Middle Manner Legal Services
02/11/2020
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများတိုးတက်စေရန် အလို့ငှာ မူပိုင်ခွင့်ဆိုင်ရာဥပဒေများကို ပြဌာန်းပြီး ဖြစ်ပါသည်။
မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများ ဖြစ်ကြသည့် စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရိီလ၊ ၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ( ၂/၂၀၁၉ )အရ လည်းကောင်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကို၂၀၁၉ခုနှစ်၊ ဇန်နဝါရိီလ၊ ၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ( ၃/၂၀၁၉ )အရ လည်းကောင်း၊ တီထွင်မှု မူပိုင်ခွင့် ဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ၊ ၁၁ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ( ၇/၂၀၁၉ )အရ လည်းကောင်း ၊ စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေကို ၂၀၁၉ခုနှစ်၊ မေလ၊ ၂၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ( ၁၅/၂၀၁၉ )အရ လည်းကောင်း အသီးသီး ပြဌာန်းပြီး ဖြစ်ပါသည်။
မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများ၏ သက်ဆိုင်ရာ နည်းဥပဒေများ မထွက်ရှိသေးသော်လည်း ၎င်းမူပိုင်ခွင့်ဆိုင်ရာ ဥပဒေများ၏ ပုဒ်မ (၄) ၊ ပုဒ်မခွဲ (က) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီကို ပြည်ထောင်စု အစိုးရအဖွဲ့ အမိန့်ကြေညာစာအမှတ် ( ၁၈/၂၀၂၀ ) အရ အလုပ်အမှုဆောင် (၃၀)ဦး ဖြင့် တရားဝင် ဖွဲ့စည်းပြီးကြောင်းကို ဗဟုသုတရစေရန် အလို့ငှာ မျှဝေပေးလိုက်ရပါသည်။
#၂-၁၁-၂၀၂၀
29/10/2020
မိတ်ဆွေများခင်ဗျာ.........
ကုန်အမှတ်တံဆိပ်ပြန်လည်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းပြီးစီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏၂၀၂၀ခုနှစ်၊ဩဂုတ်လ(၂၈)ရက်နေ့ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်(၆၃/၂၀၂၀)အရအမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားမှုများအား၂၀၂၀ခုနှစ်၊အောက်တိုဘာလ(၁)ရက်နေ့ကတည်းကပင်စတင်လက်ခံနေပြီဖြစ်ပါတယ်။ယခင်(First to Use)(အသုံးပြုသူဦးစားပေး)စနစ်မှယခု(First to File)(မှတ်ပုံတင်လျှောက်ထားသူဦးစားပေး)စနစ်သို့ပြောင်းလဲလာပြီဖြစ်သည့်အတွက်မိတ်ဆွေတို့၏အမှတ်တံဆိပ်များကိုပြန်လည်မှတ်ပုံတင်ရန်လိုအပ်လာပါပြီ။
ယခင်ကမြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးများ(နေပြည်တော်၊ရန်ကုန်၊မန္တလေး)နှင့်မြေစာရင်းရုံးများ(နယ်မြို့များ)မှာကုန်အမှတ်တံဆိပ်မြွက်ဟကြေညာစာတမ်းအဖြစ်မှတ်ပုံတင်ထားမှုတွေကိုယခုကုန်အမှတ်တံဆိပ်ဥပဒေ(၂၀၁၉)အရမူပိုင်ခွင့်ဌာနမှာပြန်လည်မှတ်ပုံတင်ရမှာဖြစ်ပါတယ်။ယခင်ကမှတ်ပုံတင်ထားမှုဟာအလဟဿဖြစ်မသွားပါဘူး။ကနဦးလက်ခံမှုမှာဦးစားပေးအခွင့်အရေးအနေနဲ့မူပိုင်ခွင့်ဌာနကနေမှတ်ပုံတင်ဖို့စတင်လက်ခံပေးနေပါပြီ။ယခင်ကစာချုပ်စာတမ်းရုံးများမှာမှတ်ပုံတင်ထားခြင်းမရှိပေမဲ့လည်းဈေးကွက်မှာအမှန်တကယ်လက်ရှိအသုံးပြုနေတဲ့အမှတ်တံဆိပ်ပိုင်ရှင်များဟာလည်းယခုဦးစားပေးအခွင့်အရေးမှာအကျုံးဝင်နေတဲ့အတွက်မှတ်ပုံတင်ရန်လျှောက်ထားလို့ရပါပြီ။
မူပိုင်ခွင့်ဌာနဘက်ကမှတ်ပုံတင်လျှောက်ထားမှုတွေကိုယခုကနဦးကာလမှာတော့အဆင့်(၂)ဆင့်ခွဲပြီးလက်ခံပေးသွားမယ်လို့သိရပါတယ်။ပထမအဆင့်မှာတော့အမှတ်တံဆိပ်ပိုင်ရှင်ကိုယ်တိုင်လျှောက်လို့မရသေးပါဘူးခင်ဗျာ။အမှတ်တံဆိပ်မှတ်ပုံတင်ဆောင်ရွက်မှုတွေကိုဝန်ဆောင်မှုပေးလျက်ရှိတဲ့လုပ်ငန်း၊ကုမ္ပဏီ၊ဥပဒေအကျိုးဆောင်အဖွဲ့တွေကနေတစ်ဆင့်အပ်ပြီးOnlineကနေမှတ်ပုံတင်လျှောက်ထားနိုင်ပါတယ်။နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့အမှတ်တံဆိပ်ပိုင်ရှင်များစုပြုံလျှောက်ထားမှုတွေကိုစနစ်တကျဖြစ်စေချင်တဲ့သဘောလို့ပဲယူဆပါတယ်။မူပိုင်ခွင့်ဌာနဘက်ကနေလည်းအထက်ဖော်ပြပါအဖွဲ့အစည်းတွေကို (၁.၁၀.၂၀၂၀)နေ့ရက်မတိုင်ခင်အထိ အမှတ်တံဆိပ်လျှောက်ထားပုံအဆင့်ဆင့်နှင့်ပက်သက်ပြီး Online ကနေတစ်ဆင့်Training များပေးခဲ့ပြီး WIPO File Account များလည်းပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ဒီနေရာမှာ WIPO File Account ဆိုတာကိုရှင်းပြချင်ပါတယ်။အဲ့တာကတော့Online ကနေတစ်ဆင့်မှတ်ပုံတင်လျှောက်ထားမှုတွေဆောင်ရွက်ဖို့ရာအတွက်မူပိုင်ခွင့်ဌာန၊စားသုံးသူရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်လျက်ရှိတဲ့လုပ်ငန်း၊ကုမ္ပဏီ၊Law Firmများကို ပေးအပ်ထားသည့် Online Filing Account (Onlineမှတစ်ဆင့်မှတ်ပုံတင်လျှောက်ထားနိုင်သည့် Account) တစ်ခုပဲဖြစ်ပါတယ်။ဒုတိယအဆင့်မှာတော့အမှတ်တံဆိပ်ပိုင်ရှင်တွေကိုယ်တိုင်ဖြစ်စေ၊ကိုယ်စားလှယ်ဖြင့်ဖြစ်စေမူပိုင်ခွင့်ဌာန(နေပြည်တော်)ကိုလူကိုယ်တိုင်သွားရောက်ပြီးမှတ်ပုံတင်လျှောက်ထားနိုင်ပါတယ်။
မှတ်ပုံတင်လျှောက်ထားမှုအားသတ်မှတ်ချက်များနှင့်ပြည့်စုံမှုရှိ/မရှိစစ်ဆေးပြီးပြည့်စုံမှသာအခကြေးငွေပေးသွင်းလို့ရမှာပါ။ယနေ့အချိန်ထိတော့မှတ်ပုံတင်လျှောက်ထားမှုများနှင့်သက်ဆိုင်တဲ့အခကြေးငွေနှုန်းထားများ၊ကုန်အမှတ်တံဆိပ်နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများကစာဖြင့်တရားဝင်မထွက်လာသေးပါဘူး။ကုန်အမှတ်တံဆိပ်ဥပဒေရဲ့ပုဒ်မ(၁)ပုဒ်မခွဲ(ခ)အရဤဥပဒေသည်နိုင်ငံတော်သမ္မတကအမိန့်ကြေညာစာဖြင့်သတ်မှတ်သည့်နေ့ရက်တွင်စတင်အာဏာတည်စေရမည် လို့ပြဌာန်းထားပါတယ်။ယခုအခြေအနေရ နိုင်ငံတော်သမ္မတကနေအမိန့်ကြေညာစာဖြင့်မသတ်မှတ်ရသေးသည့်အတွက်ကုန်အမှတ်တံဆိပ်ဥပဒေ(၂၀၁၉)ကအာဏာမတည်သေးတဲ့သဘောသက်ရောက်နေပါသေးတယ်။ကုန်အမှတ်တံဆိပ်ဥပဒေနှင့်ပက်သက်သည့်ဗဟုသုတရဖွယ်ရာများနှင့်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍သိမှတ်ဖွယ်ရာအဖြာဖြာကိုအလျဉ်းသင့်သလိုဆက်လက်ဖော်ပြပေးသွားပါ့မယ်။
မိတ်ဆွေများအားလုံးသီတင်းကျွတ်အခါသမယမှာကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
(၂၉.၁၀.၂၀၂၀)
ကုန်အမှတ်တံဆိပ်ပြန်လည်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍အသေးစိပ်သိလိုသည်များကိုအောက်ပါဖုန်းနံပါတ်များအားဆက်သွယ်မေးမြန်နိုင်ပါသည်။
Middle Manner Legal Services Co.,Ltd
09-798476302,09-797249662
Photo Credit goes to IP Myanmar Page.
29/10/2020
Click here to claim your Sponsored Listing.
Category
Website
Address
D/157 , 67 Street, Between 104 & 105 St, Myothit(1)Qtr: Chanmyathazi Township
Mandalay
Opening Hours
| Monday | 10:00 - 17:00 |
| Tuesday | 10:00 - 17:00 |
| Wednesday | 10:00 - 17:00 |
| Thursday | 10:00 - 17:00 |
| Friday | 10:00 - 17:00 |
| Saturday | 10:00 - 17:00 |
| Sunday | 10:00 - 17:00 |