချင်တာ အဲ့ဒါ‌ဘဲ "'

"'ဒါဆို ငယ် မောင့်ကို ဘယ်တုန်းကမှမချစ်ခဲ့ဘူးပေါ့ "'

ကာယံမောင် ဘယ်တုန်းကမှ မကြားချင်ခဲ့တဲ့စကား ကျေးဇူးပြုပီး မပြောပါနဲ့ ငယ် ရယ်
မောင် တောင်းပန်ပါတယ် မပြောပါနဲ့

"'ဟုတ်တယ် ဘယ်တုန်းကမှ မချစ်ခဲ့ဖူးဘူး "'

ကာယံမောင် ထိုစကားကြောင့် သူမ‌လက်မောင်းကိုဖျစ်ညစ်ပီး အိပ်ရာပေါ်ကိုတွန်းလွတ်ပီး မျက်နှာကလဲရဲဖောက်၍ ဘေးနားမှာရှိတဲ့ အရာတွေကိုခွဲပိး နံရံကိုလဲ လက်သီးနဲ့ပိတ်ထိုးလိုက်သည်

"'ဟာ ကွာ

ခွမ်း ! ထုန်း! "'

လက်ထဲမှာလဲ သွေးတွေရဲဖောက်နေပီးစီးကျနေတော့သည်
ထိုအခါ လိပ်ပြာ မနေသာတော့ သူလက်ကိုကြည့်မို့ထလိုက်သောအခါ
သူထိုအခန်းထဲကနေထွက်သွားတော့သည် မောင် ထွက်သွားတဲ့ နောက်ကျောကိုကြည့်ပီး စိတ်ထဲ၌

"'လိပ်ပြာ တောင်းပန်ပါတယ် မောင်...

အခုရောနောင်တုန်းကရော ချစ်ခဲ့တာက ကိုကို ပါ "'

သံယောစဉ်ဆိုတာ တစ်ဖက်က တစ်မျှင်သံယောစဉ်တွယ်ရင် တစ်ဖက်ကအချစ်ဆိုတဲ့သံယောစဉ်ကြိုးကိုအများကြီးတွယ်ခဲ့ကြတာပါဘဲ ဖြတ်တောက်ဖို့အခက်ဆုံးကလဲအချစ်ဆိုတဲ့ ဒီသံယောစဉ်ပါဘဲ

#ဘယ်လောက်ထိမုန်းနိုင်မှာလဲ

#ကြာပန်းရိပ်

23/03/2024

အပိုင်း ၈💖

"'ဟလို ပန်း "'

"'ဟလို အေး ပြောလေ သူသူ"'

"'နင်အားရဲ့လား ပန်း "'

"'အားပါတယ် ဘာလို့လဲ "'

"'ဟီး ဟီး ကိုမိူင်းက ငါကိုအဖြေပေးလိုက်တယ် "'

"'ဟယ် သူသူ မြန်လိုက်တာ "'

ဒီလူ ချက်ခြင်းကြီးအဖြေပေးလိုက်တာ ဟုတ်ကောဟုတ်ရဲ့လား

"'အင်း ဟုတ်တယ် ပန်း

ငါအရမ်းပျော်တယ် သိလား "'

"'အေးပါ သူသူရာ

အဓိကကနင်ပျော်ဖို့အတွက်

ငါက အစတေးခံလိုက်တာပါ နော် "'

ပန်း က သူသူ ကိုစလိုက်သည်
သူသူ က

"'အမယ့် ကျေးဇူးပါတော်

ဒါနဲ့ နင်လဲရှာသင့်ပီထင်တယ်နော် ပန်း "'

ပန်း အနည်းငယ် အသံတိတ်သွားသည် ထို့အခါ
သူသူ က

"'ဟုတ်တယ်လေ နင်သူကို မေ့သင့်ပီထင်တယ် "'

"'အဟမ်း ဟမ်း သူသူ နင်ကလဲလေ

တကယ်ပါဘဲ ငါသူကိုမေ့လိုက်တာမျန်းကြာလှပီ

နင်တို့ကသာ မမေ့နိုင်ကြတာ "'

"'အံမယ် သူကမျန်းပြောရက်တယ်ရှီသေး

ပီးကျရင် နွားမကြီး ကျလို့ "'

"'အယ် "'

"'မအယ်နဲ့ မဟုတ်လို့လား "'

"'ဟုတ်ပါတယ် သူသူရယ် နင်လဲ

ဒီအကြောင်းကြွားချင်လိုငါဆီဖုန်းဆက်တာမလား "'

"'ဟီး ဟီး "'

"'ကဲ နင်တိုတွေ အိုအောင်မင်းအောင်

ရည်းစာဖြစ်နိုင်ကြပါစေ နော် "'

"'ပေး တဲ့ ဆုနဲ့ အမ် မဟုတ်ပါဘူး ဟဲ့ '"

"' တီ တီ "'

ပန်း သူသူ ကို စနောက်ပီး ဖုန်းတန်းချပစ်လိုက်သည်
သူသူပြောတဲ့ အကြောင်းအရာနဲ့ပတ်သက်ပီး
သူခဏတွေးဝေသွားမိသည်

လွန်ခဲ့သော တစ်နှစ်ခန့်က

"'ကိုကို "'

‌"'ပြောလေ ပန်း "'

"'ကိုကို ပန်း ကိုချစ်သေးလား "'

"'ချစ်တာပေါ့ ကလေး ရဲ့

ဒါနဲ့ ပန်း ဒီအပတ် စာမေးပွဲက ဖြေနိုင်တယ်မလား "'

"'အေးဆေး ဟီး ဟီး "'

"' ဟုတ်ပါပီ ကိုကိုယုံတယ်နော် ပန်း "'

"'ဟုတ် "'

တစ်ချိန်က ပန်း ရဲ့ဘဝမှာ မိသားစုရဲ့ အချစ်ခံလူသား ဖြစ်ခဲ့ဘူးသလို ချစ်သူရဲ့ အချစ် ကိုလဲ ရခဲ့ဘူးတယ် ပန်း မထင်လိုက်တဲ့
အချိန်တစ်ခုက ဒီလောက်ထိ ရက်စက်ခံရမယ်လိုမထင်ခဲ့ဘူးဘူး

"'ပန်း ကိုယ်တို့ လမ်းခွဲရအောင် "'

"'ဟာ ကိုကို မနောက်နဲ့လေ ဒိနေ့က

ပန်း ရဲ့ စာမေးပွဲ နောက်ဆုံးနေ့လေ

စာမေးပွဲပီးမှ စတာမဟုတ်ဘူး ကိုကိုကလဲ "'

"'ကိုယ် စနေတာမဟုတ်ဘူး ပန်း "'

ဝမ်းနည်းတုန်ရီနေတဲ့အသံလေးနဲ့ ကောင်မလေးက
ထိုစကားကိုမေးလိုက်သည်

"'အဲ့ဒါဆို ပန်း ကိုအစကတည်းက

နည်းနည်းမှ မချစ်ခဲ့ဘူးလား ကိုကို'"

"'အမ်း ဟုတ်တယ် မချစ်ခဲ့ဖူးဘူး '"

"'အော် အင်းပါ နားလည်ပါပီ"'

အဲ့အချိန်က စပီး ပန်းခတ်ထန် ရဲ့ဘဝမှာ အချစ်ဆိုတာ
မြူတစ်မူံလောက်တောင် အရေးမပါခဲ့ဘူးဆိုတာသိခဲ့ရတယ်
နောက်ပိုင်းကိုယ်သိလိုက်ရတဲ့ အချစ်က ခဏတာအတွက်ဘဲဆိုတာ
တစ်ချို့အချစ်တွေကလဲ ကံကောင်းကြပါတယ် ကိုယ်ကတော့
ချစ်မိပိဆိုရင် စွန့်ခွာသွားကြတာများတယ် ဒါကြောင့်မို့ကိုယ်ဘက်ကမချစ်မိအောင်ဘဲနေတော့တယ် အသက် ၁၇နှစ်သာ ကလေးမလေးရဲ့ အချစ်ရေးဟာ နောက်ထပ် ဘယ်အရာကမှ
ရင်ခုန်မူမရှီတော့ပါ .....
ညနေစောင်း၌

"'သမီး ဖေ‌ဖေ‌ မေမေတို့ကိုပြောစရာရှီတယ် "'

မိုးခတ်ထန် ထိုစကားဆိုလိုက်တော့ အကုန်လုံးသူမထံအကြည့်ရောက်ခဲ့ရသည် ဖေဖေ က

"'ပြောလေ သမီးကြီးရဲ့ "'

မမကြီး မျက်နှာက ရှက်နေပုံပေါ်တော့ ဖေဖေ က

"'ဘာမျန်းလဲ သမိး "'

"'ဟုတ် ဖေဖေ သမီးမှာ‌ ကောင်လေးရှီ‌နေပီ

အဲ့ဒါ သူကသမီးကို မိသားဖသားပီပီ

လက်ထက်တောင်းရမ်းခြင်းလို့တဲ့ "'

ထိုကိစ္စအား ရုတ်တရက်ဆိုတော့တစ်အိမ်လုံး
တအံတဪဖြစ်‌နေကြသည်
သို့သော် မေမေ က

"'သမီး ကြီးက ငယ်တော့တဲ့ အရွယ်လဲ မဟုတ်တော့တာ

အိမ်ထောင်ပြုသင့်ပါပီလေ ဒါနဲ့ သမီးကောင်လေးက

ဘာအလုပ်လုပ်တာလဲ "'

"'သမီးတို့ ကုမ္မဏီက မန်နေဂျာပါ မေမေ "'

"'အော် ဒါနဲ့ သမီးတို့က မမြန်လွန်းဘူးလား '"

"'ဟုတ် မေမေ သမီး ပြောပါတယ်

သူမှာလဲ မိဘတွေ မရှီတော့ဘူးဆိုတော့ ..."'

မိုးခတ်ထန် ပြောမဲ့ စကား မိဘ နှစ်ပါးလုံးက နားလည်ပီမို့
ကျန်တာဘာမှဆက်မမေးတော့ပေ ဘာလို့ဆိုသမီးကြီးက
လိမ်မာတယ် ရိုးသားတယ် ပါးနပ်တယ် ယုံကြည်စိတ်ချရတဲ့ သမီးမို့ ကျန်တာ သိပ်ပြောစရာမရှီပါ

"'ဒါနဲ့ ဘယ်တော့ စကားလမ်းကြောင်းမှာတဲ့လဲ သမီး "'

"'ဟုတ် မေမေ သူက ‌ဒီလကုန်လောက်‌လို့ ပြောတယ် "'

"'မေမေ တို့ကတော့ ဘာမှကန့်ကွက်စရာမရှီပါဘူးး

သမီးရွေးချယ်တဲ့ လမ်းမှာသာယာမယ်လို့ မေမေ တို့က

ယုံကြည်တယ် ဘာလို့ဆို သမိးကြီးက လိမ်မာတယ်လေ "'

"'ဟုတ် မေမေ ဒါဆို သမီးသူကို

ပြန်အကြောင်းပြန်လိုက်မယ်နော် မေမေ "'

မေမေ က ဘာမှမပြောဘဲ ခေါင်းညိမ့်ပြလိုက်သည်
သိုပင်မဲ့ ဖေဖေ ကတော့ ဘာတစ်ခွန်းမှမပြောနိုင်ပေ
ပန်း ကတော့ လျိုးထားတဲ့အမဖြစ်သူကိုမကျေနပ်တာမို့
သူအခန်းထဲထိ လိုက်မေးပါတော့သည်

"'မမကြီး နင်တအားလျိုးထားတာနော်

ခတ် တောင်မသိလိုက်ဘူး ညီအမ ဖြစ်ပီး ဟွန့် "'

မိုးခတ်ထန် ညီမဖြစ်သူက ဆူပုတ်ပီး သူမကိုရန်တွေ့နေတော့

"'အံမယ် မိပန်း နင်ကရော အိမ်ကပ်ရဲ့လား

ဆိုင်လူမကျရင် နင်က သူသူ တို့အိမ်သွားတယ်

လည်တယ် ပတ်တယ် နင်ကလေးမဟုတ် တော့ဘူးနော် ပန်း "'

"'ကလေးပါဆို ဒီရင်ခွင်နဲ့ ဒီအိမ်မှာဘဲ

ကလေးလုပ်ခွင့်ရှီတာလေ မမကြီးကလဲ

‌ဟီးဟီး "'

