M.D.Y Volunteer Team

M.D.Y Volunteer Team

Share

29/11/2021

Omicron ကိုဗစ်မျိုးကွဲသစ်ကြောင့် ကမ္ဘာလုံးဆိုင်ရာ ကူးစက်မည့် အန္တရာယ် အလွန်မြင့်မား၍ နိုင်ငံများအားလုံး ပြင်ဆင်ကြရန် WHO သတိပေးချက်ထုတ်ပြန်

နိုဝင်ဘာ ၂၉

တောင်အာဖရိကနိုင်ငံတွင် စတင်ကူးစက်လာသည့် Omicron မျိုးကွဲသစ်သည် ကမ္ဘာလုံးဆိုင်ရာ ကူးစက်နိုင်မှု အန္တရာယ်မြင့်မား၍ နိုင်ငံများအားလုံး ပြင်ဆင်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က သတိပေးချက် တစ်ရပ် ထုတ်ပြန်လိုက်သည်။

Omicron COVID-19 မျိုးကွဲသည် ကမ္ဘာလုံးဆိုင်ရာအန္တရာယ်ကို 'အလွန်မြင့်မား' စေသည်၊ နိုင်ငံများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ Omicron အမျိုးအစားသည် နိုင်ငံတကာတွင် ပျံ့နှံ့နိုင်ဖွယ်ရှိပြီး အချို့နေရာများတွင် COVID-19 မြင့်တက်မှုသည် ပြင်းထန်သောအကျိုးဆက်များရှိလာနိုင်သည့် ကမ္ဘာ့အန္တရာယ်တစ်ခုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တနင်္လာနေ့ (နိုဝင်ဘာ ၂၉ ရက်) တွင် ပြောကြားည်။

WHO က အဖွဲ့ဝင် ၁၉၄ နိုင်ငံကို ကိုဗစ် ကာကွယ်ဆေးထိုးနှံမှုအရှိန်မြှင့်ရန်နှင့် မရှိမဖြစ်လိုအပ်သောကျန်းမာရေးဝန်ဆောင်မှုများကို ဆက်လက်ထိန်းသိမ်းထားရန် တိုက်တွန်းထားသည်။

"Omicron မှာ မကြုံစဖူး ဗီဇပြောင်းလဲမှုများ ရှိနေပါတယ်။ ဒါက နောက်ထပ် ကပ်ရောဂါလမ်းကြောင်းဆီသို့ သွားမယ့် စိုးရိမ်စရာတွေရှိနေပါတယ်။ မျိုးကွဲအသစ် Omicronရဲ့ ကမ္ဘာလုံးဆိုင်ရာအန္တရာယ်က အလွန်မြင့်မားပါတယ်" ဟု WHO က ဆိုသည်။

Omicron ကိုဗစ် မျိုးကွဲသစ်၏ အလားအလာကို ပိုမိုကောင်းမွန်စွာ နားလည်ရန် နောက်ထပ် သုတေသနပြုရန် လိုအပ်ပြီး လာမည့်ရက်သတ္တပတ်များအတွင်း အချက်အလက်များ ပိုမိုရရှိမည်ဟု မျှော်လင့်ထားကြောင်း WHO က ထုတ်ပြန်သည်။

Photos from M.D.Y Volunteer Team's post 06/09/2021

M.D.Y Volunteer Team နဲ့ Local Hero 2သင်း‌ေပါင်းပီးရေဘေးကြောင့်ခက်ခဲနေတဲ့မိဘပြည်သူများအားအိမ်တိုင်ရာရောက်အဝတ်စားနဲ့ကြက်ဥ၊ကြက်သွန်၊ဆားစအစားအ‌ေသာက်များသွားရောက်လှူခဲ့ပါတယ်ဗျ🙏လှူပေးတဲ့အလှူရှင်တစ်ယောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ် ဒီထက်မကလဲလှူနိုင်ကြပါစေဗျ🙏🙏🙏
09773022496
09963670961

Photos from M.D.Y Volunteer Team's post 28/08/2021

ကျွန်တော်တို့ M.D.Y Volunteer Teamမှသွေးလိုအပ်နေသူများသို့ သွေးသွားလှူခဲ့ခြင်းဖြစ်ပါတယ်ဗျ🙆‌လိုအပ်ချိန်တိုင်ဆက်သွယ်လိုက်ပါ သင်တို့အတွက်အမြဲရှိနေပါတယ်🙆

ငါမလဲကျမချင်း လဲကျနေသူတွေကိုထူရမယ်🙆✊
ငါ၏ခန္ဓာကျန်းမာနေသ၍ မကျန်းမာသူတွေကိုကူညီမယ်❤️
ငါအသက်ရှူနေသ၍ သူများလည်းအသက်ဝဝရှူရမယ်🙆

အောက်စီဂျင်လိုအပ်ပါကအချိန်မရွေးဆက်သွယ်ပါ
သွေးလိုအပ်ပါကဆက်သွယ်ပါ
ကျန်းမာရေး၊စားဝတ်နေရေးအတွက်အခက်အခဲရှိပါက
ဆက်သွယ်ပါ🙆
လူနာနှင့်လူနာရှင်2ယောက်ထဲရှိသောအိမ်များအခက်အခဲများရှိပါကကူညီပေးပါ့မည်✊
ဖုန်း-09 773022496
09 978039273
09 258885811

Want your practice to be the top-listed Clinic in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay