Logic Lab Myanmar
Browser မှာ ကြော်ငြာမတက်အောင် ပိတ်နည်း
😲 Software တစ်ခုမှမသုံးပဲ Folder ကို Password ချနိုင်တယ်လား? | Windows လျှို့ဝှက်နည်း!
05/06/2020
မိဘစော်ကား ဒဏ်(၁၀)ပါး
_________________________
မိမိ မှန်သည်ဖြစ်စေ ၊ မှားသည်ဖြစ်စေမိဘတွေများအား
ဒေါသတကြီး၊ အော်ကြီး၊ဟစ်ကျယ်ပြန်လှန်ပြောဆိုခဲ့မိလျှင်
လက်ရှိ ပစ္စုပ္ပန်ဘ၀တွင်ဖေါ်ပြပါဒဏ်ဆယ်ပါးထဲက အနည်းဆုံး
တစ်ပါး ပါးသင့် တတ်ပါသည်။
အဆိုပါဒဏ်ဆယ်ပါးမှာ
၁။ ကြမ်းကြုတ်သော ဝေဒနာ ခံစားရခြင်း
၂။ ကိုယ်ခန္ဓာ ပျက်စီးခြင်း
၃။ အနာရောဂါဖြစ်ခြင်း
၄။ ရူးသွပ်ခြင်း
၅။ မင်းပြစ် မင်းဒဏ်သင့်ခြင်း
၆။ အကြီးအကျယ်စွပ်စွဲခံရခြင်း
၇။ မိဘ သားသမီး ဇနီးမယားများ ဆွေမျိုးများ ပျက်စီးခြင်း
၈။ စည်းစိမ်ချမ်းသာ ပျက်စီး ဆုံးရှုံးခြင်း
၉။ နေအိမ်စသည့် မီးလောင်ခြင်း
၁၀။ ငရဲကျရောက်ခြင်း
တို့ဖြစ်ကြသည်။
ထို့ကြောင့် မိမိ မှန်နေတယ်ဆိုရင်တောင်မှမိဘတွေကို ဒေါသတကြီး
အော်ဟစ်ကြီးကျယ်ပြန်လှန်မပြောဆိုသင့်ဘူးပေ။
အကျိုးသင့် အကြောင်းသင့် နား၀င်အောင်အေးအေးဆေးဆေးသာစွာ
ပြောဆိုကြရပါမည်။
အကျိုးသင့် အကြောင်းသင့် ပြန်ပြောလို့မှ မိဘများလက်မခံရင်လည်း
သူတို့ရှေ့မှောက်မှ ရှောင်ထွက်သွားလိုက်ပါ ။
မိဘတွေ စိတ်ဆိုးပြေလောက်မှ ဖြေးဖြေးခြင်း နား၀င်လာအောင်
ပြန်လည်ရှင်းပြပါ ။
အကယ်၍ မိဘများကို လွန်လွန်ကျူးကျူး ပြန်ပြောမိပြီဆိုရင် မိဘကို ဖွင့်ပြောပြီး
ဝန်ချကန်တော့ တောင်းပန်ပါ။
မိဘများမရှိတော့ပါက ဘုရားကျောင်းဆောင်ရှေ့သွားပြီး ဝန်ချကန်တော့
တောင်းပန်သင့်ပေသည်။
မိဘများကျေးဇူး သိတတ်သူများဖြစ်နိုင်ကြပါစေ။
____________________________________________________
မိဘတွေကို မပြောသင့်သော
စကား (၁ဝ)ခွန်း ထိုစကားများ ပြောခြင်းမှ အထူးရှောင်ကျဉ်ပါနော်
-----------------------------------------------------
လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ်...
တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။
သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို
ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.....
လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊
သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။
ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ
ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။
သင် ဘာအမှားပဲလုပ်လုပ်.. သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။
မိဘရဲ့ရင်ခွင်ဟာ... သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာ ဆိပ်ကမ်းဖြစ်ပါတယ်။
(၁) အင်းပါ! အင်းပါ! သိပြီ...၊ အရမ်းရှုပ်တာပဲ!
(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်!
မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို
ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့
(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!
(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့..... လုပ်ထားတာတွေကလည်း မကောင်းဘူး။
သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။
ဒါပေမဲ့... ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်။
(၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။
မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။
ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်။)
(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။
ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့။
(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့!
ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို
ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။
ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ..။
(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး!
သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။
ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်။
(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။
(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ!
မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။
သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ... နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက
ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား...!
Posted by : အမေ
စိတ်ကူးပျော်ရာ blog မှတဆင့်ကူးယူဖော်ပြသည်။
___________________________________________________
မိဘကိုစော်ကား...
စိတ်မချမ်းမသာဖြစ်အောင်.....
မျက်ရည်ပေါက်ကြီးငယ်ကျအောင် လုပ်ခဲ့တဲ့ ..
ဘယ်သားသမီးမဆို....
ဘဝမှာ ဘာလုပ်လုပ် အဆင်မပြေပါဘူး...၊
အရာရာ ဆုံးရူံးမှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ....
၅၅၀ နိပါတ်တော် ထဲက ဇာတ်လမ်းတွေ ....
ထုတ်ပြနေရင်...
မယုံသူတွေ ရှိကောင်း ရှိနိုင်တယ်....။
အခုလက်တွေ့ ဘဝဖြစ်စဉ်မှာဘဲ ....
သက်သေခံအဖြစ်အပျက်တွေ အများကြီးဘဲ....။
လွယ်လွယ်နဲ့ပြီးရမယ့်...၊
ရ ရမယ့်အရာတောင်...
အခက်အခဲတွေအများကြီးနဲ့ ...
ရင်ဆိုင်ရတတ်ပါတယ်...။
မျက်စေ့ဖွင့် နားစွင့် လေ့လာကြည့်ပြီး....
သင်ခန်းစာယူကြ...
အမှားကိုရှောင်ကြပါလေ...။
__________________________________________________
မိဘ
===
ကျွန်တော်တို့မိဘတွေကို.......
မရှိတော့မှ လွမ်းနေမယ့်အစား
ရှိနေချိန်လေး ဂရုစိုက်ရအောင်လား။
မစားနိုင်တော့မှ ကျွေးနေမယ့်အစား
စားနိုင်တုန်လေး ကျွေးရအောင်လား။
မသိနိုင်တော့မှ အိပ်ယာဘေးမှာ
တရားခွေတွေဖွင့်ပြနေမယ့်အစား
သတိရှိတုန်းလေး တရားဓမ္မနာကြားဖို့
တိုက်တွန်းကြစို့လား။
မသွားနိုင်တော့မှ နောင်တရနေမယ့်အစား
သွားနိုင်တုန်းလေး ဘုရားဖူးပို့ကြစို့လား။
သေတော့မှ ငိုနေမယ့်အစား
အသက်ရှင်တုန်းလေး ကုသိုလ်တရားတွေရဖို့
အထောက်အပံ့ပေးကြစို့လား။
သေမှ ကုသိုလ်တွေလုပ်ပေးတာထက်
မသေခင် ကုသိုလ်တွေယူသွားအောင်
လုပ်ပေးတာက
ကျွန်တော်တို့သားသမီးတွေအတွက်
အကောင်းဆုံးသော
ကျေးဇူးဆပ်နည်းပါပဲ။
Credit to Original Writer
Photo Credit
23/05/2020
သာယာပျော်ရွှင်နွေးထွေးသော အိမ်ထောင်ရေးအတွက် သော့ချက်
⏬⏬⏬⏬⏬⏬⏬⏬⏬⏬
ဇနီးရောခင်ပွန်းပါ အလုပ်လုပ်ပြီး ငွေရှာနေရတဲ့ ဒီနေ့ခေတ်မှာ တစ်ဦးနဲ့တစ်ဦးတွေ့ဆုံဖို့အချိန်တောင် မရှိသလောက်ရှားလာပါတယ်။ ဒါကြောင့် ဇနီးမောင်နှံနှစ်ဦး ပိုမိုရင်းနှီးနွေးထွေးမှု ရရှိစေမယ့် နည်းလမ်းခြောက်သွယ်ကို အခုကစပြီး လိုက်နာသင့်ပါတယ်။
အသိပညာများနဲ့ မှတ်သားဖွယ် ဗဟုသုတများကို စဉ်ဆက်မပျက် တင်ဆက်ပေးပါဖြစ်လို့ "Dream Memory"Page ကို Like, Follow လုပ်ထားပါအုန်းနော်....
https://www.facebook.com/pg/Dream-Memory-102722051427001/posts/
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the business
Website
Address
Mandalay