မိုးခတ်ထန် ညမဖြစ်သူ က ထို့သို့ပြောတော့

"'ဟော ပြောလေ ကဲလေ ပါလား မိပန်း "'

"'ဟီး ဟီး ပြောတော့ဘူး မေးစရာလေးရှီသေးလို့ "'

"'ကလေးလိုမနေပြန်ဘူး ဘာတွေမေးဦးမှာလဲမသိဘူး "'

"'အယ် မမကြီးက လဲအမျိုးမျိုးဘဲ

သူဘဲ ကလေးလိုမနေတော့နဲ့ဆိုပီး

အခုမေးပြန်တော့ ကလေးလိုမနေဘူး ဆိုတော့ "'

မိုးခတ်ထန် သူစကားနဲ့သူ ချောင်ပိတ်နေတော့

"'ကဲ မေးမေး ဘာမေးမှာလဲ မြန်မြန်မေး "'

"'ဟီး ဟီး မမကြီး အဲ့ဒိအကိုကြီးက ချောလား "'

ညမဖြစ်သူက မေးတော့ မိုးခတ်ထန်
ဖုန်းထဲ က မောင့် ပုံကို ပြလိုက်တော့

"'ဝါး မမကြီးနဲ့တောင်မလိုက်တောဘူး "'

"'ဖြောင်း အ နာတာ'"

မိုးခတ်ထန် ညမဖြစ်သူကို လက်မောင်း တစ်ချက်ရိုက်လိုက်ပီး

"'မလိုက်ဘူး ပြောရအောင်

ငါရုပ်က ဘာဖြစ်နေလို့လဲ "'

"'ဟုတ်တယ်လေ မမကြီးက

ပုလင်းခွံစွတ်ထားတဲ့ မျက်မှန်ကြီးနဲ့

ပုံတုံးတုံးအဝတ်စားကြီးနဲ့

မသိရင် အဒေါ်ကြီးအတိုင်းဘဲ

အကိုကြီးကတော့မိုက်တာ"'

ပန်း ပြောတာလဲမှန်ပါသည် မောင်နဲ့အပြင်သွားရင်တောင်
လူတွေက မိုး ကိုကြည့်ပီး နှာခေါင်းရူံးကြသည်
မမကြီး မျက်နှာ ညိုးသွား‌တာ ပန်း သိလိုက်ပါသည်

"'မမကြီး ခတ် ကို ယုံတယ်မလား '"

မမက ပန်းကို မယုံတယုံအကြည့်နဲ့ ကြည့်လိုက်ပီး

"'ယုံလိုက်ပါ မမကြီးရဲ့ မနက်ဖြန်ကျရင်

မမကြီးကို တစ်နေရာခေါ်သွားမယ်

မနက်ဖြန် အလုပ်ပိတ်တယ်မလား မမကြီး "'

"'အမ်း ပိတ်တယ် "'

"' Ok ဒါဆို ဒီနေ့တော့ ဒီမျက်နှာနဲ စောစောအိပ်တော့

Good night"'

နားမလည်သော အကြည့်တွေနဲ့ ကြည့်နေတဲ့ မမကြီးကို
ခတ် ပြောင်ချော်ချော်နဲလုပ်ပီး အခန်းထဲကထွက်လာခဲ့လိုက်သည်
ပန်းခတ်ထန် အမဖြစ်သူကို မနက်ဖြန်ကျရင် စိတ်သစ်ကိုယ်သစ်နဲ့ မျက်နှာသစ်နဲ့ ချိန်းပေးမယ်လိုကြိမ်းဝါးရင်းညတစ်ည ဖြတ်ကျော်ခဲ့ပါတော့သည်

အပိုင်း ၉

အကယ်၍ယုံကြည်ခဲ့လျှင်

#ကြာပန်းရိပ်

ကဲသဲတို့ရယ်မနေ့က ကိုယ်စာတင်မို့ပါ
မနေ့က ကိုယ်တို့ ရပ်ကွက်ထဲတစ်‌နေ့ကုန်မီးလဲမလာရေကလဲမလာ
အင်ဗာတာကလဲအားမရှီဆိုတော့ ဘာလိုမှ စာတင်လို့ မရလို့နော်သဲတို့ ခွင့်လွှတ်ပါနော် သဲတို့ 🥺❤️

Want your restaurant to be the top-listed Restaurant in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay