Bake O'Clock

Bake O'Clock

Share

12/09/2025

Bake O'Clock မှ ပုံမှန်ထုတ်လုပ်လျှက်ရှိသော ပေါင်မုန့်များအား ယနေ့ (၁၂.၀၉.၂၅) မှ စ၍ အချိန် အတိုင်းအတာ တခုအထိ ပိတ်သိမ်းထားအုံးမည် ဖြစ်သည့် အကြောင်း မိတ်သစ်/ဟောင်း အပေါင်းအား လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်ရှင့်...။

ဝယ်ယူ အားပေးခဲ့ကြသော မိတ်ဆွေ တဦးချင်း စီအားလည်း ကျေးဇူး အထူးတင်ရှိစွာဖြင့်....❗

10/07/2025

#ခတ္တခဏ နားပါမယ်ရှင့်..!

သုံးနေကြ ကုန်ကြမ်းရှာဖွေရတဲ့ အခက်အခဲ နဲ့ ထုပ်လုပ်ရတဲ့ ကုန်ကျစရိတ်တွေ ကြီးမြင့်လာလို့
ခတ္တ-ခဏလောက် ပိတ်ထား လိုက်ပါအုံးမယ်ရှင့်..
အစဥ်တစိုက် ဝယ်ယူအားပေးခဲ့ကြတဲ့သူ အများကိုလည်း ကျေးဇူး အထူးတင်ရှိလျှက်ပါ..

ပြန်ဖွင့်မယ်ရက်ကိုလည်း ကြေညာပေးပါမယ်..

-----
Break...!
Due to the increasing difficulty in sourcing our raw materials and the rising costs, we have decided to pause our operations temporarily.
We sincerely thank everyone who has purchased from us regularly. We look forward to serving you again soon.

"Bake O'clock | fresh bake & take"

20/10/2024

#ဗုဒ္ဓဟူးနဲ့စနေနေ့တိုင်း အတွက် ပြန်လည်၍..!
သကြား "မပါ" ဘဲ..ကျန်းမာရေးနဲ့ သင့်လျှော်အောင် ပြင်ဆင်ထားတဲ့ "ဂျုံကြမ်းပေါင်မုန့်" (Sourdough Whole Wheat Bread)...
ကြိုတင်မှာကြားနိုင်ပါပြီ..!

▪️ Home Based Bakery လေး တခုသာမို့.. ကုန်ကြမ်းပစ္စည်းရှာဖွေဝယ်ယူရတာ၊ ဈေးနှုန်းနဲ့ ထုတ်လုပ်ရတဲ့ အနေအထားတွေဟာ ခက်ခဲတဲ့ အခြေအနေတခုကိုရောက်ရှိနေပေမယ့်လည်း..
အရည်အသွေးကိုသာ ဦးစားပေး ရွေးချယ်လေ့ရှိတဲ့ မန္တလေးသူ/သား တွေ အတွက် "Bake O'Clock" မှ ဆက်လက်ထုတ်လုပ်ပေးနေပါတယ်ရှင့်။

▪️မုန့်ဖုတ်တဲ့ အခါမှာလဲ အရင်လိုဘဲ ကိုယ်တွေ အိမ်မှာ စားသလို Homemade စံချိန်စံညွှန်းအညီဘဲ လုပ်ထားလို့ နုဆေး/တာရှည်ခံဆေးတွေအပြင် သကြားလည်း "မထည့်" ထားပါဘူး..🚫

စားကြည့်ပါ... သဘာဝနည်းနဲ့ဘဲ အပွခံဖုတ် ထားလို့ သကြားရှောင်တဲ့သူတွေ၊ Low Carb Diet နဲ့ Healthy Bread စားတဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ ပေါင်မုန့်မျိုးပါ။

▪️ပြီးအခု..ကျန်းမာရေး အတွက် အကျိုးကျေးဇူးများလှတဲ့ သဘာဝဖြည့်စွက်စာ-Chia Seeds ကြိုက်သူများ အတွက်ကိုလဲ Chia Seeds နဲ့ စီစဥ်ထုတ်လုပ်ပေးနေပါတယ်။

▪️မုန့်တွေက ကြာရှည်ခံဆေး မထည့်ထားတော့..ပုံမှန်အခန်းအပူချိန်မှာဆိုရင်..၄ရက်/ ရေခဲသေတ္တာထဲဆိုရင် ၂ပါတ်လောက် အထားခံပါတယ်..။

🔸ဈေးနှုန်း-
တလုံး - ၆၀၀၀ ကျပ် (ပုံမှန်)
တလုံး - ၆၅၀၀ ကျပ် (with Chia Seeds)
(deli ခ.,မပါ)

​🕰️ Pre-Order နောက်ဆုံးလက်ခံမည်အချိန်- ဗုဒ္ဓဟူး/စနေနေ့ မနက် ၈ နာရီ
🕰️ Pre-Order ထုတ်ယူနိုင်မည့် အချိန်- ပုံမှန်အားဖြင့် နေ့လည် ၁-နာရီ နောက်ပိုင်း ..

Messenger နဲ့ အဆင်မပြေရင်လဲ..
Mobile: ၀၉၇၈၃၄၆၅၀၁၁
----------
#လာယူမယ်ဆိုရင်လိပ်စာ
အမှတ် "ဂဂ-၂/၄"
၁၀၃ လမ်း နှင့် ၅၈A လမ်းထောင့်
သိပ္ပံလမ်း(၁၀၁-လမ်း)တောင်ဘက်
ချမ်းမြသာစည်။

🔸ဝယ်ယူအားပေးသူ တဦးချင်းစီအား အထူးကျေးဇူးတင်လျှက်...

29/08/2024

သုံးနေကြ ကုန်ကြမ်းရှာဖွေရတဲ့ အခက်အခဲ နဲ့ ထုပ်လုပ်ရတဲ့ ကုန်ကျစရိတ်တွေ ကြီးမြင့် လာသလို ကိုယ်တွေရဲ့ဈေးနှုန်း တွေလဲ ပိုတိုးပြီး မတောင်းချင်လို့ ခဏလောက် ပိတ်ထား လိုက်ပါအုံးမယ်ရှင့်..
ဝယ်ယူအားပေးခဲ့ကြတဲ့သူ အများကိုလည်း ကျေးဇူး အထူးတင်ရှိလျှက်ပါ..

-----
Due to the increasing difficulty in sourcing our raw materials and the rising costs, we have decided to pause our operations rather than raise our prices.
We sincerely thank everyone who has supported us and purchased from us. We look forward to serving you again soon.

Bake O'clock | fresh bake & take

Want your public figure to be the top-listed Public Figure in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. GaGa-2/4, Corner Of 103 X 58A, South Of Htan Koe Bin Monastery, Chan Mya Thar Zi Township
Mandalay